အသိပညာ

လူတစ်ယောက်ရဲ့ဗီဇဆိုတာ ပြုပြင်ပြောင်းလဲလို့မှမရတာ

လူတစ်ယောက်ရဲ့ဗီဇဆိုတာ ပြုပြင်ပြောင်းလဲလို့မှမရတာ အမှားနဲ့အမှန် ဒီခေတ်မှာ အီတတ်တဲ့ယောင်္ကျားကတော့ မိန်းမမြင်တိုင်းအီနေမှာပဲ။ ပွေရူှပ်တတ်တဲ့ယောင်္ကျားကတော့ မိန်းမမြင်တိုင်းရူှပ်ပွေဖို့ကြိုးစားမှာပဲ။ ချူစားတတ်တဲ့ယောင်္ကျားကတော့ မိန်းမမြင်တိုင်း ချူလို့ရမလားလို့လိုက်ဖမ်းနေမှာပဲ။ လူတစ်ယောက်ရဲ့ဗီဇဆိုတာ ပြုပြင်ပြောင်းလဲလို့မှမရတာ.. မိန်းမသားတွေကသာ အမှားနဲ့အမှန်ကိုခွဲခြားတတ်ဖို့ပဲလိုပါတယ်။ ယောင်္ကျားတစ်ယောက်က ဆင်းရဲရဲ,ချမ်းသာသာ ကိုယ်ကျင့်တရားနဲ့ဗီဇမကောင်းရင် အစထဲကမစဉ်းစားတာကောင်းပါတယ်။ ခက်နေတာကမိန်းမသားတွေပါပဲ။ ငွေမက်တဲ့မိန်းမတွေက ယောင်္ကျားတစ်ယောက်ရဲ့ဗီဇဆိုးကိုမမြင်ပဲ ချမ်းသာကြွယ်ဝမူတွေကိုပဲမြင်တတ်ကြတယ်။ အချစ်ကိုကိုးကွယ်တဲ့မိန်းမတွေက ယောင်္ကျားတစ်ယောက်ရဲ့ အပြစ်ဆိုးတွေကိုမမြင်ပဲ အချစ်တွေပဲဝင်နေတတ်ကြတယ်။ နောက်ဆုံးရလဒ်ကတော့ဝမ်းနည်းနာကျင်စရာတွေပဲ ကျန်ခဲ့ရတယ်မဟုတ်လား…? တစ်ကယ်က, ဘဝတစ်ခုလုံးအတွတ်ဆိုရင် ယောင်္ကျားတစ်ယောက်ရဲ့ ရာထူးဂုဏ်ရှိန်တွေကိုမမက်မောပါနဲ့။ ယောင်္ကျားတစ်ယောက်ဆီကချမ်းသာကြွယ်ဝမူတွေကိုမမြော်လင့်ပါနဲ့။ ယောင်္ကျားတစ်ယောက်ရဲ့ အဆိပ်လူးထားတဲ့စကားချိုချိုတွေကြားမှာလည်းမသာယာလိုက်ပါနဲ့။   ယောင်္ကျားတစ်ယောက်က,ကိုယ့်ဆီက တစ်ခုခုကိုမြော်လင့်လို့မြူဆွယ်နေတဲ့ထောင်ချောက်တွေကြားမှာလည်းနစ်မြောမသွားပါနဲ့။ မိန်းမသားတစ်ယောက်ရဲ့ဘဝမှာ ယောင်္ကျားတစ်ယောက်ရဲ့ဆင်းရဲခြင်း,ချမ်းသာခြင်းတွေကိုမကြည့်ရဘူး။ ကိုယ့်ကိုအပျော်ရွှင်ဆုံး,စိတ်အချမ်းသာဆုံး ထားပေးနိုင်တဲ့သူတစ်ယောက်ကိုသာမှန်မှန်ကန်ကန်ရွေးချယ်တတ်ပါစေ။ Credit Unicode လူတစ်ယောက်ရဲ့ဗီဇဆိုတာ ပြုပြင်ပြောင်းလဲလို့မှမရတာ အမှားနဲ့အမှန် ဒီခေတ်မှာ အီတတ်တဲ့ယောင်္ကျားကတော့ မိန်းမမြင်တိုင်းအီနေမှာပဲ။ ပွေရှူပ်တတ်တဲ့ယောင်္ကျားကတော့ မိန်းမမြင်တိုင်းရှူပ်ပွေဖို့ကြိုးစားမှာပဲ။ ချူစားတတ်တဲ့ယောင်္ကျားကတော့ မိန်းမမြင်တိုင်း […]

ၾကားသိရသမွ်

ညားပြီသွားပြီဆိုရင် အိမ်ခွဲနေလိုက်ပါ

လင်မယား ညားပြီးရင် မယားက လင်ယောက်ျား ရဲ့ အိမ်ကိုလိုက်သွားကြရတာ များပါတယ် ဟုတ်ပြီ လင်ရဲ့ အိမ်ကိုရောက်ပြီရောက်ကာစ ယောက်ခမနဲ့ ချွေးမ သိပ်အဆင်ပြေကြတာသမီးလေး သမီးလေး နဲ့ ဟုတ်ကြတယ်မလား ။အဲ့လို ညားကာစမှာ ယောက်ခမ နဲ့ ချွေးမ က သားအမိအရင်းလိုပဲ အဲ့အချိန်မှာ လင်က သူ့မိန်းမအတွက် စားစရာ ဝယ်လာတယ်ဝတ်စရာ ဝယ်လာတယ်စသဖြင့် ချွေးမအတွက် သူ့လင်ကဘာပဲ ဝယ်လာ ဝယ်လာလင်ရဲ့ မိဘတွေက ကြည့်စမ်း လင်မယားတွေ ချစ်လိုက်ကြတာတို့သားကလည်း သူ့မိန်းမကိုချစ်လိုက်တာအရမ်း စသဖြင့်ညားကာစမှာလင်က သူ့မယားကို ချစ်တာကို ကြည့်ပြီးမိဘတွေ ပီတိဖြစ်ကြတာ ထုံးစံပါ အဲ သို့သော် သို့သော် နှစ်တွေ ကြာလာတဲ့အခါလည်း ကျရော လင်က သူ့မယားအတွက် ဘာပဲ ဝယ်လာ ဝယ်လာကြည့် […]

အခ်စ္ေရး

သင့်ချစ်သူက ဒီလိုလူထဲကဆိုရင် အချိန်မလွန်ခင်တန်ဖိုးထားတတ်ပါစေ

သင့်ချစ်သူက ဒီလိုလူထဲကဆိုရင် အချိန်မလွန်ခင်တန်ဖိုးထားတတ်ပါစေ ကိုယ်ပေးသလောက် ပြန်မရပေမယ့်သဘောထားကြီးကြီးနဲ့ချစ်တတ်တဲ့သူတိုင်းဖတ်ဖို့ လူတစ်ယောက်က သူတစ်ကယ်ချစ်လာပြီဆိုရင် အလိုလိုရှုံးနိမ့်လာတတ်တယ်။ ဘယ်သူတွေ ဘယ်လိုတားတား ဘယ်သူ့စကားမှ နားမဝင်တော့ဘူး။ သူချစ်တဲ့သူက ဘယ်လိုလူမျိုးပဲဖြစ်နေပါစေသူ့အမြင်မှာတော့ သူ့ရဲ့ချစ်သူကလူကောင်းတစ်ယောက်ပါပဲ။ သူ့အပေါ်ကို ဘယ်လောက်ထိ နစ်နာအောင်၊ထိခိုက်အောင်၊နာကျင်အောင်လုပ်နေပါစေ အပြစ်မမြင်ပဲ အချစ်တွေပိုနေတတ်တယ်။ ဘေးလူက ပြောနေခဲ့ရင်တောင် မကောင်းပြောတယ်ပဲ ထင်တတ်ကြတယ်။ မျက်ရည်ကျမှ အချစ်စစ်လို့ခံယူထားတဲ့မိုက်ရူးရဲဆန်တဲ့ အချစ်ရူးတွေပေါ့။ သူ့ချစ်သူက သစ္စာမဲ့နေခဲ့ရင်တောင် ဖြည့်တွေးပေးတတ်တဲ့သူမျိုးတွေပါ။ သင့်ဘက်က အလျော့မပေးမှန်းသိသိရက်နဲ့လိုက်လျောညီထွေး နားလည်မှု ပေးနိူင်တဲ့သူတွေ၊ သင့်ခံစားချက်တွေကို မျှဝေခံစားပေးနိူင်သူတွေ၊ သင့်မျက်နှာအရိပ်အကဲကို ကြည့်ရုံနဲ့ သင်ဘာခံစားနေရလဲဆိုတာ ကြိုသိနေတဲ့သူတွေ။ သင့်ဆီက ဘာရမယ်ဆိုတာထက် သူ့ဘက်ကရှိတာလေးနဲ့ ဘယ်လိုပေးဆပ်ရမလဲဆိုတာပဲ တွေးနေတတ်တဲ့ မေတ္တာပိုင်ရှင်မျိုးတွေပါ။ တစ်ကယ်တမ်းတော့ တစ်ကယ်ချစ်ရင် အချစ်ခံရသူသာမသိတာချစ်တဲ့သူမှာတော့အရှုံးတွေချည်းပါပဲ။ သင့်ချစ်သူက ဒီလိုလူထဲကဆိုရင် အချိန်မလွန်ခင်တန်ဖိုးထားတတ်ပါစေ။ Credit- May Hsu(ရာမညမြေ) […]

ဗေဒင်

22.April.2021 မှ 28.April.2021 အထိ တစ်ပတ်စာ (၇)ရက်သားသမီးများ ဟောစာတမ်း

22.April.2021 မှ 28.April.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီးများ ဟောစာတမ်း တနင်္ဂနွေ ဒီကာလတွေအတွင်းမှာ စိတ်နှစ်ခွဖြစ်စရာတွေ ဆုံးဖြတ်ရခက်တာတွေ ကြုံတွေ့လာရတတ်ပါတယ်။ ဟိုဟာ လုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရကောင်းနိုးနိုးနဲ့ အချိန်တွေ ကုန်သွားရတတ်ပါတယ်။ ။ အဲ့ဒီ့လို စိတ်အနှောက်အယှက် ဖြစ်စရာတွေ ကြားထဲကပဲ အလုပ်သစ်၊အခွင့်အရေးသစ်တွေဝင်လာရတတ်ပါတယ်။ ခက်ခဲ ကြန့်ကြာနေတဲ့ ငွေကိစ္စ၊ ပစ္စည်းကိစ္စတွေ အဆင်ပြေသွားပါလိမ့်မည်။ မိတ်ဆွေ၊ ဆရာသမား၊ ကြီးကဲသူများ၊ ဘုန်းကြီး၊ရဟန်း စသောသူတို့က အကူအညီ၊ အထောက်အပံ့ကောင်းတွေ ပေးလာရတတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အအုံကိစ္စ တွေ လည်း အဆင်ပြေ အောင်မြင်သွားပါလိမ့်မည်။ ပြဿနာဖြစ်နေသူများနဲ့ ပြန်ပြီး အဆင်ပြေသွားရတတ်ပါသည်။ ထီပေါက်တတ်တဲ့အတွက် တနင်္လာသားသမီးနှင့်စပ်တူထိုးစေချင်ပါတယ်။ ခရီးသွားမယ့် အစီအစဉ်တွေ ထစ်ငေါ့ လွဲချော်သွားရတတ်ပါတယ်။ မသွားချင်တဲ့ခရီးတွေ သွားလာရတတ်ပါတယ်။ မကြားချင်တဲ့ စကားတွေလည်း […]

အခ်စ္နွင့္ဘဝ

ချစ်သူပုံစံ (၅)မျိုးမှာ သင်က ဘယ်လို ချစ်သူပုံစံမျိုးလဲဆိုတာ ခွဲခြားကြည့်ရအောင် ….

ချစ်သူပုံစံ (၅)မျိုးမှာ သင်က ဘယ်လို ချစ်သူပုံစံမျိုးလဲဆိုတာ ခွဲခြားကြည့်ရအောင် …. လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပဲ လူတစ်ယောက်စီတိုင်းရဲ့ စိတ်နေစိတ်ထားတွေနဲ့ အပြုအမူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ ဒီလိုပဲ တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါမှာလည်း သဘောထားတွေ၊ ခံယူချက်တွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ကြတဲ့အတွက် မတူညီတဲ့ ချစ်သူပုံစံမျိုးတွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။ ကိုယ်က ဘယ်လိုချစ်သူပုံစံလဲဆိုတာတော့ ဒီစာလေးဖတ်ကြည့်ပြီး ဆုံးဖြတ်ကြည့်လိုက်နော်။ ပေးဆပ်တတ်သူ ပေးဆပ်တတ်တဲ့ ချစ်သူပုံစံမျိုးတွေမှာတော့ အကြောင်းပြချက် နှစ်ခုရှိလို့နေပါတယ်။ ပထမအချက်က သူတို့ကိုသူတို့ မပြည့်စုံဘူးလို့ ထင်တတ်ကြတဲ့အတွက် ဒါမှမဟုတ် သူတို့က ပိုချစ်တတ်တဲ့အတွက် ပေးဆပ်မှုနဲ့ ဖြည့်ဆည်းတတ်ကြသူတွေပါ။ သူတို့တွေက ချစ်သူအပေါ် ဂရုစိုက်မှုတွေ၊ ချစ်ခြင်းတွေနဲ့ ပေးဆပ်တတ်ကြပါတယ်။ ဒါက သူတို့ရဲ့ မပြည့်စုံခြင်းကို ဖြည့်ဆည်းတာ ဖြစ်ကောင်းဖြစ်နိုင်သလို ချစ်သူအပေါ် အရမ်းချစ်တတ်တဲ့အတွက်လည်း […]

ၾကားသိရသမွ်

2လသားအရွယ်သာရှိသေးပေမဲ့ ဟန်ချက်ညီစွာမတ်တပ်ရပ်ပြီး မိဘတွေကိုအံ့သြထိတ်လန့်စေခဲ့တဲ့ ကလေးငယ်(ရုပ်သံ)

မိဘတိုင်းက သူတို့သားသမီးရဲ့ ကြီးထွားမှုနှုန်းနဲ့ ဘဝမှတ်တိုင်တွေကို စိတ်အားထက်သန်စွာ မျှော်လင့်ထားတတ်ကြတော့ ကလေးတွေ တစ်ခုခုလုပ်ရင် ရှော့ရပြီး အံ့အားသင့်သွားတတ်ကြပါတယ်။ England နိုင်ငံ Bristol မြို့ရှိ အသက် ၃၁နှစ်အရွယ် Tezra Finn-Johnston အမည်ရှိအမျိုးသား နဲ့ သူ့ဇနီး အသက် ၂၃နှစ်အရွယ် Emily Derrick တို့ဟာ သူတို့ရဲ့ ၈ ပတ်အရွယ်သမီးလေးက ကိုယ်တိုင် ကောင်းကောင်း မတ်တပ်ရပ်နိုင်ဖို့ သင်ယူနေတာကို မြင်တွေ့ခဲ့ရပြီးနောက် တုန်လှုပ် သွားခဲ့ကြပါတယ်။ အဆိုပါ Luka လို့ခေါ်တဲ့ ကလေးမလေးကတော့ ငယ်ငယ်လေးကတည်းက သန်မာကြောင်းကို သက်သေပြနေပါတယ်။သူမဟာ ၈ ပတ်အလိုမှာ မတ်တပ်ရပ်နိုင်ခဲ့ပြီး ၁၅ ပတ်ရောက်တဲ့အချိန်မှာတော့ အကူအညီမပါဘဲ တစ်ကိုယ်တည်း ကောင်းကောင်း ရပ်တည်နိုင်နေပါပြီ။ ဖခင် Tezra က […]

ၾကားသိရသမွ်

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု ရက်သတ္တ ခုနစ်ပတ် ဆက်တိုက် မြင့်တက်နေပြီး တစ်ပတ်လျှင် ထပ်တိုး လူနာအသစ် လေးသန်းကျော်အထိ ရှိနေ

ကမ္ဘာ့နိုင်ငံများတွင် COVID-19 ဖြစ်ပွားမှု ရက်သတ္တ ခုနစ်ပတ် ဆက်တိုက် မြင့်တက်နေပြီး တစ်ပတ်လျှင် ထပ်တိုး လူနာအသစ် လေးသန်းကျော်အထိ ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအနှံ့တွင် ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှု ပြန်လည် မြင့်တက်လာပြီး ရောဂါဖြစ်ပွားသူ ၁၄၃ သန်းကျော်နှင့် သေဆုံးသူ သုံးသန်းကျော် ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည့် အချက်အလက်အရ သိရသည်။ “လက်ရှိ အခြေအနေက ကမ္ဘာပေါ်မှာ ရောဂါဖြစ်ပွားမှုတွေ တောက်လျှောက် တက်လာနေတာ ခုနစ်ပတ်မြောက်အထိ ရှိပါပြီ။ အရင်တုန်းကဆိုရင် Case တွေက အတော်ကြီး ကျသွားတဲ့ အနေအထားကနေ တောက်လျှောက် အကျမရှိဘဲ တက်လာတာ ဧပြီ ၁၃ ရက်ကထုတ်တဲ့ […]

အခ်စ္ေရး

ကိုယ်နာကျင်ရသလို နာကျင်ရပါစေဆိုတဲ့ ဆု ဘယ်တော့မှ မတောင်းဘူး

ကိုယ့်အပေါ်မကောင်းတဲ့အခါ လျစ်လျူရှုပစ်လိုက်တယ် ဝဋ်ဆိုတာ သံသရာတစ်ပတ်ပြည့်စရာမလိုပါဘူး အချိန်တန်ရင် အော်တို လည်ပါတယ် ကိုယ့်အပေါ် ယုတ်မာနိုင်တဲ့လူတွေလဲ ယုတ်မာပါ မကောင်းပြောတဲ့လူတွေလဲ ပြောပါစေ သူ့ထိုက်နဲ့ သူ့ကံဆိုတာ သိတယ်မလား အဓိကက ကိုယ်အနေမှန်နေဖို့ပဲလိုတာ ဝဋ်ဆိုတာကို ပြန်ပြီးမလည်လာသေးလို့ ပြုံးပြီးနေနိုင်တာပါ တစ်နေ့ ဝဋ်ပြန်လည်တဲ့အခါ ကိုယ့်နာမည်လေး အမှတ်ရနေပါစေ ကိုယ့်နည်းတူလဲ ခံနိုင်ရည်ရှိပါစေပေါ့ သူ့အကုသိုလ်ကို ကိုယ့်အကုသိုလ်မဖြစ်စေဖို့ပဲ လိုတာပါ မကောင်းကြံတဲ့လူက မကောင်းတဲ့ဒဏ်ပြန်ခံရမှာ သဘာဝပဲ လျှာရှည်ပြီး ကျိန်စာတိုက်မနေနဲ့ သူ့အချိန်မတန်သေးလို့ မော်ကြွားနေနိုင်တာပါ သူ့အချိန်ရောက်လာတဲ့အခါ ရေသောက်ရင်းတောင် အဆိပ်ဖြစ်ချင်ဖြစ်နေတတ်တာလေ ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်အပေါ် ကောင်းတဲ့လူတွေအပေါ် တန်ဖိုးထားပါ အချိန်ပေးပါ မုန်းနေတဲ့လူတစ်ယောက်အတွက် ကိုယ့်အချိန်တွေ အကုန်မခံနဲ့ ကိုယ့်အပြုံးတွေ မငြိုးသွားစေနဲ့ ဘဝက နေတတ်ရင် ကျေနပ်စရာဆိုပေမယ့် စိတ်လဲ ဖြေတတ်ဖို့ […]

ၾကားသိရသမွ်

အမှန်တရားအတွက်တိုက်ပွဲဝင်ရင်း ဖမ်းဆီခံလိုက်ရတဲ့ ချစ်သူလေးအမြန်ဆုံးပြန်လည်လွတ်မြောက်ရန် ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့တဲ့ ပိုင်တံခွန်ရဲ့ကောင်မလေး (ဗီဒီယိုဖိုင်)

ပရိသတ်ကြီးရေ ပိုင်တံခွန်ရဲ့ ချစ်သူကတော့ သူ့ကောင်လေး အမြန်လွတ်မြောက်ဖို့ အတွက် အစွမ်းကုန် ကြိုးစားနေတာပါနော်။ ဘာသာရေးတွေလည်း အရင်ထက် ပိုမိုလုပ်နေပြီး သူ့ကောင်လေး ဘေးကင်းစွာနဲ့ပြန်လာမှာကိုစောင့်မျှော်နေ သူပါနော်။ ပရိသတ်တွေ ကလည်း ပိုင်တံခွန် ချစ်သူရှိမှန်းသိသိချင်း စိတ်မကောင်း ဖြစ်သွားကြပေမယ့် သူ့ကောင်မလေးရဲ့ချစ်တတ်မှုတွေကြောင့် ဝမ်းနည်းဝမ်းသာခံစား သွားခဲ့ကြတာပါနော်။ ပိုင်တံခွန်ဟာ ထောင်ထဲမရောက်ခင်မှာ ဌက်ဖျားရောဂါခံစားနေ ရတာကြောင့် အခုလက်ရှိ အချုပ်ထဲမှာဘဲ ဆေးကုသ မှုခံယူ နေရတာပါနော်။   မိသားစုဝင် တွေကလည်း ပိုင်တံခွန်လွတ်မြောက်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေကြပြီး သူ့ရဲ့ ကောင်မလေး ကလည်း ပင်လယ်အထိကို စက်လှေနဲ့သွားပြီး နဂါးတွေသွားကျွေးပြီး ကုသိုလ်ကောင်းမှုတွေ လုပ်နေတာပါနော်။ သူ့ကောင်မလေးရဲ့ ကုသိုလ်ပြုနေတဲ့ ဗီဒီယိုကိုလည်း ပရိသတ်ကြီးကြည့်ရှုနိုင်ရန် တင်ပေး လိုက်ပါတယ်နော်။ Credit:CELELUCKY ပရိသတ်ကြီးရေ ပိုင်တံခွန်ရဲ့ […]