ဗဟုသုတ

ပန်းတွေဝေနေအောင် ပွင့်အောင် ၊ အသီးတွေခဲနေအောင် သီးအောင် အားဆေးစပ်နည်း

ပန်းတွေဝေနေအောင် ပွင့်အောင် ၊ အသီးတွေခဲနေအောင် သီးအောင် အားဆေးစပ်နည်း ပန်းတွေဝေနေအောင် ပွင့်အောင် အားဆေးဆပ်နည်း။ အမြစ်၊အပွင့်၊အသီး အတွက် 1: 1: 1 အချိုး အားဆေးလေးပါ 1-ပါတ်အတွင်းသိသာလာ ပါလိမ့်မည် အထူးသဖြင့် အပင်မှအပွင့် အပွင့်မှအသီးအတွက် အထူးကောင်းမွန်ပါတယ်ရှင့် လိုအပ်သောကုန်ကြမ်းများ နို့ -200 cc တဘူး ၊ပုဇွန် ငါးပိ တဇွန်း ၊အချိုမှုန့်တဇွန်းတို့ပါဘဲ။ ပြုလုပ်ပုံ ခွက်တခု ထဲရေနွေး နွေး-2 ဇွန်းခန့်ထည့်ပါ ပုဇွန်ငါးပိ တဇွန်းထပ်ထည့် ပြီးပျော်သွားအောင်မွှေပါ။နောက်ထပ် အချို မုန့်တဇွန်း ထပ်ထည့်ကာ ကျေအောင်မွှေပြီး နို့200cc ထပ်ထည့် အားလုံးသမ အောင်မွှေပါ အသင့် သုံး 1:1:1 အားဆေးလေးရပါပြီ သုံးစွဲရန် အသင့် သုံးဆေး 1-ဇွန်း၊ရေ […]

အေထြအေထြဗဟုသုတ

လယ်ယာလုပ်ပြီး ချမ်းသာနေသူများနှင့် ရွှံ့ပေရုံသာ အဖက်တင်နေတဲ့ မြန်မာ လယ်သမားများ

လယ်ယာလုပ်ပြီး ချမ်းသာနေသူများနှင့် လယ်ယာလုပ်လို့ ရွှံ့ပေရုံသာ အဖက်တင်နေအုံးမယ့် ရွှေမြန်မာပြည်က လယ်သမားများ.. ကမ္ဘာပေါ်တွင် လယ်လုပ်သူ လယ်သမားတွေ ကြီးပွါးချမ်းသာနေတဲ့နိုင်ငံတွေ အများကြီးရှိကြပါတယ်။ လယ်သမားတွေ ကြီးပွါးချမ်းသာဖို့ဆိုတာကလည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ စီးပွါးရေးစနစ်၊ နိုင်ငံရေးစနစ်၊ စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်မှု စသဖြင့် ဘက်ပေါင်းစုံနဲ့ ပက်သက်ဆက်နွယ်နေပါတယ်။ နိုင်ငံရေးစနစ်တည်ငြိမ်လှတဲ့ နိုင်ငံတွေက စီးပွါးရေးတိုးတက်လာကာ စက်မှုနည်းပညာတွေလည်း တဖြည်းဖြည်းတိုးတက်လာတာပါပဲ။ စက်မှုနည်းပညာ တိုးတက်လာခြင်းနှင့်အတူ အဲဒီတိုင်းပြည်ရဲ့ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကိုလည်း စက်မှုနည်းပညာတွေ လွှမ်းမိုးသွားတာပါ။ ကဏ္ဍပေါင်းစုံကို စက်မှုနည်းပညာတွေလွှမ်းမိုးသွားနိုင်မှ လယ်ယာလုပ်ငန်းတွေကိုလည်း စက်မှုနည်းပညာတွေ လွှမ်းမိုးသွားမှာပါ။ လယ်ယာကဏ္ဍ စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တခြားကဏ္ဍပေါင်းစုံလည်း နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ အရမ်းအရေးကြီးတာပါ။ တခြားကဏ္ဍတွေမှာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုမရှိပဲ လယ်ယာကဏ္ဍတစ်ခုတည်း စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တခြားကဏ္ဍတွေကလည်း လယ်ယာကဏ္ဍတွေနဲ့ ဆက်စပ်နေတာပါ။ ဥပမာ ရာသီဥတုကို အခြေခံတဲ့ […]

Knowledge

လူသားတွေ ကျေးဇူးကန်းတဲ့အခါနတ်ဘုရားတွေတောင် ဘုရားပြန်တနေရတာမျိုးတဲ့

ဖတ်ကြည့်နော် လူတယောက် နေစရာမရှိတုန်းက သူနဲ့သိပ်ရင်းနှီးတဲ့သူငယ်ချင်းက သူ့အိမ်မှာပေးနေလိုက်တယ်။ စစချင်း နေခွင့်ရတုန်းကတော့ အရမ်းကျေးဇူးတင်သွားတာ။ ပြောင်းစေချင်တဲ့အခါ အချိန်မရွေးပြောပါ ပြောင်းပေးပါ့မယ်ဆိုပြီး အာမတောင်ခံလိုက်သေး။ အနေလည်း ကြာလာတော့ သူများအိမ်ကို သူ့အိမ်လို စိတ်ထဲမှာ မှတ်ယူလာတော့တယ်။ အချိန်တန်လို့ ပြောင်းပေးဖို့ပြောတော့ မကျေမနပ်တွေဖြစ်လာတယ်။ တချိန်က နေခွင့်ပေးခဲ့တဲ့ ကျေးဇူးဆိုတာကို သတိရဖို့မပြောနဲ့ကျေးဇူးရှင်ကိုတောင် ရန်သူတယောက်လိုမြင်သွားတယ်။ သူငယ်ချင်းတစု အတူတူပေါင်းပြီးအဆောင်ငှါးနေကြတယ်။ စေတနာကောင်းတဲ့သူငယ်ချင်းက ချက်ပြုတ်ကျွေးတယ်။ အစတုန်းကတော့ ချက်ကျွေးတာကို ကျေးဇူးတွေတင်နေကြတယ်။ ကြာလာတော့ ချက်ပြုတ်ကျွေးတာကို သူကပဲ မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုလိုမြင်လာကြတယ်။ အကြောင်းကြောင်းကြောင့် ချက်မကျွေးဖြစ်တဲ့အခါ ချက်ကျွေးခဲ့တာတွေ ကျေးဇူးတင်ဖို့နေနေသာသာ ချက်မကျွေးရကောင်းလားဆိုပြီး ငြိုငြင်လာကြတယ်။ လူတယောက် အပြင်သွားတဲ့အခါတိုင်း သစ်ပင်တပင်အောက်က ဖြတ်သွားနေကျ။ နောက်တော့ လမ်းဘေးက တွေ့နေကျ ခွေးတကောင်ကို သနားလို့ အနီးနားက အပင်တပင်အောက်မှာ […]

ၾကားသိရသမွ်

အိမ်ထဲမှာတစ်ယောက်ထဲ TV ကြီးဖွင့်ပြီး လုပ်ချင်ရာလုပ်နေတဲ့ အမေ့ကို မကြည့်ဘဲဖွင့်ထားရတဲ့ အကြောင်းမေးကြည့်တဲ့အခါ …

တီဗွီ ဖွင့်ထားပေးပါ ကျွန်တော့်အမေမှာ အကျင့်တစ်ခုရှိပါတယ် TV ကို ၂၄နာရီ ဖွင့်ထားတတ်တာပါ ။ ထိုင်ကြည့်နေတာမျိုးမဟုတ်ဘဲနဲ့ ဖွင့်ထားပြီး လုပ်စရာရှိတာကို လုပ်နေတာမျိုးပါ ။ ကျွန်တော်အိမ်ရောက်တဲ့အခါ ကြည့်မယ့်သူမရှိဘဲ ဖွင့်ထားတာမို့ ကျွန်တော်က ပိတ် ,အမေက ပြန်ဖွင့်နဲ့ မကြာခဏ စကားများလေ့ရှိပါတယ်… အဲဒါနဲ့ ပတ်သတ်ပြီးနောက်ဆုံး အမေ ပြောနေကျက… “နင် တို့နားမလည်ပါဘူး” တဲ့ … ကျွန်တော်အဲဒီတုန်းကတကယ်နားမလည်ခဲ့တာပါ .. တစ်ရက် …ကိစ္စတစ်ခုနဲ့ တစ်ယောက်ထဲ ခရီးထွက်ဖြစ်တယ်မိုင် (၄၀၀) လောက်ဝေးတဲ့ခရီးကို အသွားမှာ မောင်းနေတုန်းကဘာမှမဖြစ်ပေမယ့် အပြန်ခရီးမှာတော့ တစ်ယောက်ထဲ ကားမောင်းရတာဟာ သိပ်ငြီးငွေ့လာပါတယ် ။ အပျင်းပြေလို ပြေငြား ပီကေဝါးပေမယ့်လည်း ကားမောင်းနေရတာဟာသိပ်အထီးကျန်လွန်းပါတယ် ။ နောက်ဆုံး FM တွေဖွင့်တယ်။ဟုတ်တယ် ။ […]

ဗဟုသုတ

FB သုံးတာ ဒီလိုပို့စ်မျိုးတွေကြောင့် ဘေလ် ကုန်ရကျိုး နပ်နေတာပါ (မျက်ရည်ခိုင်ရင်တော့ ဖတ်ကြည့်စေချင်တယ် )…..

ဖတ်ကြည့်မှ……သိမှာမို့…..ဖတ်ကြည့်နော့ ဖတ်စေချင်လွန်းလို့ပါ…… လင်မယား စုံတွဲတစ်တွဲပါလာတဲ့သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်… အချိန်တော်တော်ကြာမှအသက်ကယ်လှေတစ်စင်းရောက်လာတယ်… အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့တစ်နေရာဘဲ ကျန်တော့တယ်… အဲဒီအချိန်မှာ ယောကျ်ားဖြစ်သူက သူ့မိန်းမကိုသူ့အနောက်ဆွဲချလိုက်ပြီး သူကိုယ်တိုင်အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်… အဲဒီ အမျိုးသမီး ကတော့တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာရပ်ပြီးသူ့ယောကျ်ားကို စကားတစ်ခွန်းအော်ပြောလိုက်တယ်… ဒီနေရာအထိပြောပြီးတော့ ဆရာမကကျောင်းသားတွေကို မေးလိုက်တယ်… “မင်းတို့ ခန့်မှန်းကြည့်…အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?” ကျောင်းသားတွေကတော့ အလုအယက်ဒေါနဲ့မောနဲ့ အော်ပြောကြတယ်…“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ်ရစ်ခဲ့တယ်… ” အဲဒီအချိန်မှာ ဆရာမကကျောင်းသူလေးတစ်ယောက်ကိုဘာမှမပြောတာကို သတိထားမိတော့ဆရာမက သူ့ကိုမေးလိုက်တယ်… အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်…“ဆရာမ… သမီး ထင်တယ်… အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာက …ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”… ဆရာမက အံ့သြသွားတယ်…သူ့ကို ပြန်မေးလိုက်တယ်…“အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ?” ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်… “ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီးဆုံးခါနီးမှာ […]

ၾကားသိရသမွ်

မြန်မာဂေါ်ရခါး လုပ်သား တစ်ဦး ထိုင်းထီ အမြင့်ဆုံးဆု ဘတ်ငွေ ၆သန်း ကံထူး…..

မြန်မာဂေါ်ရခါး လုပ်သား တစ်ဦး ထိုင်းထီ အမြင့်ဆုံးဆု ကံထူး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံက ဂေါရခါးလူမျိုး တစ်ဦး ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးထီဆု ကံထူးခဲ့တယ်လို့ ဦးလှခိုင် (AAC-မဟာမိတ်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ အလုပ်လုပ်နေတဲ့ ဂေါ်ရခါး လူမျိုးဟာ မတ်လ ၁၆ ရက်က ထွက်ရှိတဲ့ ထိုင်ထီး အမြင်ဆုံးဆုကို ဘတ်ငွေ ၆သန်း ကံထူးခဲ့တာလို့ သိရပါတယ်။ ကံထူးဆုငွေကို ထုတ်ယူဖို့ AAC-မဟာမိတ်အဖွဲ့ကို ချိတ်ဆက် အကူညီတောင်းတာကြောင့် မတ်လ ၁၇ ရက်မှာ AAC-အဖွဲ့သားတွေက ထိုင်းအစိုးရ တရားဝင်ငွေထုတ်ပေးသောနေရာဆီကို ကံထူးရှင်ကို ခေါ်ဆောင်ပြီးငွေထုတ်ပေးခဲ့ပါတယ်လို့ ရေးသားထားပါတယ်။ ထိုင်းရောက် မြန်မာလုပ်သားတွေအနေနဲ့ ကံထူးရှင်ဖြစ်ပါက စနစ်တကျ ငွေထုတ်နိုင်ဖို့ AAC-မဟာမိတ် အဖွဲ့ကို ယုံကြည်စိတ်ချစွာဆက်သွယ်ပြီး ဆုငွေထုတ်ယူနိုင်ဖိို့ […]

Knowledge

မြန်မာရာဇဝင်ထဲက ကိုးသင်္ချိုင်းဓါး အကြောင်း

ကနောင်မင်းသားကြီးသည် တုတ်ပြီး၊ ဓားပြီး သေနတ်ပြီးတယ်လို့ ဖတ်ရှုသိရှိရသည်။ကနောင်မင်းသားကြီးကို မြင်ကွန်း၊ မြင်းခုံတိုင်က ကိုးသချႋုင်းဓားအစီအရင်နဲ့ လုပ်ကြံ သတ်ဖြတ်လို့ သေရတယ်တဲ့။ ဒါ့ကြောင့် ကိုးင်္သချိုင်းဓားအကြောင်းကို အနည်းငယ် မျှဝေချင်ပါသည်။ကိုးသချႋုင်းးဓားသည် အမည်နှင့်လိုက်အောင်ပင် သချႋုင်းကိုးခု၏ ခေါင်းတလားမှသံများကိုစုပေါင်း၍ သံရည်ကျိုပြီးသွန်းလုပ်ရသည်။ သံရည်ကျိုပြီးသောအခါ စနေသားပန်းပဲဆရာမှက ဓားပုံလောင်းရသည်။(အများအားဖြင့် စနေနေ့တွင်ဓားကိုပုံလောင်းကျသည်။)ဓားကိုပုံချောအဖြစ်ရအောင်ယူပြီး ဓားဆေးသောအခါ သချႋုင်းး၌ဆေးရသည်။ ဓားမဆေးမှီ ရ ရက်တိုင်တိုင် သက် ဆိုင်ရာပုဂ္ဂိုလ်တို့ကိုပင့်ဖိတ်ပြီးသက်ဆိုင်ရာဂါထာမန္တာန်တို့ကို ရ ရက်တိတိရွတ်ဖတ်ရသည်။ဓားဆေးသောအခါ ရေဖြင့်မဆေးရပဲ အစိမ်းသေသွေးဖြင့်သာဆေးရသည်။ အကယ်၍ အစိမ်းသေမှရသောသွေးမများပါက ၎င်းသွေးအနည်းအငယ်သာယူပြီး အခြားကျွဲ၊နွားသွေးများရောနှောကာဆေးရသည်။ဓားဆေးပြီးသောအခါ စနေသမီးအုံးသော ခေါင်းအုံးအောက်၌ ရ ရက်ပြည့်အောင်ထားရသည်။ ထိုသို့ပြီးသည်နှင့် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးများ ကမ္မဝါဖတ်နေချိန်၌ဘုန်းတော်ကြီးများမသိအောင် ကျောင်းနှင့်မနီးမဝေး ကမ္မဝါဖတ်သံကြားရသောနေရာ၌ ထားရသည်။ပြီးလျှင် မြို့တော်ရှင်ဟုလူအသိများသော ကိုးမြို့ရှင်နတ်ကွန်းတွင် ဓားကို ၉ ရက်တိတိထားရသည်။ ဓားပြီးသောအခါ […]

ၾကားသိရသမွ်

အသက် ၁၂ နှစ်အရွယ်ရောက်လျှင် မိန်းကလေးဘဝမှ ယောက်ျားလေးဖြစ်သွားကြသော ဆန်းကြယ်လှသော ရွာကလေး

ကျွန်ုပ်တို့ နေထိုင်ရာကမ္ဘာကြီးသည် ဆန်းကြယ်မှုများ ပြည့်နှက်နေသော ကမ္ဘာကြီးဖြစ်သည်။ ထိုသို့ ဆန်းကြယ်မှုများအတိပြီးနေသော ကမ္ဘာကြီး၏တစ်နေရာတွင် မိန်းကလေးများမှာ ယောက်ျားလေးဘဝသို့ ဆန်းကြယ်စွာ ပြောင်းလဲသွားကြသည့် ကျေးရွာတစ်ခုရှိနေသည်။ အဆိုပါရွာကလေးနှင့် ပတ်သက်ပြီး နှစ်ပေါင်းများစွာ သုတေသနပြု အဖြေရှာခဲ့ကြသော်လည်း အဖြေတစုံတရာ မရခဲ့။ ရွာကလေး၏ အမည်မှာ La Salinas ဟု အမည်ရပြီး ဒိုမီနီကန်သမ္မတနိုင်ငံတွင် တည်ရှိသည်။ ဒိုမီနီကန်နိုင်ငံမှာ လူဦးရေ ၆၀၀၀ သာရှိသော နိုင်ငံငယ်ကလေးတစ်ခု ဖြစ်သည်။ အသက် ၁၂ နှစ်အရွယ်သို့ ရောက်လျှင် လိင်ပြောင်းလဲသွားကြသည်… La Salinas ရွာကလေး၏ အံ့အားသင့်ဖွယ် အကောင်းဆုံးနှင့် တုန်လှုပ်ဖွယ် အကောင်းဆုံးအချက်မှာ… ထိုရွာတွင် နေထိုင်သော မိန်းကလေးငယ်များသည် အသက် ၁၂ နှစ်အရွယ်သို့ရောက်သည်နှင့် လိင်ပြောင်းလဲသွားကာ ယောက်ျားလေးများ ဖြစ်သွားကြခြင်း […]

Health Care

BODY SHAPE လေးပေါ်လွင်လာစေဖို့ အိပ်ယာပေါ်မှာလှဲပြီးလုပ်လို့ရတဲ့ လေ့ကျင့်ခန်း (၁၀) မျိုး

Body Shape လေးပေါ်လွင်လာပြီး ပိုလှလာစေဖို့အတွက် အိပ်ယာပေါ်မှာလှဲပြီး အေးဆေးလုပ်လို့ရတဲ့ လေ့ကျင့်ခန်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ် Roll-ups အရင်ဆုံး ခြေထောက်တွေ၊ လက်တွေကို ပထမပုံထဲကလိုဆန့်ပြီး လှဲနေလိုက်ပါ။ ပြီးရင် ခြေထောက်ကိုဆန့်ထား၊ လက်ကိုရှေ့ဆန့်ပြီး ဒုတိယပုံထဲကလို ထထိုင်ပါ။ ပြီးရင် ပြန်လှဲပါ။အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးပါ။ Side-lying double leg lifts ပုံမှာပြထားတဲ့အတိုင်း ဘေးတစ်စောင်းအနေအထားနဲ့ လှဲနေပါ။ ခြေထောက်နှစ်ဖက်ကိုစု၊ လက်နှစ်ဖက်ကလည်း ပုံထဲကအတိုင်းပဲ လုပ်ပေးပါ။ ပြီးရင် ဒုတိယပုံထဲကလို ခြေထောက်နှစ်ဖက်ကို စုပြီးမြှောက်လိုက်၊ ပြန်ချလိုက်နဲ့ အကြိမ် ၃၀ လုပ်ပေးရမှာပါ။ Frog bend ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နှစ်ချောင်းကို စုပြီးမြှောက်လိုက်၊ ဒုတိယပုံထဲကလို ပြန်ကွေးလိုက်နဲ့ အကြိမ် ၃၀ လုပ်ပေးပါ။ […]

Knowledge

အဖိုးပြောတဲ့မြေးလေး အိမ်ထောင်ပြုရင် ကနခိုလေးဝယ်ထားကွယ်တဲ့

အဘိုးပြောဖူးသည်။ မြေးလေး အိမ်ထောင်ပြုရင် ကနခိုလေးဝယ်ထားရတယ်။ အရေးအကြောင်းရှိရင် တန်ဖိုးကြီးတယ်ဆိုခဲ့သည်။ အမှန်ပင်ကလေးငယ်၏ ကြက် ညှာ ချောင်းဆိုး ရောဂါကိုကနခို ီနှင့်ချင်းစိမ်း ရေရော ၍ သွေးကာ အနည်းငယ်ရင်ဘတ်တွင် လူးလူးပေးရာ ကြက်ညှာရက်(၁၀၀) မကြာဘဲအမှန်ပျောက် ကင်းခဲ့ သည်။ နောက်တစ်ဖန် လက်တွေ့ကြုံသည်က ကင်မြီးကောက်အထိုးခံရသူအား ကနခိုစေ့သွေးလိမ်း ပေးခဲ့ရာ ချက်ချင်းဒဏ်ရာသက်သာ ပျောက်ကင်းခဲ့ သည်။ ကနခိုကို စိတ်ဝင်စား၍ ဖတ်မှတ်ကြည့်ရာ ဆေးကျမ်းတို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြထားခြင်း ရှိသည်။ ရွှေမြန်မာတို့ ကနခိုဟုဆိုလျှင် ပြင်းထန်သော ဓာတ်သွားစေသည့် အစေ့(သို့) အဆံအဖြစ်သိကြသည်။ ကနခို၏ ရုက္ခဗေဒအမည်မှာ Croton tiglium Linn ဖြစ်သည်။ မျိုးရင်းမှာကြက်ဆူ မျိုးရင်းဖြစ်သည်။ အမြဲစိမ်းပင်လတ်မျိုးဖြစ်သည်။အမြင့်ပေ(၁၅)ပေမှ(၂၀)ထိရှိသည်။ ပင်စည်ခေါက်မှာညိုပြာပြာဖြစ်သည်။ ရွက်နားတွင်ခွေးသွားစိတ်ရှိပြီးဘဲဥပုံသဏ္ဍာန်အဖျားချွန်သည်။ ရွက်ညှာရှည်ကာ လိမ္မော်ရောင်မှအစိမ်း […]