ကောင်လေးဘက်က သင့်ကိုအတည်တွဲနေမှန်း သိသာနေတဲ့ အချက်များ အချစ်ရေး တစ်ခုမှာ အကြောက်ရဆုံးကတော့ ကိုယ်က စိတ်ရင်းအမှန်နဲ့ ပုံအပ်ပြီးချစ်ရသလောက် ကိုယ့်ကိုအပျော်တွဲခံရတာပါပဲ။ ဒါဟာ လူတော်တော်များများလည်း ကြုံရလေ့ရှိတဲ့… ပြဿနာတစ်ခုဖြစ်သလို ခံစားရတာလည်း အရမ်းကိုဆိုးရွားပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုအပျော်တွဲတာလား၊ အတည်တွဲတာလားဆိုတာ ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်။ ခုဖော်ပြပေးမယ့်အချက်လေးတွေကတော့ သင့်ကိုအတည်တွဲနေတဲ့ ယောကျ်ားတစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ သင့်ချစ်သူနဲ့ ကိုက်ညီနေရင်တော့ သင်ကံကောင်းပါတယ်။ (၁) သင့်အနားမှာနေရင် ရယ်မောပျော်ရွှင်နေမယ် သင့်ကိုအတည်တွဲတဲ့ ယောကျ်ားတစ်ယောက်ဟာ သင့်အနားမှာနေတဲ့အချိန်တွေမှာ ရယ်မောပျော်ရွှင်နေတတ်တဲ့သူပါ။ ဟန်ဆောင်ပြီး ပျော်တဲ့ပုံဖမ်းနေတာမျိုးနဲ့တော့ အရမ်းကိုကွာပါတယ်။ သူ့ကိုသင်ကြည့်လိုက်တာနဲ့၊ သင့်အနားသူ ရောက်လာတာနဲ့ အမြဲတမ်းပျော်ရွှင်ပြီး ကြည်နူးနေတတ်တဲ့သူမျိုးပါ။ (၂) သူ့ရဲ့အပြုအမူမှာပေါ်လွင်နေတယ် ယောကျ်ားလေးတွေဟာ စကားအပိုတွေ၊ တီတီတာတာတွေ သိပ်မပြောတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခံစားချက်ကို အပြုအမူနဲ့ ဘယ်လိုဖော်ပြရမလဲ […]
Day: March 3, 2021
ယောကျာ်လေးတွေ တကယ်ချစ်မိရင်ဖြစ်လာတဲ့အခါ ပြောင်းလဲလာတဲ့အရာများ
ယောကျာ်လေးတွေ တကယ်ချစ်မိရင်ဖြစ်လာတဲ့အခါ ပြောင်းလဲလာတဲ့အရာများ… လူတိုင်းက တစ်သက်မှာ အနည်းဆုံး တစ်ခါတော့ ချစ်မိကြ တတ်ပါတယ်။ ပုံမှန်အတိုင်း ရှိနေတတ်တဲ့ အရာတွေက တကယ် ချစ်မိတဲ့ အခါ ဘယ်သူ့ ရဲ့ ညွှန်ကြားချက် ကြောင့်မှ မဟုတ်ပဲ အလိုလို ပြောင်း လဲ တတ် ကြ ပါ တယ်။ အထူးသဖြင့် ယောကျာင်္း လေးတွေ တကယ် ချစ်မိရင်ရော ဘာတွေဖြစ်လာမလဲ၊ ကြည့်လိုက်ရအောင်နော် … (1) ဆုံးရှုံးရမှာ ကြောက်လာမယ် တကယ် ချစ်မိလာတဲ့ အခါ သူ့ကို မပိုင်ဆိုင် ရသေးရင်တောင် မဆုံးရှုံးဖို့ တွေး ပူ တတ် ကြ ပါ တယ်။ ခပ်ပေါ့ပေါ့ နေတတ်တဲ့ သူမျိုးက တကယ် […]
ယောက်ျားများ၏ ချစ်ခင်မှု့စွဲလန်းမှု့များရလေ့ရှိတဲ့ အမျိုးသမီးတွေရဲ့ အထင်ကရမှဲ့(၇)မျိုး…
ယောက်ျားများ၏ ချစ်ခင်မှု့စွဲလန်းမှု့များရလေ့ရှိတဲ့ အမျိုးသမီးတွေရဲ့ အထင်ကရမှဲ့(၇)မျိုး… အမျိုးသမီးများတွင်ရှိသော ထင်ရှားသော မှဲ့(၇)မျိုး ကို ဖော်ပြပေးလိုက်ပါတယ် …။ ရတနာဆံ ကျစ်လို့ခေါ်တဲ့ မှဲ့ရယ်၊ ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်၊ မျက်ရည်ခံမှဲ့ရယ်၊ ဘယ်ဘက်မျက်ရည်ခံမှဲ့(ညာရယ် နှုတ်တဆိတ် ဆိုတဲ့မှဲ့ရယ်)၊ ရွှေပိတုန်းစုပ် ဆိုတဲ့မှဲ့ရယ်၊ စံပယ်တင်(ညာဘက်)မှဲ့ရယ် ဆိုပြီးအမျိုးသမီးတွေ အတွက်အထင်ကရ မှဲ့(၇)မျိုး ရှိပါတယ် …။ အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို၇တနာရွှေအိုး လို့ခေါ်ပါတယ်။ အဲဒီမှဲ့ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝ ချမ်းသာလေ့ရှိတယ်၊ နာမည်ဂုဏ်သတင်း ကျော်ကြား တတ်ပါတယ် …။ နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းထဲ ကျနေရင်လည်းခနပဲ …။ […]
ခြေရှုပ်တဲ့ယောက်ျားတွေရဲ့လက်သုံးစကားများ (သို့) ဂျင်းကြီး ၁ဝ ပါး
ခြေရှုပ်တဲ့ယောက်ျားတွေရဲ့လက်သုံးစကားများ (သို့) ဂျင်းကြီး ၁ဝ ပါး ဗေဒင်မေးစရာ မလိုပါဘူး။ ဒီ ၁၀ ခွန်းကို အမြဲတမ်းလိုလို ပြောနေတတ်တယ် ဆိုရင်တော့ သေချာနေပါပြီ။ ၁။ အဲ့ကောင်မလေးက သူငယ်ချင်းပါကွာ ဒီလိုစကားမျိုးဟာ သူကောင်မလေး တစ်ယောက်နဲ့ ပတ်သက်နေကြောင်း သင်ရှာဖွေတွေ့ ရှိသွားပြီး ဒါဘယ်သူလဲလို့ မေးမှသာ ပြန်ဖြေတဲ့စကားပါ။အမှန်တကယ် သူငယ်ချင်းသာဆိုရင် အဲ့ဒီကောင်မလေး အကြောင်းကို သင်အစောကြီးတည်းက သိနေရမှာပေါ့။အခုမှပေါ်လာပြီး သံသယဖြစ်စရာ အပြောအဆိုတွေနဲ့ ပတ်သက်နေကြတဲ့ သူတို့နှစ်ယောက်ဟာ အမှန်တကယ် သူငယ်ချင်းတွေ ဖြစ်တယ်လို့ သင်ယုံပါသလား။ယုံသင့်တယ်လို့ ထင်ပါသလား။ ၂။ ကိုယ့်လွတ်လပ်ခွင့်ကို အလေးထားပါ၊ ကိုယ့်ဖုန်းကို မကိုင်နဲ့ မကြိုက်ဘူး သင်မဟုတ်တဲ့ တခြားမိန်းကလေးနဲ့ ပို့ထားတဲ့စာတွေ ၊ အဲ့ဒီမိန်းကလေးရဲ့ ပုံတွေ ရှိနေတာ သေချာသလောက်ပါပဲ။အဲ့ဒီ မိန်းကလေးဆိုတာဟာ […]
လက်သည်းတွေက တစ်ဆင့်သိနိုင်မယ့် သင့်ရဲ့ ကျန်းမာရေးအခြေအနေ
လက်သည်းတွေက တစ်ဆင့်သိနိုင်မယ့် သင့်ရဲ့ ကျန်းမာရေးအခြေအနေ သင့်ရဲ့ လက်သည်းတွေက ခန္ဓာကိုယ်ကျန်းမာရေးနဲ့လည်း စပ်ဆက်နေတယ်ဆိုတာ သိပါသလား ။ လက်သည်းတွေကိုကြည့်ပြီး ကိုယ့်ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ အာဟာရဓါတ်တွေကိုလည်း သိရှိနိုင်သလို ရောဂါလက္ခဏာတွေကိုလည်း ကြိုတင်သတိထားကာကွယ်လို့ရနိုင်ပါတယ်။ဒါတွေကတော့ လက်သည်းတွေက ဖော်ပြနေတဲ့ သင့်ရဲ့ ကျန်းမာရေးအခြေအနေတွေပဲဖြစ်ပါတယ်။ (၁) အဖြူစင်းလေးတွေပေါ်နေတာ ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေ လုံလုံလောက်လောက်ပြည့်ဝနေတဲ့ အခါ လက်သည်းတွေလည်းကျန်းမာပါတယ်။ တစ်ကယ်လို့ သင့်လက်သည်းမှာ အဖြူ အပျောက်အပျောက်တွေ ၊ အဖြူဆင်းတွေ ပေါ်လာရင်တော့ သင့်ခန္ဓာကိုယ်မှာ ကယ်ဆီယမ် ၊ ဗီတာမင်နဲ့ ဇင့်(ခ်) ဓါတ်တွေ ချို့ယွင်းနေလို့ပါ။ တစ်ချို့လူတွေထင်နေကြတဲ့ ပျောက်နေတဲ့ အရာတွေပြန်ရှာတွေ့တော့မယ်၊ ကိုယ့်ကိုချစ်တဲ့သူများတယ် ဆိုတဲ့လက္ခဏာဆိုတာ မဟုတ်ပါဘူးနော်။ ဒီအဖြူဆင်းလေးတွေပျောက်ဖို့ဆိုရင်တော့ နွားနို့သောက်ပေးတာ၊ ဟင်းသီးဟင်းရွက် နဲ့ အသီးအနှံတွေစားပြီး အာဟာရဓါတ်ဖြည့်တင်းပေးဖို့လိုပါတယ်။ (၂) […]
ကမ္ဘာကျော်လေယာဉ်ပျက်ကျမှုမှာတန်ခိုးပြကာကွယ်ပေးခဲ့သောတောင်ပုလုဆရာတော်ဘုရားကြီး၏ကမ္ဘာကျော်ဖြစ်ရပ်
ကမ္ဘာကျော်လေယာဉ်ပျက်ကျမှုမှာတန်ခိုးပြကာကွယ်ပေးခဲ့သောတောင်ပုလုဆရာတော်ဘုရားကြီး၏ကမ္ဘာကျော်ဖြစ်ရပ် လေယာဉ် ပျက်ကျတော့မယ့် အချိန်မှာ တန်ခိုးပြ ကာကွယ်ပေးခဲ့သော တောင်ပုလုဆရာတော်ဘုရားကြီး၏ ကမ္ဘာကျော် ဖြစ်ရပ် .. ဘာသာရေးနှင့်ဆက်နွယ်သော အထွေထွေ ဗဟုသုတလွန်ခဲ့တဲ့ ၃၈ နှစ်လောက်က ထူးခြားဖြစ်စဉ်တခုပါ.မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့ အနီးရှိတောင်ပုလု တောရရိပ်သာတွင် သီတင်းသုံးနေထိုင်ခဲ့သော တောင်ပုလု ဆရာတော် ဘုရားကြီးသည် တစ်ချိန်က ရဟန္တာဟု ထင်ပေါ်ကျော်ကြားခဲ့သည် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူ တစ်ယောက်အကြောင်း အပါအဝင် စာအုပ်ပေါင်းများစွာကို ရေးခဲ့သူ စာရေးဆရာ ဒါရိုက်တာဦးဆန်းလွင်သည်တောင်ပုလု ဆရာတော်ဘုရားကြီးကိုအကြောင်းပြု၍ဗုဒ္ဓဘာသာသို့ ကူးပြောင်းကာ အရှင်အာဒိစ္စရံသီ ဘွဲ့အမည်ဖြင့်ရဟန်းဝတ်ပြီး မြန်မာပြည်အနှံတရားများလှည့်လည်ဟောခဲ့ပါသည် ပျဉ်းမနား မဟာမြိုင် ဆရာတော် ဦးဇောတိကသည်လည်း ဆရာတော်ကြီးကို အကြောင်းပြု၍ ဘာသာကူးပြောင်းကာ ရဟန်းဝတ်ပြီးစာအုပ်ပေါင်းများစွာရေး၍ ကမ္ဘာ့နိုင်ငံ အသီးသီးကို လှည့်လည်တရားဟောခဲ့ပါသည်။1970 ခုနှစ်ကျော်ဝန်းကျင်လောက်က အမေရိကန်ကို ပျံသန်းတဲ့လေယာဉ်တစ်စီးဟာ ကောင်းကင်ယံမှ ပျက်ကျလုဆဲဆဲ ဖြစ်ခဲ့တယ် […]
အတိတ်နိမိတ်တွေတော့ပြကုန်ပြီနော် ပြည်သူ့သပိတ်အောင်မြင်တဲ့ဘုရားတဲ့ ကောင်းကင်ယံမှာထူခြားစွာဖူးတွေ့ရ
“ အတိတ်နိမိတ်တွေတော့ပြကုန်ပြီနော် ပြည်သူ့သပိတ်အောင်မြင်တဲ့ဘုရားတဲ့ ကောင်းကင်ယံမှာထူခြားစွာဖူးတွေ့ရ ” အတိတ်နိမိတ်တွေတော့ပြကုန်ပြီနော်။မန္တလေးမြို့ ဈေးချိုတော်အနောက်ဖက်မဟာလောကရံသီအိမ်တော်ရာစေတီတော်မြတ်ယနေ့တပို့တွဲလပြည့်နေ့ည၇နာရီမိနစ်၂၀မှာ ယခုကဲ့သို့ကောင်းကင်ယံမှာထူခြားစွာဖူးတွေ့ရပါတယ် ကျနော်တို့ငယ်ငယ်ကမေမေတို့ဖေဖေတို့ပြောတာကြားဘူးတယ်ဖဆပလခေတ်ဆိုလားမသိဘူးသပိတ်စခမ်းကအိမ်တော်ရာကနေစပြီး ပြည်သူကတော်လှန်ရေးစပြီးလမ်းမပေါ်စစ်ချီတာအဲဒီတိုက်ပွဲအောင်မြင်သွားတယ်လို့ပြောတယ်။ပြည်သူ့သပိတ်အောင်မြင်တဲ့ဘုရားမို့ အဲဒီနောက်ပိုင်းစစ်အစိုးရအာဏာသိမ်းအုပ်စုအဆက်ဆက်အိမ်တော်ရာစေတီတော်ကိုဘယ်တော့မှ လာမဖူးကြဘူးလို့ ရှေးလူကြီးတွေပြောတာကြားဘူးတယ်ရှင့် ခုဟာကလုံးဝထူးခြားချက်နော်အရေးတော်ပုံ အောင်တော့မည်။ unicode “ အတိတ်နိမိတ်တွေတော့ပြကုန်ပြီနော် ပြည်သူ့သပိတ်အောင်မြင်တဲ့ဘုရားတဲ့ကောင်းကင်ယံမှာထူခြားစွာဖူးတွေ့ရ ” အတိတ်နိမိတ်တွေတော့ပြကုန်ပြီနော်။မန္တလေးမြို့ ဈေးချိုတော်အနောက်ဖက်မဟာလောကရံသီအိမ်တော်ရာစေတီတော်မြတ်ယနေ့တပို့တွဲလပြည့်နေ့ည၇နာရီမိနစ်၂၀မှာယခုကဲ့သို့ကောင်းကင်ယံမှာထူခြားစွာဖူးတွေ့ရပါတယ်။ ကျနော်တို့ငယ်ငယ်ကမေမေတို့ဖေဖေတို့ပြောတာကြားဘူးတယ်ဖဆပလခေတ်ဆိုလားမသိဘူးသပိတ်စခမ်းကအိမ်တော်ရာကနေစပြီးပြည်သူကတော်လှန်ရေးစပြီးလမ်းမပေါ်စစ်ချီတာ အဲဒီတိုက်ပွဲအောင်မြင်သွားတယ်။ လို့ပြောတယ်။ပြည်သူ့သပိတ်အောင်မြင်တဲ့ဘုရားမို့အဲဒီနောက်ပိုင်းစစ်အစိုးရအာဏာသိမ်းအုပ်စုအဆက်ဆက်အိမ်တော်ရာစေတီတော်ကိုဘယ်တော့မှ လာမဖူးကြဘူးလို့ရှေးလူကြီးတွေပြောတာကြားဘူးတယ်ရှင့် ခုဟာကလုံးဝထူးခြားချက်နော်အရေးတော်ပုံ အောင်တော့မည်






