ဗဟုသုတ
အစွန်းတွေချွတ်ပေးနိုင်တဲ့ အိမ်တွင်းနည်းလမ်းကောင်းများ
အစွန်းတွေချွတ်ပေးနိုင်တဲ့ အိမ်တွင်းနည်းလမ်းကောင်းများ သင်အရမ်းကြိုက်တဲ့ အဝတ်အစားတစ်ခုခုမှာအရောင် တစ်ခုခု ဒါမှမဟုတ် ပစ္စည်းတစ်ခုခု စွန်းပေသွားတဲ့အခါ နှမြောတသဖြစ်နေစရာမလိုတော့ပါဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ စွန်းသွားတဲ့အရာအလိုက် ချွတ်နည်းအမျိုးမျိုးရှိနေလို့ပါ။ အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။   ၁. နှုတ်ခမ်းနီပေသွားခဲ့ရင် အဝတ်စနဲ့ အရက်ကိုတို့ပြီး ပေသွားတဲ့နေရာကို ပွတ်တိုက်ပေးပါ။ လူသိနည်းတဲ့ အစွန်းဟူသမျှချွတ်ပေးနိုင်တဲ့ နည်းလမ်းပေါင်းစုံ 3 ၂. မြက်ပေါ်မှာထိုင်တာကြာလို့ မြက်တွေစွန်းသွားရင် ရှာလကာရည်ထဲကို နာရီဝက်ခန့်စိမ်ပြီး လျှော်ပေးလိုက်ပါ။ ၃. ဝိုင်နီပေသွားခဲ့ရင် ဝိုင်ဖြူနဲ့ ပြန်ဖျက်ပေးနိုင်ပါတယ်။ လူသိနည်းတဲ့ အစွန်းဟူသမျှချွတ်ပေးနိုင်တဲ့ နည်းလမ်းပေါင်းစုံ 4 ၄. မှင်စွန်းသွားခဲ့ရင် နွားနို့ထဲကို စိမ်လိုက်ပါ။ ၅. အမဲဆီစွန်းသွားခဲ့ရင် အဝတ်လျှော်တဲ့အထဲ ကိုကာကိုလာ ထည့်လျှော်ပါ။ ၆. သွေးစွန်းသွားခဲ့ရင် စွန်းသွားတဲ့နေရာကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် လောင်းပေးပါ။ ၇. ချွေးစွန်းသွားခဲ့ရင် Aspirin […]
အခ်စ္နွင့္ဘဝ
မိန်းခလေးတွေ သေချာဖတ်ပါ…
မိန်းခလေးတွေ သေချာဖတ်ပါ ဒီခေတ်မှာ မိန်းခလေးတစ်ယောက်မြတ်မြတ်နိုးနိုးနဲ့အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ။ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ ချစ်ဖို့ဆိုတာဟာသတစ်ပုဒ်လိုတောင် ဖြစ်နေပြီ၊ ရည်းစားထားတာ အလှထိုင်ကြည့်ပြီး ဘာလုပ်ရမှာလဲ ကိုယ်မစားလည်း သူများစားမှာပဲ ဆိုတာတွေကပါသေးတယ် သူများသုံးပြီးသားညစ်နွမ်းနေတဲ့ ပုဝါလိုမျိုး အရင်လူနဲ့ ဖြစ်ချင်တိုင်းဖြစ်ခဲ့တာကို တန်ဖိုးကြီး ပစ္စည်းလို တန်ဖိုးထားနေလည်း အလကားပဲဆိုတဲ့ လူတွေနဲ့… ဒီလိုခေတ်ထဲမှာ မိန်းမဖြစ်ရတာ လူသုံးကုန် ပစ္စည်းတစ်ခုလိုပဲ…ပိုက်ဆံတတ်နိုင်တဲ့သူတွေကသူတို့လိုအပ်တာကိုပိုက်ဆံပေးပြီး ဝယ်တယ်။ တမင်ယုတ်မာတဲ့သူတွေက အချစ်ဆိုတာကို အသုံးချပြီး ကိုယ်လိုချင်တာကို ရအောင်ယူတယ်၊ ကတိတွေပေးတယ်ေ မျှာ်လင့်ချက်တွေ ပေးတယ်၊တစ်ဖက်မိန်းကလေးရဲ့အနာဂတ်တွေကို အိပ်မက်တွေပေးပြီး စိတ်ကြိုက်ခြယ်လှယ်နေတာ။ ပြည့်တန်ဆာနဲ့ အိပ်တတ်တဲ့ ယောက်ျားတွေက မယုတ်မာဘူး၊တန်ရာတန်ကြေးပေးပြီး သူတို့လိုအပ်တာကို ဝယ်တာ၊ချစ်ပါတယ်ဆိုပြီး အတူအိပ်ချင်ကြတဲ့ယောက်ျားတွေကတော့ပိုပြီး ယုတ်မာတယ်။ ပိုက်ဆံပေးစရာ မလိုတဲ့အပြင် လူတစ်ယောက်ရဲ့ ဘဝရော နှလုံးသားရောသေအောင် သတ်သွားတာမျိုးပေါ့၊ […]
ၾကားသိရသမွ်
မြန်​မာပြည်​မှ၉နှစ်အရွယ်​သမီးလေးရဲ့ UNကိုပေးဖို့အတွက်​ ရေးထားတဲ့စာ​လေးပါ​တဲ့ဗျာ
ၾကားသိရသမွ်
ပြည်သူတွေအတူ တိုက်ပွဲဝင်စဉ်အချိန်က စေတနာအပြည့်နဲ့ဝေငှခဲ့တဲ့ မုန့်တွေအအေးတွေကို လွမ်းကြောင်းပြောပြလာတဲ့ မြနှင်းရည်လွင်
မြနှင်းရည်လွင်ကတော့ ဒီအရေးတော်ပုံကြီးစတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါ့အပြင်သူရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကို ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာ လည်းတွေ့ရပါတယ်။ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် ယောက်ျားလေးတွေနဲ့တန်းတူ တစ်ရက်မှ မနားတမ်း လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် အားလုံးက လေးစားနေကြတာပါ ။ရင်ထဲက ဆန္ဒတွေကိုထုတ်ဖေယ်ပြသရာမှာလည်း ကမ္ဘာတစ်ဝှမ်းရဲ့ သတင်းတွေထိ ရောက်ရှိနိုင်ရန်ရည်ရွယ်ပြီး ဆန်းသစ်တဲ့အိုင်ဒီယာတွေ ထိမိတဲ့လုပ်ဆောင်ချက်တွေနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး လှုပ်ရှားမှုတွေပြုလုပ်နိုင်ခဲ့တာကြောင့် ပြည်သူအားလုံးက လေးစားချစ်ခင်နေ ရတာပါ။ ခုဆိုရင်နွေဦးတော်လှန်ရေးကြီးဟာ အရင်လိုလှုပ်ရှားမှုတွေပြုလုပ်ရန် ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။အခုလည်း မြနှင်းရည်က ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့စဉ်ကပြည်သူတွေဝေငှခဲ့တဲ့ မုန့်တွေအအေးတွေကိုအားရပါးရစားသောက်နေတဲ့ပုံလေးတွေကိုအမှတ်တရပြန်တင်ကာ လွမ်းနေမိကြောင်းခုလိုရေးသားဖော်ပြလာပါတယ်။” ပြည်သူ့စေတနာမုန့်တွေအအေးတွေ လွမ်းမိတယ်”စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ Credit – Cele Zone Photo – Mya Hnin Yee Lwin မြနှင်းရည်လွင်ကတော့ ဒီအရေးတော်ပုံကြီ းစတင်ထဲက […]
ဗဟုသုတ
ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များရှင်းထုတ်ရန် လိုအပ်နေကြောင်း သတိပေးလက္ခဏာများ
ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များရှင်းထုတ်ရန် လိုအပ်နေကြောင်း သတိပေးလက္ခဏာများ သင်ရှူလိုက်တဲ့လေ၊ သင်စားတဲ့အစားအစာနဲ့ သင်သောက်တဲ့ဖျော်ရည်တွေကစပြီး နေရာတကာမှ အဆိပ်အတောက်တွေက ခန္ဓာကိုယ်အတွင်း လျှပ်တစ်ပြက် ဝင်ရောက်လျက်ရှိပါတယ်။ ဒီအဆိပ်အတောက်တွေကို မဖယ်ရှားနိုင်ရင် ခန္ဓာ ကိုယ်ရဲ့ ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။ အောက်ပါတွေဟာ ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ လိုအပ်နေတယ်ဆိုတဲ့ သတိပေးလက္ခဏာတွေပါ။ အရေပြားပြဿနာ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေ များနေတဲ့အခါမှာ အရေပြားမှာ ဝက်ခြံပေါက်တာနဲ့ အသားရောင် ညိုညစ်ညစ်ဖြစ်နေတတ်ပါတယ်။ အိပ်မပျော်ခြင်း ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေ များလာတဲ့အခါမှာ အသည်းပျက်စီးမှုဖြစ်လာတာကြောင့် သူနဲ့ ဆက်စပ်နေတဲ့ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ ဝမ်းဗိုက်ပူခြင်း ခန္ဓာကိုယ်ထဲ အဆိပ်အတောက်တွေ များနေတဲ့အခါမှာ ဝမ်းဗိုက်အတွင်းမှာ စုဆောင်းနေတတ်ပြီး ၄င်းကတစ်ဆင့် ဝမ်းဗိုက်အဆီအဖြစ် ပြောင်းလဲသွားပါတယ်။ မကြာခဏ ခေါင်းကိုက်ခြင်း ခေါင်းကိုက်တာ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးမဝတာနဲ့ […]
ဗဟုသုတ
သွေးတိုးရောဂါကို အမြစ်ပြတ်စေတဲ့ အစွမ်းထက်သော အစာလည်းဆေး ဆေးလည်းအစာ
သွေးတိုးရောဂါကို အမြစ်ပြတ်စေတဲ့ အစွမ်းထက်သော အစာလည်းဆေး ဆေးလည်းအစာ သွေးတိုးရောဂါ အမြစ်ပြတ်စေတဲ့ ငါးနုသန်း နှင့် ဒန့်သလွန်ရွက် ယောက္ခထီး အသက် ၄၀လောက်ကသွေးတိုးရောဂါ ရှိလာတယ် ဒီတေါ့ ယောက္ခမ ဖြစ်သူကငါးနုသန်း ( သို့မဟုတ် )ငါးသန်းနု နဲ့ဒန့်သလွန်ရွက် ကို၁၀ ရက်လောက် ဆက်တိုက် ဟင်းချို ချက်ကျွေးသတဲ့ာတော့ဘူး ကိုယ်လဲ သွေးတိုးရှိတော့အခုမိန်းမက ချက်ကျွေးတယ် ငါးကို စင်အောင်ဆေးပြီးဆား / နနွင်း ထည့်နယ်ထားရေလိုသလောက်ထည့် ဂျင်းနဲ့ ကြက်သွန်ဖြူ/နီအရင် ပြုတ်အချိုမှုန့် နဲ့ ဆီ မထည့် ရပါ ရေပွက်လာရင် ငါးထည့်ထွက်လာတဲ့ အမြှုပ် ခပ်ထုတ်ပစ်အရေကျရင် ဒန့်သလွန်ရွက် ရေဆေးထည့် ငရုတ်ကောင်းမှုန့်ထည့်ပူပူနွေးနွေး သုံးဆောင်ပါ အစာလည်း ဆေးဆေးလည်း အစာပါ သိန်းသန်းကုန်မှ ရောဂါပျောက်မယ်လို့ မထင်မှတ်ပါနဲ့ […]
ၾကားသိရသမွ်
မီးအိမ်ရှင်မလေး အိမ်ပြန်ခရီး
မီးအိမ်ရှင်မလေး အိမ်ပြန်ခရီး မနေ့က မုံရွာမြို့ ရတနာပုံရပ် ပစ်ခတ်မှုမှာ ဒဏ်ရာရ လူနာတွေကို ကုသပေးရင်း ကိုယ်တိုင်ဦးခေါင်းကျည်မှန် ကျဆုံးခဲ့တဲ့ သူနာပြုကျောင်းသူ မသဉ္ဇာဟိန်း(၂၀)နှစ်ကို သူ့ရဲ့မွေးရပ်မြေ ကနီမြို့နယ် သလင်းရွာအထိ ဒီနေ့ ပြန်သယ်သွားခဲ့ပါပြီ။ သူနာပြုကျောင်းတက်ရင်း မိဘတွေတားဆီးတဲ့ကြားကနေ နွေဦးတော်လှန်ရေးမှာ ရိုးရှင်းတဲ့လူထုမိန့်ခွန်းတွေတက်ပြောခဲ့တဲ့ သူမအတွက် မွေးရပ်မြေ အိမ်ပြန်ခရီးဟာ လူထုမျက်ရည်တွေနဲ့လမ်းဖြစ်နေပါတယ်။ “သူငယ်ချင်းတွေကိုတစ်ခုပြောမယ်။ဒီချိန်မှာ မိဘကိုလိမ်ရမှာမကြောက်နဲ့။အနာဂတ်မှာ ဒီတိုက်ပွဲကို မပါဝင်ခဲ့ဘဲ ဝင်ခဲ့ပါတယ်လို့ လိမ်ရမှာရှက်ကြ” လို့ သူမပြောခဲ့တဲ့စကား လူမှုကွန်ရက်မှာ မနေ့က ဝေမျှမှုအများဆုံး စကားလုံး ဖြစ်ခဲ့ပါတယ်။ “ဓူဝံကြယ်ပြီးရင်အလင်းလက်ဆုံးကြယ်က မုံရွာလူငယ်” လို့တင်စားခဲ့တဲ့သူမ စကားလုံးတွေဟာ မုံရွာနဲ့ မိုင်၂၀ကျော်ဝေးတဲ့ မွေးရပ်ကနီမြို့ထိ ပဲ့တင်ဟပ်နေပါပြီလို့ လူငယ်တွေက ဂုဏ်ပြုစကားဆိုပါတယ်။ မုံရွာဂေဇက် Unicode မီးအိမ်ရှင်မလေး အိမ်ပြန်ခရီး မနေ့က မုံရွာမြို့ […]
ၾကားသိရသမွ်
တောင်ကိုးရီယား နိုင်ငံ ကတော့ တကယ့်ကို မိတ်ဆွေကောင်းအစစ်ပါပဲ….
အခ်စ္နွင့္ဘဝ
အချစ်စိတ်ကို ပိုပြီး နိုးကြားလာစေမယ့် အပြုအမူလေးတွေ
မထိတထိအနမ်းလေးတွေကတော့ အချစ်စိတ်တွေကို ထူးထူးခြားခြား နိုးကြားစေပါတယ်….ဖတ်ကြည့်နော်…. အနမ်းလေးတွေထဲကမှ မထိတထိအနမ်းလေးတွေကတော့ အနမ်းခံရသူရဲ့ ရင်ထဲက အချစ်စိတ်တွေကို ထူးထူးခြားခြား နိုးကြားစေပါတယ် ကိုယ့်ရဲ့ အပြုအမူလေးတွေကြောင့် ကိုယ်ချစ်ရသူက ကိုယ့်ကိုပိုပိုပြီး ချစ်လာတာမျိုးကို လူတိုင်းလိုချင်ကြမယ် ထင်ပါတယ်။ ဒါကြောင့် ဘယ်လို အပြုအမူလေးတွေက ကိုယ့်ချစ်သူရဲ့ အချစ်စိတ်ကို ပိုပြီး နိုးကြားတက်ကြွလာစေသလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ အချစ်ကလေးတို့ကို ချစ်သူက ပိုပို ချစ်လာစေဖို့ အတွက်ပါနော်။ နားနား ကပ်ပြောတဲ့ စကားတိုးတိုးလေးတွေ နှစ်ကိုယ်ကြားစကားလေးတွေကို ချစ်သူရဲ့ နားနားကပ်ပြီး ခပ်တိုးတိုးလေး ပြောရတာက ရင်ခုန်စရာကောင်းသလို၊ ပျော်စရာလည်း ကောင်းလှတဲ့ အပြုအမူလေးပါ။ ကိုယ့်ရဲ့ နှုတ်ခမ်းသားနဲ့ ချစ်သူရဲ့ နားရွက်နားလေး မထိတထိ ဖြစ်နေတဲ့ အနေအထားလေးက သူ့ရင်ထဲက အချစ်တွေကို လှိုင်းလုံးတွေလို ရုန်းကြွစေမယ့် […]
ၾကားသိရသမွ်
ပါးကွပ်ကျားနဲ့ ငါတို့သမီးလေး …ဒီအပေါက်လေးကထွက်သွားတာ ခုထိပြန်မလာသေးဘူး
အိမ်ထရံမှာ ခဲတံလောက်အပေါက်လေးရှိတယ် ။ ပါးကွပ်ကျားနဲ့ ငါတို့သမီးလေး ဒီအပေါက်လေးကထွက်သွားတာ ခုထိပြန်မလာသေးဘူး ။ မစောင့်နိုင်တဲ့အဆုံး…. အမေဖြစ် ထရံပေါက်က ချောင်းကြည့်တော့ သွေးစွန်းနေတဲ့ သေနက်ပြောင်းတွေတွေ့တယ် ။ အဲဒီနောက်မှာ သွေးအလိမ်းလိမ်းမြန်မာပြည်ကို ခုတ်ထစ်ချက်ပြုတ်ထားတဲ့ မီးရောင်တဝင်းဝင်းနဲ့ ညစာစားပွဲကြီးတွေ့တယ် ။ အဲဒီထဲက အကြီးဆုံးစားပွဲဝိုင်းပေါ်မှာ သမီးလေးရဲ့ သွေးစက်တွေကို ဝိုင်လုပ်သောက်နေတဲ့ ဘုရားဒကာကြီးထိုင်နေတယ် ။ ဘေးပတ်လည်အမှောင်တောထဲ ​ငိုညည်းသံများလဲကြားနေရတယ် ။ ငါ့သမီးလေး …. ငါ့သမီးလေး လို့အော်ပြီး အမေလဲကျသွားတော့ …. အဖေက ထရံပေါက်က ချောင်းကြည့်ပြန်တယ် ။ ဒီလိုနဲ့ …..မိသားစုတွေ တယောက်တလှည့် … ဒီ ထရံပေါက်လေးက မခွာနိုင်ခဲ့ဘူးတဲ့ ။ တကယ်တော့ တပြည်လုံးရင်ထဲမှာ အဲဒီလို အပေါက်လေးကိုယ်စီနဲ့ ။ ​၂၇-၃-၂၀၂၁ […]