စနေသားသမီးတွေဟာ ဒီလိုလေးတွေပါ နောက်ဆုံးမွေးနံဖြစ်ပေမယ့် အလုပ်လုပ်တဲ့နေရာမှာ အများတကာထက်ရှေ့ဆုံးကနေ ဦးစီးဦးဆောင် ပြုရမှ ကျေနပ်သူတွေ စိတ်ဓာတ်ခိုင်မာတယ်စိတ်ထဲရှိတာကို ရှိတဲ့အတိုင်း ခပ်ရှင်းရှင်းပြောတတ်ကြလို့မကြာခန ပြသနာ ဖြစ်တတ်ကြသူတွေ သူတို့ရဲ့ စိတ်ကို မျက်နှာမှာ အကဲခက်လို့မရအောင်ဟန်ဆောင်ကောင်းလွန်းသူတွေသူတို့ရဲ့အကြောင်းကိုလည်း အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေဆီမှာပဲရင်ဖွင့်တတ်ကြတယ် အချစ်ရေးနဲ့ ပတ်သက်လာရင် အရမ်းစဉ်းစားကြလွန်းလို့အများတကာက မာနကြီးတယ်လို့ အထင်ခံရတတ်တယ်သို့သော် သူတို့ဟာ ကိုယ်တကယ်ချစ်ရသူကို တိတ်တခိုးရှာဖွေတတ်ကြတယ် ပေးဆပ်ဖို့ ဝန်မလေးကြသလို ကိုလိုချင်တာကိုလည်းရအောင်ယူတတ်ကြသူတွေ သူငယ်ချင်း အပေါင်းသင်းရွေးရာမှာ စိတ်တူကိုယ်တူရွေးပေါင်းတတ်ကြလို့သူငယ်ချင်းနည်းပေမယ့် စစ်မှန်တဲ့ သူငယ်ချင်းမျိုး ရှိတတ်ကြတယ် သူတစ်ပါးအတွက် စဉ်းစားပေးတတ်ကြပေမယ့်ကိုယ်ပိုင်ဟန်ကြောင့် တစ်ကိုကောင်းဆန်တယ် အထင်ခံရတယ်သို့သော် ကိုယ့်ဘက်ကမှန်နေသည့်အတွက်အပြုံးမပျက်ကြသူတွေ JJ unicode စနသေားသမီးတှဟော ဒီလိုလေးတွေပါ နောက်ဆုံးမွေးနံဖြစ်ပေမယ့် အလုပ်လုပ်တဲ့နေရာမှာ အများတကာထက်ရှေ့ဆုံးကနေ ဦးစီးဦးဆောင် ပြုရမှ ကျေနပ်သူတွေ စိတ်ဓာတ်ခိုင်မာတယ်စိတ်ထဲရှိတာကို ရှိတဲ့အတိုင်း ခပ်ရှင်းရှင်းပြောတတ်ကြလို့မကြာခန ပြသနာ […]
Day: April 17, 2021
ချမ်းသာချင်ရင် စွန့်လွှတ်ရမယ့် အရာ ၈ ခု
လူတိုင်းချမ်းသာချင်ကြပါတယ်။ ဒါပေမယ့် ချမ်းသာချင်သူတိုင်း မချမ်းသာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ချမ်းသာကြွယ်ဝလာဖို့က လွယ်ကူတဲ့ အလုပ်တစ်ခုမဟုတ်သလို စွန့်လွှတ်ပေးဆပ်ရတာတွေလည်း ရှိတာကြောင့်ပါ။ သင့်ဘဝမှာ ချမ်းသာချင်တယ်ဆိုရင် စွန့်လွှတ်သင့်တာတွေကို စွန့်လွှတ်လိုက်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။ ဘာတွေကို စွန့်လွှတ်ရမလဲဆိုတာ လေ့လာကြည့်လိုက်ပါ။ ၁။ အဆင်ပြေချောမွေ့တဲ့ဘဝ သင့်အနေနဲ့ လက်ရှိအနေအထားမှာ အားလုံးအဆင်ပြေချောမွေ့ပြီး အသားကျနေမယ်ဆိုရင် ပြောင်းလဲတိုးတက်လာနိုင်မယ့် အကြောင်းရင်းရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သက်တောင့်သက်သာရှိမှုကို စွန့်လွှတ်ပါ။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပါ။ ဒါမှသာ ချမ်းသာကြွယ်ဝမှုကို ရရှိနိုင်မှာပါ။ ၂။ ဆုံးရှုံးမှာကို စိုးရိမ်စိတ် ဆုံးရှုံးမှုတွေ၊ ကျရှုံးမှုတွေအားလုံးက လမ်းဆုံးမဟုတ်ပါဘူး။ သင်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ လိုအပ်တဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ဆုံးရှုံးမှာကို ကြောက်တဲ့စိတ်နဲ့ ဒီအတိုင်း ထိုင်နေမယ်ဆိုရင်တော့ ဘာမှဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။ ၃။ အမှားအတွက် အပြစ်တင်တတ်တဲ့ […]
ခိုးပြေးခံရတဲ့ မိန်းကလေး နဲ့ လာတောင်းခံရတဲ့ မိန်းကလေး ဘာကွာလဲ သိချင်သူများအတွက်
ခိုးပြေးခံရတဲ့ မိန်းကလေး နဲ့ လာတောင်းခံရတဲ့ မိန်းကလေး ဘာကွာလဲ သိချင်သူများအတွက် ခိုးပြေးလို့ လက်ထပ်ရတဲ့ မိန်းကလေး တစ်ယောက်တန်ဖိုးနဲ့ တင့်တောင်းတင့်တယ် လူကြီးစုံရာနဲ့ တင်တောင်းခံရတဲ့ မိန်းကလေး တစ်ယောက်တန်ဖိုး ဘယ်လိုမှ မတူနိုင်ဘူး ။ ပစ္စည်းတောင်မှ သူ့တန်ဖိုး အလျောက် ဈေးကြီးပေးဝယ်တာနဲ့ ခိုးပြီးအလကားရတဲ့ ခိုးရာပစ္စည်း တန်ဖိုးအသီးသီးရှိတာပဲ ။ နောက်တစ်ချက် ကိုယ့်ကိုလာတောင်းလို့ ကိုယ့်ဘက်က သူနဲ့ စည်းမကျော်ထားဘူးဆို မိန်းကလေးဘက်က ကိုယ့်မိဘ မျက်နှာ မငယ်ရဘူး ။ ခိုးပြေးပြီးမှ ပြန်လာအပ်ရင် ယောကျာ်းလေး ဘက်က ဘာပြောပြော ကိုယ့်မိဘတွေ မျက်နှာငယ်စွာ လက်ခံရတော့မယ် ။ ကိုယ့်သမီးက စည်းကျော်ပြီးပြီကိုး သူ့သားက လှေကား သုံးထစ်ဆင်း လူပျိုပြန်ဖြစ်နိုင်ပေမယ့် ကိုယ့်သမီးက အပျိုပြန်မဖြစ်နိုင်တော့သလို ပတ်ဝန်းကျင်ရဲ့ […]
မုန်တိုင်း အထူးသတိပေးချက်…
Typhoon Surigae (ဖိလစ်ပိုင်နာမည် Bising) ဖိလပိုင်ပင်လယ်တွင်းက တိုင်ဖုန်းမုန်တိုင်း Surigae သည် ပင်လယ်အတွင်းရှိအပူချိန် (မိုင် ၁၅ မိုင်) (၂၉-၃၀ ဒီဂရီစင်တီဂရိတ်) ပင်လယ်မျက်နှာပြင်အပူချိန်တို့ဖြင့် လေထုဖိအားဆက်လက်ကျဆင်းနေပြီး လေတိုက်နှုန်း ပိုမိုမြင့်မားလာနိုင်ခြင်းကြောင့်နောက် ၂၄ နာရီအတွင်း ပိုမိုပြင်းထန်သော တိုင်ဖွန်း စူပါတိုင်ဖွန်းမုန်တိုင်း (ST)အဆင့်ဖြင့် ဖိလပိုင် အရှေ့တောင်ပိုင်းကမ်းရိုးတန်းဆီ ဦးတည်ချဉ်းကပ် လာနိုင်ပါသည်။ ယခုခါ Typhoon Surigae သည်လေထုဖိအား 978 mb( မီလီဘား)လေတိုက်နှုန်း 85 mph ရှိပါသည်။ Typhoon Surigae အင်အားမြင့်လာသည်နှင့်အမျှ မြန်မာ့အနောက်တောင်ဖက် ဘဂ်လားပင်လယ်အတွင်း ဖြစ်ပေါ်နေသော တိမ်တိုက်များသည်မြန်မာ့တောင်ပိုင်းကို လျှပ်စီးလက်ခြင်း၊ မိုးချုန်း မိုးကြိုးပစ်ခြင်း ထစ်ချုန်းမိုးများနဲ့အတူ ဖြတ်သန်းလာနိုင်ပါသည်။မနက်ဖြန် 17.4.2021 မြန်မာနှစ်ဆန်းနေ့ကတော့မြန်မာ့တောင်ပိုင်း နေရာများများမှာ မိုးများရွာနိုင်ပါသည်။ […]
ရည်းစားရတဲ့အခါလက်တွဲမြဲစေဖို့ Single ဘဝမှထဲကာ ကြိုပြင်ထားသင့်တဲ့ အရာ (၃) ခု
ရည်းစားရတဲ့အခါလက်တွဲမြဲစေဖို့ Single ဘဝမှထဲကာ ကြိုပြင်ထားသင့်တဲ့ အရာ (၃) ခု သင်သဘောကျတဲ့ ပုံစံ၊ သင့်ကို ပျော်ရွှင်အောင် ထားမယ့် လူတစ်ယောက်နဲ့ မဆုံတွေ့နိုင်ဘူးဆိုပြီး စိုးရိမ်နေပြီလား။ ဒီအချိန်ထိ Perfect Partner နဲ့ လုံးဝမတွေ့သေးဘူးလား။ ရည်းစားထားတဲ့အချိန်မှာ ခဏတဖြုတ်မဟုတ်ဘဲ အချိန်အကြာကြီးတွဲနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ခဏလေးနဲ့ ပြတ်သွားတာက ကိုယ့်အတွက်မကောင်းပါဘူး။ လူတွေရဲ့ တလွဲထင်မြင်ခြင်းကို ခံရနိုင်ပါတယ်။ ကိုယ်သဘောကျတဲ့လူတစ်ယောက်နဲ့ ဆုံတွေ့တဲ့အချိန် လက်တွဲမြဲနေစေဖို့ Single ဘဝတည်းက လုပ်သင့်တဲ့အရာ (၃) ခုကတော့- ၁။ သင်လိုချင်တဲ့ပုံစံကို ကြိုတွေးထားပါ သင့်ဘဝမှာ သင်လိုချင်တဲ့အရာတွေကို စဉ်းစားသလိုပဲ သင့်ရည်းစားမှာရှိသင့်တဲ့အရာတွေကိုလည်း ကြိုစဉ်းစားထားသင့်ပါတယ်။ ရိုးသားတာကို တန်ဖိုးထားတာလား။ ရုပ်ချောတာကို အဓိကထားလား။ သင့်လိုအပ်ချက်တွေကို ကြိုတွေးထားပါ။ ၂။ သင့်အားနည်းချက်ကို တန်ဖိုးထားပါ […]
ချစ်သူနဲ့အတူ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို ပြန်လည်သတိရနေတဲ့ ပိုင်တံခွန်ကောင်မလေးရဲ့ဗီဒီယိုဖိုင်
ပရိသတ်ကြီးရေ မင်းသား ပိုင်တံခွန်ကိုတော့ မနေ့က မနက်က အဖမ်းခံခဲ့ရတာ သိကြမယ် ထင်ပါတယ်နော်။ ပြည်ပမှာ ရှိတဲ့ သူ့ရဲ့ ပရိသတ်များကပါ ပိုင်တံခွန်ရဲ့ သတင်းကို ကြားကြားချင်း ဝမ်းနည်းငိုကြွေးနေကြတာပါနော်။ မြန်မာနိုင်ငံက တတ်သိနားလည်တဲ့ ပညာရှင်များကလည်း ပိုင်တံခွန်နဲ့ အဆက်သွယ်ရဖို့ ဝိုင်းပြီး ကြိုးစားနေကြတာပါနော်။ ပိုင်တံခွန်အဖမ်းခံခဲ့ရတာကြောင့် သူ့ရဲ့ချစ်သူကောင်မလေးလည်း မိသားစုနဲ့ထပ်တူ ပူဆွေးသောကရောက်နေတာပါနော်။ တတ်နိုင်တဲ့ဘက်ကနေပြီး ချစ်သူအမြန်ဆုံးလွတ်ဖို့ ဆောင်ရွက်နေတာပါနော်။ သူမရဲ့ Instagram ကနေပြီးတော့လည်း ပိုင်တံခွန်ဟာ လုံခြုံတဲ့နေရာမှာ နေထိုင်နေစဉ် နေအတော်မကောင်းဖြစ်လာတာကြောင့် မိဘအိမ်သို့ပြန်လည်ရောက်ရှိနေတာ (၄) ရက်မြောက်တဲ့နေ့မှာဘဲ အဖမ်းခံခဲ့ရတာပါ။ မြဝတီသတင်းမှ ၅၀၅ ( က ) နဲ့ တရားစွဲတယ်ဆိုတဲ့ သတင်းထွက်တဲ့ အချိန်မှာပဲ လုံခြုံတဲ့နေရာကို ထွက်ပြေးလို့အဆင်မပြေခဲ့တာကြောင့် အိမ်မှာပဲ နေထိုင်ခဲ့တာလို့ […]
မျက်ရည်သုတ်ပေးမဲ့သူထက် မငိုအောင် ထားပေးတဲ့သူနဲ့သာ ဆုံခွင့်ရပါစေ
မျက်ရည်သုတ်ပေးမဲ့သူထက် မငိုအောင် ထားပေးတဲ့သူနဲ့သာ ဆုံခွင့်ရပါစေ မျက်ရည်သုတ်ပေးမဲ့သူထက် မငိုအောင် ထားပေးတဲ့သူနဲ့သာ ဆုံခွင့်ရပါစေ စိတ်ချမ်းသာအောင်ထားပေးမဲ့သူထက် စိတ်မဆင်းရဲအောင် ထားနိုင်သူနဲ့သာ တွေ့ခွင့်ပေးပါ မျက်နှာမှာ ပြုံးထားတဲ့သူထက် အတွင်းစိတ်ပုပ်နေတဲ့သူနဲ့ ကင်းလွတ်ရပါစေ ကိုယ့်ရှေ့မှာ ရက်စက်တတ်တဲ့သူထက် နောက်ကျောကို ဓားနဲ့ထိုးမဲ့သူနဲ့ ဝေးကွာရပါစေ ချစ်သူရှိပီး တွေ့ခွင့်မရတဲ့ အဖြစ်ထက် တယောက်ထဲ အထီးကျန်တဲ့ဘဝကိုသာ ရရပါလို၏ နောက်ကွယ်မှာ အတင်းပြောတဲ့ သူတွေထက် ရှေ့မှာ ပွင့်ပွင့်လင်းလင်း ပြောတဲ့သူနဲ့သာ တွေ့ပါရစေ Credit Unicode မျက်ရည်သုတ်ပေးမဲ့သူထက် မငိုအောင် ထားပေးတဲ့သူနဲ့သာ ဆုံခွင့်ရပါစေ မျက်ရည်သုတ်ပေးမဲ့သူထက် မငိုအောင် ထားပေးတဲ့သူနဲ့သာ ဆုံခွင့်ရပါစေ စိတ်ချမ်းသာအောင်ထားပေးမဲ့သူထက် စိတ်မဆင်းရဲအောင် ထားနိုင်သူနဲ့သာ တွေ့ခွင့်ပေးပါ မျက်နှာမှာ ပြုံးထားတဲ့သူထက် အတွင်းစိတ်ပုပ်နေတဲ့သူနဲ့ ကင်းလွတ်ရပါစေ ကိုယ့်ရှေ့မှာ ရက်စက်တတ်တဲ့သူထက် နောက်ကျောကို […]
တစ်ယောက်ထဲကိုပဲ အဆုံးထိ ချစ်သွားချင်တယ်
တစ်ယောက်ထဲကိုပဲ အဆုံးထိ ချစ်သွားချင်တယ် ဒီတစ်ယောက်ကို ယုံပြီးဒီတစ်ယောက်ကိုပဲ သစွာရှိသွားချင်တယ် ဒီတစ်ယောက်နဲ့ ချစ်ပြီးဒီတစ်ယောက်နဲ့ပဲ လက်ထပ်သွားချင်တယ် ဒီတစ်ယောက်ထဲအတွက် ရှင်သန်ပြီးဒီတစ်ယောက်နဲ့ပဲ အိုမင်းသွားချင်တယ် ဒီတစ်ယောက်နဲ့ ရန်ဖြစ်ပြီးဒီတစ်ယောက် ထဲကိုပဲ ချော့ချင်တယ် ဒီတစ်ယောက်ထဲကို ချစ်ပြီးဒီတစ်ယောက်ကိုပဲ လွမ်းချင်တယ် ဘယ်လိုအခြေနေမှာပဲ ဖြစ်နေ ဖြစ်နေဒီတစ်ယောက်ကလွဲရင် ဘယ်သူ့ကိုမှ ထပ်မချစ်ချင်တော့ဘူး ဒီတစ်ယောက်ထဲကို ချစ်မယ်ဒီတစ်ယောက်ထဲကိုပဲ လက်ထပ်မယ်နောက်ဆုံး အချိန်ထိ ဒီတစ်ယောက်နဲ့ပဲရှင်သန်သွားချင်တယ် ..❤❤ Credit Unicode တစ်ယောက်ထဲကိုပဲ အဆုံးထိ ချစ်သွားချင်တယ် ဒီတစ်ယောက်ကို ယုံပြီးဒီတစ်ယောက်ကိုပဲ သစွာရှိသွားချင်တယ် ဒီတစ်ယောက်နဲ့ ချစ်ပြီးဒီတစ်ယောက်နဲ့ပဲ လက်ထပ်သွားချင်တယ် ဒီတစ်ယောက်ထဲအတွက် ရှင်သန်ပြီးဒီတစ်ယောက်နဲ့ပဲ အိုမင်းသွားချင်တယ် ဒီတစ်ယောက်နဲ့ ရန်ဖြစ်ပြီးဒီတစ်ယောက် ထဲကိုပဲ ချော့ချင်တယ် ဒီတစ်ယောက်ထဲကို ချစ်ပြီးဒီတစ်ယောက်ကိုပဲ လွမ်းချင်တယ် ဘယ်လိုအခြေနေမှာပဲ ဖြစ်နေ ဖြစ်နေဒီတစ်ယောက်ကလွဲရင် ဘယ်သူ့ကိုမှ […]
နောက် (၅)နှစ်ကြာတဲ့အချိန်မှာ သူများထက် သာနေချင်ရင် ချမ်းသာနေချင်ရင် ဒီအရာတွေကို လုပ်ပါ
လူတယောက် အောင်မြင်သွားတယ်၊ ချမ်းသာသွားတယ်ဆိုရင် အများစုက ဘာပြောကြမယ် ထင်သလဲ? သူ ကံကောင်းလို့ပါကွာ၊ ဘာတွေလုပ်လို့ ချမ်းသာမှန်းမှ မသိတာဆိုတာကြီးဘဲ။ လူနည်းစုကဘဲ သူဘယ်လို ကြိူးစားခဲ့သလဲ? သူ ဘာတွေ စွန့်လွှန့်အနစ်နာခံခဲ့သလဲ? ဘယ်လို နည်းစနစ်တွေကြောင့် ချမ်းသာခဲ့သလဲ? ဆိုတာ ကို အာရုံစိုက်ကြတာပါ။ အောင်မြင်နေတဲ့သူတယောက် ချမ်းသာနေတဲ့သူတယောက်ကို အပြစ်ပြောဖို့ ဝေဖန်ဖို့က လွယ်ပါတယ်။ သူ့လို အောင်မြင်အောင် လုပ်နိုင်ဖို့က ခက်ပါတယ်။ အောင်မြင်ဖို့ ချမ်းသာဖို့အတွက် လျှို့ဝှက် သိုင်းကျမ်းတွေ မရှိပါဘူး။ ကြိူးစားမယ်၊ လဲကျရင် ပြန်ထမယ်၊ အမြင်ရှိမယ်ဆိုရင် တော်တော် ခရီးပေါက်ပါမယ်။ ဒီနေ့မှာတော့ နောက်(၅)နှစ်နေရင် သူများထက် သာစေမယ့် အချက်တွေကို ပြောပြပေးသွားမှာပါ။ ဒီအရာတွေက သင့်ကို ချမ်းသာစေချင်မှ ချမ်းသာပါလိမ့်မယ်။ ဒါပေမယ့် သူများထက်တော့ […]
အမျိုးသမီးတစ်ယောက် ထက်မြက်ဖို့ဆိုရင်”
ပတ်ဝန်းကျင်မှာ ကြည့်ကြည့်ပါ။ အစည်းအဝေးတွေမှာဆို ဘယ်သူတွေ ထဆွေးနွေးနေလဲ၊ သင်တန်းတွေမှာ မေးခွန်းမေးလိုက်ရင် ဘယ်သူတွေရဲ့အသံ အများဆုံးကြားရတတ်လဲ။ အများစုက ယောက်ျားတွေပါ။ ဒါကိုကြည့်ရင် မိန်းကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းမှုကို အလွယ်တကူ သိနိုင်ပါတယ်။ ဒါ ဘာကြောင့်လဲ။ မိန်းကလေးတွေရဲ့ ပင်ကိုယ်ဗီဇကြောင့်လား။ Leaders are made ခေါင်းဆောင်တွေကို ပျိုးထောင်လို့ရတယ် ဆိုတဲ့ အယူအဆ တွင်ကျယ်လာတဲ့ ဒီနေ့ခေတ်မှာ ပင်ကိုယ်ဗီဇ ဆိုတာထက် မိဘအုပ်ထိန်းသူတွေရဲ့ ပျိုးထောင်မှုနဲ့သာ အဓိကဆက်စပ်တယ်လို့ ထင်မိပါတယ်။ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ ကျောင်းတစ်ကျောင်းမှာ လေ့လာမှုတစ်ခုလုပ်တော့ စာမေးပွဲကျတဲ့ ကျောင်းသားတွေ၊ ကျောင်းသူတွေကို ဒီကျရှုံးမှုအပေါ် ဘယ်လိုခံစားရသလဲ ဆိုပြီး မေးပါတယ်။ အဲဒီအခါ ကျောင်းသားတွေက ခပ်အေးအေးပဲဖြေတယ်၊ ‘ကျွန်တော်တို့ ဂိမ်းကစားတာ များသွားလို့၊ အာရုံစူးစိုက်မှု လျော့သွားလို့’ […]









