Month: August 2020
ဝက်ခြံအတွက်အသုံးပြုသင့်သော အရေပြားထိန်းသိမ်းပေးသည့် ပစ္စည်းများ။
လူတိုင်းကြည့်ကောင်းချင်ကြသည် လှချင်ကြသည်ချည်းဖြစ်သည်။ နေ့စဉ်သုံး အသားရေထိန်းပစ္စည်းများက သင့် အသားရေကို အဆီပြန်ခြင်းလျှော့ချခြင်း၊ ချွေးပေါက်များကို သန့်စင်ပေးခြင်းနှင့် ဝက်ခြံများကို သက်သာစေခြင်း၊ ကာကွယ်ပေးခြင်း စသည်တို့ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။ ဝက်ခြံမဖြစ်အောင်ထိန်းသိမ်းရာတွင် အချိန်သိပ်ပေးရန်မလိုသလို ဈေးကြီးသောပစ္စည်းများကိုသာ အသုံးပြုရန်လည်းမလိုပါ။ အောက်ပါနည်းလမ်းများသည် သင့်အတွက် သန့်စင်ကြည်လင်သော အသားရေကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးလိမ့်မည်။ အဆင့် ၁။ သင့် အသားရေအမျိုးအစားကို သိအောင်လုပ်ပါ အဆီပြန်သော အသားရေများတွင် မွှေးညင်းပေါက်များလည်း ကျယ်နေတတ်သည်။ ခြောက်သွေ့သော အသားရေဆိုလျှင် အဖတ်များကွာကျပြီး ကြမ်းတမ်းသည်။ အလယ်လတ်အနေအထားရှိသူများသည် ပါးပြင်နေရာများတွင် အစက်အပြောက်များရှိနေတတ်ပြီး နဖူး နှာခေါင်းနှင့်မေးစေ့များတွင် အဆီပြန်တတ်သူများဖြစ်သည်။ အချို့သည် မိတ်ကပ်နှင့် အလှကုန်ပစ္စည်းများနှင့် ထိတွေ့လျှင် ယားခြင်း လောင်ခြင်းတို့ဖြစ်သော နုနယ်သော အရေပြားများဖြစ်သည်။ ပုံမှန်အသားရေအမျိုးအစားရှိသူများသည် ရေဓါတ်မျှတပြီး ၊ ကြည်လင်သော၊ အလွန်တရာ […]
ဆိုင်သွားစရာမလိုတဲ့ အရောင်တင်နည်းတွေ…
လက်ဝက်ရတနာဆိုတာ မိန်းကလေးတိုင်း တန်ဖိုးထားရတဲ့ အရာဖြစ်ပါတယ်။ ရွှေထည်၊ ငွေထည်တွေဟာ တန်ဖိုးလည်း မြင့်သလို ဝတ်လိုက်တဲ့အခါမှာလည်း အရမ်းကို ကျက်သရေရှိပါတယ်။ ရွှေထည်၊ ငွေထည်တွေကလည်း ကြာတဲ့အခါ အရောင်မှိုင်းသွားတာ၊ မည်းသွားတာ၊ ညစ်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ရွှေထည်၊ ငွေထည်ပစ္စည်းလေးတွေကို ဒီနည်းလမ်းလေးတွေနဲ့ ပြောင်လက်သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ (၁) အမိုးနီးယား အမိုးနီးယားဟာ ကြွေထည်ပစ္စည်းတွေကို သန့်စင်ပေးနိုင်ရုံသာမက စိန်တွေကိုလည်း တောက်ပအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အမိုးနီးယားကို ရေနွေး ၃ဆရောလိုက်ပါ။ အဲဒီ့အရည်ထဲကို စိန်ကိုနှစ်လိုက်ကာ ၁၅ မိနစ်ခန့်စောင့်လိုက်ပါ။ ပြီးရင်တော့ ခြောက်သွေ့ပြီးသန့်ရှင်းတဲ့ အဝတ်လေးနဲ့ သုတ်လိုက်ပါ။ တောက်ပသစ်လွင်နေတဲ့ စိန်ကျောက်လေးကို တွေ့ရှိရမှာဖြစ်ပါတယ်။ (၂) ရှာလကာရည် ရှာလကာရည်ဟာ သန့်ရှင်းရေးမှာ အရမ်းကို အသုံးဝင်တဲ့အရည်တစ်မျိုးဖြစ်တယ်ဆိုတာ အားလုံးလည်း အသိပါပဲ။ အဖြူရောင် ရှာလကာရည်ဟာ […]
မိဘကို စော်ကားမိလျှင် ခံစားရတတ်သော အပြစ်များ
မိဘစော်ကား ဒဏ်(၁၀)ပါး မိမိ မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေ မိဘများအား ဒေါသတကြီး၊ အော်ကြီး၊ဟစ်ကျယ်ပြန်လှန်ပြောဆိုခဲ့မိလျှင် လက်ရှိ ပစ္စုန်ပ္ပန်ဘ၀တွင်ဖေါ်ပြပါဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါးပါး သင့် တတ်ပါသည်။ အဆိုပါဒဏ်ဆယ်ပါးမှာ ၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း ၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း ၃။ အနာရောဂါဖြစ်ခြင်း ၄။ ရူးသွပ်ခြင်း ၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း ၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း ၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း ၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း ၉။ နေအိမ်စသည့် မီးလောင်ခြင်း ၁၀။ ငရဲကျရောက်ခြင်းတို့ဖြစ်ကြသည်။ ထို့ကြောင့် မိမိ မှန်နေတယ်ဆိုရင်တောင်မှမိဘတွေကို ဒေါသတကြီး အော်ဟစ်ကြီးကျယ်ပြန်လှန်မပြောဆိုသင့်ဘူးပေ။ အကျိုးသင့် အကြောင်းသင့် နားဝင်အောင်အေးအေးဆေးဆေးသာစွာပြောဆိုကြရပါမည်။ […]
နတ်ကောင်းနတ်မြတ်တွေက သင့်ကို စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်…
နတ်ကောင်းနတ်မြတ်တွေက သင့်ကို စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက် တစ်ချို့လူတွေဟာ သူတို့ရဲ့ မွေးရာပါကံလို့ပဲပြောရမလား၊ ထူးခြားချက်လို့ပဲပြောရမလား (အကြောင်းအမျိုးမျိုးကြောင့်) နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို အမြဲတမ်းခံရပါတယ်။ သင့်ကိုနတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်တယ်ဆိုတာ သိနိုင်မယ့်အချက် (၅) ချက်ရှိပါတယ်။ တကယ်လို့ ဒီအရာလေးတွေကို သင်အမြဲလိုလို ကြုံတွေ့နေရတယ်ဆိုရင်တော့ သင်ဟာ မမြင်ရတဲ့ နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းကို ခံရသူပါ (၁) ငှက်မွှေးလေးကျလာတယ် တကယ်လို့သင့်အနားလေးမှာ ငှက်မွှေးလေးဝဲနေတယ်၊ ဒါမှမဟုတ် သင့်အပေါ်လေးကိုကျလာတယ်ဆိုရင်တော့ ဒါဟာ နတ်ကောင်းနတ်မြတ်တွေရဲ့ သင်္ကေတဖြစ်ပါတယ်။ သင့်ဘေးမှာ သူတို့အမြဲရှိနေတယ်ဆိုတာကို ပြောပြချင်လို့ဖြစ်ပြီး သူတို့ဟာသင့်ကို ချစ်ခင်တယ်၊ မစတယ်ဆိုတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။ အထူးသဖြင့် သမရိုးကျနေရာတွေမဟုတ်တဲ့ ဧည့်ခန်း၊ အိပ်ခန်းလိုနေရာမျိုးလေးတွေမှာ တွေ့ရင်တော့ ပိုလို့တောင်သေချာပါတယ်။ (၂) ၁၁း၁၁ နာရီ ၁၁း၁၁ နာရီကို […]
ကျောက်တည်နေသူများအတွက် အမှန်အကန် ကျောက်ကျစေတဲ့ မြန်မာ့ဆေးနည်းများကိုမျှဝေပေးလိုက်ပါတယ်
ကျောက်တည်နေသူများအတွက် ကျောက်ကြေနည်း ၁၃ နည်းကိုမျှဝေပေးလိုက်ပါတယ်နော်… ကျောက်ကွဲရွက်ကိုအခြောက်လှန်းလ္ဘက်ခြောက်လိုခပ်သောက်အရွက်စိုကိုထမင်းနဲ့အတို့မြုတ်လိုလုပ်စား ၁၀ရက်ဆွဲသောက်သဲခြေကျောက်တောင်ပျော်ကျတယ်။ အုန်းသီးစိမ်းထဲကို ငရုတ်ကောင်းမှုန့်ထည့်ပြီး စားပါသောက်ပေးပါ… ကျောက်ဖရုံသီးကို ခြစ်ယူပီးသကြားလေးနဲနဲထဲ့ အရည်ကိုညှစ်ပီးသောက်ရင်ပျောက်ပါတယ် ကိုယ်တွေ့ပါ တပင်တိုင်မြနန်းဆေးကိုသောက်ပါကျောက်ကြွေကျသွားပါလိမ့်မည်…၅.. ဖလံတောင်ဝှေးနှင့်ရေကြက်ချက်စားရင်ပျောက်ပါတယ်..သံမနိုင်ကျောက်မနိုင်ပင်ပြုတ်သောက်လည်းရပါတယ်…၇..ကျွဲနှာခေါင်းချိတ်ပင်ကိုဆန်ဆေးရည်နဲ့ပြစ်ပြစ်သွေးတနေ့နှစ်ကြိမ်သောက် ဆီးကျောက်ပျော်ကျပါတယ်…သည်းခြေအိတ်မှာကျောက်တည်တာဆို ပန်းသီးစားတဲ့နည်းသုံးပါ လက်တွေ့ပျောက်ခဲ့ဘူးတာပါ.. ဆေးနည်း မသိခဲ့ရင်ပြောပေးပါမယ်….ပန်းသီးကို တနေ့ ၅ လုံး ၆ လုံး စားပါ ၆ရက်ဆက်တိုက်စားပါ။ ၆ရက်မြောက်နေ့မှာ ညစာ မစားဘဲ ညနေ၆နာရီမှာ ဆားခါး (ဆေးဆိုင်တွေမှာရပါတယ်) တဇွန်းသောက်ပါ။ ည 8 နာရီမှာ ဆားခါးတဇွန်းထပ်သောက်ပါ။ ည ဆယ်နာရီမှာ သံလွင်ဆီ / နှမ်းဆီ လက်ဘက်ရည်ပန်းကန်သေး တလုံးစာသောက်ပါ။ ဝမ်းသွားပါမယ်။ ဝမ်းထဲမှာ ကျောက်ကြေတွေပါသွားပါတယ်။ ကျောက်ကြီးရင်၂ခါ ၃ခါလောက်လုပ်ပါ။ တကယ်ပျောက်ပါတယ်။လက်တွေ့ပါ။ နိုင်ငံခြားဆေးခန်းတခုမှာပြတော့ ကျောက်ကကြီးနေပြီမို့ တပတ်အတွင်းခွဲခိုင်းတာပါ။ ပန်းသီးနည်းတွေ့ပြီး […]
သြဂုတ်လ(၁၀)ရက်နေ့မှ (၁၆)ရက်နေ့အထိ (၇)ရက် သားသမီးများအတွက် ကံကြမ္မာဟောစာတမ်းလာပါပြီ…..
၂၀၂၀ ခုနှစ် ၊သြဂုတ်လ(၁၀)ရက်နေ့မှသြဂုတ်(၁၆)ရက်နေ့အထိကံကြမ္မာဟောစာတမ်း မိမိတွင်ရှိသော အခက်ခဲများနှင့် အခြားသူများ၏ အခက်အခဲများကိုပါ ကူညီပေးရာရောက်အောင် သင်၏ မိတ်ဆွေများအတွက် Share လုပ်ပေးခြင်းဖြင မိမိတွင်ရှိသော အခက်အခဲများအားလုံး အဆင်ပြေပြီး…. စီးပွားလာဘ်လာဘများ ရွှင်လန်းကာ လိုအင်ဆန္ဒများအားလုံးပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။မိမိရဲ့အခက်အခဲများကို 1875BaydinMessengerမှတဆင့်တိုက်ရိုက် ဗေဒင်မေးမြန်း နိုင်ပါတယ်ခင်ဗျာ… ၂၀၂၀ခုနှစ် ၊ သြဂုတ်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ တနင်္ဂနွေသားသမီးများအတွက် လုပ်ငန်းနှင့်ပတ်သတ်ပြီး ရပ်တန့်နေမယ်။ငွေအဝင်အထွက်မမျှတဘဲ ရှိနေတတ်တယ်။ လုပ်ငန်းချဲ့ထွင်ခြင်း မလုပ်ပါနှင့်။စက်ပစ္စည်းဝင်မယ်။ ငွေလူလိမ်ခံ ရတတ်တယ်။အချစ်ရေး/အိမ်ထောင်ရေးမှာ အနှောင့်အယှက်ရှိနေမယ်။ ကျန်းမာရေး ဝမ်းဗိုက်ပိုင်း သတိပြုပါ။ကံကောင်းစေသောအရောင်မှာ အစိမ်းရောင်ဖြစ်ပြီး အကျိုးပေးဂဏန်းမှာ ၃/၂ ဖြစ်ပါတယ်။ယတြာအနေနှင့် ဩဇာ ၆ ညွန့်လှူပါ။ သင်၏ အခက်အခဲများအားလုံးတို့သည်ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ကျွန်ုပ်မှယုံကြည်ပါသည်။သင်၏ အခက်အခဲများကို 1875 Baydin Messenger […]
ကြည့်ရှုသူတွေ မျက်နှာမလွှဲချင်အောင် နာမည်ကြီးနေတဲ့ ဆရာမလေးရဲ့ အကအလှ ဗီဒီယိုဖိုင်လေး
တိုင်းတစ်ပါးယဉ်ကျေးမှုတွေ အများဆုံးစိမ့်ဝင်လာတဲ့ နှစ်ဆယ့်တစ်ရာစုခေတ်ကြီးထဲမှာ ခေတ်ပေါ်အကတွေကို စိတ်ဝင်တစားသင်ယူနေသူတွေများလာပေမယ့်မြန်မာ့ရိုးရာယဉ်ကျေးမှုအကတွေကို စိတ်ဝင်တစားသင်ယူမယ့်သူတွေကတော့ တဖြည်းဖြည်းရှားလာပြီလို့ ဆိုရမှာပါ။ဒါပေမယ့် ခေတ်သစ်ပညာရေးစနစ်အရ အခြေခံပညာကျောင်းတွေမှာ အခြေခံကဗျာလွတ်အကနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအကတွေကို သင်ကြားဖို့ သတ်မှတ်လိုက်တာကတော့ တကယ်ကို ဝမ်းသာစရာပါ။ မြန်မာအကကို တကယ်တတ်ကျွမ်းလိမ္မာစွာ ကတတ်သူတွေရှားလာတဲ့ ခေတ်ကြီးထဲမှာတော့ လတ်တလောလူမှုကွန်ရက်ပေါ်မှာ မြန်မာအကတွေနဲ့ နာမည်ကြီးလာသူကတော့ ဆရာမခိုင်မာလွင်ပါ။ ဆရာမခိုင်မာလွင်ကတော့ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်က ဆရာမတစ်ဦးဖြစ်ပြီး မြန်မာရိုးရာအကဗွီဒီယိုလေးရိုက်ကာ လူမှုကွန်ရက်မှာ မျှဝေလေ့ရှိသူပါ။ မြန်မာအကဆိုပျင်းစရာကြီးလို့ သတ်မှတ်ထားကြသူတွေတောင် ဆရာမရဲ့ အချိုးအစားကျကျ ကတတ်မှု၊ မျက်နှာအမူအရာလေးတွေကြောင့် ကြည့်ရှုသူတော်တော်များများ သဘောကျကာ ဝန်းရံအားပေးမှုရရှိခဲ့တယ်လို့ ဆိုရမှာပါ ပရိသတ်ကြီးရေ.. မြန်မာအကတွေကို တန်ဖိုးထားလေးစားသလိုနောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပြန်လည်မျှဝေပေးနေတဲ့ ဆရာမခိုင်မာလွင်ရဲ့ ကြည့်ရှုသူ တစ်သန်းနီးပါးအားပေးခဲ့တဲ့ အကဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ source celegabar unicode တိုင်းတစ်ပါးယဉ်ကျေးမှုတွေ အများဆုံးစိမ့်ဝင်လာတဲ့ […]
ခြေစွယ်ငုပ်နေတာကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ကောင်းအောင်လုပ်နိုင်မယ့်နည်းလမ်း (၄)မျိုး
ခြေစွယ်ငုပ်တာဟာ တော်တော်လေးဆိုးတဲ့ဝေဒနာတစ်မျိုးဖြစ်ပြီး ပျောက်အောင်လုပ်ဖို့လည်း တော်တော်ခက်ပါတယ်။ ခံရခက်ပြီး ဆေးခန်းသွားပြီး ကုသရလောက်တဲ့ အနေအထားမျိုးမဟုတ်ပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်ရင်လည်း ပိုးဝင်ပြီးပိုဆိုးသွားမလား စိုးရိမ်စရာပါ။ ဒီတော့ ခြေစွယ်ငုပ်တာကို အန္တရာယ်ကင်းကင်းနဲ့ပြန်ကောင်းအောင်လုပ်နိုင်မယ့် နည်းလမ်းလေးတွေကို စုစည်းဖော်ပြပေးလိုက်ပြီမို့ ကိုယ့်အတွက်အဆင်ပြေမယ်ထင်တဲ့ နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ (၁) ဆားခါးစိမ်တဲ့နည်းလမ်း ဇလုံတစ်လုံးထဲမှာ ရေနွေးအနည်းငယ်ထည့်ပြီး ဆားခါးနှစ်ဇွန်းထည့်ပါ။ အဲ့ဒီထဲမှာ ခြေထောက်ကို ၁၅ မိနစ်လောက်စိမ်ထားပေးလိုက်မယ်ဆိုရင် ဆားခါးက ခြေစွယ်ငုပ်လို့နာကျင်နေတာကို သက်သာသွားစေပြီး ခြေသည်းကိုပျော့ပြောင်းသွားစေနိုင်တာကြောင့် ခြေစွယ်ညှပ်တဲ့ဟာလေးနဲ့ ငုပ်နေတဲ့ခြေစွယ်ကို အလွယ်လေးညှပ်ထုတ်ပစ်နိုင်ပါပြီ။ ခြေစွယ်ညှပ်ထုတ်ပြီးပေမယ့် ဆက်ပြီးနာနေနိုင်တာကြောင့် နောက်ထပ် ၂ ခါ၊ ၃ ခါလောက် ခုနကလို ရေနွေးနဲ့ဆားခါးနဲ့ စိမ်ပေးလိုက်ပါ။ နောက်နေ့ဆို လုံးဝသက်သာနေတာကိုတွေ့ရပါလိမ့်မယ်။ (၂) ပန်းသီးရှာလကာရည်သုံးတဲ့နည်း ပန်းသီးရှာလကာရည်ကို ဂွမ်းစလေးမှာ ဆွတ်ယူပြီး ခြေစွယ်ငုပ်တဲ့နေရာမှာ တစ်နာရီလောက် […]