သွေးတိုးရောဂါကို အမြစ်ပြတ်စေတဲ့ အစွမ်းထက်သော အစာလည်းဆေး ဆေးလည်းအစာ သွေးတိုးရောဂါ အမြစ်ပြတ်စေတဲ့ ငါးနုသန်း နှင့် ဒန့်သလွန်ရွက် ယောက္ခထီး အသက် ၄၀လောက်ကသွေးတိုးရောဂါ ရှိလာတယ် ဒီတေါ့ ယောက္ခမ ဖြစ်သူကငါးနုသန်း ( သို့မဟုတ် )ငါးသန်းနု နဲ့ဒန့်သလွန်ရွက် ကို၁၀ ရက်လောက် ဆက်တိုက် ဟင်းချို ချက်ကျွေးသတဲ့ာတော့ဘူး ကိုယ်လဲ သွေးတိုးရှိတော့အခုမိန်းမက ချက်ကျွေးတယ် ငါးကို စင်အောင်ဆေးပြီးဆား / နနွင်း ထည့်နယ်ထားရေလိုသလောက်ထည့် ဂျင်းနဲ့ ကြက်သွန်ဖြူ/နီအရင် ပြုတ်အချိုမှုန့် နဲ့ ဆီ မထည့် ရပါ ရေပွက်လာရင် ငါးထည့်ထွက်လာတဲ့ အမြှုပ် ခပ်ထုတ်ပစ်အရေကျရင် ဒန့်သလွန်ရွက် ရေဆေးထည့် ငရုတ်ကောင်းမှုန့်ထည့်ပူပူနွေးနွေး သုံးဆောင်ပါ အစာလည်း ဆေးဆေးလည်း အစာပါ သိန်းသန်းကုန်မှ ရောဂါပျောက်မယ်လို့ မထင်မှတ်ပါနဲ့ […]
Day: March 29, 2021
မီးအိမ်ရှင်မလေး အိမ်ပြန်ခရီး
မီးအိမ်ရှင်မလေး အိမ်ပြန်ခရီး မနေ့က မုံရွာမြို့ ရတနာပုံရပ် ပစ်ခတ်မှုမှာ ဒဏ်ရာရ လူနာတွေကို ကုသပေးရင်း ကိုယ်တိုင်ဦးခေါင်းကျည်မှန် ကျဆုံးခဲ့တဲ့ သူနာပြုကျောင်းသူ မသဉ္ဇာဟိန်း(၂၀)နှစ်ကို သူ့ရဲ့မွေးရပ်မြေ ကနီမြို့နယ် သလင်းရွာအထိ ဒီနေ့ ပြန်သယ်သွားခဲ့ပါပြီ။ သူနာပြုကျောင်းတက်ရင်း မိဘတွေတားဆီးတဲ့ကြားကနေ နွေဦးတော်လှန်ရေးမှာ ရိုးရှင်းတဲ့လူထုမိန့်ခွန်းတွေတက်ပြောခဲ့တဲ့ သူမအတွက် မွေးရပ်မြေ အိမ်ပြန်ခရီးဟာ လူထုမျက်ရည်တွေနဲ့လမ်းဖြစ်နေပါတယ်။ “သူငယ်ချင်းတွေကိုတစ်ခုပြောမယ်။ဒီချိန်မှာ မိဘကိုလိမ်ရမှာမကြောက်နဲ့။အနာဂတ်မှာ ဒီတိုက်ပွဲကို မပါဝင်ခဲ့ဘဲ ဝင်ခဲ့ပါတယ်လို့ လိမ်ရမှာရှက်ကြ” လို့ သူမပြောခဲ့တဲ့စကား လူမှုကွန်ရက်မှာ မနေ့က ဝေမျှမှုအများဆုံး စကားလုံး ဖြစ်ခဲ့ပါတယ်။ “ဓူဝံကြယ်ပြီးရင်အလင်းလက်ဆုံးကြယ်က မုံရွာလူငယ်” လို့တင်စားခဲ့တဲ့သူမ စကားလုံးတွေဟာ မုံရွာနဲ့ မိုင်၂၀ကျော်ဝေးတဲ့ မွေးရပ်ကနီမြို့ထိ ပဲ့တင်ဟပ်နေပါပြီလို့ လူငယ်တွေက ဂုဏ်ပြုစကားဆိုပါတယ်။ မုံရွာဂေဇက် Unicode မီးအိမ်ရှင်မလေး အိမ်ပြန်ခရီး မနေ့က မုံရွာမြို့ […]
တောင်ကိုးရီယား နိုင်ငံ ကတော့ တကယ့်ကို မိတ်ဆွေကောင်းအစစ်ပါပဲ….
အချစ်စိတ်ကို ပိုပြီး နိုးကြားလာစေမယ့် အပြုအမူလေးတွေ
မထိတထိအနမ်းလေးတွေကတော့ အချစ်စိတ်တွေကို ထူးထူးခြားခြား နိုးကြားစေပါတယ်….ဖတ်ကြည့်နော်…. အနမ်းလေးတွေထဲကမှ မထိတထိအနမ်းလေးတွေကတော့ အနမ်းခံရသူရဲ့ ရင်ထဲက အချစ်စိတ်တွေကို ထူးထူးခြားခြား နိုးကြားစေပါတယ် ကိုယ့်ရဲ့ အပြုအမူလေးတွေကြောင့် ကိုယ်ချစ်ရသူက ကိုယ့်ကိုပိုပိုပြီး ချစ်လာတာမျိုးကို လူတိုင်းလိုချင်ကြမယ် ထင်ပါတယ်။ ဒါကြောင့် ဘယ်လို အပြုအမူလေးတွေက ကိုယ့်ချစ်သူရဲ့ အချစ်စိတ်ကို ပိုပြီး နိုးကြားတက်ကြွလာစေသလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ အချစ်ကလေးတို့ကို ချစ်သူက ပိုပို ချစ်လာစေဖို့ အတွက်ပါနော်။ နားနား ကပ်ပြောတဲ့ စကားတိုးတိုးလေးတွေ နှစ်ကိုယ်ကြားစကားလေးတွေကို ချစ်သူရဲ့ နားနားကပ်ပြီး ခပ်တိုးတိုးလေး ပြောရတာက ရင်ခုန်စရာကောင်းသလို၊ ပျော်စရာလည်း ကောင်းလှတဲ့ အပြုအမူလေးပါ။ ကိုယ့်ရဲ့ နှုတ်ခမ်းသားနဲ့ ချစ်သူရဲ့ နားရွက်နားလေး မထိတထိ ဖြစ်နေတဲ့ အနေအထားလေးက သူ့ရင်ထဲက အချစ်တွေကို လှိုင်းလုံးတွေလို ရုန်းကြွစေမယ့် […]
ပါးကွပ်ကျားနဲ့ ငါတို့သမီးလေး …ဒီအပေါက်လေးကထွက်သွားတာ ခုထိပြန်မလာသေးဘူး
အိမ်ထရံမှာ ခဲတံလောက်အပေါက်လေးရှိတယ် ။ ပါးကွပ်ကျားနဲ့ ငါတို့သမီးလေး ဒီအပေါက်လေးကထွက်သွားတာ ခုထိပြန်မလာသေးဘူး ။ မစောင့်နိုင်တဲ့အဆုံး…. အမေဖြစ် ထရံပေါက်က ချောင်းကြည့်တော့ သွေးစွန်းနေတဲ့ သေနက်ပြောင်းတွေတွေ့တယ် ။ အဲဒီနောက်မှာ သွေးအလိမ်းလိမ်းမြန်မာပြည်ကို ခုတ်ထစ်ချက်ပြုတ်ထားတဲ့ မီးရောင်တဝင်းဝင်းနဲ့ ညစာစားပွဲကြီးတွေ့တယ် ။ အဲဒီထဲက အကြီးဆုံးစားပွဲဝိုင်းပေါ်မှာ သမီးလေးရဲ့ သွေးစက်တွေကို ဝိုင်လုပ်သောက်နေတဲ့ ဘုရားဒကာကြီးထိုင်နေတယ် ။ ဘေးပတ်လည်အမှောင်တောထဲ ငိုညည်းသံများလဲကြားနေရတယ် ။ ငါ့သမီးလေး …. ငါ့သမီးလေး လို့အော်ပြီး အမေလဲကျသွားတော့ …. အဖေက ထရံပေါက်က ချောင်းကြည့်ပြန်တယ် ။ ဒီလိုနဲ့ …..မိသားစုတွေ တယောက်တလှည့် … ဒီ ထရံပေါက်လေးက မခွာနိုင်ခဲ့ဘူးတဲ့ ။ တကယ်တော့ တပြည်လုံးရင်ထဲမှာ အဲဒီလို အပေါက်လေးကိုယ်စီနဲ့ ။ ၂၇-၃-၂၀၂၁ […]
ရာဘာကျည်နဲ့မျက်လုံးကိုမှန်တဲ့ကလေး ခွဲစိတ်ပြီးပါပြီ… ကံကောင်းလို့မျက်လုံးမထုတ်လိုက်ရပေမယ့်လည်း….
ခွဲစိတ်ပြီးပါပြီ ကံကောင်းလို့မျက်လုံးမထုတ်လိုက်ရပေမယ့် မျက်ခမ်းစပ်တချို့စုတ်ပြတ်သွားတဲ့အတွက်ချုပ်လိုက်ရပါတယ် မိမွေးဖမွေးတိုင်းမဟုတ်တော့ပဲသိမ်သလို သေးသလိုဖြစ်ပြီး အမြင်အာရုံမရတော့ပါဘူးရှင် လည်ပင်းထဲမှာ ကျန်နေတဲ့ရာဘာလုံးကတော့ နောက်ပိုင်းကလေးအခြေအနေကိုကြည့်ပြီးဆက်လုပ်ပေးမယ်လို့ပြောပါတယ် သေကံမရောက်သတ်မပျောက်တာပဲဝမ်းသာလှပါပြီ အလှူရှင်တစ်ဦးတိုင်းစီ၊အဖွဲ့တခုချင်းစီကိုလည်း မိဘများနှင့်အတူကျေးဇူးတင်ပါတယ်ရှင့် ဖုန်းနဲ့သတင်းမေးကြပါသော မိတ်ဆွေအပေါင်းအသင်းဆွေးမျိုးအပေါင်းတို့လည်းကျေးဇူးပါရှင် ကလေးကအိမ်ရောက်ပါပြီနော် ခုပုံက ခွဲခန်းထဲကထွက်ခါစပုံလေးပါ မေ့ဆေးအရှိန်နဲ့အိပ်ပျော်နေပါတယ်ရှင် Credit . အဆိုးထဲက အကောင်းလေးပါ ကလေးလေးရေ အမြန်သက်သာပါစေ
ဆရာတော်ကြီး ပြောရင် ကွက်တိမှန်ပါတယ် အခုလည်း မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက်များ….
ဆရာတော်ကြီး ပြောရင် ကွက်တိမှန်ပါတယ် ။ ထိုင်းမှာ ကလေးလေးတွေ ဂူပိတ်မိတုန်းကလည်း ဆရာတော်ကြီးက ပြန်တွေ့လိမ့်မယိလို့ ပြောခဲ့တာ မှန်ခဲ့ပါတယ်။ အခုလည်း ဆရာတော်ကြီး စကားကို သေချာလိုက်နာပါ့မယ် အရှင်ဘုရား 🙏🏻မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက် ▪️သူ့ဘာသာသူ ယတြာဘယ်လောက်ကောင်းကောင်း/အမိန့်ပြန်တမ်းဘယ်လောက်ပြင်းပြင်း စကြာဝတေးမင်းတောင် အမိန့်ပေးလို့မရတဲ့ နတ်မင်းကြီးနှစ်ပါးရှိပါတယ်။ (၁)လောကပါလ နတ်မင်းကြီး (၂)သာသနာစောင့် နတ်မင်းကြီး ဗုဒ္ဓဘာသာဝင်များ မိမိတို့ ဒါန၊သီလ၊ဘာဝနာ တစ်ခုခုပြု ပြီးတိုင်း”လောကပါလနတ်မင်းကြီး နှင့် သာသနာစောင့်နတ်မင်းကြီး ဘေးရန်ကင်းကြပါစေ ကိုယ်ဆင်းရဲခြင်းကင်းကြပါစေ စိတ်ဆင်းရဲခြင်းကင်းကြပါစေ ကိုယ်/စိတ်နှစ်ဖြာချမ်း သာစွာဖြင့် မိမိတို့ ခန္ဓာ့တာဝန်ကို သာသနာ့ဝန်ကို လွယ်ကူစွာဆောင်ရွက်နိုင်ပါစေ ” လို့ (၃)ခေါက်ရွတ်ပြီး အထူး မေတ္တာပို့ပါ။ ပြီးလျှင် “မိမိဘဝမှာ အထူးပြုခဲ့ဖူးသောကုသိုလ်( ဥပမာ။ ။ ရှင်ပြုအလှူ၊ ကျောင်းအလှူ၊ […]
ဒေါက်တာသီဟတင်စိုး နောက်ဆုံးရေးခဲ့တဲ့ မိသားစုနဲ့ အတူ ပြည်သူအားလုံးအတွက် သေတမ်းစာ
“ကျွန်ုပ်၏ ေ သ တမ်းစာ” အခြေအနေတွေကတော့အကောင်းဆုံးကိုမျှော်လင့်နေကြတုန်းမှာပဲ အဆိုးဆုံးကဖြစ်လာခဲ့တယ်။ တိုင်းပြည်အာဏာအသိမ်းခံလိုက်ရတယ်။မကြောက်တရားနဲ့ပျော်ရွှင်စွာနေရမယ့်ရက်တွေကုန်သွားပြီ။ ကုန်သွားလို့မဖြစ်တဲ့အရာတွေအတွက် ဖြစ်နိုင်တဲ့နည်းလမ်းနဲ့.. ပြန်တိုက်ယူရမယ့်အချိန်လည်းဖြစ်တယ်။သိပ်မခက်ပါဘူး။ရရင်ရမရရင်ချကြရုံ။ဒီကောင်တွေကို တစ်ယောက် ပါပါ နှစ်ယောက်ပါပါခေါ်သွားကြရုံ။ခွဲ စိ တ်ဓာ း ကို င်တဲ့ လက်ဟာ သွေ း စွ န်း ဖူးပြီးသားပါ။အရင်ဆုံးအမေ့ကိုပဲပြောချင်တယ်။.. တစ်ခုခု ကျဆုံးတာပဲဖြစ်ဖြစ် ကျွန်တော်ဖြစ်ခဲ့သည်ရှိသော် အမေကျွန်တော့်ကိုဂုဏ်ယူပါ။ အကြာကြီးစိတ်မဆင်းရဲပါနဲ့။ကျွန်တော့်ကျဆုံးမှုသည် နိုင်ငံ့အချုပ် အ ခြာအာဏာ ပြည်သူ့အာဏာကိုရရှိဖို့ကြိုးပမ်းရင်းကျဆုံးခဲ့ရလို့ ကျွန်တော်သေရင် အကြာကြီးဝမ်းမနည်းပါနဲ့။.. အမေကြီးကိုလည်းမှာချင်ပါတယ်။ မြေးချစ်ရဲ့သတ္တိရဲခဲ့ကြောင်း မတော် နောင်ဘဝပြန်ဆုံရင် ဒီမြေးကိုစောင့် ရှောက်ပေးပါအုန်းလို့ပြောချင်တယ်။ပြီးတော့အဖေ အဖေ့အနေနဲ့စကားတွေအများကြီးမပြောခဲ့ဖူးပေမယ့် ပတ်သက်ခဲ့သမျှသားအဖသံယောဇဉ်ကို သတိရနေပါ့မယ်။.. ကံမကုန်လည်းပြန်ဆုံကြတာပေါ့။မမနဲ့ယောက်ဖကလေးထပ်ယူကြပါ။ အားတင်းထားပါ။ လေးသူတို့မိသားစု လေးသူလည်းငြိမ်းငြိမ်းချမ်းချမ်းရှိနေပါစေ။ အန်တီငြိမ်းတို့မိသားစုနှစ်ယောက်တည်းဆိုပေမယ့် စည်းလုံးကြပါ။ ငြိမ်းချမ်းကြပါစေ။.. ဦးပေါက်တို့အန်တီကြီးတို့ကိုလည်းပြောလိုက်ပါ။ ကျန်း မာအောင် ရောဂါမဝင်အောင် […]
ကျောက်ကပ်ကြောင့် ခါးနာတာဆိုရင် ချက်ချင်းသက်သာစေမည့် မုန်လာဥဖြူ
ဟန်လေးကို မြန်မာပြည်ပြန်မလွတ်သေးဘဲ TOP5နဲ့အလှမယ်များအတူထိုင်းမှာနေခွင့်ပေးမည်ဖြစ်ပြီး RUNNER UPအလှမယ်များပြန်ခဲ့ရင်…..
ဝမ်းသာစရာသီတင်းကောင်းတခုပါ ဟန်လေးကို မြန်မာပြည်ပြန်မလွတ်သေးဘဲ Top5နဲ့အလှမယ်များအတူထိုင်းမှာနေခွင့်ပေးမည်ဖြစ်ပြီး Runner Upအလှမယ်များပြန်ခဲ့ရင် Winnerရရှိသူ USAအလှမယ်နဲ့အတူနေခဲ့ရမှာ ဖြစ်ပါတယ် 30.3.2021 ရက်နေ့မှာလည်း လည်း Phuket ကိုTop5အလှမယ်များနှင့်အတူ ယခင်Winnerဟောင်း Valentina တိုနှင့်အတူ သွားရောက်လည်ပတ်ခွင့်ရမှာဖြစ်ပါတယ် အလှမယ်ဟန်လေးအတွက် Managerတစ်ဦးလည်းစီစဉ်ပေးထားပြီဖြစ်ပါတယ် အလုပ်များဆက်သွယ်လိုပါက( k.vanny+66988419789) ယခုလိုစီစဉ်ပေးသော ထိုင်းနိုင်ငံအခြေစိုက်Miss Grand International Familyအားကျေးဇူးအထူးပင်တင်ရှိပါတယ် #Missosolgy #MissosologyMyanmar #missmyanmar #hanlay #MissGrandMyanmar2020 unicode ဝမ်းသာစရာသီတင်းကောင်းတခုပါ ဟန်လေးကို မြန်မာပြည်ပြန်မလွတ်သေးဘဲ Top5နဲ့အလှမယ်များအတူထိုင်းမှာနေခွင့်ပေးမည်ဖြစ်ပြီး Runner Upအလှမယ်များပြန်ခဲ့ရင် Winnerရရှိသူ USAအလှမယ်နဲ့အတူနေခဲ့ရမှာ ဖြစ်ပါတယ် 30.3.2021 ရက်နေ့မှာလည်း လည်း Phuket ကိုTop5အလှမယ်များနှင့်အတူ ယခင်Winnerဟောင်း Valentina တိုနှင့်အတူ သွားရောက်လည်ပတ်ခွင့်ရမှာဖြစ်ပါတယ် အလှမယ်ဟန်လေးအတွက် Managerတစ်ဦးလည်းစီစဉ်ပေးထားပြီဖြစ်ပါတယ် အလုပ်များဆက်သွယ်လိုပါက( k.vanny+66988419789) […]