MESSAGE လေးတစ်စောင်ကြောင့် ပြုံးလဲ ပြုံးခဲ့ဖူးသလို ငိုလဲငိုခဲ့ရဖူးတယ် message လေးတစ်စောင်ကြောင့် ပြုံးခဲ့ဖူးသလို message လေးတစ်စောင်ကြောင့် ရီခဲ့ဖူးတယ် ။ တကယ်ကို အရူးလိုပါပဲ ။ အရာရာကို ရင်ဘတ်ကြီးနဲ့ ခံစားတတ်တဲ့ ကျွန်မက နေရာတကာမှာ ထိလွယ် ရှလွယ်ပါတယ် ။ လူတစ်ယောက်ရဲ့ ရင်ဝကို စောင့်ကန်ခံလိုက်ရတဲ့အခါ အဲ့ဒီအကန်ခံလိုက်ရတဲ့ လူတစ်ယောက်ရဲ့ အရှိုက်တည့်တည့်ကို အားပြင်းရင် ပြင်းသလို အသက်ရှုရခက် မတ်တပ်ရပ်ရခက် ထိုင်ရခက်ဆိုပြီး ဖြစ်တတ်တယ် ။ ဒီတစ်ခါ ကိုယ်ကိုယ်ကိုယ်တိုင် အကန်ခံရတာမဟုတ်ပဲ Message လေးတစ်စောင့်ကြောင့် အရှိုက်ထိခံခဲ့ရဖူးတာကို ပြန်ပြောပြပါမှာ မျှော်နေတဲ့အခါ … ဝင်လာတဲ့ message လေးတွေဟာ တကယ်ကို ကြည်နူးစရာပါ ။ နေမကောင်းဖြစ်တဲ့အခါ နေကောင်းအောင်နေပါ ဆိုတဲ့စာသားလေးက နွေးထွေးစရာ […]
Day: April 11, 2021
တချို့လူတွေက ကိုယ့်အနားက ယူဖို့သက်သက် လူဖြစ်လာတာပါ
တချို့လူတွေက ကိုယ့်အနားက ယူဖို့သက်သက် လူဖြစ်လာတာပါ ကိုယ်ပေးနိုင်တဲ့အရာတွေ ရှိတဲ့အခါ အသွားအပြန်တွေ အလျားအနံတွေ မတွက်ပဲ စိတ်သန့်သန့်နဲ့သာ ပေးတတ်အောင် ကြိုးစားပါ ။ လူတိုင်းက ကိုယ့်လို ပြန်ပြီးသိတတ်ကြတာမဟုတ်ဘူး ။ ယူဖို့ပဲ တတ်ကြတာလေ ။ မေတ္တာတွေ စစ်မှန်ရင် …ရောင်ပြန်ဟပ်တတ်တယ်တဲ့ ဒါပေမယ့် အဲ့လိုလူဆီကနေတော့ ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူးလေ ။ သံသရာတစ်ကွေ့မှာတော့ … ကိုယ်ပေးခဲ့တဲ့ စေတနာတွေအတွက် ထိုက်တန်တဲ့အရာတွေ ပြန်ပြီးရလာပါလိမ့်မယ် ။ လူတွေက … အရှုံးပေးရင် ပိုပြီးနင်းချင်ကြတယ် ပိုပြီး အနိုင်ယူချင်ကြတယ် ။ ပေးမှန်းသိရင် … ပိုပြီးလိုချင်ကြတယ် ပိုပြီးယူတတ်ကြတယ် ။ လူချင်းတူကြပေမယ့်လဲ သူတို့က ပြန်ပြီးပေးရမယ်ဆိုတဲ့ စိတ်တွေ မွေးကတည်းက မပါတတ်ကြဘူးလေ ။ ကိုယ်ပေးနိုင်တဲ့အရာရှိရင် […]
တကယ့်စစ်မှန်တဲ့ မေတ္တာဆိုတာ နှောင်ကြိုးတွေမပါဘူး
တကယ့်စစ်မှန်တဲ့ မေတ္တာဆိုတာ နှောင်ကြိုးတွေမပါဘူး ကိုယ်က သူ့ကိုချစ်တယ်ဆိုပြီးတော့ အကျိုးရှိအောင် လုပ်ပြီးတော့ သူ့ဆီက တစ်စုံတစ်ခု ပြန်ရဖို့အရေးကို လုံး၀ မျှော်လင့်ချက်မထားဘူး။ တချို့ကတော့လည်း သူတစ်ပါးအတွက် အနစ်နာခံပါတယ် ဆိုပြီးတော့ သူတပါးရဲ့ဘဝကို အပိုင်စီးထားတာတွေ ရှိတယ်။ သတိထားကြည့်ရင် တွေ့လိမ့်မယ်။ ” ငါ နင်တို့အတွက် အနစ်နာခံရတာ၊ နင်တို့ကို ကယ်တင်ထားရတာ၊ နင်တို့အတွက် အနစ်နာခံထားရတာမို့လို့ ငါပြောတဲ့စကားကို နင်တို့ တသွေမတိမ်းလိုက်နာရမယ်။ နင်တို့ဉာဏ်နဲ့နင်တို့ မစဉ်းစားနဲ့တော့၊ ငါပြောတာ၊ ငါလုပ်ပေးတာကို လက်ခံလိုက်၊ ခေါင်းငြိမ့်လိုက်၊ ငါက ကောင်းတယ်ဆိုရင် ကောင်းတယ်လို့ပဲ ယူဆတော့၊ ငါက မကောင်းဘူးဆိုရင် မကောင်းဘူးလို့ဘဲ ယူဆလိုက်တော့။ ငါက နင်တို့ကို ကယ်တင်ထားရသည့်အတွက်ကြောင့် နင်တို့ဘဝနဲ့ ပတ်သက်ပြီး အစစအရာရာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။” လို့ […]
အကြောင်းပြချက်မဲ့ ချစ်ခဲ့တာမို့ အကြောင်းပြချက်မပါ နှုတ်ဆက်ခဲ့တာလည်း အရိုးသားဆုံးအဆုံးသတ်ပါ
အကြောင်းပြချက်မဲ့ ချစ်ခဲ့တာမို့ အကြောင်းပြချက်မပါ နှုတ်ဆက်ခဲ့တာလည်း အရိုးသားဆုံးအဆုံးသတ်ပါ နှုတ်ဆက်ဖို့အရာရာက လုံလောက်ခဲ့ပြီမို့ ပေါ့ပေါ့ပါးပါးကိုယ်ထွက်လာခဲ့တယ်။ ပေးခဲ့သမျှအမှတ်တရတိုင်းက သူ့အတွက်ခဏတာလုံလောက်ခဲ့သလို ပြန်ရလိုက်တဲ့ဥပေက္ခာတွေက နောက်ထပ်လှည့်ပြန်စရာမလိုအောင် လုံလောက်ခဲ့ပြီပါလေ။ ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်လည်း ကိုယ်မေးဖို့မလိုတော့သလို မင်းမသိချင်တဲ့အကြောင်းပြချက်တွေလည်း ကိုယ်မပေးဖြစ်တော့ဘူး။ ကိုယ်မပျော်တော့ဘူးပဲဆိုပါတော့ ကိုယ်ငြီးငွေ့သွားပြီပဲထားပါတော့ ကိုယ်စိတ်ကုန်သွားပြီလို့ပဲမြင်ပါတော့။ မရလိုက်တဲ့အရာတွေကတန်ဖိုးကြီးတတ်တယ်ဆိုကြပေမဲ့ ကိုယ်ပေးခဲ့အရာတွေ ထက်တန်ဖိုးမပိုနိုင်တာမို့ ပြန်တမ်းတရအောင်တော့ မလိုတော့တာအမှန်ပါ။ အကြောင်းပြချက်မဲ့ ချစ်ခဲ့တာမို့ အကြောင်းပြချက်မပါ နှုတ်ဆက်ခဲ့တာလည်း အရှိးသားဆုံးအဆုံးသတ်ပါ။ #မီမို Credit Unicode အကြောင်းပြချက်မဲ့ ချစ်ခဲ့တာမို့ အကြောင်းပြချက်မပါ နှုတ်ဆက်ခဲ့တာလည်း အရိုးသားဆုံးအဆုံးသတ်ပါ နှုတ်ဆက်ဖို့အရာရာက လုံလောက်ခဲ့ပြီမို့ ပေါ့ပေါ့ပါးပါးကိုယ်ထွက်လာခဲ့တယ်။ ပေးခဲ့သမျှအမှတ်တရတိုင်းက သူ့အတွက်ခဏတာလုံလောက်ခဲ့သလို ပြန်ရလိုက်တဲ့ဥပေက္ခာတွေက နောက်ထပ်လှည့်ပြန်စရာမလိုအောင် လုံလောက်ခဲ့ပြီပါလေ။ ဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်လည်း ကိုယ်မေးဖို့မလိုတော့သလို မင်းမသိချင်တဲ့အကြောင်းပြချက်တွေလည်း ကိုယ်မပေးဖြစ်တော့ဘူး။ ကိုယ်မပျော်တော့ဘူးပဲဆိုပါတော့ ကိုယ်ငြီးငွေ့သွားပြီပဲထားပါတော့ ကိုယ်စိတ်ကုန်သွားပြီလို့ပဲမြင်ပါတော့။ မရလိုက်တဲ့အရာတွေကတန်ဖိုးကြီးတတ်တယ်ဆိုကြပေမဲ့ […]
လျှပ်စီးလက်ခြင်း မိုးထစ်ချုန်းခြင်း မိုးကြိုးပစ်ခြင်းများရှိနိုင်
ကိုယ့်တန်ဘိုးကို သူများဆီမှာ မသွန်ချပါနဲ့
ကိုယ့်တန်ဘိုးကို သူများဆီမှာ မသွန်ချပါနဲ့ ဒီလူက ကိုယ့်ကို ဒီလိုပြောလို့ကိုယ်ကလိုက်ပြီး ဒီလိုပြောရလားလို့၊တုံ့ပြန်လိုက်တယ်၊ ဟိုလူက ဟိုလိုပြောလို့ ဘာလို့ဟိုလိုပြောရလဲဆိုပြီးလိုက်တုံ့ပြန်လိုက်တယ်၊ ဒီလိုလုပ်ခြင်းဟာမပြီးနိုင်တဲ့ သံသရာကို ချဲ့ထွင်ဖို့ကြိုးစားနေတာနဲ့တူပါတယ်။ ကိုယ်တုံ့ပြန်ဖို့စဉ်းစားတဲ့အခါမှာပဲဖြစ်ဖြစ်၊ တုံ့ပြန်လိုက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ကိုယ့်စိတ်ဆင်းရဲနေရမှာအမှန်ပါပဲ။ ပတ်သက်စရာမကောင်းတဲ့သူကို သွားတုံပြန်လိုက်ခြင်းဟာလည်း စိတ်ဆင်းရဲဖို့ ပတ်သက်လိုက်တာတစ်မျိုးပါပဲ။ အော်ဒီလူက ဒီလိုပြောတတ်ပါလား၊ဟိုလူကဟိုလိုပြောတတ်ပါလား၊ ကိုယ့်စိတ်ထဲမှာ မှတ်သားလိုက်တယ်။ မှတ်သားတယ်ဆိုတာ ခံစားပေါက်ကွဲနေဖို့ မဟုတ်ပါဘူး။ သူက ဒီအတိုင်းပြောတတ်တဲ့သူတစ်ယောက်ပါလား။ သူ့ကိုဝေးဝေးကရှောင်မှအကုသိုလ်ကင်းမယ်။ သူပါးစပ်ကို သူတန်ဖိုးမထားတတ်တော့ သူပြောမှာပဲလေ။ လူဆိုတာ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိကြတာပဲလေ ကိုယ်က ပြန်လည်တုံ့ပြန်လိုက်တော့ ကိုယ့်တန်ဖိုးကိုသူ့ဆီမှာ သွားသွန်ချတာနဲ့တူနေမှာပေါ့။ ကိုယ်လည်းကိုယ့်တန်ဖိုးနဲ့ကိုယ် အေးအေးချမ်းချမ်းနေတာပဲကောင်းပါတယ်လေ ဆိုပြီး၊ သူတို့အဆင်ပြေကြပါစေ။ ကိုယ့်တန်ဖိုးကလည်း သူများပါးစပ်ဖျားမှာ ရှိနေတာမဟုတ်လေတော့ လိုတစ်မျိုး၊မလိုတစ်မျိုးပြောတဲ့သူတွေရဲ့ စကားကို သံယောင်လိုက် တုံပြန်နေရင်အမုန်းသံသရာရှည်တာကလွဲပြီး ဘာအကျိုးထူးမှာလဲဆိုတဲ့ စိတ်ထားလေးတွေ မွေးနိုင်ရင်။ ကိုယ့်ဘဝနဲ့ကိုယ်အေးချမ်းမှာ အမှန်ပါပဲ။ […]
တော်လည်းတော် ချောလည်း ချောတဲ့ ကောင်မလေးတွေ ရည်းစားမရှိရတဲ့ အကြောင်းအရင်းများ
တော်လည်းတော် ချောလည်း ချောတဲ့ ကောင်မလေးတွေ ရည်းစားမရှိရတဲ့ အကြောင်းအရင်းများ ဒီနေ့လို ခေတ်မျိုးမှာ ကိုယ်စီ ကိုယ်စီ ရည်းစားတွေ ရှိနေကြပါတယ်။ အရွယ်ရောက်လာတဲ့ ဆယ်ကျော်သက်အချိန်ကနေ လူငယ်အရွယ်တွေ အသီးသီးမှာ ကိုယ်စီ ချစ်ရသူတွေနဲ့ လက်တွဲနေကြချိန်မှာ တစ်ချို့မိန်းကလေးတွေ ကတော့ တစ်ကိုယ်တည်းပဲ single အဖြစ်နဲ့ ရှိနေကြပါတယ်။ သူများတွေနဲ့ မတူဘဲ Single ဖြစ်နေတာက သူများတွေနဲ့ မတူတဲ့ အခြေအနေမျိုးတွေ သူတို့မှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ သူတို့တွေကတော့ ဒီအကြောင်းအရင်းတွေကြောင့် Single ဖြစ်နေတာပဲ ဖြစ်ပါတယ်။ (၁) ရည်းစားရှိတယ်လို့ အထင်ခံရလို့ ချောတဲ့ ကောင်မလေးတွေ အများစုကတော့ သူတို့ကို ရည်းစားရှိတယ်လို့ အမြဲ အထင်ခံရလေ့ ရှိပါတယ်။ သူတို့ကို ရည်းစား ရှိမယ်လို့ ယူဆကြလို့ […]
ချစ်ခြင်းဖြင့်သာ ချည်ခဲ့တာပါ
ချစ်ခြင်းဖြင့်သာ ချည်ခဲ့တာပါ လူတစ်ယောက်ကို ချစ်မိလာတာနဲ့အမျှ အနောက်မှာ ပိုင်ဆိုင်ချင်တဲ့ အတ္တတွေ ကပ်ပြီးပါလာတတ်တာ သဘာဝတွေထဲက သဘာဝတစ်ခုပါ ။ ဒီအထဲမှာမှ ပိုပြီး ချစ်မိတဲ့သူ ပိုပြီး အဆုံးရှုံးမခံနိုင်တာက ပိုပြီးသာတာပေါ့ အချစ် . . . ပေးဆပ်ခြင်းလို့ အဓိပ္ပါယ်ဖြစ်ကြတဲ့ သူတွေလဲ ရှိတယ် ။ သူ သိသည်ဖြစ်စေမသိဘူးဖြစ်စေ ချစ်နေရခြင်းကသာ အချစ် လို့ ခေါင်းစဉ်တပ်ကြတဲ့ သူတွေလဲ ရှိတယ် ။ ကျွန်မ ခံယူချက်တော့ အတ္တ နဲနဲဆန်ကော ဆန်နိုင်ပါတယ် ။ သို့သော် . . . ကိုယ်ချစ်ရ ကြင်နာရတဲ့ သူကို ဘဝထဲက ထွက်မသွားစေချင်တာတော့ လူတိုင်းနဲ့ ခံစားချက်ချင်းတူမှာပါ ။ ဒါပေမယ့် ကျွန်မ […]
အရမ်းချစ်တတ်ပေမဲ့ အချစ်ရေးကံမကောင်းရတဲ့ အကြောင်းရင်းမှာ…
အရမ်းချစ်တတ်ပေမဲ့ အချစ်ရေးကံမကောင်းရတဲ့ အကြောင်းရင်းမှာ… သင့်အနေနဲ့ အရမ်းချစ်တတ်ပေမယ့် အချစ်ရေးကံမကောင်းခဲ့ဖူးဘူးဆိုရင် အဲ့ဒါဟာ ဒီအချက်တွေကြောင့်ဖြစ်ပါလိမ့်မယ်။ ဟုတ်၊ မဟုတ် ဆန်းစစ်ကြည့်လိုက်နော်။ (၁) ပုံပြင်တွေကိုယုံနေတယ် ပုံပြင်ထဲကလို သင့်ကို လုံးဝနားလည်ပြီး အချစ်ကြီးချစ်နိုင်မယ့်သူမျိုးရှိလိမ့်မယ်လို့ မျှော်လင့်နေတတ်တယ်။ ပုံပြင်တွေထဲကလို အခက်အခဲတွေအားလုံးကို ကျော်လွှားပြီး ပျော်ရွှင်စွာပေါင်းဖက်ကြလေသတည်းဆိုတဲ့ အဆုံးသတ်မျိုးကိုမျှော်လင့်နေတယ်။ ဒီလိုမျိုး စိတ်ကူးယဉ်လွန်းနေတော့ လက်တွေ့ဘဝမှာ တွေးထားသလိုမဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို အချစ်ရေးကံမကောင်းဘူးလို့ ထင်လာပါတော့တယ်။ (၂) ဂရုစိုက်တတ်လွန်းတယ် ကိုယ့်ချစ်သူကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့ သူ့ရဲ့အရာရာကို ဂရုတစိုက်ရှိလွန်းတာ၊ အသေးစိတ်ကအစဂရုစိုက်ပေးလွန်းတဲ့အခါ ကြာလာရင် သူ့ဘက်က ဒါတွေကို တန်ဖိုးမထားတော့ဘဲ သင့်အပေါ်မှာ ပစ်ပစ်ခါခါလုပ်လာပါလိမ့်မယ်။ ဒါကြောင့် အဆုံးမှာ ကိုယ့်ကိုယ်ကိုအရှုံးသမားတစ်ယောက်အဖြစ်မမြင်ချင်ရင် တော်ရုံပဲဂရုစိုက်ပေးတတ်ဖို့လိုပါတယ်…. (လုံးဝဂရုမစိုက်ဖို့ပြောတာမဟုတ်ဘူးနော်) (၃) အသေးစိတ် ခံစားနေတယ် အချစ်ရေးဆိုတာ အဆင်ပြေတာလည်းရှိသလို၊ အဆင်မပြေတာလည်းရှိပါတယ်၊ ဒါကြောင့် […]
ဆေးဖက်ဝင်တဲ့ ပျဉ်းတော်သိမ်
ဆေးဖက်ဝင်တဲ့ ပျဉ်းတော်သိမ် ရုက္ခဗေဒ အမည် – Clausena excavata Burm. စာဖတ်သူတွေ အနေနဲ့တော့ ပျဥ်းတော်သိမ်နဲ့ စိမ်းကြမယ်လို့ မထင်ပါဘူး။ ပျဥ်းတော်သိမ်ဟာ အပင်ငယ်တစ်မျိုး ဖြစ်ပြီး ၁၀ ပေ ဝန်းကျင်လောက်အထိ ကြီးထွားနိုင်ပါတယ်။ အာရှဒေသမှာရှိတဲ့ နိုင်ငံအများစုမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပါတယ်။ သြစတြေးလျနဲ့ အာဖရိကဒေသ အချို့မှာလည်း ပေါက်ရောက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ နေရာဒေသ တော်တော်များများမှာ တွေ့ရတဲ့ အပင်ဖြစ်ပါတယ်။ အပင်မှာ အဓိကအသုံးပြုရတဲ့ အစိတ်အပိုင်းကတော့ အရွက်ဖြစ်ပြီး ဟင်းချက်ရာမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ်နဲ့ ထည့်သွင်း အသုံးပြုကြပါတယ်။ အထူးသဖြင့် အသားဟင်းတွေ၊ ပဲဟင်းနဲ့ သားသတ်လွတ်ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိပါတယ်။ ပျဥ်းတော်သိမ်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ကျောက်ကပ်ကျန်းမာရေးကောင်းမွန်စေခြင်း မိသားစုထဲမှာ ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ […]