သစ္စာမဖောက်ရုံနဲ့ ပြီးပြီလား? သစ္စာမဖောက်ရုံနဲ့ ပြီးပြီလား?တချို့တွေက တွေးတတ်ကြတယ်။ကိုယ်သည် သစ္စာမဖောက်ဘူး။ အပျော်အပါး လွန်လွန်ကြူးကြူး လိုက်စားနေတာမရှိဘူး။အချိန်တန်ရင်ယူမယ်။ ဒီလောက်ဆိုရပြီ။ အခြေအနေတွေက ဒီတိုင်းပဲ ဆက်သွားနေပြီး သူတစ်နေ့ကျ ကိုယ့်ကို မလွဲမသွေ ယူမှာပဲ။သူနဲ့ကိုယ် ပေါင်းစည်းရမှာပဲ ထင်ကြတယ်။ တကယ်တော့သမီးရည်းစားလင်မယားဆက်ဆံရေးဆိုတာဒီ့ထက်ပို နက်နဲပါတယ်။ ဆိုးတာတွေမရှိနေရင်ပြီးရောမဟုတ်။ကောင်းတာတွေပါလုပ်ပြတတ်ရပါတယ်။ လူနှစ်ယောက် relationship တစ်ခုတည်ဆောက်တယ်ဆိုတာ အချိန်တန်ယူဖို့ လူကြိုရှာထားတာမျိုးချည်းပဲ မဟုတ်ပါဘူး။ သူဟာကိုယ့်အပေါ် ကောင်းမွန်တဲ့စိတ်ထားနဲ့ လုပ်ရပ်ရှိမရှိ။ ကိုယ့်အပေါ် ဘယ်လောက်စိတ်ထည့်ထားလဲ မထည့်ထားဘူးလား။ဘယ်လောက်တန်ဖိုးထားသလဲ။ ဘယ်လောက်ဂရုစိုက်သလဲ။တစ်ဖက်လူက တောက်လျှောက် အမှတ်ပေးအကဲဖြတ်နေတာပါ။ နောက်တစ်ယောက်နဲ့ မကြူဘူး။ဒါပေမယ့် ကိုယ့်ကိုလဲ ဂရုမစိုက်ဘူး။ အပြစ်တွေတော့ ဘာမှသိပ်မလုပ်ဘူး။ဒါပေမယ့် တနေကုန်လို့ ph တစ်ကောမဆက်ဘူး။ ကိုယ့်ဘဝသာယာနေချိန် အတူ ရယ်မောပေမယ့်အမှောင်ဖုံးနေချိန်ကျ မားမားမတ်မတ် ရပ်တည်မပေးဘူး။ ဘာအရေးကြုံကြုံ သူရှိတာပဲဆိုတဲ့ အားကိုးယုံကြည်မှုမျိုးကို မဖြစ်စေဘူး။ […]
Month: April 2021
လွမ်းတာရှိရင် နာတာလေးနဲ့ဖြေဆိုတာ အမှန်ဘဲ
လွမ်းတာရှိရင် နာတာလေးနဲ့ဖြေဆိုတာ အမှန်ဘဲ မလွမ်းဘူးမဟုတ်ဘူး လွမ်းတယ် သတိမရတာ မဟုတ်ဘူး မရအောင်နေတာ မတွေ့ချင်တာ မဟုတ်ဘူး တွေ့ဖို့မှ မဖြစ်နိုင်ကြတာ အဲ့တော့ ကိုယ့် ဘဝနဲ့ကိုယ် အတတ်နိုင်ဆုံး အဆင်ပြေအောင် နေနေရမယ် ကိုယ်ကလည်း သူ့အပေါ်မှားတာ ရှိခဲ့ဖူးသလို သူကလည်း ကိုယ့်အပေါ် နာကျင်အောင် လုပ်ခဲ့ဘူးတယ် မပတ်သတ်တော့ဘူးလို့ ဆုံးဖြတ်ချက် ချခဲ့ရင်တောင် မေ့ပစ်လိုက်တာမျိုး မဟုတ်ဘူး မေ့လို့ မရခဲ့ ချစ်ခဲ့ကြတာကိုး တစ်နေ့ သူ့wallထဲ အခါ ၁၉၆ခါမက ရောက်ဖြစ်တယ် ဘယ်သူဘယ်လို cmtရေးတယ် ဘယ်သူ့ကိုတော့ ဘယ်လိုreactပြန်ပေးတယ် စသဖြင့်ပေါ့ အကုန်ကြည့်ဖြစ်တယ် Hiလို့ရေးပီး ပြန်ပြန်ဖျက်ခဲ့တဲ့ messagesတွေက လည်းမနည်းခဲ့ သူတင်တဲ့ My dayမှာ Othersတွေထဲက တစ်ယောက်ကလည်း ကိုယ်မပါမဖြစ် ကိုယ့်မှာလည်း […]
ဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့
ဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့ လူတိုင်းကတော့ လှတာာမက်တာပါပဲ။ အထူးသဖြင့် ယောကျ်ားလေးတွေက လှတာလေးတွေ၊ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ပိုသဘောကျပါတယ်။ တကယ်တမ်း လက်တွဲမယ့် မိန်းကလေးတစ်ယောက်ဟာ လှနေဖို့လိုအပ်သလားဆိုရင် သူတို့ကတော့ လိုတယ်လို့ပဲဖြေမှာပါပဲ ။ လှတာထက် ဒီလိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကိုတော့ မင်းလက်မလွှတ်သင့်ပါဘူးတဲ့။ သူတို့က တကယ်ပဲ မင်းဘဝအတွက်အထောက်ကူဖြစ်စေမယ့် ၊ လမ်းပြပေးနိုင်မယ့် မိန်းမကောင်းတွေ ဖြစ်နေလို့ပါပဲ ။ ပျော်ရွှင်မှုတွေပေးနိုင်သူ မင်းချစ်တဲ့လူက ပျော်ရွှင်မှုတွေ ပေးနိုင်မယ် ထင်လား။ ပေးခဲ့ရင်လည်း ခဏပါပဲ။ ကိုယ်ကချစ်ပေမယ့်ထင်သလောက် မပျော်ရတဲ့ အချိန်တွေရှိမှာပါ။ အဓိက သူနဲ့ကိုယ်ကြားမှာ စိတ်ချမ်းသာစရာကိစ္စတွေပေးစွမ်းနိုင်တဲ့ မိန်းကလေးမျိုးပေါ့ ။ သူ့ကိုတွေ့လိုက်တာနဲ့ အေးချမ်းသွားတာမျိုးပေါ့။ ဒီလိုခံစားချက်မျိုးမိန်းကလေး တိုင်းပေးနိုင်မှာ မဟုတ်ပါဘူး။ မင်းအတွက် စစ်မှန်တဲ့ […]
အချစ်ရေးမှာ ဆရာကျချင်ရင် ဒီ(၉)ချက် သိထားဖို့လိုမယ်
အချစ်ရေးမှာ ဆရာကျချင်ရင် ဒီ(၉)ချက် သိထားဖို့လိုမယ် အချစ်ရေးကိစ္စတွေကို အထာကျကျ ဆရာကျကျ ရင်ဆိုင်ကျော်ဖြတ်နိုင်စေဖို့…။ ၁။ အကန့်အသတ်မရှိတဲ့ ချစ်ခြင်းတွေကို ထုတ်ဖော်ပြသပါ။ နေ့ရက်တိုင်းမှာ အကောင်းဆုံးချစ်ပါ။ ၂။ နှလုံးသားကို မကစားမယ့် ကတိသစ္စာတည်တဲ့ လူမျိုးအပေါ်မှာပဲ ခံစားချက်တွေကို ရင်းနှီးမြှုပ်နှံပါ။ ၃။ ကိုယ့်ကို တကယ်ချစ်မြတ်နိုးပြီး အလေးပေးဂရုစိုက်တဲ့သူတွေအတွက် ဘဝအတွက်အချိန်ပေးပါ။ ၄။ အခြားလူတွေရဲ့ အချစ်ရေးနဲ့ ကိုယ့်ရဲ့အချစ်ရေးကို နှိုင်းယှဉ်နေတာမျိုးကို ရှောင်ကြဉ်ပါ။ ချစ်သူရဲ့ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်ပါ။ ၅။ မာနကို Relationship ထက်ပိုပြီး နေရာပေးတာမျိုးကို ရှောင်ကြဉ်ပါ။ ပြဿနာဖြစ်လာတဲ့အခါ မေတ္တာတရားကို ရှေ့ထားပြီး ဖြေရှင်းပါ။ ၆။ ချစ်သူရဲ့ လိုအပ်ချက်တွေကို မြင်ပြီး ကူညီပေးနိုင်ဖို့ ကြိုးစားပါ။ အလိုက်သိတတ်ခြင်းဟာ ချစ်ခြင်းရဲ့ အခြေခံသဘောတရားဖြစ်တယ်ဆိုတာကို သိထားပါ။ ၇။ […]
အရေပြားဆရာဝန်တွေအကြံပေးထားတဲ့ ပျိုမေတို့အတွက် အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက် (၆)ချက်
အရေပြားဆရာဝန်တွေအကြံပေးထားတဲ့ ပျိုမေတို့အတွက် အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက် (၆)ချက် အကြံပေးထားတဲ့ အသားအရေ ထိန်းသိမ်းနည်း လျှို့ဝှက်ချက်လေးတွေဖြစ်လို့ ကွက်တိ ပဲနော်။ ဒီနည်းလမ်းလေးတွေ အတိုင်း လိုက်နာပေးခြင်းဖြင့် ကျန်းမာပြီး လှပတဲ့အသားအရေလေးကို ရရှိမှာဖြစ် ပါတယ် ။ (၁) ကောင်းမွန်စွာဆေးကြောပါ မျက်နှာသစ် တဲ့အခါ ပြင်းထန်တဲ့ ဓာတုပစ္စည် းပါတဲ့ မျက်နှာသစ်ဆပ်ပြာတွေကို မသုံးပါနဲ့ ။ အသားအရေကို အတွင်းပိုင်းအထိ အစိုဓာတ်ဖြည့်ပေး နိုင်တဲ့ မျက်နှာသစ်ဆေးမျိုးကို အသုံးပြုပေးပါ ။ (၂) Sunscreen များများလိမ်းပါ Sunscreen လိမ်းတဲ့အခါ နည်းနည်းလေးပဲ မလိမ်းပါနဲ့။ ထူထူနဲ့ များများလေး လိမ်းပေး လိုက်ပါ။ ဒါမှအသားအရေ ရဲ့ အတွင်းပိုင်း ၂လွှာလောက် အထိစိမ့် ဝင်ပြီး နေရောင်ခြည်ဒဏ်ကို ပိုကာ […]
မနက်မိုးလင်းတိုင်း ကိုယ့်ကိုယ်ကို ပြန်သတိပေးနေသင့်တဲ့ အချက် (၅) ချက်
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မနက်အိပ်ယာနိုးတာနဲ့ တစ်နေ့ခင်းလုံး ရုန်းကန်လှုပ်ရှားဖို့ရာ အားအင်ပြည့်ဝအောင်လို့ မနက်မိုးလင်းတိုင်း ကိုယ့်ကိုယ်ကို စိတ်အားတင်းပြီး ဆုံးဖြတ်ထားသင့်တာမျိုးတွေ ရှိနေပါတယ်။ အဲဒါတွေကတော့.. (၁) မိမိသည်သာအရေးကြီးဆုံး။ အနစ်နာခံတာ၊ သူများကို ကူညီတာဟာ ကောင်းတဲ့လုပ်ရပ်ပေမယ့်လို့ ကိုယ်အခက်အခဲဖြစ်ပြီး ဒုက္ခရောက်အောင်တော့ လုံးဝမလုပ်မိအောင် သတိထားပါ။ ငြင်းသင့်ရဲ့ငြင်းမယ်၊ ပြန်ခုခံသင့်ရင် ခုခံမယ်။ မိမိ သည်သာ အရေးအကြီးဆုံးပါပဲ။ (၂) ကိုယ့်ကိုယ်ကို ပျော်အောင်ထားမယ်။ ဘဝမှာနေရသမျှ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့လိုပါမယ်။ သင့်ကိုယ်သင်သင် ပျော်ရွှင်အောင် တစ်နေ့တာလုံးထားနိုင်ခြင်းဟာ နေ့တိုင်းအတွက် အောင်မြင်မှုလေးတွေပါပဲ။ သင့်ရဲ့ပျော်ရွှင်မှုဟာ သင့်လက်ထဲမှာပဲရှိပါတယ်။ ဘယ်သူ့အပေါ်မှာမှ သင့်ရဲ့ပျော်ရွှင်မှုကို ပုံအပ်မထားပါနဲ့။ (၃) ဘာမဆိုဆို အကောင်းဆုံးကျော်ဖြတ်နိုင်ရမယ်။ ပြဿနာတိုင်းကိုဖြေရှင်းနိုင်ဖို့ဆိုတာ စိတ်ခွန်အားလည်း လိုအပ်ပါသေးတယ်။ ဒီနေ့တစ်နေ့လုံးမှာ ဘယ်လိုကိစ္စတွေပဲ ကြုံလာရ ကြုံလာရ သင့်အနေနဲ့ […]
သင်လုံးဝ သိဦးမှာမဟုတ်တဲ့ အနမ်းပေးခြင်းရဲ့ ကောင်းကျိုးများ
သင်လုံးဝ သိဦးမှာမဟုတ်တဲ့ အနမ်းပေးခြင်းရဲ့ ကောင်းကျိုးများ အနမ်းဆိုတာ တစ်ဦးနဲ့တစ်ဦးအရေပြားချင်းထိတွေ့လိုက်ရုံ တစ်ခုတည်းတ်ငမဟုတ်ပါဘူး။ အနမ်းတစ်ပွေ့ကြောင့် လူသားတွေရဲ့ ခန္ဓာကိုယ်ကျန်းမာရေးတင်သာမကဘဲနဲ့ စိတ်ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေတယ်ဆိုတာ သိပါသလား။ ဘာတွေများဖြစ်မလဲ ကြည့်လိုက်ရအောင်။ (၁) အရေးအကြောင်းအတွက် အလုပ်လုပ်စရာမလိုတော့ဘူး။ အနမ်းပေးခြင်းဟာ မျက်နှာကြွက်သားများအတွက် အကျိုးဖြစ်စေပါတယ်တဲ့။ ဒါကိုတော့ American Journal of Medicine ဂျာနယ်မှာ ဖော်ပြထားတာပါ။ အနမ်းတစ်ကြိမ်ပေးလိုက်ခြင်းဟာ မျက်နှာကြွက်သား ၂၄ ခုနဲ့ postural ကြွက်သား ၁၁၂ ခုတို့ကို အလုပ်လုပ်စေတဲ့အတွက်ကြောင့် မျက်နှာအတွက်သီးသန့် နုပျိုအဆီကျအောင် ယောဂလေ့ကျင့်လန်းတွေကို သီးသန့်လုပ်စရာမလိုတော့ပါဘူး။ (၂) အသားအရေအတွက် ကောင်းကျိုးပေးတယ်။ အနမ်းပေးတဲ့အခါ ရှက်ပြီးတော့ မျက်နှာပူလာခြင်းဟာ မျက်နှာအသားအရေအတွက် သွေးလှည့်ပတ်မှုကိုအားကောင်းစေလို့ အသားအရေစိုပြေလှပစေပြီး glow စေပါတယ်။ ဘာကြောင့်လဲဆိုရင် သွေးလှည့်ပတ်မှုအားကောင်းစေခြင်းက collagen […]
နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ . . .
နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်တွေ . . . နဖူးကျယ်တဲ့သူလေးတွေကို သူငယ်ချင်းတွေက ပြောင်ကြီးလို့ ခေါ်ပြီး စနောက်တတ်ကြတာကြောင့် အများစုက ဆံမြိတ်လေးတွေနဲ့ နဖူးကျယ်ကျယ်တွေကို ဖုံးအုပ်ထားတတ်ကြပါတယ်။ တကယ်တော့ နဖူးကျယ်တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာရပ်ဖြစ်ပြီး နောက်ထပ် ဒီလိုထူးခြားချက်မျိုးတွေကိုလည်း ပိုင်ဆိုင်ထားတာပါနော် (၁) ကိုယ့်အားကိုယ်ကိုးတတ်တယ် သူတို့တွေဟာ တခြားသူတွေကို မှီခိုတာထက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့သူလေးတွေဖြစ်ပါတယ်။ အခက်အခဲနဲ့ကြုံတွေ့ရတဲ့အချိန်မှာ ကိုယ်တိုင်ကြိတ်ဖြေရှင်းနေတတ်ပြီး တခြားလူတွေကိုအကူအညီတောင်းဖို့ ဝန်လေးတတ်တဲ့သူတွေပါ။ (၂) လွယ်လွယ်နဲ့မပြိုလဲတတ်ဘူး တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် မရရအောင်လုပ်တတ်တယ်၊ ဘယ်လိုအတိုက်အခိုက်မျိုးတွေနဲ့ပဲကြုံရပါစေ လွယ်လွယ်နဲ့ပြိုလဲမသွားဘဲ ကြံ့ကြံံ့ခံနိုင်တဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့သူလေးတွေလည်းဖြစ်ကြပါတယ်။ (၃) ကန့်သတ်ချုပ်ချယ်တာကိုမုန်းတယ် လွတ်လပ်တာကိုကြိုက်တယ်၊ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တတ်တယ်၊ ကိုယ့်ကို ကန့်သတ်ချုပ်ချယ်တာမျိုးကို လုံးဝလက်ခံမှာမဟုတ်တဲ့သူတွေပေါ့။ (၄) တော်တဲ့သူတွေ နဖူးကျယ်တဲ့သူတွေရဲ့ […]
အမျိုးသားတိုင်းသိထားသင့်တဲ့ ချစ်သူကောင်းတို့ရဲ့ ကျင့်ဝတ်များ
မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ဖို့လိုသလို အလုပ်မှာလည်း ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့လိုပါတယ်။ ထို့နည်းတူစွာပဲ ချစ်သူရည်းစားဆက်ဆံရေးတစ်ခုမှာ ကောင်းမွန်တဲ့ ချစ်သူကောင်းတစ်ယောက်ဖြစ်သင့်တာပဲ မဟုတ်လား။ ဒါကြောင့်ဒီတစ်ခေါက်မှာတော့ အမျိုးသားတိုင်းလိုက်နာသင့်တဲ့ ချစ်သူကောင်းတို့ရဲ့ အမူအကျင့်လေးတွေကို ပြောပြပေးချင်ပါတယ်။ (၁) ကိုယ့်ချစ်သူက အချိန်ပေးတာကို မနှစ်သက်တဲ့ မိန်းကလေးမရှိပါဘူး။ ဒါကြောင့် သူမအတွက် အချိန်ပိုပေးပါ။ သူမကိုဘယ်လောက်လွမ်းကြောင်း စာတွေပို့နေတာထက် သူမနဲ့အတူတူရှိနေခြင်းက ပိုပြီးကောင်းတယ်ဆိုတာပြောပြပေးပါ။ (၂) မိန်းကလေးတွေက များသောအားဖြင့် ဂရုစိုက်တက်ကြပါတယ်။ သူတို့ချစ်တဲ့သူတစ်ယောက်ကို အမြဲကျန်းမာတဲ့ သူတစ်ယောက်အဖြစ်မြင်ချင်ကြပါတယ်။ သင့်အနေနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်နေထိုင်ခြင်းက သူမကိုပိုပြီး စိတ်ချမ်းသာစေမှာပါ။ ဒါကြောင့် ဆေးလိပ်သောက်တာ အရက်သောက်တာ ကျန်းမာရေးထိခိုက်အောင်နေတာတွေရှောင်ပြီး ကိုယ့်ကိုယ့်ကို ဂရုစိုက်ပေးပါ။ (၃) သူမကိုတကယ်ချစ်တယ်ဆိုရင် သူမရဲ့ မိသားစု မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ချစ်ခင်ကြောင်း ပြသဖို့လိုအပ်ပါတယ်။ မိန်းကလေးအများစုက သူတို့ရဲ့ချစ်သူကောင်လေးကနေ သူမပတ်ဝန်းကျင်ကလူတွေကို ချစ်ခင်ကြောင်း […]
မိန်းကလေးတစ်ယောက်ရဲ့ အချစ်စိတ်
မိန်းကလေးတစ်ယောက်ရဲ့ အချစ်စိတ် မိန်းကလေးတစ်ယောက်ရဲ့ အချစ်စိတ်ကို နားမလည်သေးတဲ့ ပုရိသတွေအတွက် မိန်းကလေးတစ်ယောက် ယောက်ျားတစ်ယောက်ကို ချစ်မိရင် ဘယ်လိုခံစားရမလည်းဆိုတဲ့အကြောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ တူတူလမ်းလျှောက်နေရင်း ကောင်လေးဘက်ကို အတင်းတိုးကပ်လာတဲ့အခါ သူမရဲ့လက်ကို ဆုပ်ကိုင်စေချင်လို့ ဖြစ်ပါတယ်။ချစ်သူဆီက ပွေ့ဖက်မှုကို လိုချင်တဲ့အခါ ရပ်နေရာက မရွှေ့ဘဲ ဆန္ဒပြတတ်ကြပါတယ်။ မိန်းကလေးတစ်ယောက် အသည်းကွဲသွားတဲ့အခါ နောက်သုံးနှစ်လောက်ကြာလို့ ချစ်သူဟောင်းနဲ့ အမှတ်တမဲ့ ဆုံမိတဲ့အထိ အဲ့ဒီ့ဝေဒနာကို ခံစားနေတုန်း ဖြစ်ပါတယ်။ သူမ တိတ်ဆိတ်ငြိမ်သက်သွားတဲ့အခါ ထောင်နဲ့သောင်းနဲ့ချီတဲ့ အတွေးတွေ သူမရဲ့ခေါင်းထဲမှာ ပြေးလွှားနေလေ့ ရှိပါတယ်။ အငြင်းအခုန် မလုပ်တော့တဲ့အခါ တစ်စုံတစ်ရာကို နက်နက်နဲနဲ စဉ်းစားတွေးတောနေခြင်း ဖြစ်ပါတယ်။မေးခွန်းပေါင်းများစွာ ပါဝင်တဲ့အကြည့်နဲ့ ကြည့်လာတဲ့အခါ သူမရဲ့အနားမှာ ချစ်သက ဘယ်အချိန်ထိ ရှိနေပေးမှာ လည်းဆိုတာ သိချင်နေမိတာ ဖြစ်နိုင်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ “အဆင်ပြေပါတယ်”ဆိုတဲ့ […]









