စက်တင်ဘာ ၂၈ ၊ ၂၀၂၃ (ကြာသပတေးနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။ အမေရိကန်ဒေါ်လာ 3260 – 3280 (နေ့ခင်းဈေး 3300 – 3330) ဥရောပယူရို 3420 – 3480 ဗြိတိသျှစတာလင်ပေါင် 3970 – 4100 သြစတြေးလျဒေါ်လာ 2065 – 2110 ဂျပန်ယန်း 21.80 – 22.25 တောင်ကိုရီးယားဝမ် 2.40 – 2.48 အိန္ဒိယရူပီး 39.20 – 39.80 စင်ကာပူဒေါ်လာ 2340 – 2390 မလေးရှားရင်းဂစ် 690 – 710 တရုတ်ယွမ် 445 […]
Day: September 28, 2023
သူများဆီကပိုက်ဆံချေးပြီးပြန်မဆပ်ချင်တဲ့သူများလိုက်နာကျင့်သုံးရမယ့် အချက်များ
သူများဆီကပိုက်ဆံချေးထားတဲ့သူတွေလိုက်နာကျင့်သုံးရမယ့် အချက်၁၃ချက် (၁)ပိုက်ဆံချေးမယ်ဆိုရင်ချေးမယ်လို့ပဲပြောလိုက်ပါ။ဖြစ်ကြောင်းကုန်စဉ်ကိုဇာတ်စုံခင်းပြမနေပါနဲ့။ ကြာပါတယ်။မဟုတ်လည်းချေးမှာပဲကိုဆိုတော့မရှိလို့ပဲ ချေးချေး၊လက်လွန်နေလို့ပဲလှည့်လှည့်ပိုက်ဆံချေးတာဟာချေးတာပါပဲ။ (၂)ပိုက်ဆံတစ်ရာနှစ်ရာမှသည်တစ်သိန်းနှစ်သိန်းအထိပိုက်ဆံဟာပိုက်ဆံပါပဲ။အချေးခံရတဲ့သူကဘာမှမရှိလို့ပြန်မတောင်းရင်ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေရင်တောင်ချေးတဲ့သူကအလိုက်တသိနဲ့သေချာပြန်ပေးရပါမယ်။ (၃)ဖြစ်နိုင်ရင်တော့ဘယ်သူမှချေးရတာရော၊ချေးပေးတာရောကိုမလုပ်ချင်ကြပါဘူးချေးလာတဲ့သူရှိလို့သာအားနာပြီးချေးပေးကြရတာဖြစ်တဲ့အတွက်ဒီကိစ္စမှာလုံးလုံးလျားလျားတာဝန်ရှိသူဟာလာချေးသူပါပဲ။ (၄)ပိုက်ဆံချေးတဲ့အခါပေါက်ကရလေးဆယ်တွေကိုရွှန်းရွှန်းဝေအောင်လျှောက်မပြောပါနဲ့ကိုယ်ချေးချင်တဲ့ပမာဏ၊ချေးထားမယ့်ကာလ၊ ပြန်ဆပ်မယ့်အချိန်နဲ့ ပြန်ဆပ်မယ့်ပုံစံကိုသာလိုတိုရှင်းပြောပါ (၅)ကိုယ်ပစ်မှတ်ထားပြီးပိုက်ဆံချေးလိုက်တဲ့သူဟာကိုယ်ချေးချင်သလောက်ရှိတဲ့သူဖြစ်ချင်မှဖြစ်ပါမယ်။သူကမရှိဘူးလို့ ပြောရင်အဲ့ဒါကိုအတည်ပဲမှတ်ပါ။အားနာပြီးစိတ်ရှုပ်ရအောင် ထပ်ပြီးနားမပူပါနဲ့ကိုယ်လိုချင်သလောက်မရဘဲသူပေးနိုင်သလောက်သာပေးရင်လည်းထိုနည်းအတူပါပဲ။ရသလောက်သာချေးပါ။ (၆)အရေးကြီးဆုံးအချက်ပါ။သေချာပြန်ဆပ်ရပါမယ်။ကိုယ်ကတိပေးထားတဲ့အချိန်မှာသေချာပေါက်ကိုပြန်ဆပ်ရပါမယ်အကြောင်းတစ်ခုခုကြောင့်ကြန့်ကြာနေရင်တောင်ကိုယ်ကဦးအောင်ဆက်သွယ်ပြီးရှင်းပြရပါမယ်။ပြန်ဆပ်မယ့်အချိန်ကို ထပ်ပြောရပါမယ်။ (၇)ချေးတုန်းကချေးပြီးပြန်ဆပ်ချိန်ရောက်မှအတိတ်မေ့သလိုရွှေပျောက်သလိုအူကြောင်ကြောင်လုပ်တာဟာပိုက်ဆံချေးပေးမိတဲ့သူရဲ့နောင်တတရားနဲ့လူသတ်ချင်စိတ်ကိုဒွန်တွဲပြီးဖြစ်ပေါ်စေပါတယ်။လုံးဝမလုပ်ပါနဲ့ (၈)ချေးတုန်းကတောင်သတိတရနဲ့သေတော့မတတ်ဖုန်းဆက်ပြီးချေးသေးရင်ပြန်ဆပ်ရမယ့်အခါလည်းမေ့မနေပါနဲ့ရူးချင်ယောင်ဆောင်ပြီး ဖုန်းပိတ်တာတွေ၊မကိုင်တာတွေ၊seenဖြစ်ပြီးreplyမလာတာတွေဟာအင်မတန်မှကိုလူဝါးဝရာကျပါတယ်။ (၉)အဆိုးဆုံးကကိုယ့်ပိုက်ဆံကိုယ်ပြန်တောင်းတဲ့သူကိုရန်သူလိုသဘောထားပြီးရင့်ရင့်သီးသီးဆက်ဆံတာနဲ့မျက်ရည်ခံထိုးပြီးပြန်တောင်းတဲ့သူကိုချစ်တီးလို့တစ်လောကလုံးကထင်အောင်ဇာတ်နာပြတာပါပဲ။ (၁၀)သူပြန်တောင်းတဲ့အထိစောင့်မနေပါနဲ့။ကိုယ်ပေးတဲ့ထားတဲ့ကတိထက်ပိုစောပြီးဆပ်နိုင်လေကောင်းလေပါပဲမြန်မြန်ရရင်မြန်မြန်ဆပ်ပါ။သူမေးလာတဲ့အထိစောင့်မနေပါနဲ့။ တခါတလေသူတို့ကမမေ့ပါဘူးကိုယ့်မြင်ကတည်းကသူတို့ပိုက်ဆံကိုတန်းသတိရပါတယ်။အားနာလို့သာမေ့ချင်ယောင်ဆောင်နေကြတာပါ။လူလိုနားလည်ပါ။ (၁၁)ပိုက်ဆံချေးပြီးပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့အကျင့်ဆိုးတစ်ခုကတော့ချေးမိတဲ့သူရဲ့ အားနာတတ်တဲ့စိတ်ကိုချနင်းတာပါပဲတော်တော်ယုတ်ညံ့တဲ့စိတ်ပါ။ဆိုတော့ချေးပေးမိတဲ့သူတွေကအားမနာကြပါနဲ့။အချိန်တန်ရင်ကိုယ့်ပိုက်ဆံကိုပြန်တောင်းပါ (၁၂)တကယ်တော့ကိုယ့်ကိုပိုက်ဆံချေးပေးတဲ့သူဆိုတာအိမ်ဦးခန်းမှာထားပြီးရွှေချထားရမယ့်သူမျိုးတွေပါ။အဲ့လိုလူမျိုးကမ္ဘာပေါ်မှာသိပ်များများစာစားမရှိပါဘူးကိုယ့်ကိုတကယ်ခင်လို့၊စာနာလို့၊အားနာလို့၊ချစ်လို့သူ့ရဲ့ရှိစုမဲ့စုလေးထုတ်ပြီးချေးပေးတာဖြစ်ပါတယ် (၁၃)ကတိတည်ရပါမယ်မဟုတ်ရင်တစ်ခါပဲရပါမယ်။ကတိတည်လိုက်ရင် နောင်လည်းလိုတဲ့အခါရနိုင်ပါမယ်။မဟုတ်ရင်တော့ကမ္ဘာပေါ်ကအကောင်းဆုံးသောမိတ်ဆွေတစ်ယောက်ကိုကိုယ်တိုင်ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။အရမ်းနှမြောဖို့ကောင်းပါတယ်ဆိုတော့ပိုက်ဆံချေးပြီးရင်အသေအချာပြန်ဆပ်ကြပါ