ရုတ်တရက် လေဖြတ်လျှင် ချက်ချင်း အကောင်းပကတိ ဖြစ်အောင် ပြုစုကုသနည်း လေရောဂါသည် အသက် (၄၀) နှင့် (၆၀) ကြား အဖြစ်များပါသည်။ အအေးများရာက လေ အထက်သို့ ဆောင့်တက်၍ လေဖြတ်ပြီး ပါးရွဲ့၊ ခြေထောက်ဆာ၊ ခြေလက်တို့ လှုပ် မရအောင် ဖြစ်တတ်ပါသည်။ ရုတ်တရက် လေမိသူကို ယခု တင်ပြမည့် နှိပ်ကွက်လေးများဖြင့် နှိပ်ပေးပါမည် ဆိုလျှင် ပျောက်ကင်း သက်သာမှုကို ရရှိစေပြီး လွယ်ကူ စွာ ရှင်းရှင်း ပြတ်အောင် သက်သာ ပျောက်ကင်းစေပါသည်။ နှိပ်ကွက် (၁) ခြေမျက်စိနှင့် နောက်တွင် ကပ်နေသော သွေးပြန်ကြောကို ခပ်နာနာလေး နှိပ်ပေးပါ။ နှိပ်ကွက် (၂) ခြေဖဝါး အလယ် ဘေးသားက အကြောကို ကျေညက်အောင် […]
Day: September 17, 2023
ကျီးပေါင်းတက်ခြင်း ဂုတ်ကြောတက်ခြင်း ဇာတ်ကြောတက်ခြင်း ကိုအရှင်းပျောက်ကင်းစေတဲ့ ဗန်ဒါရွက်ကုထုံး
ကျီးပေါင်းတက်ခြင်းကို ဆိုးရွားစွာ ခံစားနေရတဲ့ အမျိုးတို့အတွက်။ ကျီးပေါင်းတက်ခြင်း၊ ဂုတ်ကြောတက်ခြင်း၊ ဇာတ်ကြောတက်ခြင်း စသည့်ရောဂါတွေကို အရှင်းပျောက်ကင်းစေတဲ့ ဗန်ဒါရွက် ကုထုံး ဂုတ်၊ ဇာတ် ကျီးပေါင်းတက်နေသူများ အတွက် ဗန်ဒါရွက်ရဲ့အသုံးဝင်ပုံ ဂုတ်၊ ဇာတ်ကျီးပေါင်းတက်နေသူများအတွက် ဗန်ဒါရွက်လေးရဲ့အသုံးဝင်ပုံလေးကို တင်ပြပေးလိုက်ရပါတယ်။ ဂုတ်၊ ဇက်ကျီးပေါင်းတက်နေသူများ ဗန်ဒါရွက်လေးကို ခူးလိုက်ပါ။ ရေမဆေးပါနဲ့ အရွက်မှာ ကပ်နေတဲ့ ဖုန်လေးတွေကို အဝတ်နဲ့ပွတ် သုတ်လိုက်ပါ။ အရွက်ရဲ့ အောက်မှာရှိတဲ့ အညှာအရိုးတံလေးကို ဖယ်ထုတ်လိုက်ပါ။ ပြီးရင် ဂုတ်ပေါ်နဲ့ ဇက်ပေါ်ကို အရွက်ကို ခွပီး ကပ်ထားလိုက်ပါ။ အချို့က အကြမ်းဘက်က ကပ်ရမှာလား အချောဘက်က ကပ်ရမှာလား မေးကြလို့ပါ။ အကြမ်းဘက်ကနေ မှောက်ကပ်ရမှာ ဖြစ်ပါတယ်။ လေးဆယ့်ငါးမိနစ်လောက်ကြာရင် ကပ်တားတဲ့နေရာမှာ ပူလာပီး ချွေးများ ထွက်လာပါလိမ့်မယ်။ ခဏခွာထားပီး […]
သရက်အခေါက်တွင်း သပ်ထိုး ကိုင်းကူးနည်း ဝါသနာရှင်များ တောင်းဆိုထားလို့ သရက်အခေါက်တွင်း သပ်ထိုးကိုင်းကူးနည်းလေး တင်ပေးလိုက်ပါတယ်။ ဒီနည်းအတိုင်း သရက်ပင်မှ မဟုတ်ပဲ အခြားအပင်များကိုလည်း ပြုလုပ်နိုင်ပါတယ် – ကိုင်းကူးကိုင်းဆက်တဲ့အခါ အသုံးပြုမဲ့ ဓား (Grafting knife)တို့ လွှစသည့် အသုံးအဆောင်များကို ပိုးသတ်ပေးပါ အရက်ပျံ (Methylated spirit)အသုံးပြုနိုင်သည်။ ကိုင်းဆက်မည့်သူရဲ့ လက်ကိုလည်း အရက်ပျံနဲ့ ဆေးပေးပါ – အောက်ခံပင်(Stock)ကို မြေပြင်မှ (၂) ပေချန်ပြီး လွှနဲ့ မျက်နှာပြင် ညီညာမှုရှိအောင် ဖျက်ပေးထားပါ – အောက်ခံပင် မျက်နှာပြင်ကို ဓားဖြင့် ညီညာအောင် ထပ်မံသပေးပါ – အောက်ခံပင်ကို ထောင်လိုက်ဓားချက် အခေါက်ကို ၁ လက်မခွဲ အနက်ထားပြီး ဖိချပေးပါ – မျိုးကိုင်း(Scion) ကို […]
ညအိပ်ရာဝင်ခါနီးတိုင်း ပျားရည်တစ်ဇွန်းစားပေးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူး (၇)မျိုး ပျားရည်လို့ ပြောလိုက်ရင် အသား အရေ လှစေတဲ့ ၊ အလှအပ အတွက် အရမ်း အသုံးဝင်တဲ့ အရာလို့ လူတွေက သိ ကြ ပါ တယ် ။ ဒါပေ မယ့် ပျားရည် မှာ တခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါ သေးတယ် ။ အိပ်ရာ ဝင်ခါနီးတိုင်းမှာ ပျားရည်ကို စားပေး မယ်ဆိုရင် ဒီလို အံ့မခန်း အကျိုးကျေးဇူး တွေ ရရှိ နိုင်တယ် ဆိုတာကတော့ သိတဲ့ သူတွေ ရှား ပါ တယ် ။ ဒီတော့ ပျားရည် စား ခြင်း ဖြင့် […]
မတော်တဆ လည်ချောင်းမှာ ငါးအရိုးစူးလျှင် ဒါလေးတွေလုပ်လိုက်ပါ…
ငါးအရိုးမျက်လျှင် အတော်ကို ခံစားရခက်သည်မှာ အားလုံးလည်း သိပြီးဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့်လျှင် ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ်ရတဲ့အထိ ဖြစ်တတ်ကြပါတယ် အဲဒါကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူပြုလုပ်နိုင်မယ့် အိမ်တွင်းကုထုံးလေးများကို ရသမျှစုစည်း၍ တင်ပေးလိုက်ပါတယ်ကိုယ်နဲ့အဆင်ပြေရာနည်းကို ပြုလုပ်နိုင်ကြပါတယ် (၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား၍ ခေတ္တမျျ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စားသွားပေလိမ့်မည်။ (၂) ငှက်ပျောသီး စားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ် အဆင်ပြေပါသည်။ (၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးသည် အချွဲများနှင့်အတူ ကျသွားမည်။ (၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ […]
Skin Glow ဖြစ်ချင်တဲ့သူတွေ အတွက် ဟင်းမချက်ခင် (၁၀) မိနစ်လောက် အချိန်ပေးလိုက်ရုံပါပဲ
Skin Glow ဖြစ်ချင်တဲ့သူတွေ အတွက် ဟင်းမချက်ခင် (၁၀)မိနစ်လောက် အချိန်ပေးလိုက်ရုံပါပဲ အသားရေ စိုပြေပြီး ဝက်ခြံကင်းစေဖို့ နည်းလမ်းကောင်း ကျွန်မတို့လို အသက် ၄၀ နားနီးတဲ့ အိမ်ထောင်ရှင်မတွေသာမက အရွယ်ရောက်ပီးတဲ့ ပျိုမေတို့အားလုံး ခုချိန်ကစပြီး Skin care သေချာလေး လုပ်သင့်ပါတယ် …။ အသားဖြူတာ ညိုတာထက် အသားအရေ ကောင်းပြီး စိုပြေလှပဖို့က အရေးကြီးပါတယ်။ ကျွန်မဆို အသားညိုတဲ့ ထဲမှာပါတယ် ။ နောက်ပိုင်း ရေများများသောက်အသီးအရွက် များများစားတော့ အသားအရေ သိသိသာသာ စိုပြေလာတယ် …။ Skin care အတွက် Branded တွေကို မသုံးရလို့လဲ ကိစ္စမရှိပါဘူး။ ကျွန်မတို့ အိမ်ရှင်မတွေရဲ့မီးဖိုချောင်မှာ အဖိုးနည်းပြီး အစွမ်းထက်တဲ့ သဘာဝပစ္စည်း တွေရှိပါတယ်နော် …။ […]
ယနေ့ တနင်္ဂနွေနေ့( ၁၇.၉.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ
စက်တင်ဘာ ၁၇ ၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။ အမေရိကန်ဒေါ်လာ 3370 – 3460 ဥရောပယူရို 3630 – 3740 ဗြိတိသျှစတာလင်ပေါင် 4120 – 4240 သြစတြေးလျဒေါ်လာ 2200 – 2270 ဂျပန်ယန်း 22.95 – 23.60 တောင်ကိုရီးယားဝမ် 2.50 – 2.58 အိန္ဒိယရူပီး 40.00 – 41.20 စင်ကာပူဒေါ်လာ 2450 – 2510 မလေးရှားရင်းဂစ် 720 – 740 တရုတ်ယွမ် 450 – 470 ထိုင်းဘတ် 94.70 […]
ချမ်းသာဖို့အတွက် ငွေသုံးပါ ။ နည်း နည်းထူးဆန်းသွားလား သူငယ်ချင်း?
ချမ်းသာဖို့ အတွက် ငွေသုံးပါ နည်းနည်း ထူးဆန်းသွားလား သူ ငယ်ချင်း??! ငါတို့က ချမ်း သာဖို့ ပိုက်ဆံစု ပါပဲ သိခဲ့တာလေ… နည်း နည်းထူးဆန်းသွားလား သူငယ်ချင်း? ငါတို့က ချမ်းသာဖို့ ပိုက်ဆံစု ပါပဲ သိခဲ့တာလေ… သူဌေးဆိုတဲ့ လူတန်းစားတွေကို ကြည့်လိုက်စမ်းပါ သူငယ်ချင်း……သူတို့ဘဝတွေဟာ ချမ်းသာပြီးရင်းချမ်းသာနေကြတယ်…… ငါတို့ သာမာန်အလုပ်သမားဘဝတွေကို ကြည့်လိုက်စမ်းပါသူငယ်ချင်း….ငါတို့တွေဟာ ဆင်းရဲပြီးရင်းဆင်းရဲနေကြတယ်….. ဘာဖြစ်လို့လဲ……. ငါတို့လို သာမာန်အလုပ်သမားတွေရဲ့ ဝင်ငွေဟာ ငါတို့ရဲ့ အသုံးစရိတ်ဖြစ်သွားတယ် ဒါပေမဲ့ သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့ရဲ့ ဝင်ငွေပြန်ဖြစ်သွားလို့ပဲ သူငယ်ချင်း…. Workers spend what they get, Rich men get what they spend… တဲ့ အလုပ်သမား= […]
ပိုက်ဆံ သိန်းငါးရာ အရင်စုပြီးမှ ဒညင်းသီးစားပါ ( ပိုက်ဆံမစုနိုင်ရင်တော့ မစားကြပါနဲ့ဗျာ)
ပိုက်ဆံ သိန်းငါးရာ အရင်စုပြီးမှ ဒညင်းသီးစားပါ (ပိုက်ဆံမစုနိုင်ရင်တော့ မစားကြပါနဲ့ဗျာ) ဒညင်း သီး အကြောင်း ရေးပါဆိုလို့ ထွေထွေ ထူးထူး မပြောတော့ပါဘူး ဒညင်းသီးကို ရုက္ခဗေဒ အရ ဘယ်လိုခေါ်တယ် ဘယ်မျိုးစိတ်ဆိုတာ လူတိုင်း စိတ်မဝင်စားဘူး စိတ်ဝင်စားတာက ဒညင်းသီး ဘယ်ဈေး ပေါက်လည်းဆိုတာပဲ ကျွန်တော်တို့ ဆေးရုံ ဆေးခန်းမှာ လူနာတွေ ဆီးပူ ဆီးအောင့် ဆီးနည်း လို့ လာရတဲ့ အချိန် ရာသီ အရ တွက်ဆ တတ်ကြတယ်။ ဆရာဝန် အများစု က ဥပမာ အရ ပြောရရင် ည လယ်ခေါင် ဆီးနည်း ဆီးပူ ဆီးအောင့် ဆီးအရောင်ရင့် ခါးနာ ဆီးစပ်နာ ဆိုရင် အချိန်အားဖြင့် ဂျူလှိုင်လ […]
ဇလွန် ပြည်တော်ပြန် ဘုရားရဲ့ စိတ်ဝင်စားဖွယ် နောက်ခံ ဖြစ်ရပ်ဆန်းများ..
စိတ်ဝင်စားဖို့ ကောင်းတယ် ဆိုတာက အရင်က ဇလွန်ပြည်တော်ပြန်ဘုရားဆိုတာ ဇလွန်က တန်ခိုးကြီးတဲ့ ပြည်တော်ပြန် ဘုရားတစ်ဆူ ဆိုတာလောက်ပဲ သိထားတဲ့အတွက်ပါ ။ ဒီဘုရားရဲ့ နောက်ခံဇာတ်လမ်းကို ဖတ်ပြီးတဲ့ အချိန်မှာတော့ စိတ်ဝင် စားဖို့ တော်တော်ကောင်းတာနဲ့ ပြန်လည် ဝေမျှ ရေးသား လိုက်ပါတယ် ။ မဟာသက္ကရာဇ် ( ၁၁၃ ) ခုနှစ်တွင် သဗ္ဗညုတ မြတ်စွာ ဘုရားသခင် ဟာ ရခိုင်ပြည်သို့ ကြွရောက်ပြီး သရဏဂုံ သီလဖြင့် ချီးမြှင့်ခဲ့တာ ကြောင့် ဓညဝတီတစ်ပြည်လုံး ဗုဒ္ဓဘာသာဝင်များ အဖြစ်သို့ ရောက်ရှိခဲ့ပါတယ် ။ မြတ်စွာဘုရားကို ကြည်ညိုလွန်းတဲ့ ရခိုင်ဘုရင် စန္ဒသူရိယမင်းက ရုပ်ထုတော် လေးဆူကို သွန်းလုပ်ခဲ့ပါတယ် ။ ပထမဆုံး ဘုရားရှင် […]