Knowledge

ပိုက်ဆံချမ်းသာတဲ့ လောပန်းတစ်ယောက် လက်စွပ်ကကျောက်အကွဲကြီးဝတ်နေတာတွေလို့ ပြောလိုက်မိသောအခါ

ပိုက်ဆံချမ်းသာတဲ့ သူငယ်ချင်းတစ်ယောက် ကျောက်အကွဲကြီးလက်စွပ် ကွင်းဝတ်နေတာ တွေ လို့ပြောလိုက်မိတယ်… “ကပ်စီး နှမြောလွန်းနေပြီ ကျက်သရေ မရှိကွာလို့”သူပြန်ပြောတဲ့ စကားကြားတော့အတော် စိတ်မကောင်းဖြစ်သွားတယ်။ ပြောမိတာလည်း နောင်တရမိသွားတယ်။ သူပြန်ပြောတာက အများအမြင်တော့ သူငယ်ချင်းပြောသလို အမြင်မကောင်း မလှမပ ပေါ့ကွာတဲ့…. ဒါပေမယ့် ကို့အတွက်က သိပ်တန်ဘိုးထားရတဲ့ ပစ္စည်းလေးပါတဲ့…. အဲဒါ အမေ မသေခင် ကျိုးသွားတဲ့ “သွား” လေး အမှတ်တရ သိမ်းထားရင်း….အခုကိုယ်နဲ့မကွာရှိချင်လို့ လက်စွပ်ကွင်း ဝတ်ထားတာပါတဲ့…. ရေချိုးရင်း အလုပ်လုပ်နေရင်း ပြုတ်ကျနေမှာစိုးလို့အမြဲဂရုစိုက်တယ်တဲ့… ရင်ထဲအတော်မကောင်းဖြစ်သွားတယ်။ အမေ ဆိုတာ အရာအားလုံးထက် ကြီးမြတ်လွန်းတာ ပိုနားလည်လာမိသွားတယ်။ ကျေးဇူးတင်ပါတယ်သူငယ်ချင်း။ လေးစားပါတယ် သူငယ်ချင်း။ အတုယူ ပါ့မယ် သူငယ်ချင်း။ အညာမြေအလှ ပခုက္ကူ

News

ယနေ့ စနေနေ့(၃၀.၉.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

စက်တင်ဘာ ၃၀ ၊ ၂၀၂၃ (စနေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။ အမေရိကန်ဒေါ်လာ 3300 – 3330 ဥရောပယူရို 3500 – 3560 ဗြိတိသျှစတာလင်ပေါင် 4060 – 4120 သြစတြေးလျဒေါ်လာ 2115 – 2160 ဂျပန်ယန်း 22.40 – 22.90 တောင်ကိုရီးယားဝမ် 2.45 – 2.50 အိန္ဒိယရူပီး 40.15 – 40.90 စင်ကာပူဒေါ်လာ 2370 – 2430 မလေးရှားရင်းဂစ် 700 – 715 တရုတ်ယွမ် 445 – 470 ထိုင်းဘတ် 91.50 […]