တစ်လအတွင်းမှာ တင်ပါးလေးကို လုံးဝန်းကျစ်လစ်သွားစေမယ့် လေ့ကျင့်ခန်း (၅) မျိုး ပျိုမေတို့ တင်ပါးလေးတွေ လှဖို့ ထိုင်ထလေ့ကျင့်ခန်းတစ်မျိုးပဲ လုပ်လို့ရတယ်လို့ မထင်ပါနဲ့နော်။ ထိုင်ထလုပ်ရတာ မကြိုက်တဲ့သူလေး တွေအတွက် တင်ပါးလေးတွေ လုံးဝန်းကျစ်လစ်လှပဖို့ လေ့ကျင့်ခန်းလွယ်လွယ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်နော် …. လေ့ကျင့်ခန်း (၁) ပုံထဲကလို လက်ဝါး၊ ဒူးနဲ့ ခြေဖမိုးတွေ ကြမ်းပြင်မှာ ထိထားတဲ့ပုံစံမျိုးနေပါ။ ခြေထောက်တစ်ဖက်ကို ဘေးဘက်ကို ဆန့်တန်းလိုက်ပြီး နဂို ပုံစံအတိုင်းနေပါ။ အဲ့ဒါကို ခြေထောက်တစ်ဖက်ကို (၁၀)ခေါက်စီ လုပ်ပေးရုံနဲ့ တင်ပါးဘေးဘက်မှာ ချိုင့်နေတဲ့နေရာတွေမှာ အသားပြည့်လာမှာပဲ ဖြစ်ပါတယ် ။ လေ့ကျင့်ခန်း (၂) ကြမ်းပြင်ပေါ်မှာ လက်ဝါးနှစ်ဖက်နဲ့ ခြေဖျားနှစ်ဖက်ကို ထောက်ထားပြီး ခန္ဓာကိုယ်က လေးကိုင်းပုံစံမျိုးနေပါ။ ခြေထောက်တစ်ဖက်ကို အနောက်ဘက် မြှှောက်နိုင်သလောက်မြှောက်ပေးပြီး နဂိုပုံစံအတိုင်းပြန်နေပေးပါဘယ်ညာ တလှည့်စီ […]
Day: March 9, 2021
နူးနူးညံ့ညံ့မနေတတ်တဲ့မိန်းမသားတို့ရဲ့နောက်ကွယ်က လူတွေမသိတဲ့အကြောင်းရင်းများ
နူးနူးညံ့ညံ့မနေတတ်တဲ့မိန်းမသားတို့ရဲ့နောက်ကွယ်က လူတွေမသိတဲ့အကြောင်းရင်းများ မိန်းကလေးဆိုရင် နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့နေရတယ်လို့ လူ့အသိုင်းအဝိုင်းကမှတ်ယူကြပါတယ်။ ဒါပေမယ့် တချို့မိန်းကလေးတွေက သူတို့ရဲ့ဘဝပေးအခြေအနေအရ နေရာတကာနူးညံ့သိမ်မွေ့နေလို့ မရကြပါဘူး။ စိတ်ကြမ်းကိုယ်ကြမ်းမိန်းကလေးတွေဆိုတာ သူတို့ဘဝမှာဒီအရာတွေတွေ့ကြုံခဲ့တဲ့သူတွေပါ။ (၁) ကိုယ့်ဘဝကိုကိုယ်တိုင်တည်ဆောက်ရတယ် မိန်းမတစ်ယောက်ကြမ်းကြမ်းတမ်းတမ်းနေတတ်တယ်ဆိုတာ အရှုံးတွေနဲ့ကြုံလာပြီး ပြိုလဲချင်ရင်လည်း မပြိုလဲအောင် ကြံ့ကြံ့ခံပြီး ကိုယ့်ဘဝကိုကိုယ်တိုင်တည်ဆောက်ရတာကြောင့်ဖြစ်တယ်။ ကိုယ့်ဘဝကိုတည်ဆောက်ဖို့အတွက် တခြားသူတွေရဲ့အကူအညီမယူဘဲ လောကဓံကို ကိုယ်တိုင်ရင်ဆိုင်ရခြင်းကြောင့်ဖြစ်ပါတယ်။ (၂) အတိုက်အခိုက်တွေကိုကြံ့ကြံ့ခံရင်ဆိုင်တယ် မိန်းမသားတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တဲ့အခါ ကြုံလာတဲ့အတိုက်အခိုက်တွေကို ကြံ့ကြံ့ခံပြီး ပတ်ဝန်းကျင်ရဲ့ဝေဖန်စကားတွေကို ဂရုမစိုက်ဘဲ နေတတ်ရပါတယ်။ ဒီလိုကြံ့ကြံ့ခံနိုင်ဖို့ စိတ်ကြမ်းကိုယ်ကြမ်းလို့နာမည်တပ်ခံရလည်း ဂရုမစိုက်တော့ပါဘူး။ (၃) သူမနောက်မှာအထောက်အပံ့ရယ်လို့မရှိဘူး ပတ်ဝန်းကျင်က ကြမ်းတမ်းတယ်လို့သတ်မှတ်ထားတဲ့မိန်းမသားတွေဟာ သူမရဲ့နောက်မှာ အထောက်အပံ့ရယ်လို့မရှိဘဲ အရာအားလုံးကို တစ်ယောက်တည်းရင်ဆိုင်ပြီး ကျော်လွှားနေရပါတယ်။ ဒါကြောင့်လည်း နဂိုကနူးညံ့ပေမယ့် ကိုယ့်ကိုယ်ကိုမာကျောအောင် ပြုမူနေထိုင်ကြတာပါ။ (၄) သူမအတွက်အရေးကြီးတဲ့အရာကိုသိတယ် စိတ်ကြမ်း၊ကိုယ်ကြမ်းတဲ့မိန်းမသားတွေဟာ ပတ်ဝန်းကျင်နဲ့၊လူတွေရဲ့ဝေဖန်မှုကို လုံးဝဂရုမစိုက်တဲ့သူတွေဖြစ်ပါတယ်။ ဝေဖန်တဲ့စကားတွေ၊ […]
ဒေါက်တာဆာဆာရဲ့ အာတူးပီ ဖိတ်ခေါ်တဲ့စာ ကုလသမဂ္ဂ ရရှိကြောင်း ထုတ်ပြန်လိုက်ပါပြီ နယူးယောက်၊မတ်လ ၉ ရက်
ဒေါက်တာဆာဆာရဲ့ R2P ဖိတ်ခေါ်တဲ့စာ ကုလသမဂ္ဂ ရရှိကြောင်း ထုတ်ပြန်လိုက်ပါပြီ (နိုင်ငံတကာသတင်း) မြန်မာအထူးသံကိုယ်စားလှယ်ဆီက ကြားဝင်ဆောင်ရွက်ပေးဖို့တောင်းဆိုထားတဲ့စာတစ်စောင်ကုလရရှိနယူးယောက်၊မတ်လ- ၉ ရက်ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarricက အဖွဲ့အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုတွေအတွက် နိုင်ငံခြားက ကြားဝင်ဆောင်ရွက်ပေးဖို့တောင်းဆိုထားတဲ့စာတစ်စောင်လက်ခံရရှိခဲ့တယ်လို့ စပွတ်နစ်သတင်းက မတ်လ ၉ ရက်ကဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အပတ်ကကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လွှတ်တော်ရဲ့ အထူးကိုယ်စားလှယ်ဒေါက်တာဆာဆာက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ကာကွယ်စောင့်ရှောက်ရေးတာဝန် (R2P) ကိုကတိက၀တ်ပြုပြီးအရေးယူမှုပြုလုပ်ဖို့ ဂူတားရက်ဆီကို သို့စာတစ်စောင်ပေးပို့ခဲ့ပါတယ်၊ R2Pဟာအစုလိုက်အပြုံလိုက်ရက်စက်ယုတ်မာတဲ့ရာဇ၀တ်ကိုကာကွယ်ဖို့နောက်ဆုံးနည်းလမ်းအဖြစ်နိုင်ငံခြားကစစ်ရေးနည်းနဲ့ဝင်ရောက်ဆောင်ရွက်မှုကိုရွေးချယ်ဖို့ ရည်ရွယ်ပါတယ်။ “ကျနော်တို့စာကိုလက်ခံရရှိပါပြီအတွင်းရေးမှူးချုပ်ရဲ့အထူးသံတမန်အပါအ၀င်ကုလသမဂ္ဂအရာရှိတွေဟာအဓိကသက်ဆိုင်သူတွေနဲ့အဆက်မပြတ်ဆက်သွယ်နေသလို ရွေးကောက်ခံပါလီမန်အမတ်တွေနဲ့လည်းအဆက်အသွယ်ရှိကြပါတယ်လို့Dujarric ကကြေညာချက်မှာဖော်ပြပါတယ်။ သတင်း၊ဓာတ်ပုံ စပွတ်နစ် Unicode ဒေါက်တာဆာဆာရဲ့ R2P ဖိတ်ခေါ်တဲ့စာ ကုလသမဂ္ဂ ရရှိကြောင်း ထုတ်ပြန်လိုက်ပါပြီ (နိုင်ငံတကာသတင်း) မြန်မာအထူးသံကိုယ်စားလှယ်ဆီက ကြားဝင်ဆောင်ရွက်ပေးဖို့တောင်းဆိုထားတဲ့စာတစ်စောင်ကုလရရှိနယူးယောက်၊မတ်လ- ၉ ရက်ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarricက အဖွဲ့အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ […]
ကိုယ်အရမ်းချစ်ရတဲ့ကိုယ့်ချစ်သူအပေါ် လုံးဝမလုပ်သင့်တဲ့ အမှားများ…
ကိုယ်အရမ်းချစ်ရတဲ့ကိုယ့်ချစ်သူအပေါ် လုံးဝမလုပ်သင့်တဲ့ အမှားများ… တကယ်ချစ်ကြတဲ့ ချစ်သူစုံတွဲတွေကြားမှာ မမျှော်လင့်ဘဲ လမ်းခွဲဖို့ထိ ဖြစ်သွားစေတဲ့ အမှားတွေကို လုပ်မိတတ်ကြပါတယ်။ ဒါကြောင့် ဒီအမှားတွေကို မလုပ်မိအောင် အထူး သတိထားသင့်ပါတယ် …။ ၁။ စိတ်ကောက်လွန်းခြင်း” စိတ်ကောက်တာဟာ ချစ်သူဘဝရဲ့ပျော်ရွှင်စရာ Game လေးတစ်ခုလိုပါပဲ။ ဒါပေမယ့် Game Over မဖြစ်သွားဖို့တော့ လိုပါတယ်။ ချော့တက်တယ့်သူတွေအတွက် ပြဿနာ မရှိပေမယ့် မချော့တက်တဲ့ သူတွေအတွက် အဆိုးဆုံး ပြဿနာပါပဲ …။ စိတ်ကောက်ပါ။ ဒါပေမယ့် ချော့ရင် စိတ်ပြေပေးပါ။ တန်ဆေးလွန်ဘေးတဲ့။ မိုးရွာလို့ ပန်းတွေလန်းဆန်း ပေမယ့် မိုးများရင်လည်း ပန်းခင်းပျက်သွားတတ်ပါတယ် … ၂။ သဝန်တိုလွန်းအားခြင်း” မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ သဝန် တိုတက်ကြပါတယ်။ သဝန်တိုတာ ဟာ အချစ်တဲ့။ […]
၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၄.၃.၂၀၂၁ မှ ၂၀.၃.၂၀၂၁ အထိ)
၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၄.၃.၂၀၂၁ မှ ၂၀.၃.၂၀၂၁ အထိ) တနင်္ဂနွေနေ့ဖွား အလုပ်အကိုင် – ဒီအပတ်မှာ လုပ်မှားကိုင်မှားတွေဖြစ်ပြီး အလုပ်တွေ ရပ်တန့်သွားတာမျိုး ကြုံတွေ့ရတတ်တယ်။ လုပ်ငန်းစီးပွား ကံဇာတာ အားနည်းလာနိုင်လို့ အစစအရာရာ သတိနဲ့ ထိန်းလုပ်ရမယ်။ အကြီးအကဲနဲ့ မိတ်ဆွေ အသိုင်းအဝိုင်းရဲ့ အကြံဉာဏ်၊ အကူအညီတွေ ယူသင့်တာ ယူရမယ်။ ငွေကြေးပိုင်းမှာ မကျေမနပ် ဖြစ်နေမယ်။ ကျန်းမာရေး – မမျှော်လင့်ဘဲ ရုတ်တရက် ကျန်းမာရေး ညံ့တတ်တယ်။ ဆေးမှားအစားမှား ဖြစ်တတ်တယ်။ လူမှုအိမ်ထောင် – လူငယ်လူရွယ်တွေ နှလုံးသားရေးမှာ မပြတ်မသားတွေ ဖြစ်တတ်တယ်။ စကားတွေ မှားတာနဲ့ ကတိ မတည်နိုင်တာတွေကြောင့် ပြဿနာ ဖြစ်တတ်တယ်။ အိမ်ထောင်ရှင်တွေလည်း တကျက်ကျက်နဲ့ ရန်များ […]
လူတစ်ယောက်ကိုတကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်(၁၃)ချက်…
လူတစ်ယောက်ကိုတကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်(၁၃)ချက်… (၁) မနက်မိုးလင်းလို့  မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ သူ့ မျက်နှာလေးကို အရင်ဦးဆုံး မြင်ယောင်တတ်တယ် …။ (၂) ဖုန်း Ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမမ်းကတမ်း ဖွင့်ကြည့်တတ်တယ် …။(သူမဟုတ်ဘူးဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ၀မ်းနည်းသွားတယ် ) (၃) သူနဲ့ စိတ်ဆိုး စိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်ပါတယ် …။ (၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ နဲ့ ကြံကြုံ ဘယ်လို အခက်အခဲတွေပဲရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့ အများတော့ စိတ်သက်သာရာ ရသွားတတ်တယ် …။ […]
ကပ်ကြီးသုံးပါးကို ကျော်လွှား နိုင်စေဖို့ မင်းကွန်း ဆရာတော်ကြီး ၏ မိန့်မှာချက် များ…
ကပ်ကြီး သုံးပါးကို ကျော်လွှား နိုင်စေဖို့ မင်းကွန်း ဆရာတော်ကြီး ၏ မိန့်မှာချက် များ ၁။ သူတကာတွေ လောဘကြီး သော်လည်း မိမိက လောဘမကြီးအောင် နေပါ ထိုသို့နေလျှင် သူတကာ ငတ်မွတ် ခေါင်းပါးခြင်း(ဒုဗ္ဘိက္ခန္တရာယ်)ဘေးသင့် ရောက်သော်လည်း မိမိမှာ ထိုဘေးမှ လွတ်မြောက်မည် ၂။ သူတကာတွေ ဒေါသကြီး သော်လည်းမိမိက ဒေါသမကြီးအောင်နေပါ ထိုသို့နေလျှင် သူတကာ လက်နက်ဘေးဆိုး အန္တရာယ်(သတ္တန္တရကပ်)ဆိုက်ရောက်သော်လည်း မိမိမှာ ထိုဘေးမှ လွတ်မြောက်မည်။ ၃။ သူတကာတွေ မောဟကြီးသော်လည်းမိမိက မောဟမကြီးအောင်နေပါ ထိုသို့နေလျှင် သူတကာ အနာ ရောဂါဘေးဆိုး(ရောဂန္တရကပ်)ဆိုက်ရောက်သော်လည်း မိမိမှာ ထိုကပ်ဘေးမှ လွတ်မြောက်မည် ဤကား…ကျေးဇူးတော် ရှင် မစိုးရိမ်ဆရာတော်ဘုရားကြီး အမြဲမပြတ် ဆိုဆုံးမလေ့ရှိသောသြဝါဒ ဖြစ်သည် ယနေ့ […]
ဲ့ မြန်မာ့အရေးကို ကမ္ဘာကသိအောင် ချပြပေးခဲ့တဲ့ ပက်ထရစ်ရှာကို ထိုင်းမီဒီယာမှာဖော်ပြ (ရုပ်သံ)
ထိုင်းမီဒီယာမှာပါဖော်ပြခြင်းခံရတဲ့ မြန်မာ့အရေးကို ကမ္ဘာကသိအောင် ချပြပေးနိုင်ခဲ့တဲ့ ပက်ထရစ်ရှား အောက်ဆုံးတွင်ရုပ်သံဖိုင်ပါရှိပါသည် သရုပ်ဆောင် မင်းသမီးချောတွေဖြစ်ကြတဲ့ ပက်ထရစ်ရှာနဲ့ မြတ်နိုးအေးတို့နှစ်ယောက်ကတော့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေကြတာပဲ ဖြစ်ပါတယ် ။ သူမတို့နှစ်ယောက်လုံးက ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသလို လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ကူညီပေးနေတာလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် ပက်ထရစ်ရှာတို့နှစ်ယောက်က ကိုယ့်နိုင်ငံအတွင်းမှာဖြစ်နေတဲ့ ကိစ္စတွေကို ကမ္ဘာကသိအောင် ပြောပြခဲ့ကြတာ ဖြစ်ပါတယ် ပက်ထရစ်ရှာနဲ့ မြတ်နိုးအေးတို့က အင်္ဂလိပ်စကားနဲ့ သေသေချာချာပြောပြပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို YouTube ,Instagram နဲ့ Twitter စတဲ့ Social Media တွေမှာ တင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ သူမတို့ရဲ့ဗီဒီယိုတွေက လူကြည့်များပြီး ထိုင်းနိုင်ငံရဲ့မီဒီယာတစ်ခုမှာပါ ဖော်ပြခြင်းခံလိုက်ရတာ ဖြစ်ပါတယ် ဒါကြောင့် […]
မွေးလတွေကပြောပြပေးမယ့် ပျိုမေတို့ရဲ့အချစ်အပေါ်ထားရှိတဲ့ခံယူချက်များ…
မွေးလတွေကပြောပြပေးမယ့် ပျိုမေတို့ရဲ့အချစ်အပေါ်ထားရှိတဲ့ခံယူချက်များ… မွေးလတွေကပြောပြပေးမယ့် ပျိုမေတို့ရဲ့အချစ်အပေါ်ထားရှိတဲ့ ခံယူချက်လေးတွေကို တစ်ချက်ချင်း ဖော်ပြပေးထားပါတယ်။ ဖတ်ကြည့်လိုက်တော့နော် … (၁) ဇန်နဝါရီလ” ဇန်နဝါရီလမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ ရည်မှန်းချက်ကြီးတဲ့အပြင် တည်ကြည်လေးနက်ပြီး ရှေးရိုးဆန်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ခုခုဆိုရင် ဝေဖန်တတ်တဲ့ အကျင့်လေးတော့ ရှိကြပါတယ် … သူတို့တွေဟာ ဒေါသထွက်ခဲပေမယ့် ဒေါသထွက်လာရင်တော့ သင်ဟာသူတို့ဘေးနားမှာ မနေတာ အကောင်းဆုံးပါပဲ။ ဖြစ်ပျက်သမျှ ခံစားချက်တွေကို ရင်ထဲမှာပဲထားတတ်တဲ့အတွက် သူတို့ဘက်က ခံစားချက်တွေ ထုတ်ပြမယ့်နေ့ကိုတော့ မျှော်လင့်မနေပါနဲ့ ဥပမာပြောရမယ်ဆိုရင် သူတို့တွေဟာ ချစ်မိပြီဆိုရင်တောင် တစ်ဖက်လူကို သူတို့ရဲ့ခံစားချက်တွေ ထုတ်မပြတတ်ပဲ စိတ်ထဲမှာပဲ ချစ်နေတတ်တာမျိုးပါ။ လူတစ်ယောက်ကို ချစ်တဲ့နေရာမှာလည်း သူတို့နဲ့စိတ်တူကိုယ်တူဖြစ်တဲ့သူမျိုးကိုပဲ ရွေးချယ်ပြီး ချစ်တတ်လေ့ရှိပါတယ် (၂) ဖေဖော်ဝါရီလ” ဖေဖော်ဝါရီလမှာမွေးဖွားတဲ့ မိန်းကလေးတွေဟာ ရှုပ်ထွေးတဲ့စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားတဲ့အတွက် သူတို့ကို […]
ဘောက်ပျောက်စေတဲ့ ကိုယ်တွေ့နည်းလမ်း
ကျနော် ဘောက် ဖြစ်နေတာကြာပြီး ဘောက်ပျောက်ခေါင်းလျှော်ရည် အစုံသုံးကြည့်ပါတယ် ။ရှောက်နူသီး/သံပုရာသီးစသည်နည်းလမ်းများဖြစ် လုပ်ကြည့်ပေမယ့် တစ်ဖက်နိုင် ငံရောက်ကတည်း က နေပူမိုးရွှာ မရှောင် ပန်ရံအလုပ်ဖြစ်ပြီး ၂နှစ်တာ လုပ်ကာ ဂျွတ်စွဲနေသည် ။ ကျွန်တော် ခေါင်းကဘောက်တွေက မပျောက်ခဲ့ဘူး။ကျွန်တော်အရမ်းစိတ်ညစ်ခဲ့တာပေါ့ ဒါနဲ့ကတုံးခနခနတုံး နေရတာပေါ့ ကတုံးတုံးပြီးဆေးနည်းအစုံသုံးကြည့်တော့လည်း ဆံပင်ပြန်ပေါက်တာနဲ့ပြန်ထနေတာလေး မပျောက်ခဲ့ပါဖူး တစ်ည ဘောက်ပျောက် နည်းဆိုပြီး ကျွန်တော်တွေ့ လိုက် ပါတယ် ။ မိတ်ဆွေ တစ်ယောက် တင်ထားတဲ့ ရဲယိုသီးနည်းလေး သိခဲ့ သည်မို့ အထူးအဆန်းလေးမို့ စိတ်ဝင်စားပြီးတော့ ကျွန်တော် လဲလုပ် ကြည့်တယ် ။ ပထမ တစ်လုံးမှာဘောက်တွေ ထလာသည်မို့ ယုံကြည်မှု့နည်းလာပါတယ် ဇွဲမလျော့ ပဲနောက်တနေ့ထပ် လုပ်တယ် ။ ကျွန်တော် […]









