ကျဆုံးသွားပြီဖြစ်တဲ့ ချစ်သူကောင်လေးရဲ့လက်ကိုဆုပ်ကိုင်ပြီး နောက်ဆုံးအနေနဲ့ထိုင်ကြည့်ကာ ကြေကွဲဝမ်းနည်းနေရှာတဲ့ကောင်မလေး လက်ရှိမှာတော့ လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေရဲ့သတင်းက ကြားသိရသူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်နေ့မှာလည်း သာကေတမြို့နယ်၊ (၆) ရပ်ကွက်မှာ လူစုခွဲဖြိုခွင်းခံခဲ့ရတာကြောင့် ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်နေတဲ့ အသက် (၁၆)နှစ်အရွယ် လူငယ်လေးတစ်ဦး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။ သူ့ရဲ့နာမည်ကတော့ မောင်အောင်ကောင်းထက် (ခ) ကောင်းကောင်းပဲ ဖြစ်ပါတယ် ။ မောင်အောင်ကောင်းထက်အတွက် ဝမ်းနည်းပူဆွေးပြီး စိတ်မကောင်းဖြစ်နေရတဲ့သူတွေထဲမှာတော့ သူ့ရဲ့ချစ်သူကောင်မလေးလည်း ပါဝင်တာပဲ ဖြစ်ပါတယ် ။ ကောင်မလေးက အသက်မဲ့သွားပြီဖြစ်တဲ့ သူမချစ်သူရဲ့ ရုပ်အလောင်းဘေးမှာထိုင်ပြီး ကောင်လေးရဲ့မျက်နှာကို တစ်ဝကြီးကြည့်နေခဲ့တာ ဖြစ်ပါတယ် ။ ချစ်သူရဲ့လက်လေးကိုဆုပ်ကိုင်ပြီး နောက်ဆုံးအနေနဲ့ နှုတ်ဆက်နေတဲ့ ကောင်မလေးရဲ့ပုံရိပ်ကတော့ တကယ့်ကို ဝမ်းနည်းကောင်းလှပါတယ် […]
Month: March 2021
အနော်ရထာမင်း ၏ ထူးဆန်းသော အိမ်မက်ကြီး(၃) ခုနှင့်နောက်ထပ် ပေါ်မည့် သာသနာပြုမင်းလောင်း
အနော်ရထာမင်း ၏ ထူးဆန်းသော အိမ်မက်ကြီး(၃) ခုနှင့်နောက်ထပ် ပေါ်မည့် သာသနာပြုမင်းလောင်း ဓမ္ပဒီပတိုင်း ပုဂံပြည့်ရှင် အနော်ရထာမင်း သည် သူနတ်ရွာမစံမီ (၇) ရက်အလိုတွင် ထူးဆန်းသောအိမ် မက်ကြီးသုံးခုကို မက်လေသည်။ ပထမအိမ်မက် – အနော်ရထာမင်း ၏ နန်းတော်အုတ်တံတိုင်းတို့သည် ပြိုကျကုန်ပြီးနောက် နန်းတော်ထဲတွင် မီးတောက်တစ်ခု ပေါ်လာပြီး ထိုမီးတောက်ထဲမှ ရဲမက် တစ်ယောက်က ပြိုကျသော အုတ်တံတိုင်းကို ပြန် ထောင်လေသည်။ ဒုတိယအိမ်မက် – အနော်ရထာမင်း၏ နန်းတော်သည် လည်းပြိုကျလေသည်။ထိုအခါ နန်းတော် အနောက်တွင် ရှိသော မီးဖိုထဲ မှ မီးလျှံများထဲမှ လူတစ်ယောက်က နန်းတော်ကို ပြန်လည်တည်ဆောက်ပေးလေသည်။ တတိယအိမ်မက် – အနော်ရထာမင်းသည် နန်းတော်ရှေ့သို့ ထွက်လာသောအခါ ကောင်းကင်ယံ၌ မြတ်စွာဘုရားတည်ရှိနေပြီး မြေကြီးပေါ်တွင် […]
ဆရာတော်ကြီးတစ်ပါးတည်း စကားပြောနေလို့ ကင်မရာနဲ့ ရိုက်မိလိုက်တဲ့အခါ
လူသားတွေနဲ့ မတူကြပါဘူး….ဒီလို ထူးခြားတဲ့ပုဂ္ဂိုလ်တွေထဲမှာ ခမုံဆရာတော်ကြီးရဲ့ ထူးခြားတဲ့ ဖြစ်စဉ်လေးကို ပရိသတ်ကြီးတို့ သိရှိကြည်ညိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်… ((မြန်မာနိုင်ငံ ပဋိပတ္တိသမိုင်းတစ်လျောက် ထူးခြားလှတဲ့သံဃာတော်များ လူပုဂ္ဂိုလ်များအမြောက်အများရှိကြတဲ့ ထဲမှာ ဖိနပ်မစီး ထီးမဆောင်း ကျောင်း ၁၂ ကျောင်းကိုခေါင်းလောင်းထိုးလှူခဲ့တဲ့ ခမုံဆရာတော်ကြီး လည်းတစ်ပါး အပါအဝင်ဖြစ်ပါတယ် … ဆရာတော်ကြီးဟာ အရပ်မြင့်မြင့် အသားဖြူ ဖြူ ကြည်လင်သောအသားအရည် ခန့်ညားတဲ့ ဥပဓိရုပ်နဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးဖြစ်ပြီး အမြဲတမ်း တက်ကြွရွှင်လန်းစွာ ပရိတ်သတ်နဲ့ တရင်းတနှီးနေလေ့ရှိပါတယ် … ဆရာတော်ကြီးရဲ့ဓမ္မစွမ်းအား လောကီစွမ်းအားမည်မျှထိ ရှိတယ်ဆိုတာကို သာမန်လူတို့ ခန့်မှန်းဖို့ မဖြစ်နိုင်ပေမယ့် ကာလတစ်ခုထိ တပည့်သာဝကအဖြစ် အတူရှိနေခဲ့ဖူးတဲ့အဘဦးကောင်းခန့်ရဲ့အတွေ့အကြုံများအရ ဆရာတော်ကြီးဟာ ထူးခြားသောဝိသေသရှိတဲ့ ဆရာတော်တစ်ပါးဖြစ်တယ်ဆိုတာ မြေကြီးလက်ခတ် မလွဲသိရှိရပါတယ် … လွန်ခဲ့သော နှစ် […]
ခေါင်းအုံးအောက်မှာကြက်သွန်ဖြူထားပြီးအိပ်ခြင်းကြောင့်ရရှိလာမယ့်ကောင်းကျိုး ၄ ခု
ခေါင်းအုံးအောက်မှာကြက်သွန်ဖြူထားပြီးအိပ်ခြင်းကြောင့်ရရှိလာမယ့်ကောင်းကျိုး ၄ ခု ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူထားပြီးအိပ်တာမျိုးကို သိပ်ပြီးကြားဖူးကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် ညအိပ်တဲ့အခါတိုင်း ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူထားပြီး အိပ်ခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးကတော့ ၄ ခုရှိပါတယ်။ နှာခေါင်းပိတ်တာပျောက်စေတယ် တစ်ခါတစ်လေကျရင် နှာစေးလို့၊ အအေးမိလို့ နှာခေါင်းပိတ်တာမျိုးမဟုတ်ပဲ ညဘက်ရောက်မှ နှာခေါင်းတစ်ဖက်ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ညအိပ်တဲ့အခါတိုင်းမှာ ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထားပြီး အိပ်မယ်ဆိုရင်တော့ ဒီလိုနှာခေါင်းပိတ်တာ သက်သာပြီး ပျောက်သွားစေပါတယ်။ အသက်ရှူလို့ပိုကောင်းလာစေပါတယ်။ ကိုယ်ခံအားစနစ်ပိုကောင်းလာစေတယ် ကြက်သွန်ဖြူက မကောင်းတဲ့ဘတ်တီးရီးယားတွေကို ချေဖျက်နိုင်ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါတိုင်းမှာ ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထားပြီး အိပ်မယ်ဆိုရင် ကိုယ်ခံအားစနစ်ပါ ပိုပြီးကောင်းလာစေပါတယ်။ မနက်နိုးတဲ့အခါမှာလည်း နေလို့ကောင်းတဲ့ feeling မျိုးရစေပါတယ်။ ပိုးကောင်တွေမလာအောင်ကာကွယ်ပေးနိုင်တယ် ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာထားတာက ပိုးကောင်တွေ၊ ပင့်ကူတွေ၊ ခြင်တွေမလာအောင် ကြိုတင်ကာကွယ်ပေးပါတယ်။ တချို့ကတော့ ကြက်သွန်ဖြူကနံတယ်ဆိုပြီး အဲ့လိုထားတာမကြိုက်ပါဘူး။ […]
နှလုံးသားချင်း ဝေးနေပြီဆိုရင်
နှလုံးသားချင်း ဝေးနေပြီဆိုရင် ဦးအောင်ဟာ ဧည့်ခန်းထဲမှာ စာဖတ်နေရင်း မိးဖိုချောင်ထဲမှာ သူ့သားဟာ သူ့မိန်းမကို အော်ဟစ်ပြောနေသံကို ကြားလိုက်တယ်။ သူလည်း မကြားသလို နေပြီး စာကို ဆက်ဖတ်နေတယ်။ ဒါပေမဲ သူ့သားရဲ့ အော်ဟစ်သံဟာ တိုးမသွားဘဲ ပိုတောင် ကျယ်လာတယ်။ ဒါကြောင့် ဦးအောင်လည်း နားမခံနိုင်တော့လို့ သားကို ဧည့်ခန်းကို လာဖို့ ခေါ်လိုက်တယ်။ အနားရောက်လာတဲ့ သားကို ဦးအောင်က ဘာဖြစ်လို့ မိန်းမကို ဒီလောက် အော်ကြီးဟစ်ကျယ် ပြောနေရတာလဲလို့ မေးလိုက်တယ် …။ သားက ခုလို ပြန်ဖြေတယ်…“ဘာမှ မဟုတ်ပါဘူး အဖေရာ အဖေ့သမီးက ကျွန်တော်ပြောတာကို နားမလည်လို့ ကျွန်တော်လည်း စိတ်တိုပြီး အော်ပြောနေမိတာပါ…” “မင်းမိန်းမဟာ မင်းနဲ့ ကပ်လျက်မှာ ရှိနေတာပဲကွာ…ဒီလောက် ၇ အိမ်ကြား […]
မိန်းမ ယူမယ်ဆိုရင် ဘယ်နေရာကို ကြည့်ပြီး အကြိုက်ဆုံးအဖြစ် ရွေးယူမလဲ…
မိန်းမ ယူမယ်ဆိုရင် ဘယ်နေရာကို ကြည့်ပြီး အကြိုက်ဆုံးအဖြစ် ရွေးယူမလဲ… သား အတွက် အဖေ့ရဲ့အကြံပြုချက်… ငါ့သား အိမ်ထောင်ဖက် ရှာနေတယ် ဆိုရင် မိန်းမတွေရဲ့ရင်သားနဲ့တင်ပါး အရွယ်အစားအတွက် မင်း စိတ်မပူနဲ့။နှလုံးသား နဲ့ဦးနှောက် အရွယ်အစားအတွက်ပဲ စိတ်ပူပါ။ သူမရဲ့ချစ်မေတ္တာနဲ့ သည်းခံစိတ်အရွယ်အစားအတွက်ပဲ စိတ်ပူပါ ။နောက် ၅ နှစ် ၁၀ နှစ် ကြာပြီးတဲ့အခါ ရင်သားနဲ့ တင်သားတွေက ပြောင်းလဲသွားလိမ့်မယ် …။ အခု မင်းအမေကိုပဲ ကြည့်လေ ရင်ပြားကြီးနဲ့ တင်ပြားကြီးသာ ကျန်တော့ပေမဲ့ငါတို့တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်။ ငါ့သား… ငွေကို ချစ်တဲ့မိန်းမတွေကို သတိထားပါ။ အဲ့ဒီ မိန်းမတွေဟာ အချိန်ပြည့် သူတို့ရဲ့ဆံပင်တွေ အဝတ်အစားတွေ ဖိနပ်တွေ ပိုက်ဆံအိတ်တွေ အတွင်းခံဘောင်းဘီတွေနဲ့ မိတ်ကပ်တွေအကြောင်း ပြောတတ်ကြတယ်။ အဲ့ဒီ […]
ငါနဲ့မဆိုင်ပဲနေစိမ့်တဲ့အခါ အသာနေရင် အသေနာသွားရတဲ့ ကြွက်ကလေးပုံပြင်
အသာနေရင်အသေနာလိမ့်မယ်ကြွက်ကလေးတစ်ကောင်ဟာနရံတစ်ခုရဲ့အပေါက်လေးတစ်ပေါက်ကနေငေးကြည့်နေရင်းနဲ့လယ်သမားကြီးနဲ့သူရဲ့ဇနီးတို့အထုပ်ကြီးတစ်ထုပ်ကိုဖွင့်နေတာကိုတွေ့လိုက်ရတယ် ကြွက်ကလေးဟာအဲ့အထုပ်ထဲမှာအရသာရှိတဲ့အစားအစာတွေရှိနေမလားဆိုပြီးသိချင်စိတ်များနေလေသတဲ့။ဒါပေမယ့်အထုပ်ထဲမှာပါတဲ့အရာကကြွက်ထောင်ချောက်တစ်ခုဆိုတာတွေ့လိုက်ရတဲ့အချိန်မှာတော့ကြွက်ကလေးအရမ်းကို တုန်လှုပ်သွားခဲ့တယ်။ဒါကိုသိပြီးတဲ့နောက်ကြွက်ကလေးကသူ့မိတ်ဆွေတွေအားလုံးကိုပြေးပြီးအသိပေးတော့တယ်။လယ်သမားကြီးအိမ်ထဲမှာကြွက်ထောင်ချောက်တစ်ခုရောက်နေပြီဟေ့လို့ပြောလိုက်တယ်အဲ့အချိန်မှာအစာစားနေတဲ့ ကြက်မကြီးကနေကြွက်ကလေးကိုကြည့်ပြီးပြောလိုက်တယ်။ကြွက်ကလေးရေဒါကမင်းအတွက်ပြသနာကြီးတစ်ခုဆိုပေမယ့်ငါတို့အတွက်သိပ်အရေးမကြီးသလိုဆိုင်လဲမဆိုင်ဘူးလေလို့ပြောလိုက်တယ်အဲ့ဒီနောက်ကြွက်ကလေးက သူ့မိတ်ဆွေသိုးလေးဆီဆက်သွားခဲ့တယ်လယ်သမားကြီးအိမ်ထဲမှာကြွက်ထောင်ချောက်တစ်ခုရှိနေတယ်လို့ပြောပြလိုက်တယ်သိုးကလေးကကြွက်ကလေးရေဒီကိစ္စအတွက်ငါလုပ်ပေးနိုင်တာတစ်ခုမှမရှိလောက်ဘူးလို့ပြောလိုက်တယ် ဒါပေမယ့်စိတ်မပူပါနဲ့မင်းကံကောင်းဖို့အတွက်ငါဆုတောင်းပေးနေမှာပါ။ကြွက်ကလေးကသူ့မိတ်ဆွေနွားမကြီးဆီသွားပြီးကြွက်ထောက်ခြောတစ်ခုရှိနေတဲ့အကြောင်းကိုပြောပြတယ်နွားမကြီးကလဲကောင်းပါပြီကြွက်ကလေးရေငါ့အတွက် တော့န္တရာယ်ကြီးကြီးမားမားမရှိနိုင်လောက်ပါဘူးလို့ပြောလိုက်ပြန်တယ်နောက်ဆုံးတော့ကြွက်ကလေးလဲ၀မ်းနည်းစိတ်ပျက်စွာနဲ့ကြွက်ထောင်ချောက်ကိုရင်ဆိုင်ဖို့အတွက်သတ္တိရှိရှိနဲ့အိမ်ကိုပြန်လာလိုက်တယ်ဒီလိုနဲ့ ကြွက်ထောင်ချောက်မှာအကောင်တစ်ကောင်မိတဲ့အသံကိုကြားလိုက်ရတယ်လယ်သမားကြီးရဲ့ဇနီးကဘာဖြစ်တာလဲဆိုပြီးအပြေးအလွှားလာကြည့်တဲ့အခါမှာညပိုင်းဆိုတော့အရမ်းမှောင်ပြီးဘာမှမမြင်ရတာကြောင်ကြွက်ထောင်ချောက်မှာ ဘာအကောင်မိနေလဲဆိုတာကိုသူသေချာမမြင်ရဘူး။ကြွက်ထောင်ချောက်မှာမိနေတာကမြွေအမြီးကြီးဖြစ်နေတယ်။ခေါင်းပိုင်းလွတ်နေတဲ့အတွက်ကြောင့်မြွေကလယ်သမားကြီးရဲ့ဇနီးကိုကိုက်လိုက်တယ်။လယ်သမားကြီးကသူ့ဇနီးကို မြွေကိုက်တာလဲမြင်ရောချက်ချင်ပွေ့ပြီးဆေးရုံကိုတန်းပြေးတယ်။လယ်သမားကြီးဇနီးဆေးရုံကဆင်းလာတဲ့အချိန်မှာသူမရဲ့ဖျားနာတဲ့ဒဏ်ရာကိုသက်သာအောင်စွပ်ပြုတ်ပူပူလေးတစ်ခွက်တိုက်ဖို့လိုအပ်လာတယ်။လယ်သမာကြီးက စွပ်ပြုတ်ချက်ဖို့အတွက်ဟင်းအမယ်တခုရအောင်အိမ်မှာရှိတဲ့ကြက်ကလေးကိုဖော်လိုက်ပါတော့တယ်လယ်သမားကြီးရဲ့ဇနီးနေမကောင်းတာကိုကြားလို့သူရဲ့အိမ်နီးချင်းနဲ့ဆွေမျိုးတွေကသတင်းမေးဖို့ရောက်လာတယ် သတင်မေးတဲ့သူတွေကိုဧည့်ခံဖို့ဟင်းမရှိလို့သိုးကလေးကိုအသားဖော်ပြီးသိုးသားဟင်းချက်လိုက်ရတယ်ကံမကောင်းစွာနဲ့ပဲလယ်သမားကြီးမိန်းမကအဖျားဒဏ်မခံနိုင်ဘဲဆုံးသွားခဲ့တယ်Credit Story
အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည်….
အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည် ပြည်ထောင်စုလွှတ်တော် ကိုယ်စာပြုကော်မတီ CRPH ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ အစိုးရသစ်နဲ့အတူ ပြည်သူ့ကာကွယ်ရေးအစီအမံသစ်ကိုပါ တစ်ပါတည်း ချပြတော့မယ်လို့ CRPH ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးအစီအမံဖြစ်တဲ့ ဖက်ဒရယ်တပ်မတော် ဖြစ်တည်လာဖို့ လစဉ် ဘဏ္ဍာငွေ ဒေါ်လာသန်း ၂၀ လောက် ရှိနိုင်ပြီး ပြည်သူ့လူထုရဲ့ပါဝင် လှူဒါန်းထည့်ဝင်မှုကို အထူး လိုအပ်ကြောင်း CRPH ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဒီနေ့ အွန်လိုင်းလူမှုကွန်ရက်ကနေ တဆင့် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီအတွက် CRPH ဝက်ဘ်ဆိုက်ကနေ သွားရောက်လှူဒါန်းနိုင်သလို GoFundMe.com နိုင်ငံတကာဝက်ဘ်ဆိုက်မှာ CRPH ကမ်းပိန်းကိုရှာဖွေနိုင်တယ်လို့ နည်းလမ်းဖော်ပြထားပါတယ်။ CRPH အနေနဲ့ အလှူငွေ ဝက်ဘ်ဆိုက်စတင်ရာမှာ ၁၂ရက်အတွင်း လူပေါင်း ၇၀၀၀ ကျော်ဆီကနေ ဒေါ်လာ ၇ သိန်းကျော်ရရှိထားတာကိုလည်း […]
အချစ်သစ်စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာ ပြောပြပေးမယ့် စမ်းသပ်ချက်လေး
အချစ်သစ်စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာ ပြောပြပေးမယ့် စမ်းသပ်ချက်လေး နံပါတ် ၁ ပထမပန်းလေးကို ရွေးချယ်ခဲ့မယ်ဆိုရင် သင်ဟာ ရည်စားထပ်ထားဖို့ အခုချိန်မှာ အဆင်သင့်ဖြစ်ခါနီးပါပြီ။ (အဆင်သင့်တော့ မဖြစ်သေးဘူးပေါ့နော်) အတိတ်ကာလမှာ သင်ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး သင်ခန်းစာတွေ တော်တော်များများ ရခဲ့တဲ့အတွက် အခုအချိန်မှာ ရင့်ကျက်လုနီးပါး ဖြစ်နေပါပြီ။ အချစ်ရေးမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို သိနေပြီဖြစ်တဲ့အတွက် အတိတ်ကလို ကလေးဆန်ပြီး မိုက်ရူးရဲဆန်တာမျိုးတွေ မရှိတော့ပဲ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။ ဒါပေမယ့် လောလောဆယ် ရည်းစားထပ်မထားခင် နည်းနည်းလောက် အချိန်ယူပြီး တစ်ယောက်ထဲ နေကြည့်ပါဦးနော်… နံပါတ် ၂ ဒုတိယပန်းလေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ရည်စားထပ်ထားဖို့ အခုချိန်မှာ အဆင်သင့်ဖြစ်နေပါပြီ။ သင့်အနေနဲ့ ဒီတစ်ခေါက်အချစ်ရေးမှာ တည်တည်ငြိမ်ငြိမ်နဲ့ လေးနက်တဲ့အချစ်ရေးဖြစ်အောင် ဖန်တီးတော့မှာပါ။ သင်ဟာ […]
Taxi စီးနေရင်းနဲ့ ကားမောင်းတဲ့ အဘဆီကို ဖုန်းတွေ တစ်ခုပြီးတစ်ခုဝင်လာလို့ စမ်စုမိလိုက်တဲ့အခါ
Taxi စီးနေရင်းနဲ့ ကားမောင်းတဲ့ အဘဆီကို ဖုန်းတွေ တစ်ခုပြီးတစ်ခုဝင်လာလို့ စမ်စုမိလိုက်တဲ့အခါ အလုပ်သွားဖို့ taxi တစ်စီးတားလိုက်မိသောအခါ taxi မောင်းတဲ့အဘရဲ့အဖြစ်က ရင်ထဲမကောင်းဖြစ်မိပါတယ်။ အလုပ်သွားဖို့အိမ်ကအထွက် taxi တစ်စီးတားလိုက်မိတယ် အသက်အရွယ်ကလဲ ကြီးနေတာကြောင့် ဈေးမဆစ်တော့ဘဲ အဘပြောတဲ့ဈေးနဲ့ဘဲ စီးလိုက်တယ်။ Taxi စီးနေရင်းနဲ့ အဘဆီကို ဖုန်းတခုဝင်လာတယ် ဆေးရုံတင်ထားရတဲ့ သူ့မိန်းမကို ဆေးသွင်းပေးဖို့ ငွေလာသွင်းပေးဖို့ အကြောင်းကြားတဲ့ဖုန်းလေး ကြားကြားချင်း တကယ်ကို စိတ်ထဲမကောင်းသွားတာပါ ခနနေတော့ နောက်ထပ်ဖုန်းတခုထပ်ဝင်လာတယ်။ အိမ်ရှင်က အိမ်ဖယ်ပေးဖို့ပြောတဲ့ဖုန်း တကယ်စိတ်ထဲကိုဆို့သွားတာ အာ့တာနဲ့မနေနိုင်မထိုင်နိုင် အဘအကြောင်းလေးမေးကျိတော့ ဒီနေ့မနက်ဘဲ အဘဇနီးက ကျနော်လဲဒီ့ထက်ပိုစပ်စုချင်တာနဲ့ အဘတို့မှာ ကျောထောက်နောက်ခံ သားသမီးတေမရှိဘူးလားလို့မေးလိုက်တော့ အဘမှာမျက်ရည်လေးဝဲပီး သားရယ် အဘကအရင်တုန်းက express တွေမောင်းတော့ ငွေရေးကြေးရေးအဆင်ပြေသေးတော့ ရှိတာလေးတွေထုခွဲရောင်းပီး သား ၃ယောက်ကို […]









