Knowledge

လေဖြတ်လူနာ လမ်းပြန်လျှောက်နိုင်ခြင်းအပြင် ခန္ဓာကိုယ်အတွင်းပိုင်း နာကျင်မှု ဟူသမျှအတွက် ဆေးနည်း..

လေဖြတ်လူနာ လမ်းပြန်လျှောက်နိုင်ခြင်းအပြင် ခန္ဓာကိုယ်အတွင်းပိုင်း နာကျင်မှု ဟူသမျှအတွက် ဆေးနည်း.. လေဖြတ်လူနာ လမ်းပြန်လျှောက်နိုင်ခြင်းအပြင် အကြောညပ်၊ အဆစ်လွဲ၊ ခန္ဓာကိုယ်အတွင်းပိုင်း နာကျင်မှု ဟူသမျှအတွက် ဆေးနည်း လေဖြတ်လူနာ လမ်းပြန်လျှောက်နိုင်တဲ့‌ဆေးနည်း.. အကြောညပ်၊ အဆစ်လွဲ၊ ခန္ဓာကိုယ်အတွင်းပိုင်း နာကျင်မှု ဟူသမျှအပြင် လေဖြတ်လူနာတောင် နှစ်ပတ်မကြာ လမ်းပြန်လျှောက်နိုင်တဲ့နည်း။ ဆေးဝါးဒါနလေးပြုပါရစေ။ ညောင်းညာကိုက်ခဲလို့ပဲဖြစ်စေ၊ အကြောညပ်လို့ပဲဖြစ်စေ၊ အရိုးအကြော အဆစ်အမြစ် ကိုက်ခဲနာကျင်ခြင်းပဲဖြစ်စေ ခန္ဓာကိုယ်အတွင်းပိုင်း နာကျင်မှုဟူသမျှအတွက် အထူးကောင်းမွန်တဲ့ အိမ်တွင်းသုံး လိမ်းဆေးလေးပါ။ ကျွန်တော့်အဖေ လေဖြတ်တာ သုံးခါ။ လေဖြတ်တာကို သိတာနဲ့ အဲ့ဒီဆေးဖော်ပြီး လိမ်းပေးပါတယ်။ နှစ်ပတ်မကြာဘူး..။ လမ်းပြန်လျှောက်နိုင်ပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ပြုစုဖို့တော့လိုပါလိမ့်မယ်။ အိမ်တွင်းသုံး ဘက်စုံလိမ်းဆေးကြီး ပြုလုပ်ပုံကတော့.. အရက်ဆီ၊ ဒီဇယ်ဆီ၊ နှမ်းဆီ၊ ရှောက်သီး… အရည်ကို ညှစ်ယူရပါမယ်။ […]

Knowledge

ရန်ကုန်မှ မန္တလေးသို့ သွားသော ရထားပေါ်တွင် ဖြစ်သည် (တန်ရာတန်ရာပေါ့ဗျာ)..

တန်ရာတန်ရာပေါ့ဗျာ….ရန်ကုန်မှ မန္တလေးသို့ သွားသော ရထားပေါ်တွင် ဖြစ်သည်။ ရထားပေါ်မှာပါလာတဲ့ ခရီးသည်တစ်ဦးရဲ့ လက်ထဲမှာ ဟောင်းနွမ်းနေတဲ့ ၂၀၀ တန်အစုတ်လေး တစ်ရွက်။ သူက လာသမျှ ဈေးသည်တွေကို အဲဒီပိုက်ဆံလေးနဲ့ လိုက် ဝယ်နေတယ်။ ဒါပေမယ့်…ဈေးသည် တော်တော်များများက “ဒီပိုက်ဆံလေး ပြန်လဲပေး ပါဦး” ဆိုပြီး လဲခိုင်း တယ်။ ဒီတော့ သူစဉ်းစားနေတယ်..”အင်း” ဒီအတိုင်းဝယ်နေလို့ကတော့ အဆင်ပြေမှာမဟုတ် ဘူး။ ငါ နောက်ဘူတာကို ရောက်ရင် ရထားထွက်ခါနီးမှပဲ ဝယ်မယ်။ ဒီလိုဆိုရင်သူတို့ ပြန်လဲခိုင်းလို့ရမှာမဟုတ်တော့ ဘူး” သူ့အကြံနဲ့သူကတော့ ဟုတ်လို့ပေါ့။ နောက်လာမဲ့ဘူတာမှာလည်း ဈေးသည် တစ်ယောက်.. သူကတော့ ရောင်းလို့မကုန်တဲ့ထမင်းသိုး တွေကို ရထား ထွက်ခါနီးမှ အပြေးအလွှား လိုက်ရောင်းတာ။ ဘူတာကိုလဲရောက် ရထားပြန်ထွက်ခါနီး ဥသြလဲဆွဲရော – […]

Knowledge

ညအိပ်ယာမဝင်ခင် မိန်းကလေးတိုင်း မဖြစ်မနေလုပ်သင့်တဲ့အချက် (၅)ချက်

ညအိပ်ယာမဝင်ခင် မိန်းကလေးတိုင်း မဖြစ်မနေလုပ်သင့်တဲ့အချက် (၅)ချက်…. ပျိုမေတို့အတွက် အသားအရည်လှပဖို့ဆိုတာ လက် တစ်ကမ်းအကွာမှာပါပဲ။အသားအရည်လှပစိုပြည်ချင်လို့ ဈေးကြီးပေးဝယ်ထားရတဲ့အကောင်းစားမိတ်ကပ်ပစ္စည်းတွေကိုတော့ နေ့တိုင်းသုံးနေတာပဲ။ သိပ်ပြီးမထူးခြားလာဘူးဆိုတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေမျှဝေပေးချင်ပါတယ်။ တကယ်တော့ အသားအရည်ဆဲလ်တွေက ညအိပ် ရာဝင်ရင်ပြောင်းလဲပြီးအသစ်ပြန်လည်ဖြစ်ပေါ်တဲ့အတွက် အဲ့ဒီအချိန်မှာသာ ကောင်းမွန်တဲ့အလှအပပစ္စည်းတွေသုံးပေးမယ်ဆိုရင်ပိုပြီးထိရောက်မှုရှိနိုင်ပါတယ်။ မနက်တိုင်းနေ့တိုင်းသုံးတာထက် ညဘက်မှာလုပ် တာကပိုပြီးထိရောက်စေတာပါ။ သဘာဝအတိုင်းအသားအရည်လှပချင်တယ်၊စိုပြည် ချင်တယ်ဆိုရင် ပျိုမေတို့အားလုံး ဒီအချက် ၅ချက်ကိုနေ့တိုင်းလုပ်ဆောင်သင့်ပါတယ်။ဘာတွေလဲဆိုရင်… ၁။မိတ်ကပ်ဖျက်ပါ နေ့တိုင်းအလုပ်သွားရုံးသွားနေရတဲ့အတွက် မိတ်ကပ်ကအမြဲတမ်းလိမ်းနေရပါတယ်။မိတ်ကပ်ကိုတစ်နေကုန်လိမ်းထားရတဲ့အတွက် ငယ် ရွယ်တုန်းမှာလှပပေမဲ့အသက်အရွယ်ရလာတဲ့အခါမိတ်ကပ်ကြောင့် အသားအရည်တွန့်တာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် မိတ်ကပ်ကိုတစ်နေကုန်လိမ်းထားပြီးညဘက်မိတ်ကပ်မဖျက်ပဲအိပ်မိရင်တော့ပိုပြီးဆိုးနိုင် ပါတယ်။အဲ့ဒါကြောင့် အိမ်ပြန်ရောက်လို့ အိပ်ယာ ဝင်တော့မယ်ဆိုတာနဲ့ မိတ်ကပ်အရင်ဖျက်ပါ။ မျက်နှာသစ်ဆေးနဲ့သစ်ရုံနဲ့ မိတ်ကပ်တွေအကုန်သန့်စင်မပေးနိုင်ပါဘူး။အကြွင်းအကျန်တွေပါမရှိအောင် မိတ်ကပ်ဖျက်တဲ့တစ်ရှူးဖြစ်စေ၊အရည်ဖြစ်စေ အရင် ဆုံးသုံးပေးသင့်ပါတယ်။ ၂။မျက်နှာသန့်စင်ပါ မိတ်ကပ်ဖျက်ပြီးရင်တော့ မျက်နှာသစ်ဆေးနဲ့သန့်စင်ပေးရပါမယ်။မျက်နှာသစ်ဆေးသုံးတဲ့အခါမှာလည်းကိုယ့်အသားအရည်နဲ့သင့်တော်တဲ့မျက်နှာသစ်ဆေးမျိုးကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။ မျက်နှာကအဆီပြန်ရင် အဆီပြန်တာသက်သာစေတဲ့မျက်နှာသစ်ဆေး၊ဝက်ခြံထွက်တဲ့အသားအရည် ဆိုရင်ဝက်ခြံကာကွယ်ပေးတဲ့မျက်နှာသစ်ဆေး၊ခြောက်သွေ့တဲ့အသားအရည်ဆိုရင်သုံးပေးသင့်တဲ့မျက် နှာသစ်ဆေးစသဖြင့်အမျိုးမျိုးရှိပါတယ်။ မှန်ကန်နဲ့မျက်နှာသစ်ဆေးသုံးပေးဖို့အရေးကြီးပါတယ်။မျက်နှာသစ်ဆေးကိုလည်း အနေတော်လောက်လက်ထဲထည့်ပြီးမျက်နှာကိုပွတ်တိုက်တဲ့အခါမှာ ကြမ်းတမ်းစွာပွတ်တိုက်တာမျိုးမလုပ်ပါနဲ့။ မျက်နှာအသားအရည်က […]

Local News

စစ်ကိုင်းမြို့တွင် အလှူခံထွက်သည့် (၁၆)နှစ်အရွယ် ဆရာလေး ၂ ပါး ၄ရက်ကြာပျောက်ဆုံး

စစ်ကိုင်းမြို့တွင် အလှူခံထွက်သည့် (၁၆)နှစ်အရွယ် ဆရာလေး ၂ ပါး ၄ ရက်ကြာပျောက်ဆုံး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် အလှူခံထွက်သည့် ဆရာလေး ၂ ပါးမှာ ၄ ရက်ကြာ ပျောက်ဆုံးနေကြောင်း သိရပါတယ်။ ဆွမ်းခံထွက်သည့်ဆရာလေး ၂ ပါးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ချောင်းဦးမြို့ရှိ သီလရှင်ကျောင်းတွင်တ ည်းပြီး နံနက်ခင်းတွင် ချောင်းဦးမြို့ထဲသို့ အလှူခံထွက်ရင်း ညနေခင်းအချိန်တွင် ကျောင်းသို့ပြန်ရောက်လာ ခြင်းမရှိကြောင်း သိရပါတယ်။ ပျောက်ဆုံးသည့် ဆရာလေး ၂ ပါးမှာ စစ်ကိုင်းမြို့၊ ဇေယျာတိုးချဲ့ရပ်ကွက်၊ “ရတနာသိင်္ဃရွှေဘို ကျောင်း တိုက်”တွင် သီတင်းသုံးနေထိုင်သည့် ဆရာလေး ၂ ပါး ဖြစ်ကြောင်း သိရပါတယ်။ “ဒီဆရာလေး ၂ ပါးက ချောင်းဦးမြို့ကို ရောက်တဲ့မော်တော်ယာဉ်နဲ့လိုက်သွားတယ်။ […]

Knowledge

မြန်မာပြည်မှာ အလကားရတဲ့ အရွက်ကို အမေရိကန်မှာ (၁၃) ဒေါ်လာနဲ့ ရောင်းနေလို့ ရှာဖတ်ကြည့်တဲ့အခါ.

မြန်မာပြည်မှာ အလကားရတဲ့ အရွက်ကို အမေရိကန်မှာ (၁၃) ဒေါ်လာနဲ့ ရောင်းနေလို့ ရှာဖတ်ကြည့်တဲ့အခါ.. အရမ်းကို အံ့ဩမိ ပါသည်.. ဖတ်ကြည့်ကြပါဦး.. ကျနော်တို့ နိုင်ငံမှာပေါများလှတဲ့ သရက်ရွက် (Mango Leave) ကို အမေရိကန်နိုင်ငံမှာ ၂ အောင်စကို ၁၃ ဒေါ်လာ (13$) နဲ့ရောင်းနေတာတွေ့ရတော့ ဘာတွေကောင်းလဲဆို google ခေါက်ကြည့်လိုက်ပါတယ်။ သူများတွေရောင်းနေတာ ကုန်ချောအဆင့်တောင်မဟုတ်ပါဖူးနော်။သူများရောင်းတာထိုင်ဝယ်စားနေရမယ့် ခေတ်လဲ မဟုတ်တော့ပါဖူး. သရက်သီးအရွက်ဟာ သရက်သီးထက် အဟာရပိုများနေပါတယ်.. ဗီတာမင် အေ ဘီ စီနဲ့ antioxidant တွေကြွယ်ဝပါတယ်../ သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ ရေနဲ့ပြုတ်၍ဖြစ်စေ အရွက်ကိုအမှုန့်ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာ ချက်ပြုတ်စားသောက်ကြပါတယ်.. ဆေးဘက်ဆိုင်ရာအနေဖြင့် ဆီးချိုရောဂါကို ထိန်းညိဖို့ သောက်သုံးကြပါတယ်.. ဒါအပြင် သွေးတိုးရောဂါ ထိန်းညိပေးပါတယ်.. […]

Knowledge

3.Feb.2023 မှ9.Feb.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း…

3.Feb.2023 မှ 9.Feb.2023 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း #တနင်္ဂနွေ မျှော်လင့်ထားသော ငွေကြေးများ ရရှိလာတတ်သည်။ ငွေဝင်တတ်သည်။ သို့သော် များများတော့မဝင် တတ်ပါ။. ငွေအရနည်းတတ်ပါသည်။စိတ်ပူရသော ကိစ္စများအတွက် အဆင်ပြေရုံ၊ . ဖြေရှင်းနိုင်ရုံလောက်သာ ရရှိတတ်ပါသည်။ အပို အလျှံသိပ်မရှိ တတ်ပါ။ အခက်အခဲတော့ ဖြေရှင်းနိုင်စွမ်းရှိတတ်သည်။ မိခင် ဘက်က အမျိုး များကြောင့် စိတ်ဆင်းရဲစရာအချို့တော့ ကြုံရတတ်သည်။ ငွေများများဝင်သူတွေဆိုရင်လဲတစ်ဖက် က ကုန် စရာ ကိစ္စလည်းများနေတတ်ပါသည်။အမှုအခင်းကြုံပြီး ငွေကုန်တတ် သည်။ အစွပ်စွဲခံရခြင်း၊ အထင်လွဲခံရခြင်း ကြုံရ တတ်သည်။ တစ်ခါတရံ စိတ်ထဲ မှာ မပျော်မရွှင်ဘဲ ဖြစ်နေတတ်သည်။ လုပ်ငန်းတစ်ခုကို တစ်ကြိမ်မက ပြန်လုပ် ရတတ်သည်။ ပြဿနာတစ်ခုပြီးတစ်ခု ကြုံရတတ်သည်။ အလုပ်မှာ.. အခက်အခဲ […]

Health Care

ဆံကေသာ ခြောက်သွေ့ပျက်စီးနေရင် ဒီလိုလေးစမ်းကြည့်ပါ…

ဦးရေပြားခြောက်သွေ့ပြီး ဆံသားခြောက်သွေ့တဲ့သူတွေအဖို့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။ ဆံသား ခြောက်သွေ့ပြီဆိုရင်တော့ ဆံကေသာ ထိန်းသိမ်းရခက်ခဲခြင်း၊ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်း၊ ကြမ်းတမ်းခြင်း၊ပျက်စီးလွယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဆံကေသာ ခြောက်သွေ့ပျက်စီးရတဲ့အကြောင်းရင်း အဓိကအားဖြင့်တော့ ပတ်ဝန်းကျင်ကလေထုညစ်ညမ်းမှု၊ နေရောင်ခြည်ထိတွေ့မှု၊ ဖုန်နဲ့ အညစ်အကြေးတွေ၊ ရေကူးကန်မှာပါတဲ့ ကလိုရင်းတွေ၊ ဆားငန်ရေတွေဟာ သင့်ဆံကေသာကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဒါ့အပြင် ဆံပင်ပုံသွင်းစက်တွေ၊ ဟော်မုန်း မတည်ငြိမ်မှုတွေ၊ ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့တာတွေကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းတာကို သက်သာအောင်လုပ်လို့ရသလား ရပါတယ်။ ခေါင်းမလျှော်ခင် ဆံပင်ကို အုန်းဆီလိမ်းပြီး ၁ နာရီလောက် ထားပေးထားကာ ခေါင်းလျှော်ချနိုင်ပါတယ်။ သံလွင်ဆီကိုလည်း သုံးနိုင်ပါတယ်။ ဆံပင်အဖျားလေးတွေကို အဆီ၊ Serum လိမ်းပေးပါ။ ခေါင်းလျှော်တိုင်းမှာ ပေါင်းဆေးသုံးပေးပါ။ သဘာဝပေါင်းတင်နည်း ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာနဲ့ ဆံသားအရောင်မွှဲတာတွေအတွက် ပျားရည်ကို သုံးနိုင်ပါတယ်။ ပျားရည်ဟာ […]

Knowledge

မလေးရှားသို့ သွားရန် ပွဲစားခ သိန်း (၅၀) ပေါက်စျေးနှင့် လက်ရှိ လမ်းကြောင်းပုံစံများ..

မလေးရှားသို့ သွားရန် ပွဲစားခ သိန်း (၅၀) ပေါက်စျေးနှင့် လက်ရှိ လမ်းကြောင်းပုံစံများ ထားဝယ်ဒေသမှ မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ်သွားရာတွင် ပွဲစားကို ပေးရသည့် လမ်းစရိတ်မှာ နှစ်ဆမြင့်တက်လာပြီး သွားရောက်သည့်ပုံစံနှင့် လမ်းကြောင်းများ ပြောင်းလာကြောင်း ထားဝယ်ဒေသခံအချို့ထံမှ သိရသည်။ ယခင်က ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနယ်စပ်သို့ဖြတ်ကာ မလေးရှားနိုင်ငံအထိ ကားတစ်တန်၊ ခြေလျင်တစ်တန် သွားကြရ သည်။ ထိုသို့သွားရာတွင် လမ်းခရီး၌ အနည်းဆုံး (၃) ရက်မှ (၁၀) ရက်ကျော်အထိ ကြာမြင့်လေ့ရှိသည်။ ကိုဗစ်ကြောင့် ပိတ်ထားသည့် အလည်ဗီဇာများကို ပြန်လည်ခွင့်ပြုချိန်တွင် လမ်းကြောင်းအသစ်များ ပေါ်လာသည်။ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ၁၄ ရက် အလည်ဗီဇာဖြင့် လေယာဉ်စီးသွားပြီး ထိုင်းနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ ကား သို့မဟုတ် ခြေလျင်ခိုးဝင်ကြသည်။ အထက်ပါ လမ်းကြောင်းဖြင့် […]

Knowledge

ဆေးရုံက ပြန်လွှတ်လိုက်တဲ့ အဆုတ်တီဘီ သမားတစ်ယောက် တောမှာ အလေ့ကျပေါက်တဲ့အပင်ရဲ့ အစွမ်းသတ္တိ..

ဆေးရုံက ပြန်လွှတ်လိုက်တဲ့ အဆုတ်တီဘီ သမားတစ်ယောက် တောမှာ အလေ့ကျပေါက်တဲ့အပင်ရဲ့ အစွမ်းသတ္တိ ဆေးရုံက ပြန်လွှတ်လိုက်တဲ့ အဆုတ်တီဘီ သမားတစ်ယောက် တောမှာ အလေ့ကျပေါက်တဲ့အပင်ရဲ့ ..အစွမ်းသတ္တိကြောင့် ရောဂါပျောက်ကင်းပြီး အသက်ရှည်ရှည် နေသွားရတဲ့ အကြောင်း ဖေါက်သည်ချပါရစေ..။ ကျွန်တော်တို့ အိမ်နားမှာ ကိုကံမြင့် ဆိုတဲ့လူတစ်ယောက်ရှိပါတယ်။ သူ့ပုံက အရိုးပေါ်အရေတင်။ ချောင်းတစ်ဟွတ်ဟွတ်နဲ့ သွေးအန်နေပါပြီ။ တိုတိုပြောကြစို့ရဲ့။ အခြေအနေက အနှုတ်လက္ခဏာပြနေပြီ။ အနီးဆုံး အင်္ဂပူဆေးရုံတင်တယ်။ အင်္ဂပူက ဟင်္သာတ ဆေးရုံ လွှဲတယ်။ ဟင်္သာတဆေးရုံက ပုသိမ်တိုင်းဆေးရုံ ထပ်လွှဲပြန်တယ်။ ပုသိမ်ဆေးရုံမှာ တစ်ပါတ်လောက် ကြာတော့ ရောဂါက မသက်သာ။ ပုသိမ်ဆေးရုံက သောက်ဆေး တစ်လစာပေးပြီး တစ်လနေမှ ပြန်လာပြပါပေါ့။ ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ သူ့ကိုဘယ်သူက ညွှန်တယ်မသိ စျေးကိုအင်ဖက်လာရောင်းတဲ့ သူတွေကို […]

International News

တစ်လုံးကို မြန်မာငွေ တစ်သိန်းနီးပါးရှိတဲ့ ကမ္ဘာဈေးအကြီးဆုံး သရက်သီး.

အသီးမှာသရက်ဆိုသည့်အတိုင်း သစ်သီးများတွင်သရက်သီးသည် အရသာနှင့်အရောင်အနံ့ကစွဲမက်ဖွယ်ကောင်းပါသည်။ ကမ္ဘာ့သရက်သီးဇျေးကွက်တွွင်ဇျေးအကြီးဆုံးသရက်သီးမျိုးမှာဂျပန်နိုင်ငံထွက်မီယာဇာကီသရက်သီးဖြစ်ပြီးသတ်မှတ်အလေးချိန်ရှိအသီးတလူံးလျင် ($50- $70(မြန်မာငွေတသိန်းနီးပါး)တန်ဖိုးရှိပါသည်။ အသီးအလေးချိန်သည်350gmအထက်ရှိရပါမည်။Miyazakiသရက်သီးသည်သာမန်သရက်သီးထက်၁၅%မျှပိုချိုပါသည်။ Miyazaki သရက်ကို ဂျပန်နိုင်ငံတောင်ပိုင်း ကျူရူးကျွန်းမှာ စိုက်ပျိုးပြီး ကမ္ဘာ့စျေးအကြီးဆုံး သရက်သီးဖြစ်ပါတယ်။ သူ၏အရောင်နှင့် အချိုဓာတ်မြင့်မားမှုကြောင့် နာမည်ကြီးသရက်အဖြစ်ရပ်တည်နေပါတယ်။ စိုက်ပျိုးသောနေရာသည်နေ့အလင်းရောင်ရရှိမှုမြင့်မားပြီး.. မိုးရေချိန်များ သောကြောင့််သရက်သီးက အရောင်လှစေတယ်လို့ ယူဆကြပါတယ်။ အသီး ရင့်မှည့်ပါသူ့အလိုလိုကြွေသောအသီးက အချိုဓာတ်မြင့်မားတာကို သတိပြုမိတဲ့ စိုက်ပျိုးသူတွေဟာ နောက်ပိုင်းမှာ အသီးကိုဇကာပိိုက်အိပ် စွပ်ပေးပြီး အလိုအလျောက်ကြွေကျမှ အသီးကိုယူကြပါတယ်။ ရင့်မှည့်ပါကအနီရင့်ရောင်ရှိသည်။ ထို့ကြောင့် Miyazaki သရက်ကို “Egg of Sun” ဟုတင်စားခြင်း ဖြစ်မည်။ အသီးကို အရောင်ညီမျှစေရန် အသီး၏အောက်ခြေတွင်အရောင်ပြန်စေသောခွက်ကလေးတွေ ထားပေးပြီးအသီးအရောင်ကိို ညီညာလှပသော အသီးကိုရရှိစေသည်။ မူရင်း – ခရစ်ဒစ် အသီးမှာသရကျဆိုသည့ျအတိုငျး သဈသီးမြားတှငျသရကျသီးသညျ အရသာနှင့ျအရောငျအနံ့ကစှဲမကျဖှယျကောငျးပါသညျ။ ကမ်ဘာ့သရကျသီးဇြေးကှကျတှငျဇြေးအကွီးဆုံးသရကျသီးမြိုးမှာဂပြနျနိုငျငံထှကျမီယာဇာကီသရကျသီးဖွဈပွီးသတျမှတျအလေးခြိနျရှိအသီးတလူံးလငြျ ($50- […]