သမီးမိန်းကလေးမွေးဖွားရင် သည်နာမည် မျိုးမပေးမိပါစေနဲ့.. ၁ ပါဠိဆန်သော နာမည် သီတာ သူဇာ ဒေ ဝီ သဉ်ဇ ရူပါ ကလျာ သန္တာ သိင်္ဂ စန္ဒာ သီရိ သော်တာ စသည် ၂ ယောကျ်ားဆန်သောမာကြောသည့် နာမည် မာမာ အေးမာ ခက်ခက် မေမောင် စသည် ၃ ပန်းနာမည် နှင်းဆီ စပယ် သပြေ သရဖီ စသည် ၄ ရာသီဥတု နာမည် ဆောင်း နွေ မိုး စသည်ပါသော အမည် ၅ လ အမည် တန်ခူး မေ ဧပရယ် ဝါဆို စသည် သည်လိုစာလုံးတွေ နာမည်ထဲမှာပါရင်ဘ၀ မှာအောင်မြင်ရင်းကကျဆုံးတတ်သလို အချစ်ရေးအိမ်ထောင်ရေး စိတ်ရှုပ်ရတတ်ပါတယ်။ […]
Day: February 22, 2023
မြွေပွေးလိုလူ မဖြစ်စေချင် (တန်ဖိုးရှိလို့ လုံး၀မကျော်သွားပါနဲ့..)
မြွေပွေးလိုလူ မဖြစ်စေချင် ဘားအံ-ဘက်က မြွေဖမ်း အလွန်ကျွမ်းကျင်တဲ့ ကရင်ကြီး တစ်ယောက်ရှိတယ်။အဲဒီကရင်ကြီးက ခြေထောက် တစ်ဖက်က မသန်ရှာဘူး။ ဒါပေမဲ့ မြွေဖမ်းတဲ့နေရာမှာတော့ အလွန်တော်တယ်။ တစ်ညကို ၂-ကောင် ၃-ကောင် လောက်ရတယ်။ သူဖမ်းလိုက်ရင်လည်း မြွေပွေးပဲ။ တစ်ကောင်ကို တစ်သောင်းလောက် ရတာကိုး။ လူငယ်လေးတစ်ယောက်က ‘‘ဖထီးမြွေပွေးကို ဘယ်လို ဖမ်းလဲဗျ’’လို့ ကရင်ကြီးကို မေးတယ်။ “ငါက ခြေထောက်မသန်တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင်ဘူး။ အဲဒီကောင်တွေက လူတွေ့ရင် ထွက်ပြေးတာကိုး။ ဒါကြောင့် ငါက မြွေပွေးပဲ ဖမ်းတယ်’’ “မြွေပွေးကျတော့ လူတွေ့ရင် မပြေးဘူး၊ ငါ့ထိရင် ကိုက်မယ်ဆိုပြီး ငြိမ်နေတာ၊ လာမထိနဲ့ သေသွားမယ် ဆိုတဲ့ပုံစံမျိုးပေါ့။ သူ့ကိုမထိသေးရင် ဘာမှမလုပ်ဘူး၊ ဒီတော့ သူ့ဦးခေါင်းနားကို မှိန်းနဲ့ အသာလေးကပ်သွားပြီး […]
ထူးခြားတဲ့ မော်ကျွန်းမြို့ ၊ မော်လမြိုင်ကျွန်းမြို့၊ နွား သ.တ်ခွင့်မရှိတဲ့မြို့.
ထူးခြားတဲ့ မော်ကျွန်းမြို့ မော်လမြိုင်ကျွန်းမြို့၊ နွားသ.တ်ခွင့်မရှိတဲ့မြို့.. အမဲလိုင်စင်ကို မြို့နေလူတွေက ငွေစုပြီး နှစ်တိုင်း လေလံနိုင်အောင်ဆွဲပြီး ဘယ်သူ့ကိုမှ သ.တ်ခွင့်မပေးပဲ သိမ်းထားတာ နှစ်ပေါင်းမနည်းတော့ဘူး။ အခုနောက်ပိုင်းတော့ အမဲပေါ်လို့ သတင်းပေးရင် သတင်းပေးတဲ့သူကို ဆုငွေပါပေးတယ်တဲ့..။ နှစ်ပတ်လည် အာရုံဆွမ်းလောင်းတဲ့မြို့ မြို့မှာရှိတဲ့ တောဈေးတန်း (ဟင်းသီးဟင်းရွက်တန်း) ဟင်းချက်စရာတွေရောင်းတဲ့ ဈေးတန်း ၃ခု ၄ခုလောက်မှာမှ မြို့လယ်မှာရှိတဲ့.. တောဈေးတန်းမှာ အလှူခံမဏ္ဍက နှစ်ပတ်လည်ရှိပါတယ်။ သူ့ရက်နဲ့သူ အလှူခံရတဲ့ငွေကို နောက်အပတ် အဲ့ဒီရက်မှာ အာရုံဆွမ်းချက်လောင်းပါတယ်။ အလှူခံမဏ္ဍက တနေရာထဲ။ ဆွမ်းချက်တဲ့နေရာကလည်း တခုထဲပါပဲ။ ဒါပေမဲ့ အဖွဲ့ ရဖွဲ့။ မနက် ၄နာရီလောက်ဆို မြို့ပေါ်ကျောင်းပေါင်း ၄ဝကျော်က သံဃာတွေက မြို့ပတ်ပြီး ဆွမ်းတန်းကြီးတွေက ဟိုဖက်ကလာလိုက် ဒီဖက်ကလာလိုက်နဲ့ ထွက်လာကြတာ တကယ့်ကို ပီတိဖြစ်စရာပါ။ […]
အိမ်ရှင်မတွေ အလွန် အဆင်ပြေတဲ့ အိုးမကပ်အောင် မော်ရိုကိုက စားဖိုမှုး ပြောပြတဲ့ ထမင်းချက်နည်း..
ဆန်လက်တဆုပ်ထည့်လည်း လုံးဝ အိုးမကပ်စေမယ့် ထမင်းချက်နည်း (အိမ်ရှင်မတွေ အကြိုက်ပါပဲ) အိမ်ရှင်မတွေ အလွန် အဆင်ပြေတဲ့ အိုးမကပ်အောင် မော်ရိုကိုက စားဖိုမှုး ပြောပြတဲ့ ထမင်းချက်နည်း ကိုယ် မကြာခင်ကမှ ရထားပြီး အရမ်းကြိုက်နေတဲ့ ထမင်းချက်နည်းလေး ပြောပြချင်လို့ပါ မော်ရိုကိုက စားဖိုမှုး ပြောပြတဲ့ နည်းကို သူငယ်ချင်းက ပြန်ပြောပြလို့ပါ။ လွယ်လွယ်လေးပါ။ ထမင်းချက်ရင် ဆီလေး နည်းနည်း ထည့်ချက်လိုက်တာနဲ့ ဆန်နည်းလဲ လုံးဝ အိုးမကပ် ထမင်းစေ့လေးတွေလည်း အလုံးလိုက်လေးတွေ ဖြစ်နေလို့ အရမ်းသဘောကျနေပါပြီ။ သူတို့တွေက ဆားလေး နည်းနည်းပါ ထည့်ချက်တယ်တဲ့။ ကိုယ်တွေတော့ ဆားထည့်ချက်စရာ မလိုပေမဲ့ တခါတလေ အကြော်လေး လက်ဖက်လေးနဲ့ စားမယ်ဆို ထည့်ချက်လို့ ရတယ်နော်။ ဟိုတခါ စားချက်မှာ နာမည်ကြီးတဲ့ အိုးနှစ်ထပ်ချက်နည်းက […]
ဖုန်းအဟောင်းတစ်လုံးကို မစွန့်ပစ်ခင် ဒီအချက် ၆ချက်ကို စစ်ဆေးပါ
ဖုန်းအဟောင်းတစ်လုံးကို မစွန့်ပစ်ခင် ဒီအချက် ၆ချက်ကို စစ်ဆေးပါ… သင့်အနေနဲ့ ဖုန်းအသစ်တစ်လုံးဝယ်ဖို့လိုနေပြီ ဒါမှမဟုတ် ဝယ်ပြီးသွားပြီဆိုတဲ့အခါ ဖုန်းအဟောင်းက အနေအထားကလည်း ကောင်းနေသေးတဲ့ ဖုန်းဆိုရင် သင်က ပြန်ရောင်းလို့ရရင် ရောင်းတာ၊ မဟုတ်လည်း ညီ၊ ညီမ၊ တူ၊ တူမတွေကိုပေးလိုက်တာမျိုး၊ လှူလို့ရတဲ့နေရာမှာ ပြန်လှူလိုက်တာမျိုး လုပ်ချင်မှာပါ။ ဘယ်လိုပဲလုပ်လုပ်ပါ သင့်ဖုန်းဟောင်းကို တစ်ခြားသူတွေလက်ထဲမထည့်ခင်မှာ သင့်ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် လုပ်ကိုလုပ်သင့်တဲ့ အချက် ၆ ချက်ရှိပါတယ်။ ၁။ ဖုန်းအဟောင်းကို back up လုပ်ပါ ဖုန်းထဲက Data Back Up ကတော့ ဖုန်းဟောင်းသွားမှမဟုတ်ဘဲ အမြဲလုပ်သင့်တဲ့အရာပါ။ ဖုန်းမတော်တဆပျောက်တာပဲဖြစ်ဖြစ်၊ ပျက်စီးရေစိုသွားတာပဲဖြစ်ဖြစ် မတော်တဆတစ်ခုခုမဖြစ်သွားခင် / မမျှော်လင့်တဲ့ အခြေအနေတစ်ခုမရောက်သွားခင် သင့်ဖုန်းထဲက Contact တွေ၊ ဓာတ်ပုံနဲ့ […]
ဖေဖော်ဝါရီလ ၂၂ရက် ၂၃ရက်နေ့များတွင် မိုးသီးမိုးတွေရွာမည့်ဒေသများနှင့်နွေလေရူးကြောင့် မီးသတိပြုရမည့်ဒေသများ
ဖေဖော်ဝါရီလ ၂၂ရက် ၂၃ရက်နေ့များတွင် မိုးသီးမိုးတွေရွာမည့်ဒေသများနှင့်နွေလေရူးကြောင့် မီးသတိပြုရမည့်ဒေသများ… မိုးသီးမိုးတွေရွာမည် ကချင်ပြည် ??????????? ၂၀၂၃ ဖေဖော်ဝါရီလ ၂၂ရက် ၂၃ရက်နေ့များတွင် ကချင်ပြည်နယ်ကြီးတွင် မိုးသီးမိုးရွာခြင်း လေပြင်းတိုက်ခြင်း လျှပ်စီးမိုးကြိုးပစ်ခြင်း နေရာကွက်မိုးကြီးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ် ၂၀၂၃ ဖေဖော်ဝါရီလ ၂၂ရက်နေ့နှင့် ၂၃ရက်နေ့တွေမှာ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မိုးညှင်းခရိုင် မိုးအသင့်အတင့်ရွာစေနိုင်ပြီး ပူတာအိုခရိုင်ကြီးတွင် မိုးကြီးရေလျှံနိုင်ပြီး ဧရာဝတီမြစ်ဖျားပိုင်း မေခ မလိခ တနိုင်းခ မြစ်တွေမှာ ရေများစွာတိုးလာစေနိုင်ပါတယ် 23/02/2023 ရက်နေ့မှာ ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်ကြီးတွင် ၉ဝမိလီမီတာ/ 3:54လက်မခန့် မိုးကြီးနိုင်ပါတယ် ISSUED TIME 20/02/2023 3:20PM(MMT) 21/02/2023 ???????????????????? နောက်၂၄နာရီအတွင်း ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင်တာချီလိတ်ခရိုင် ဒေသတွေမှာ မိုးအနည်းငယ်ရွာနိုင်ပါတယ် ISSUED TIME 21/02/2023 6:00AM(MMT) […]
သဘာဝ မိခင်မြေကြီးကပေးတဲ့ ငွေမကုန်ပဲ သဘာဝသွေးကျဲဆေးနည်း…
ငွေမကုန်ပဲ သဘာဝသွေးကျဲဆေးနည်း သုတေသနမှာ ပါဝင်တဲ့ လူ(၃)ယောက်ရဲ့ ဘယ်က မြေမနင်းခင် နှင့် ညာက မြေနင်းပြီး မိနစ်၄၀အကြာ ဖောက်ထားတဲ့ သွေးများကို ယှဉ်ပြထားတာပါ။ သွေးနီဥရဲ့ မျက်နှာပြင်က Negative electric charge ကို သယ်ဆောင်ပေးပါတယ်။ Negative electric charge က Bloodstream(လည်ပါတ်နေသောသွေး)ထဲမှာ သွေးနီဥ တစ်လုံးနှင့် တစ်လုံးကြား အပြန်အလှန် တွန်းကန်ပေးပါတယ်။ Negative electric charge များလေ၊ တွန်းကန်အားများလေဖြစ်ပြီး သွေးနီဥတွေဟာ ပူးကပ်မနေတော့ပဲ Blood viscosity (သွေးပျစ်မှု)ကို မဖြစ်စေလို့ သွေးကျဲစေပါတယ်။ ညာဖက်ပုံက မိနစ်(40) အကြာ မြေနင်းပြီးတဲ့အခါ သွေးကျဲလာတာဟာ သိသာထင်ရှားလာပြီး သွေးနီဥများဟာ တစ်လုံးခြင်းဖြစ်နေပြီး ဝိုင်းစက်နေပါတယ်။ ဝိုင်းစက်နေတဲ့သွေးတွေက ပိုပြီး အောက်ဆီဂျင်ကို […]






