အဖြူ ရောင် ချွဲကျိကျိ ဂျယ်လ်လေးက ပျိုမေတို့ရဲ့ အရေပြားမှာ ကြုံတွေ့ခံစားနေရတဲ့ ပြဿနာ အားလုံးကို ကူညီဖြေရှင်းပေးနိုင်တယ်ဆိုတာ ပျိုမေတို့ သိပြီးသားဖြစ်မှာပါ။ ရှားစောင်းလက်ပတ်ကို ဆေးဖက်ဝင် အပင်အဖြစ်ရော အလှအပဆိုင်ရာ ဆေးစွမ်းကောင်းတစ်လက်အဖြစ်ပါ အသုံးပြုနေကြတာပါ။ ရှားစောင်းလက်ပတ်ကို အသားအရေထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ပထမဆုံး စတင်အသုံးပြုခဲ့တဲ့နေရာကတော့ အီဂျစ်နိုင်ငံပဲဖြစ်ပါတယ်။ ပျိုမေလေးတို့လည်း ကလီယိုပတ်ထရာ ဘုရင်မလို အသားအရေလှပချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ရှားစောင်းလက်ပတ် ပေါင်းတင်နည်းလေးကို မှန်မှန်အသုံးပြုဖို့ လိုမယ်နော် ရှားစောင်းလက်ပတ်နှင့် နှင်းဆီရေ ရှားစာင်းလက်ပတ်ဂျယ် စားပွဲတင်ဇွန်း တစ်ဇွန်းနှင့် နှင်းဆီရေ စားပွဲတင်ဇွန်း တစ်ဇွန်း တို့ လိုအပ်ပါမယ်။ ထိုပါဝင်ပစ္စည်းနှစ်မျိုးကို သမအောင် ပေါင်းစပ်ပြီးတဲ့နောက် မျက်နှာပေါ် သုတ်လိမ်းကာ မိနစ် ၂၀ ခန့် ထားထားပါ။ ထို့နောက် ရေအေးအေးလေးဖြင့် မျက်နှာသစ်ချလိုက်ပါ။ ချွေးပေါက်ထဲမှာ […]
Day: February 26, 2023
ဘယ်လိုကြောင့်ပဲ ငါးအရိုးစူးပါစေ! စိတ်ပူစရာမလိုပဲ သက်သာပျောက်ကင်းစေတဲ့နည်းပေါင်းချုပ် နည်းလမ်း (၁၀)မျိုး..
ဘယ်လိုကြောင့်ပဲ ငါးအရိုးစူးပါစေ၊စိတ်ပူစရာ မလိုပဲ သက်သာပျောက်ကင်းစေတဲ့နည်းပေါင်းချုပ် နည်းလမ်း (၁၀)မျိုး (10 Ways to Get Rid of Herringbone Treading Without Worry.) (၁)သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများထိုးဆွထား၍ ခေတ္တငုံထားပါ။ အရည်ကိုတဖြေးဖြေးမျိုချပေးပါ။ အချဉ်ဓါတ်ကငါးရိုးများကို တိုက်စား သွားပေလိမ့်မည်။ (၂) ငှက်ပျောသီးစားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ်အဆင်ပြေပါသည်။ (၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးသည်အချွဲများနှင့် အတူ ကျသွားမည်။ (၄)သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာအာခေါင်ထဲကို တစ်စိတ်ချင်းစီအရည်ညျစ်၍ သံပုရာရည်ကို ခေတ္တငုံထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးမျက်ခြင်းပျောက်ကင်းသွားလိမ့်မည်။ (၅) ဇီးဖြူသီးကို အလုံးလိုက်ဝါးစားပြီးအရည်ရောအဖတ်ပါမျိုချပါ။ ငါးရိုးများအရည်ပျော်ကျသွားပါလိမ့်မည်။ (၆) ရေများများ သောက်ပါ။ သောက်ရေထဲကိုဆားအနည်းငယ်ခတ်၍ […]
“အနှစ် (၂၀) လုံး နေ့တိုင်း Pepsi ဗူး (၃၀) ကို စွဲစွဲမြဲမြဲသောက်ခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်”
အနှစ် (၂၀) လုံး နေ့တိုင်း Pepsi ဗူး (၃၀) ကို စွဲစွဲမြဲမြဲသောက်ခဲ့တဲ့ အမျိုးသား စူပါမားကတ်ဝန်ထမ်း အန်ဒီ ကာရီဟာ အချိုရည်နဲ့ပတ်သက်လာရင် တစ်နှစ်ကို ပေါင် ၇၀၀၀ အကုန်ကျခံကာ တစ်နေ့ ၉ လီတာ လောက် သောက်ခဲ့တာပါ။ သူက အကြမ်းဖျင်းအားဖြင့် တစ်နှစ်ကို သကြား ၈၀၀၀ ကီလိုဂရမ်နီးပါးရှိတဲ့ Pepsi ဗူး (၂၁၉၀၀၀) ကို သောက်ခဲ့ပါတယ်။ နှစ် (၂၀) လုံး နေတိုင်း သောက်ခဲ့တာလို့ သိရပါတယ် သူက Pepsi အချိုရည်အေးအေးလေးရဲ့အရသာကို အမြဲ ကြိုက်နှစ်သက်ခဲ့တာပါ။ ဘယ်အရာကမှ အဲဒီအချိုရည်ကို အစားမထိုးနိုင်ဘဲ မသောက်ရမနေနိုင်ဖြစ်ခဲ့ပါတယ်။ အန်ဒီက ညဘက် အလုပ်လုပ်ရတဲ့အတွက် အလုပ်ဆက်လုပ်နိုင်ဖို့ သကြားဓာတ်ပါတဲ့ Pepsi […]
အိပ်ယာထပြီး မနက် ၁၀ နာရီမထိုးခင် ပြုလုပ်ပေးသင့်တဲ့ အချက် ၅ ချက်
နေ့စဉ်နေ့တိုင်း မနက် ၁၀ နာရီမထိုးခင် သင်အလုပ်သင့်ဆုံး အရာ (၁၀) ချက် လူအတော်များများကတော့ မနက်ခင်းနိုးနိုးချင်း မထသေးပဲ တစ်မှေးလောက် ပြန်မှေးပြီးမှ ကျောင်း၊ ဒါမှမဟုတ် အလုပ်သွားဖို့အတွက် ပြင်ရဆင်ရနဲ့ plan မရှိပဲ မနက်ခင်းတိုင်းကို ဖြတ်ကျော်နေတတ်ကြပါတယ်။ မနက်ခင်းမှာ ရရှိမယ့် အကျိုးကျေးဇူးတွေ များစွာရှိပြီး ဒီလိုအရာတွေကို မလစ်ဟင်းဖို့အတွက် အရမ်းအစောကြီးလည်း အိပ်ရာထစရာ မလိုပါဘူး။ မနက်ခင်းပိုင်းမှာ plan ချထားတဲ့အတိုင်း ကိစ္စတွေကို သတိနဲ့ ဆောင်ရွက်ခြင်းကြောင့် တစ်နေ့လုံး စိတ်ချမ်းသာပျော်ရွင်မှုတွေအပြင် ပေါင်းသင်းဆက်ဆံရေးနဲ့ အခက်အခဲအားလုံးကို အလွယ်တကူ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ မနက်ခင်းတိုင်းမှာ သင်လုပ်သင့်တဲ့ အရာ (၁၀) ခုရှိပါတယ်။ (၁) တရားမှတ်ခြင်း တရားမှတ်တာနဲ့ အခြားအသက်ရှုလေ့ကျင့်ခန်းတွေဟာ သင့်ရဲ့တစ်နေ့တာကို စိတ်အေးသက်သာဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။ […]
မြွေစိမ်းကိုက်ခံရလျှင် ရှေးပဝေသဏီထဲက တောင်ယာ”လုပ် သူတွေရဲ့နည်း..
၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့ ညမှာ မြန်မာနိုင်ငံမှနေ သာမန်မျက်စိဖြင့်ပင် တွေ့မြင်ရနိုင်တော့မယ့်…….SeeMore
၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့ ညမှာ မြန်မာနိုင်ငံမှနေ သာမန်မျက်စိဖြင့်ပင် တွေ့မြင်ရနိုင်တော့မယ့် “သောကြာကြယ်ကြီး လနဲ့နီး ပြည်ကြီး ပျက်လတ္တံ ” ဆိုတဲ့ တစ်ဘောင် “သောကြာကြယ်ကြီး လနဲ့နီးပြည်ကြီး ပျက်လတ္တံ ” ဆိုလားပဲ တစ်ဘောင်ရှိခဲ့တယ်။အပေါ်ဆုံးက လအလယ်က ဗီးနပ်စ် (သောကြာဂြိုလ်)အောက်ဆုံး ဂျူပီတာ (ကြာသပတေးဂြိုလ်)ကောင်းကင်ယံမှာ နေ နှင့် လ ပြီးလျှင် လင်းလက်တောက်ပဆုံး ဂြိုဟ်များဖြစ်ကြတဲ့ ဗီးနပ်စ်ဂြိုဟ် ( သောကြာဂြိုဟ်) နဲ့ ဂျူပီတာဂြိုဟ် (ကြာသပတေးဂြိုဟ်) တို့ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ပေါင်းဆုံကြတော့မှာဖြစ်ပြီး မြန်မာနိုင်ငံမှလည်း သာမန်မျက်စိဖြင့် တွေ့မြင်ရနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂျူပီတာဂြိုဟ်ကို အနောက်ဘက် မိုးကုတ် စက်ဝိုင်းရဲ့ […]
တနင်္ဂနွေ သားသမီးများအတွက် 2023ခုနှစ် မတ်လ (3) လပိုင်း တစ်လစာအထူးဟောစာတမ်း
တနင်္ဂနွေ သားသမီးများ🐥📝📝📝🐥 2023ခုနှစ် မတ်လ(3)လပိုင်း ဤလ (၁)ရက်မှ(၂၆)ရက် အတွင်း #သိကြား-သာယာအံ့,ဗြဟ္မာ-လာဘ်ရအံ့ အကျိူးသက်ရောက်မှုကတော…ငွေကြေးအကြံအစည်များအောင်မြင်ဖို့ အခြေ အနေကောင်း အခွင့်အလမ်းကောင်း၊ အဆက်အသွယ်ကောင်းများ အကူအညီကောင်းများပေါ်လာအံ့။အတိုက်အခံ အခက်အခဲများကြားမှ အကြံအစည်ရည်ရွယ်ချက်များ အောင်မြင်အံ့။ သားသမီးဆွေမျိုးတို့၏ အထောက်အပံ့ရခြင်း ထီပေါက်ခြင်း ငွေဝင်ခြင်း၊ကောင်းသောခရီးသွားရခြင်းများတိုက်ဆိုင်ကြုံတွေ့ရတတ်ပါ သည်။မိသားစု အသိုင်းအဝန်းတွေကြား မျက်နှာကြီးလာမည်။အချစ်ကြောင့် အောင်မြင်မှု ရသလိုမျိုး အပျော်လေးတစ်ခုဟာ ကိုယ်အတွက်ကျေနပ်စေမည်။ တန်ဖိုးကြီးသော လက်ဆောင်နဲ့ ချစ်သူ၏ မေတ္တာ၊ အချစ်စစ်မှန် လိုသောဆုတွေ ပြည့်ဝမည်။အမည်ဆန်းနေသော ခရီးတစ်ခု သွားရကိန်းရှိ၏။အိမ်ထောင်ရှင်များအဖို့ သားသမီးရကိန်းရှိ၍သားသမီးများအတွက် လုပ်ငန်းထူထောင်ပေးရတာမျိူးရှိ, အိမ်ထောင်ရေးတွင် အမျိူးသမီးများ ပါရမီဖြည့်ပေးနေရမည်။ ယောကျာ်းအပေါ် တဝန်တိုး များနေတတ်ပါတယ်။သားသမီးများ၏မင်္ဂလာကိစ္စများလည်းဆောင်ရွက်ရလိမ့်မည်။ စီးပွားရေး…အနုပညာဖန်တီးခြင်းလုပ်ငန်း၊ပစ္စည်းနှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ခြင်း၊တိရိစ္ဆာန်ရောင်းဝယ်ခြင်း၊ဆိုင်းဘုတ်လုပ်ငန်း၊ရတနာသွေးခြင်း၊စက်မှုလက်မှုလုပ်ငန်း၊ဆံရိတ်ဆံသ၊အလှပြင်လုပ်ငန်းတို့ အကျိူးဖြစ်ထွန်းမည်။တနင်္ဂနွေ,သောကြာ သားသမီး ထိုနေနံ နာမည်ရှင်, လူမျိုးခြား ဘာသာခြားတို့၏ ကူညီမှုကို ခံယူရရှိရတတ်သည်။ စာချုပ်စာတမ်းကိစ္စ […]
ကိုက်လိုက်တဲ့သွား အခေါင်းတောင်ပေါက်နေပြီ ဆိုတဲ့ လူနာရွိလား..
“ မိန်းမဆိုတာ ”မယားကြီးလိုလည်း နေတတ်ရမယ်၊မယားငယ်လိုလည်း နေတတ်ရမယ်
“ မိန်းမဆိုတာ ” မယားကြီးလိုလည်း နေတတ်ရမယ်၊မယားငယ်လိုလည်း နေတတ်ရမယ် ဒါကိုမြင်ပြီးလန့်မသွားနဲ့ဦးမယားကြီးလိုနေတတ်ရမယ်ဆိုတာက မယားကြီးတွေဟာ အိမ်ထောင့်တာဝန် ချက်ရေးပြုတ်ရေး၊လျှော်ရေးဖွတ်ရေးကအစ ကလေးတာဝန်နောက်ဆုံး နှစ်ဖက်မိဘ ဆွေမျိုးယောက္ခမတွေအတွက်ပါ သိတတ် လိမ္မာတတ်နဲ့လင်ယောက်ျား စီးပွားရှာချိန်မှာ နောက်ဆံမတင်းရလေအောင် သိပ်ကိုတော်ကြတဲ့ အမျိုးသမီးတွေဖြစ်တယ်။ အဲ့လို ယောက်ျားပေါ်အလိုက်သိလွန်းပြီး အိမ်ထောင့်တာဝန် ကလေးတာဝန် မိဘတာဝန်တွေကျေပွန်လွန်းတဲ့အခါ“အော်… ငါ့အပေါ် သူသိတတ်လွန်းပါလား ငါ့ကြောင့်ပင်ပန်းလွန်းပါလား သူ့ကြောင့်သာ ငါစိတ်ဖြောင့်ဖြောင့် အလုပ်လုပ်နိုင်ပါလား” လို့တွေးပြီး ကျေးဇူးတင်တတ်တဲ့ယောက်ျားမျိုးရှိပေမယ့် ရှားတယ်။ အများစုက သူ့ကြောင့်ကိုယ်အေးဆေးစီးပွားရှာနိုင်တာကို မတွေးပဲအိမ်ထောင့်တာဝန်ပိပြီး အလှမပြင်နိုင် သာမာန်ထက် ဆယ်ဆလောက်အိုမင်းနေတဲ့ အိမ်သူသက်ထားကို ပိုက်ဆံအပ်ရတာသူတို့အတွက် မဟာနစ်နာမှုကြီးလို ထင်မြင်တတ်ကြတာပဲ အဲ့အခါ အိမ်အပြင်ထွက်ပြီး အပျော်ရှာတယ်အငယ်အနှောင်းထားတယ်ပေါ့။ အမှောင်ထဲတိုးဝင်စမှာ မသိကြပေမယ့် တဖြည်းဖြည်းနဲ့ အိမ်ကမိန်းမလောက် အနွံတာမခံဘူး မိန်းမမပီသဘူးဆိုတာတွေ သိလာကြပေမယ့်မှားပြီးသားအခြေအနေကနေ ရုန်းထွက်ဖို့ ခက်ခဲတဲ့အနေအထားတွေကြောင့် […]
ကြက်သွန်ဖြူအခွံတွေကို ဘယ်တော့မှ လွှင့်မပစ်သင့်တဲ့ အကြောင်းအရင်းများ..
ကြက်သွန်ဖြူအခွံတွေကို ဘယ်တော့မှ လွှင့်မပစ်သင့်တဲ့ အကြောင်းအရင်းများ ဟင်းချက်တိုင်းမှာ မရှိမဖြစ်လိုအပ်ပြီးတော့ မီးဖိုချောင်တိုင်းမှာ အမြဲရှိတဲ့ ကြက်သွန်ဖြူတွေမှာ ကျန်းမာရေးအတွက် အစွမ်းသတ္တိတွေ အများကြီးရှိနေတယ်ဆိုတာ အားလုံးနီးပါးသိထားပြီးဖြစ်မှာပါ။ ဒါပေမယ့် လူအများစု သေချာမသိသေးတဲ့ နောက်ထပ်တစ်ချက်ကတော့ အမြဲလွှင့်ပစ်လေ့ရှိတဲ့ ကြက်သွန်ဖြူအခွံတွေရဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ ရုရှားလူမျိုးတွေဟာဆိုရင်ကြက်သွန်ဖြူအခွံတွေကို ဘယ်တော့မှလွှင့်ပစ်ခြင်းမရှိဘဲ အမြဲသိမ်းဆည်းထားကာ ကျန်းမာရေးအတွက် ပြန်လည်အသုံးပြုလေ့ရှိပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်တွင်းကအဆိပ်အတောက်တွေ ဖယ်ရှားပစ်ဖို့၊ သွေးလေလည်ပတ်အားကောင်းစေဖို့အတွက် ကြက်သွန်ဖြူအခွံက ဘယ်လိုအထောက်အကူပြုနိုင်မလဲဆိုတာ အခုပဲဖော်ပြပေးလိုက်ရပါတယ်။ ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ဖယ်ရှားပေးခြင်း ကြက်သွန်ဖြူအခွံတွေကို ထောင်းပြီးလို့ ရလာတဲ့အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးတစ်ခွက်နဲ့ ရေမွှေကာ စစ်လိုက်ပါ။ အအေးခံပြီးတော့ သောက်သုံးပေးခြင်းဟာခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ တစ်ခါသောက်တစ်ဇွန်းကို တစ်နေ့လျှင် သုံးကြိမ်အနေနဲ့ တစ်လသောက်သုံးပေးပါ။ ပြီးရင်တော့ ဆယ်ရက်နားပေးပါ။ အအေးမိဖျားနာခြင်းတွေကို ကာကွယ်ပေးခြင်း ကွကျသှနျဖွူခှံတှကေို လကျတဈဆုပျစာ အပွည့ျယူလိုကျပွီးတော့ […]