ကြားသိရသမျှ
အလွပေရးရာ
ချိုင်းမည်းနေတာကို ခဲဖျက်နဲ့ ဖျက်လိုက်သလို ပျောက်ကင်းသွားစေမယ့် နည်းလမ်း (၄)မျိုး…..
ချိုင်းချွေးနံ့သက်သာအောင် Roll on သုံးတာက ပြဿနာမဟုတ်ပေမယ့် ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်လို့ပဲဖြစ်ဖြစ်၊ ချွေးနံ့ပျောက်ဆေးနဲ့ရေရှည်ထိတွေ့မှုကြောင့်ပဲဖြစ်ဖြစ် ချိုင်းနေရာမှာ မည်းလာပြီး နဂိုအသားအရေလိုပြန်ဖြစ်ဖို့ ခက်ပါတယ်။ ဒီတော့ ချိုင်းမည်းတာကို အိမ်မှာတင်ပြန်ပြုပြင်ဖို့ ကုန်ကျစရိတ် သက်သာတဲ့ နည်းလမ်းကောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ နည်းလမ်း (၁) ပန်းသီးရှာလကာရည်နှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါနှစ်ဇွန်း ဆတူရောပြီး ချိုင်းမှာ လိမ်းပေးကာခြောက်သည်အထိ ထားပေးကာ ရေပြပန်ဆေးချပေးလိုက်ပါ။ တစ်ပတ်မှာ ၃ကြိမ် လုပ်ပေးသွားရုံနဲ့ တစ်လလောက်ကြာရင် နဂိုအသားအရောင်အတိုင်းပြန်ဖြစ်လာပါလိမ့်မယ်။ နည်းလမ်း (၂) နွားနို့တစ်ဇွန်း၊ နနွင်းတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး ချိုင်းမှာ ထူထူလေးလိမ်းပေးကာ ခြောက်တဲ့အထိ ထားပြီး ရေပြန်ဆေးချပေးပါ။ တစ်ပတ်နှစ်ကြိမ်၊ တစ်လလောက် လုပ်ပေးရင် ချိုင်းပြန်ဖြူလာမှာပါ။ နည်းလမ်း (၃) သကြား ၃ ဇွန်း၊ သံလွင်ဆီ ၂ ဇွန်းတို့ကိုရောမွှေကာ အဲ့ဒီအနှစ်နဲ့ […]
အထွေအထွေဗဟုသုတ
သတိမထားမိကြတဲ့ အိမ်နိမိတ်(၁၂)ချက်
သတိမထားမိကြတဲ့ အိမ်နိမိတ်(၁၂)ချက် (၁) အိမ်ထဲမှာ ထီးမလှန်းပါနဲ့။ အိမ်စောင့်နတ် ကိုယ့် မျက်တတ်တယ်။ (၂) နာရီအကွဲအပျက် ချိတ်မထားပါနဲ့။ ရုတ်တရက်မြည်လျှင် သေနိမိတ်ပါ။ (၃) ဘယ်ပန်းအိုးမှ ပန်းဖြူ၊ ပန်းနီ နှစ်မျိုးထည့်တွဲမထိုးပါနဲ့။ မတော်တဆ ထိခိုက်မူဖြစ်တတ်တယ်။ (၄) နံရံကို ဆေးအစိမ်းရောင်မသုတ်ပါနဲ့။ ရုတ်တရက်အဆိပ်မိတာမျိုး ဖြစ်တတ်ပါတယ်။ (၅) အိမ်ထဲမှာ ပုဆိန်၊ ပေါက်တူး၊ စတာတွေမထားပါနဲ့။ အိမ်သားတွေမကြာခဏ ခိုက်ရန်ဖြစ်ပွားတတ်တယ်။ (၆) အိမ်ထဲမှာ လုပ်ကုလားထိုင်မထားပါနဲ့။ မကျွတ်မလွတ်တွေရှိရင် မြူးတတ်ပါတယ်။ (၇) ဆူးပါတဲ့ ပန်းတွေ အပင်တွေ အိမ်ထဲမှာမစိုက်ပါနဲ့။ အလုပ်အကိုင်အဆင်မပြေဖြစ်တတ်ပါတယ်။ (၈) အိမ်ထောင်သည်တွေ ကုတင်၊ အိပ်ယာဘေး မှန်မချိတ်ပါနဲ့။ ဖောက်ပြန်တတ်ပါတယ်။ (အိပ်ရင်းကြည့်မရအောင်လွှဲချိတ်ထားပါ) (၉) မနက်အိပ်ယာ မသိမ်းပဲမထားပါနဲ့။ ညတော်တော်နဲ့ အိပ်မပျော်ဖြစ်တတ်ပါတယ်။ […]
ကြားသိရသမျှ
အေထြအေထြဗဟုသုတ
ပျော်ရွှင်မှုတွေ သင့်ဆီ ရောက်လာဖို့ ဒီနေ့ကစ စွန့်ပစ်လိုက်ရမယ့် အရာမျာ….
လူတိုင်းက ပျော်ရွှင်ဖို့ ထိုက်တန်ပါတယ်။ ပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ တစ်ချို့သော အနှောင့်အယှက်တွေကို စွန့်ပစ်လိုက်ဖို့ လိုပါတယ်။ ပျော်ရွှင်ရစေတဲ့ အခွင့်အရေးတွေကို ပိတ်ပင်မိတတ်တဲ့ အကျင့်တွေကို ကိုယ်တိုင်က စွဲလမ်းနေမိတတ်တာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပျော်ရွှင်မှုတွေ မကြာခဏ ရောက်လာဖို့ သင့်ဆီက ဒီအချက်တွေကို အမြန်ဆုံး စွန့်လွှတ်လိုက်ပါနော်။ (၁) စိတ်ထွက်ပေါက် မထားတာ စိတ်ဆိုတာ လေဟာပြင်လိုမျိုး အလိုလို ပြန့်သွားတာမျိုး မဟုတ်ပါဘူး။ စိတ်ခံစားချက် ရှိတဲ့လူသားတွေ ဖြစ်လို့ စိတ်ခံစားချက်တွေကို ဖော်ပြရပါတယ်။ ဒီလိုမျိုး ဒေါသထွက်တာ၊ ဝမ်းနည်းတာ၊ နာကျင်တာ၊ စိတ်ပင်ပန်းလွန်းတာ စတဲ့ ခံစားချက်တွေ ဖြစ်တိုင်း ထုတ်မပြဘဲ သိမ်းထားတာက သင့်ကို ပိုပြီး မွန်းကြပ်စေပါတယ်။ ဒါကြောင့် ခံစားချက်တိုင်းကို သူ့နေရာနဲ့ သူ […]
အထွေအထွေဗဟုသုတ
ပြည်လမ်းပေါ်က ရန်ကုန် သို့ သွားမည်ဆိုလျှင် သတိပြုရန်
ပြည်လမ်းပေါ်က ရန်ကုန် သို့ သွားမည်ဆိုလျှင် သတိပြုရန် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ ပဲခူးတိုင်းက လာတဲ့ ခရီးသည်တင်ယာဉ်တွေနဲ့ ခရီးသည်တွေကို တိုက်ကြီးမြို့နယ်၊ မီးနင်းချောင်းအနီး စစ်ဆေးရေးဂိတ်မှာ ကျန်းမာရေးစစ်ဆေးပြီးမှ ရန်ကုန်တိုင်းအတွင်း ဝင်ခွင့်ပြုသွားမယ်လို့ ဥက္ကံမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်က ပြောပါတယ်။   “ဒီနေ့ စစ်တွေကလာတဲ့ ခရီးသည်ကားတစ်စီး၊ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် နှစ်ဦးထဲ ပါလာတယ်။ သူတို့ကိုတော့အင်းစိန် GTC ဝန်းထဲက Quarantine Center ကိုပို့လိုက်တယ်။ပဲခူးတိုင်းအတွင်းက ဝင်လာတဲ့ ခရီးသည်ကားတွေနဲ့ အိမ်စီးကားတွေကိုပါ အကုန်စစ်ဆေးတယ်။ နာမည်၊ မှတ်ပုံတင်နဲ့ နေရပ်လိပ်စာတွေစစ်ဆေးတယ်။   ကျန်းမာရေးနဲ့ပတ်သက်ပြီး အပူချိန်တိုင်းတာတွေ ပြုလုပ်ပြီးမှ ရန်ကုန်တိုင်းထဲကို ဝင်ခွင့်ပြုသွားမယ်။”ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာ များလာတာကြောင့် စစ်တွေမြို့ကလာတဲ့ ခရီးသည်ယာဉ်တွေကို တိုက်ကြီးမြို့နယ်မှာ သြဂုတ်၂၁ […]
မိုးလေ၀သ
မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နှင့် တိုင်းအချို့ မိုးကြီးနိုင်
မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နှင့် တိုင်းအချို့ မိုးကြီးနိုင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေပြီး ပြည်နယ်နဲ့တိုင်းအချို့ မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ချင်းပြည်နယ် တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပါတယ်။   မန္တလေးတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၆ ပေမှ ၉ ပေခန့် ရှိနိုင်ပါတယ်။   […]
ပြည်တွင်းသတင်း
လေးစားဂုဏ်ယူဖွယ်ရာ ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ
လေးစားဂုဏ်ယူဖွယ်ရာ ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ ခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ ရခိုင်ပြည်နယ်တွင် “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများသည် မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ – ယနေ့ (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက်တွင် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့က သတင်းဖော်ပြထားသည်။ “မိမိဆန္ဒအလျောက်” ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်ကြမည့် • ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး (၁) ဦး၊ • ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊ • လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊ • […]
အချစ်နှင့်ဘဝ
ဘဝမှာ ဘယ်တော့မှ လက်မလွှတ်သင့်တဲ့ လူ (၈) မျိုး
လူအမျိုးမျိုး စိတ်အထွေထွေဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် စိတ်ဓာတ်နဲ့အတွေးတွေ ကွဲပြားကြပါ တယ်။ နေ့စဉ်ဘဝထဲမှာလည်း လူအမျိုးမျိုးနဲ့ စိတ်ဓာတ်အမျိုးမျိုးကို တွေ့ကြုံနေကြရပါတယ်။ အဲဒါကြောင့် မိတ်ဆွေစစ်တွေ့ဖို့ဆိုတာလည်း ခဲယဉ်းလှပါတယ်။ တချို့လူတွေကို သင့်ဘဝထဲမှာ မထားသင့်သလို တချို့တွေ ကိုတော့ အဆုံးရှုံးမခံသင့်ပါဘူး။ အဲဒါကြောင့် ချစ်သူရည်းစားပဲဖြစ်ဖြစ်၊ အပေါင်းအသင်းမိတ်ဆွေပဲဖြစ်ဖြစ် သင့်ဘဝမှာ ဘယ်တော့မှ လက်မလွှတ်သင့်တဲ့ လူ (၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ရိုးသားတဲ့သူ သင့်အနားမှာ ရိုးသားတဲ့သူတစ်ယောက်ယောက် ရှိခဲ့ရင် သူ့ကို လက်လွှတ်မခံပါနဲ့။ ရိုးသားတဲ့သူဆိုတာ တဖြည်းဖြည်းနဲ့ ရှားပါးလာပါပြီ။ တစ်ခါတရံမှာ ရိုးလွန်းရင်လည်း မမိုက်ဘူးလို့ ထင်စရာရှိပေမဲ့ ရိုးသားခြင်း ဆိုတာ ဘာနဲ့မျှတန်ဖိုးဖြတ်လို့မရတဲ့ အရာတစ်ခုပါ။ အတုအယောင်တွေ ပေါများလွန်းနေတဲ့ ခေတ်မှာ သင့်ဘေး မှာ ရိုးသားတဲ့သူတစ်ယောက်ယောက်ရှိနေရင် လုံးဝလက်လွှတ်မခံပါနဲ့။ ၂။ […]
အထွေအထွေဗဟုသုတ
Mask တပ်ထားစဉ် ဒီလိုမလုပ်ပါနဲ့
Mask တပ်ထားစဉ် ဒီလိုမလုပ်ပါနဲ့ ဒေါက်တာခင်မိုးမိုး ♦ ယခုရက်ပိုင်းအတွင်း စစ်တွေမြို့မှာ Local အချင်းချင်းကူးစက်မှုတွေရှိလာတာကြောင့် Second Wave ဖြစ်မှာကို စိုးရိမ်ကြလို့ Mask ကို မဖြစ်မနေ တပ်ကြရတော့မှာဖြစ်ပါတယ်။ Mask တပ်တာက ကိုဗစ်-၁၉ ရောဂါကို အပြည့်အ၀ မကာကွယ်ကွယ်နိုင်ပေမယ့် သင့်ဘေးပတ်ဝန်းကျင်ကသူတွေ(အထူးသဖြင့် အသက်ကြီးသူ၊ နာတာရှည်ရောဂါရှိသူ)အတွက် အန္တရာယ်ကင်းနိုင်ပါတယ်။ လူတိုင်းလူတိုင်းသာ Mask တပ်ကြမယ်ဆိုရင် ကျွန်မတို့အားလုံးဟာ ရောဂါကူးစက်နှုန်းကို လျှော့ချနိုင်မှာဖြစ်ပါတယ်။     ♦ Mask တပ်တဲ့အခါမှာ နှာခေါင်းနဲ့ပါးစပ်ကို လုံအောင် အုပ်ထားရပါမယ်။ ♦ ဒါပေမဲ့ လူအများစုက စကားပြောစဉ် ဒါမှမဟုတ် အစာစားနေစဉ်မှာ Mask ကို မေးစေ့အောက်မှာ ထားတတ်ကြပါတယ်။ ဒီလိုမေးစေ့အောက်ကိုဆွဲချထားလိုက်တာကြောင့် မေးစေ့နေရာမှာ ကပ်တွယ်နေတဲ့ ရောဂါပိုးတွေက […]