ကျန်းမာရေးပြဿနာအများစုရဲ့ အစက အစားအသောက်၊ အိပ်စက်ခြင်းတို့နဲ့တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ကိုယ်ခံအားကောင်းပြီး ကျန်းမာတဲ့ ဘ၀နေထိုင်မှုပုံစံကိုရဖို့ အာဟာရရှိတဲ့အစားအသောက်တွေ စားဖို့လိုအပ်သလို ကောင်းမွန်နှစ်ခြိုက်စွာအိပ်စက်ပေးဖို့လည်းလိုပါတယ် ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းကိုနှောက်ယှက်လို့ အိပ်ရာဘေးမှာထားမအိပ်သင့်တဲ့အရာကတော့ (၁) နှိုးစက်နာရီ freepik by freepik တစ်နေ့တာ လုပ်ငန်းတာဝန်တွေကို အချိန်တိကျစွာ လုပ်ဆောင်နိုင်ဖို့ နှိုးစက် နာရီတွေကို လူတော်တော်များများအသုံးပြုကြပါတယ် ။ ဒါပေမယ့် အိပ်ရာဘေးမှာထားပြီး ရေရှည်မအိပ်သင့်ပါဘူး ။ မနက်ခင်း နှိုးစက် alarm သံကြောင့် ရုတ်တရက်နိုးထလာတဲ့အခါ စိတ်ဖိအားကိုဖြစ်ပေါ်စေနိုင်ပါတယ် ။ အသံကြောင့် လန့်နိုးသလိုဖြစ်ရတဲ့အတွက် ရေရှည်မှာ သွေးတိုးရောဂါနဲ့ စိတ်ကျရောဂါအထိဖြစ်ပွားနိုင်ပါတယ် ။ နှိုးစက်ကြောင့်ဖြစ်ပေါ်လာမယ့် စိတ်ဖိအားမဖြစ်စေဖို့ အိပ်ရာနဲ့ ၂ မီတာအကွာမှာထားပေးပါ ။ (၂) ဖုန်း freepik by […]
Month: August 2020
စစ်တွေ ရိုး မဘဏ်က တစ်ယောက်ပါပြန်ပြီတဲ့
စစ်တွေ ရိုး မဘဏ်က တစ်ယောက်ပါပြန်ပြီတဲ့ ရခိုင်မှ ကိုဗစ်လူနာအမှတ်စဉ် ၄၁၁ သည် စစ်တွေမှ ရိုးမဘဏ်ဝန်ထမ်းဖြစ်ပြီး ဘဏ်ဝန်ထမ်း ၂၈ ဦးကို အသွားအလာကန့်သတ်ထား ရခိုင်ပြည်နယ်မှ ကိုဗစ်လူနာအမှတ်စဉ် ၄၁၁ သည် စစ်တွေရိုးမဘဏ်ခွဲမှ ဘဏ်ဝန်ထမ်းဖြစ်ပြီး ဘဏ်ဝန်ထမ်း ၂၈ ဦးကို အသွားအလာကန့်သတ်ထားကြောင်း ရိုးမဘဏ်က တရားဝင်သတင်းထုတ်ပြန်သည်။ စစ်တွေ မြို့၊ မြောက်ရူပါ ရပ်ကွက် ရှိ ရိုးမဘဏ်ခွဲ တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၁ ရက် ည ၈ နာရီတွင် ထုတ်ပြန်သော COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုအဖြေအရ အဆိုပါ ရိုးမဘဏ်ဝန်ထမ်းသည် လူနာအမှတ်စဉ် (၄၁၁) အဖြစ် […]
ကချင်ပြည်နယ်တွင် Mask ဈေးနှုန်း သုံးဆခန့်မြင့်တက်
ကချင်ပြည်နယ်တွင် Mask ဈေးနှုန်း သုံးဆခန့်မြင့်တက် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ ဟိုပင်၊ မိုးညှင်း၊ ဗန်းမော်မြို့တွေမှာ နှာခေါင်းစည်းဈေးနှုန်းတွေ သုံးဆခန့် မြင့်တက်လာပြီး ဆေးဆိုင်တွေမှာ ပစ္စည်းပြတ်လပ်တဲ့အထိ ဝယ်ယူသူများနေတယ်လို့ ဆေးဆိုင်တွေဆီက သိရပါတယ်။ သြဂုတ် ၂၀ ရက်နေ့ ညနေပိုင်းက သုံးလွှာနှာခေါင်းစည်း တခုကို ၆၀ ကျပ်ပေးရပြီး ၂၂ ရက်နေ့မနက်ပိုင်းမှာတော့ တခုကို ၁၅၀ ကျပ်ကျော်အထိ ဈေးမြင့်တက်သွားပြီး နောက်ရက်တွေမှာ ဈေး ဒီ့ထက်တက်လာနိုင်တယ်လို့ အွန်လိုင်းကနေ နှာခေါင်းစည်းရောင်းချနေတေဲ့ မအဉ္ဇလီစိုးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်က နှာခေါင်းစည်းဈေးနှုန်းတွေ မြင့်တက်ခဲ့သလို ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ ပြန်တွေ့ပြီးတဲ့နောက် အခုလိုဈေးတွေ ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။ ဆိုင်မှာ ပစ္စည်းပြတ်တဲ့အထိ ဖြစ်နေပြီး မန္တလေးကလည်း […]
ရောဂါလက္ခဏာမပြသပဲ ကူးစက်နေသူများရှိနေမည်မှာ သေချာနေကြောင်း သတင်းထုတ်ပြန်
ရောဂါလက္ခဏာမပြသပဲ ကူးစက်နေသူများရှိနေမည်မှာ သေချာနေကြောင်း သတင်းထုတ်ပြန် ရခိုင်ပြည်နယ်တွင် ကိုဗစ် ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိပြီး (၁၆-၈-၂၀၂၀) ရက်မှ (၂၁-၈-၂၀၂၀) ရက်အထိ (၅) ရက်တာ ကာလအတွင်း၌ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒီကနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် ပြည်သူများအကြား၌ ရောဂါလက္ခဏာမပြသဘဲ ကူးစက်နေသူများလည်း ရှိနေမည်မှာ သေချာကြောင်းကိုလည်း ဆက်လက်ဖော်ပြထားသည်။ယခု စစ်တွေမြို့နယ်၌ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲ နေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးနှင့်ပူပေါင်း၍ စစ်တွေမြို့နယ်၌ ကိုဗစ် ကူးစက်ဖြစ်ပွားနေမှုကို […]
နှာခေါင်းစည်းများ ဈေးတင်ရောင်းပါက ထောင်၆လ မှ ၃နှစ်
နှာခေါင်းစည်းများ ဈေးတင်ရောင်းပါက ထောင်၆လ မှ ၃နှစ် ဈေးကွက်တွင် နှာခေါင်းစည်းဝယ်လိုအားများပြီး အခု ၅၀ ပါတစ်ဘူးကို ကျပ် ၅,၀၀၀ မှ ၈,၀၀၀ အထိ ဈေးတင်ရောင်းချနေ COVID-19 ကပ်ရောဂါကာကွယ်ရေးသုံး နှာခေါင်းစည်း (Mask)များကို ဈေးနှစ်ဆ၊ သုံးဆတင်ရောင်းချ မှုများကို စစ်ဆေးပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေဖြင့် အရေးယူမည်ဟု စားသုးံသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောသည်။ နှာခေါင်းစည်းများ ဈေးတင် ရောင်းနေခြင်းနှင့် ပတ်သက်၍စုံစမ်းစစ်ဆေးရန် တိုင်းနှင့် ပြည်နယ်များမှ တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ဦးဆွေတင့် ကြူးက ပြောသည်။ ဈေးကွက်ထဲကို သွားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်မှာပါ။ ကုန်ပစ္စည်းတစ်ခုမှာ ဈေးနှုန်း တက်သင့်၊ တက်ထိုက်တာရှိ တယ်။ ဒါပေမဲ့ အခုလို […]
မူကြိုတောင်မတက်ရသေးတဲ့ကလေး။စကားပြောတတ်ကတည်းက ဘုရားသမိုင်းအလွတ်ရွတ်ခိုင်းပြီး ဘုရားထဲမှာ အလုပ်လုပ်ခဲ့ရ
ရှိုက်ကြီးတငင်ငိုပြီး ဘုရားသမိုင်း ကို ရှင်းပြနေလေရဲ့။ ဘာဖြစ်လို့လဲ သားလို့ မေးလည်း ခေါင်းခါပြီး ရှိုက်ကာ ရှိုက်ကာ နဲ့ပဲ ဘုရားသမိုင်းကြောင်းတွေ ရှင်းပြနေတယ်။ သူ့နားမှာ သူ့အကိုလည်း သူ့လိုပဲ စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးလေးတွေနဲ့။ အကိုကို မေးတော့လည်း ဘာကြောင့်ငိုမှန်းမသိ။ ဘုရားဖူးဧည့်သည်တွေက နားထောင်လိုက် သူပြောပြတဲ့ အတွက် ၁၀၀၀-စီထုတ်ပေးလိုက် နဲ့ အဲဒီနားမှာပဲ သူ ၄၀၀၀ လောက်ရတယ်။ လွယ်အိတ်လေးထဲ ထည့်တယ်။ အဲဒါနဲ့ သူ့ကို လူရှင်းရာခေါ်လာပြီး အေးအေးဆေးဆေး ထိုင်ခိုင်းပြီး သားဘာဖြစ်လဲမေးလည်း ငိုပြီး ဘုရား သမိုင်းတွေ ဆက်ရွတ်နေတယ်။ မျက်ရည်သုတ် ပေးပြီး သားမငိုနဲ့တော့၊ အသက်ဝဝရှုကြည့်၊ စိတ်ကိုငြိမ်ငြိမ်ထား၊ မငိုပဲနဲ့ရှင်းပြပါဆိုတော့ လွယ်အိတ်နဲ့ မျက်ရည်သုတ်ပြီး ပထမမငိုဘူး။ပြောရင်းနဲ့ ငိုတယ်။ ပြီးတော့ သူတခြားတနေရာသွားဖို့လုပ်တယ်။ […]
သားသမီးတွေ မရှိတော့တဲ့အိမ် (ဖတ်ရင်းနဲ့ အိမ်ကို ပြန်ပြေးချင်မိတယ်)
သားသမီးတွေ မရှိတော့တဲ့အိမ် သားသမီးတွေ မရှိတော့တဲ့အိမ် (ဖတ်ရင်းနဲ့ အိမ်ကို ပြန်ပြေးချင်မိတယ်) သားသမီးတွေ အရွယ်ရောက်လို့ မိဘတွေဆီကနေ ထွက်ခွာသွားပြီးနောက်ပိုင်း အိမ်ကြီးဟာ အရင်လိုမစိမ်းလန်းတော့ပါဘူး။ဘယ်သားဘယ်သမီးများ အဖေနဲ့အမေဆီ ဘယ်တော့ပြန်လာမလဲလို့ မျှော်နေရတဲ့ မိဘအိုကြီးနှစ်ယောက်တည်း အထီးကျန်နေဆဲ။ တကယ်လို့ များ ဆန္ဒတစ်ခုသာပြည့်မယ်ဆိုရင် မိဘတွေကတော့ သားသမီးတွေအားလုံးဘေးမှာ ရှိနေစေချင်မှာ အမှန်ပါပဲ။ငယ်ငယ်တုန်းက ကစားခဲ့တဲ့ အရုပ်တွေက အမေ့ရဲ့လွမ်းစိတ်ကို တိုးစေတယ်။ အဖေကတော့ ဘာမှမပြောပေမယ့် အိပ်ယာဝင်တိုင်း အမြဲတမ်း သတိရနေမှာပါ။ သားသမီးတွေကို ဖုန်းလည်းမဆက်ရဲကြဘူးလေ။ ဘာ့လို့လည်းဆိုတော့ သူတို့အလုပ်တွေနဲ့ရှုပ်နေလို့ ဖုန်းမပြောအားမှာ စိုးတယ်လေ။သူတို့အလုပ်အားရင်တော့ တို့ဆီပြန်လာမှာပဲလို့တွေးရင်း ပျော်နေပါတယ်။ သူတို့ပြန်လာရင် သူတို့ကြိုက်တတ်တဲ့ အစားအသောက်တွေ ချက် ကျွေးဖို့ အမေကတော့ အမြဲတမ်း အဆင်သင့်ပါ။ သားတွေသမီးတွေမရှိတဲ့ အိမ်ကြီးဟာ ခြောက်ကပ်ပျင်းစရာကောင်းပေမယ့် […]
နောင်ကလေးတွေ ကျွန်မသမီးလေးလို အဖြစ်ဆိုးမျိုး မဖြစ်စေချင်လို့ ရင်ဖွင့်ပါရစေ…
နောင်ကလေးတွေ ကျွန်မသမီးလေးလို အဖြစ်ဆိုးမျိုး မဖြစ်စေချင်လို့ ရင်ဖွင့်ပါရစေ… ကျွန်မအရမ်းချစ်တဲ့သမီးလေး ဆုံးသွားပါပြီ မိခင်တယောက်အနေနဲ့ရင်ဖွင့်ပါရစေ….ကျွန်မသမီးလေးလို နောင်ကလေးတွေ ကိုယ်ဝန်ဆောင်မိခင်တွေ အသက်ကြီရွယ်အိုတွေ ကျွန်မကလေးလို အဖြစ်မျိုး မဖြစ်ဖို့ ရင်ဖွင့်ပါရစေ… ကျွန်မသမီးလေးက ကျမ်းမာတယ် သန်စွမ်းပါတယ်…ကျမ်းမားပါတယ်..မွေးတဲ့ကပါ …ဒါကြောင့်လည်း ကျွန်မဆေးရုံဆေးခန်း အတွေအကြုံ မရှိခဲ့ဒါပါ….13’8’2020 တနေ့လုံးကျမ်းမာပါတယ်….14’8’2020’မနက်လေးနာရီလောက်မှာ ကိုယ့်ပူတယ်….။ အပူများတော့ နို့စို့လိုက်အန်လိုက်ဖြစ်နေလို့ ဧရာဝတီတိုင်း ဟင်္သာံတခရိုင် လေးမျက်နှာမြိုနယ် အိုင်သပြု ဆရာမတယောက်ဆီမှာ ဆေးခန်းပြခဲပါတယ်…. ဆရာမက ဆေးထိုးပေးလိုက်ပါတယ်….အိမ်ပြန်ရောက်တော့ ကလေးက ကိုယ့်ပူကြပြီး သိမ့်မလန်းဘူး….။ ရေငတ်တယ် …ဓာတ်စားရေတိုက်တယ် …နို့စို့တယ်အန်တယ်… အာကြောင့် ညနေ၄နာရီလောက်ကြ အိပ်နေပြီ….ဆေးခန်းသို့ရောက်တော့ ညနေ၅နာရီရှိပြီ….ဆရာမက ဆေးရုံကဆရာဝန်ဆီသွားပါတဲ….နောက်ကြောင်းပြန်ပြီး ဆေးရုံကိုသွားပါတယ်…..။ ဆေးရုံရောက်တော့ ဆရာမတွေက ဆရာဝန်ကဆေးမှာမို့လို့ဆေးခန်းကို လိုက်သွားပါတဲ့….နောက်ကြောင်းပြန်ပြီး ဆရာဝန်ဆေးခန်းသွားရပါတယ်….ဆရာဝန်ဆီရောက်တော့ ကလေးက ရေဓာတ်ခန်းနေလို့ […]
အဝေးမှာရှိတဲ့သင့်ချစ်သူ ဖောက်ပြန်နေကြောင်း သေချာနေပြီဖြစ်တဲ့ လက္ခဏာ (၃) ခု….
Long distance relationship ဆိုတဲ့ relationship မျိုးဟာ တကယ်တမ်းတော့ မြဲဖို့သိပ်ကို ခက်ခဲလွန်းလှပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း မတွေ့ရဘဲ ဖုန်းထဲကတစ်ဆင့် အသံလေးပဲကြား၊ ရုပ်ကလေးပဲမြင်ရတဲ့ ဆက်ဆံရေးမျိုးဆိုတော့ LDRS တွေကြားထဲ ယုံကြည်မှုတွေ၊ နားလည်မှုတွေဟာ သာမန်အတွဲတွေထက် အများကြီးပိုလိုအပ်ပါတယ်။ သူတို့တွေအစိုးရိမ်ဆုံးကတော့ အနေနီးတဲ့လူအပေါ် စိတ်ယိုင်သွားမှာကိုပါပဲ။ ဒီတော့ သင့်ရဲ့ အဝေးရောက်ချစ်သူဟာ ဖေက်ပြန်နေပြီလားဆိုတာ ဒီအချက် (၃) ချက်တည်းနဲ့ စမ်းစစ်လိုက်ပါ။ Freepik- yanalya သင့်ကိုရှောင်ဖယ်နေပြီ မအားလို့၊ ပင်ပမ်းလို့ဆိုတဲ့ အကြောင်းပြချက်ပေါင်းစုံနဲ့ သင့်ကို ကိုင်ပေါက်ပါတော့မယ်။ အရင်လည်း ဒီလိုပဲ ရတဲ့အချိန်လေး စကားပြောနေကျကို အခုမှ ကောက်ခါကငင်ပကာ ထဖြစ်လာတာမျိုးပေါ့။ နောက် သင်နဲ့ စကားမပြောရလေ ကောင်းလေဆိုတဲ့ ပုံစံမျိုးပါ ဖြစ်လာပါမယ်။ Freepik- dusanpetkovic […]
စစ်တွေက ပြည်သူများ ခေတ္တ တောင့်ထားကြပါ တနိုင်ငံလုံးက စစ်ကူတွေ လာနေပါပြီ
စစ်တွေက ပြည်သူများ ခေတ္တ တောင့်ထားကြပါ တနိုင်ငံလုံးက စစ်ကူတွေ လာနေပါပြီ ဒီညမှာလဲ စစ်တွေမှာ လူနာသစ် ၁၀ ဦးထပ်တွေ့ပါတယ်။ စေတနာ့ဝန်ထမ်း ဆရာဝန်တွေ၊ ရန်ကုန်က ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မနက်ဖြန်မှာ စစ်တွေကို သွားရောက်ပီး ကူညီကုသပေးကြတော့မှာ ဖြစ်ပါတယ်။ စစ်ဆေးဖို့ စက်တွေလဲ စစ်တွေကို ပေးပို့ထားပါတယ်။ မြန်မြန်နဲ့ မှန်မှန် စစ်နိုင်ကြမှာဖြစ်သလို ဆေးသုတေသနကလဲ ပိုးအမျိုးအစားကို ရှာဖွေနေပါတယ်။ အားလုံး စည်းကမ်းတွေကို တိတိကျကျ လိုက်နာမှသာ ဒီရောဂါရဲ့ ဒုတိယလှိုင်းမှာ ရှင်သန်ကြပါလိမ့်မယ်။ ၁၉၁၈ တုန်းက စပိန်တုပ်ကွေးတုန်းကလဲ ပထမလှိုင်းပီးလို့ ၆လအကြာမှာ ထပ်ဖြစ်တဲ့ ဒုတိယလှိုင်းမှာ လူအများကြီး သေဆုံးကြရပါတယ်။ အထူးသတိထားကြပါ။ တပြည်လုံး မပေါ့ဆပဲ နေသင့်ပါတယ်။ စစ်တွေက လူတွေလဲ အားမလျှော့ပါနဲ့။ […]









