အပင်နိမိတ်များ – ၁။ ကိုယ့်ခြံထဲက အပင်တွေ အလွယ်တကူ မခုတ်ပါနဲ့။ တချို့ အပင်တွေက အိမ်သား တစ်ယောက်ယောက်နဲ့ ဆက်နွယ် နေတတ်လို့ လူ သွားထိပါတယ်။၂။ အိမ်ပေါက်တည့်တည့် ဝါးပင် မစိုက်ပါနဲ့..။ အလုပ်အကိုင် အဆင်မပြေ ဖြစ်တတ်ပါတယ်။၃။ ပင်စိမ်းပင် ခြံထဲ စိုက်ပါ။ အိမ်သားတွေ တော်ရုံ မဖျားနာပါဘူး။၄။ စံပါယ်ပင် အိမ်ရှေ့စိုက်ပါ။ အပွင့်ပွင့်ရင် ငွေဝင်တတ်ပါတယ်။၅။ နှစ်တစ်ရာ ကျောက် စိမ်းပင် အိမ်ခေါင်းရင်း စိုက်ပါ။ အလုပ်အကိုင် အဆင်ပြေပါတယ်။ (အနံ့မရှိ ပန်းမရှိ အရွက်တွေ ဘုရား မကပ်ရပါဘူး။) ၆။ သရက်ပင် ခြံထဲ စိုက်ပါ။ အိမ် အေးချမ်းတတ်ပါတယ်။၇။ မှို့ပင် ခြံထဲ မစိုက်ပါနဲ့။ လုံးပတ် သစ်ခွဲလို့ရရင် လူသေတတ်ပါတယ်။၈။ […]
Month: February 2023
“အသစ်လာ အဟောင်းကိုမေ့”
တစ်နေ့မှာ ဆိတ်ကျောင်းသားလေးတစ်ယောက်ဟာ ဆိတ်တွေကို စားကျက်ဆီ လွှတ်ထားတုန်း တောင်ဆိတ်အချို့ သူ့ဆိတ်အုပ်ထဲရောက်ရှိနေတာကို သိသွားတယ်.. ညနေချိန်ရောက်တော့ အဲဒီတောင်ဆိတ်တွေကိုပါခေါ်ပြီး သူနေတဲ့ဂူဆီ ဆိတ်တွေကို ကျောင်းခဲ့တယ်။နောက်တစ်နေ့မှာ ရာသီဥတုက အတော်လေးဆိုးရွားနေလို့ ဆိတ်တွေကို စားကျက်ဆီကို ထုံးစံအတိုင်း ခေါ်မသွားနိုင်ဘူး..သူတို့ကို ခြံထဲမှာပဲ ထားတာပေါ့..။ဆိတ်ကျောင်းသားက သူ့ ဆိတ်တွေကို အစာဝရုံလေးပဲ ကျွေးပြီး အသစ်ရောက်လာတဲ့ တောင်ဆိတ်တွေကိုတော့ သူ့ဆိတ်အုပ်မှာ တိုး ပွားလာစေဖို့ မျှော်မှန်းချက်နဲ့ အစာကို ရက်ရက်ရောရော ကြီးကျွေးတယ်..။ ရာသီဥတုသာယာတဲ့အချိန်ကျမှာ သူဟာ ဆိတ်တွေ အား လုံးကို စားကျက်ဆီ မောင်းလာခဲ့တယ်။ တောင်ပေါ် ရောက်ရင်ပဲ သူမောင်းလာတဲ့ တောင်ဆိတ်တွေက ချက်ချင်းထွက်ပြေးသွားပါရော..ဆိတ်ကျောင်းသားက အစာကောင်းမွန်စွာ ကျွေးထားပါလျှက် ကျေးဇူးတရား မသိဘဲ ပြေးရသလားလို့ တောင်ဆိတ်တွေကို ရေရွတ်လိုက်တယ်..အဲဒီမှာ တောင်ဆိတ်တွေ ပြန်လှည့်ပြောတာက..” […]
သတိထားဆင်ခြင်စရာ လျှပ်စစ်အပူပေး ရေနွေးအိုး ဓါတ်လိုက်ရခြင်း အကြောင်းအရင်း…
သတိထားဆင်ခြင်စရာ လျှပ်စစ်အပူပေး ရေနွေးအိုး ဓါတ်လိုက်ရခြင်း အကြောင်းအရင်း သတိထားဆင်ခြင်စရာ လျှပ်စစ်အပူပေး ရေနွေးအိုး ဓါတ်လိုက်ရခြင်း အကြောင်းအရင်း.. သတိထားဆင်ခြင်စရာပါ.. အိမ်က ရေချိူး ခန်းသုံး ရေပူစက်က ဓာတ်လိုက်နေပါသည်။ နှစ်ယောက်ဓာတ်လိုက်အပြီး အပြင်ဆရာ ခေါ်ရပါတော့သည်။ ရေနွေးအိုးထဲက ရေတွေမှတဆင့် ပိုက်ကထွက်လာသော ရေမှသည် ချိုးရေကန်ထဲအထိဓာတ်လိုက်ပါသည်။ အိုးအတွင်း အပူပေးသည့်ကွိုင်မှာ ရေဂျိုးစွဲ၍ ပေါက်နေပါပြီ။ ၁၂ နှစ်ကြာသုံးခဲ့ပြီး အခုမှတခါ ပြင်ရခြင်းဖြစ်ပြီး အိုးဖင်ရှိအပေါက်မှတဆင့် ကွိုင်ကို ဖြုတ်ရပါသည်။ အိုးတွင်းမှ ထုံးဂျိုးများ အနည်များမှာ မြင်မကောင်းအောင် ထွက်ကျလာပါတော့သည်။ ကလေးလက်သီးဆုပ်လောက် ထုံးခဲက ၄ ခုလောက် ပါပါသည်။ ကျနော်တို့ မန္တလေးမှာ အများသုံးကြတဲ့ ရေပေးရေးက ရေများမှာ ထုံးဓာတ်များပါသည်။ ရေနွေးတည်သည့် ရေနွေးအိုးများ ထုံးဂျိူးတွေထူနေတာ မြင်ဘူးကြပါလိမ့်မည်။ […]
ပူအိုက်တဲ့ရာသီမှာ အဲကွန်းလို အေးစေမယ့် အဲကွန်းပန်ကာ လုပ်နည်း အိမ်မှာရှိတဲ့အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ပြုလုပ်လို့ရမယ့် အဲကွန်း ပန်ကာ လုပ်နည်း (ဗဟုသုတအနေဖြင့် သိထားရန်)ရာသီဥတု ပူနွေးလာတဲ့အခါ အဲကွန်းလေးတစ်ခုလောက်တောင့်တမိတာတော့အမှန်ပါ ။ ဒါပေမယ့် အခြေအနေအရပ်ရပ်ကြောင့် အဲ ကွန်းမတပ်နိုင်တဲ့အခါအခုလို အဲကွန်းပန်ကာလေးတစ်ခုပြုလုပ်ပြီး ပူအိုက်တဲ့ပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ဒီလိုပန်ကာလေးလုပ်ဖို့အတွက်ဘာတွေလိုအပ်မလဲ ။ ပလတ်စတစ်ဘူး နှစ်ဘူး ၊ ရေခဲတုံးအနည်းငယ်နဲ့ ပန်ကာတစ်ခုပဲလိုအပ်ပါတယ်ရေဘူးတွေကို အပေါ်ပိုင်းဖြတ်ထုတ်ပြီးတော့အလယ်ပိုင်းမှာ အပေါက်သေးသေးလေးတွေအများကြီးဖောက်ထားပါ ။ ထို့နောက် ဒီရေဘူးတွေကို ပန်ကာအနောက်ဘက်မှာ ကြေးနန်းကြိုးတစ်ခုနဲ့ ချည်ထားလိုက်ပါ ။ရေဘူးအောက်ခြေဘက်မှာ ရေခဲတုံးတွေကိုထည့်ပြီး ပန်ကာဖွင့်လိုက်ရင်တော့ အဲကွန်းကထွက်လာတဲ့ လေမျိုးအေးမြနေတဲ့လေအေးကိုခံစားရပါလိမ့်မယ် ထို့အပြင် ညအိပ်တဲ့အခါမှာလည်း အခန်း ထဲမှာ ဒီအဲကွန်းပန်ကာ ကိုဖွင့်ထားလိုက်မယ်ဆိုရင် အခန်းထဲမှာရှိတဲ့လေက အေးမြနေတဲ့အတွက် အပူဒဏ်မခံရတော့ပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ပါလိမ့်မယ်။ နောက်နည်းလမ်းတစ်ခုကတော့ ရေခဲခေါင်းအုံးပါ ။ရေခဲခေါင်းအုံးဆိုတာကတော့ အတွင်းမှာ ဂျယ်လီတွေထည့်ထားတဲ့ […]
ယနေ့ 25.2.2023 စနေနေ့ ဖြစ်ပေါ်နေသော ကမ္ဘာ့ရွှေဈေး ၊မြန်မာ့ ရွှေဈေး ၊ ဒေါ်လာဈေး ၊ စက်သုံးဆီဈေးနှင့် ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းထားများ..
ပြည်တွင်းရွှေဈေးနှုန်းများ.. အခေါက်ရွှေရောင်းဈေး = 2857000ကျပ် အခေါက်ရွှေဝယ်ဈေး =2852000ကျပ် ၁၅ ပဲရည်တစ်ကျပ်သား 2680000 ကျပ် YGEA =2,132,400ကျပ် ကမ္ဘာရွှေဈေး =1810 USဒေါ်လာဖြစ်ပါသည်။ စက်သုံးဆီဈေးနှုန်းများ – ရန်ကုန် 92 Ron – 2120 ကျပ် 95 Ron – 2195 ကျပ် Diesel: 2170 ကျပ် Premium diesel – 2250 ကျပ် မန္တလေး 92 Ron – 2165 ကျပ် 95 Ron – 2245 ကျပ် Diesel – 2220 ကျပ် Premium diesel – 2300 […]
စဉ်းစားဖူးလား ကြက်ဥတွေ ဘာလို့အရောင်မတူလဲဆိုတာ…
စဉ်းစားဖူးလား ကြက်ဥတွေ ဘာလို့အရောင်မတူလဲ အိမ်နောက်ဖေးမီးဖိုချောင်ကိုစီမံခန့်ခွဲရတဲ့ အိမ်ရှင်မတွေအနေနဲ့ မီးဖိုချောင်ထဲ ပစ္စည်းတွေနဲ့ပတ်သက်ပြီးဗဟုသုတ ကြွယ်ဝကြပါတယ်။ ဥပမာ…. ငရုပ်သီးတွေကိုအရောင်ကြည့်ပြီး ခွဲခြားလို့ရပါတယ်။ အနီရောင်ငရုပ်သီးဆိုရင်ဘယ်အရသာ၊အစိမ်းရောင်ငရုပ်သီးဆိုရင်ဘယ်အရသာ၊လိမ္မော်ရောင်ငရုပ်သီးဆိုရင်ဘယ်အရသာအစရှိသဖြင့် အမျိုးအစားခွဲခြားနိုင်ပါတယ်။ ဒါပေမယ့်ကြက်ဥတွေမှာကောအရောင်ကိုကြည့်ပြီးအမျိုးအစားခွဲခြားနိုင်ပါသလား။အမျိုးအစားခွဲခြားဖို့ကောလိုပါသလား ကြက်ဥအမျိုးအစားဘယ်နှမျိုးရှိစူပါမားကက်တစ်ခုမှာပဲဖြစ်ဖြစ်၊ ဈေးတန်းတစ်ခုမှာပဲဖြစ်ဖြစ်အဓိကတွေ့ရမယ့် ကြက်ဥအရောင် (၂) မျိုးကတော့အဖြူရောင်နဲ့ အညိုရောင်ပါပဲ။ ဒါပေမယ့် ကြက်ဥအဖြူရောင်နဲ့အညိုရောင်ဆိုပြီးကွဲပြားနေရခြင်းရဲ့နောက်ကွယ်ကရည်ရွယ်ချက်ကဘာလဲ။ ဘာကြောင့်အဲဒီလိုမျိုးအရောင်တွေကွဲပြားနေရတာလဲ။ အထဲမှာပါတဲ့ကြက်ဥအရသာကတော့ တူတူပါပဲ။ နောက်ပြီး ကြက်ဥမွှေကြော်လုပ်မယ် ဆိုရင်လည်းတူညီတဲ့အရသာပဲထွက်လာမှာပါပဲ။ဒါဆိုရင်ဘာလို့အခွံအရောင်တွေကွဲပြားနေရတာလဲ။ မျိုးရိုးဗီကြောင့်NewYorkTimesသတင်းစာကတော့ကြက်ဥတွေကိုဥတဲ့ကြက်မတွေရဲ့နားသန်သီးနဲ့အမွှေးအတောင်အရောင်ကွဲပြားမှုတွကြောင့်ကြက်ဥတွေအရောင်ကွဲပြားရတာဖြစ်ပါတယ်လို့ဆိုပါတယ်။ “မျိုးရိုးဗီဇတွေကလည်းကြက်ဥအခွံရဲ့အရောင်ကိုအဆုံးအဖြတ်ပေးပါတယ်”လို့ Dr. Buiကဆိုပါတယ်။ အမွှေးအတောင်အဖြူရောင်၊နားသန်သီးအဖြူရောင်နဲ့ကြက်မတွေဟာအဖြူရောင်ကြက်ဥတွေကိုဥပြီး အမွှေးအတောင် အနီရောင်/အညိုရောင်၊ အနီရောင်နားသန်သီးနဲ့ကြက်မတွေကတော့အညိုရောင်ကြက်ဥတွေကို ဥပါသတဲ့။ Ameraucana မျိုးစိတ်လို့ခေါ်တဲ့အီစတာကြက်ဥဥတဲ့ကြက်မတွေကတော့ အပြာရောင် အခွံနဲ့ကြက်ဥတွေကိုဥပါတယ်တဲ့။ ဒါဆိုရင်တော့ရှင်းသွားပါပြီ။ ကြက်ဥနဲ့ ကြက်မဘယ်ကစဆိုတဲ့စကားအတိုင်းပဲ။ ကြက်ဥရဲ့အရောင်ကွဲပြားမှုနဲ့ ကြက်ဥကိုဥတဲ့ ကြက်မရဲ့မျိုးရိုးဗီဇတွေဟာ ဆက်နွယ်နေပါတယ်။ မျိုးရိုးဗီဇကွာခြားလို့ အရသာလည်း ကွာခြားမှာတော့မဟုတ်ပါဘူး။ဒါပေမယ့်အဓိကကွာခြားမှုကအရောင်တစ်ခုတည်းဆိုရင်ဘာလို့စူပါမားကက်တွေမှာ အဖြူရောင်ကြက်ဥတွေက အညိုရောင်ကြက်ဥ တွေထက်ပိုများနေရတာလဲ။ အဖြေကတော့ကုန်ကျစရိတ်ကြောင့်ပါပဲတဲ့။အညိုရောင်ကြက်ဥဥတဲ့ကြက်မတွေကအကောင်လည်းပိုကြီးပြီး […]
မိန်းကလေးတိုင်းရဲ့အလှအပအတွက် နနွင်းမှုန့်ရဲ့ အသုံးဝင်ပုံ( ၅ )မျိုး
မိန်းကလေးတိုင်းရဲ့အလှအပအတွက် နနွင်းမှုန့်ရဲ့ အသုံးဝင်ပုံ ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အလှအပဆိုင်ရာ ပြဿနာတချို့ကိုလည်း အိမ်တိုင်းမှာရှိတဲ့ ဒီနနွင်းမှုန့်နဲ့ပဲ ဖြေရှင်းလို့ရတာကြောင့် အရမ်းကိုအဆင်ပြေတဲ့ နည်းလ မ်းတွေပါပဲ။ Anti-Aging Anti-Aging အတွက် နနွင်းမှုန့်ကို အသုံးပြုလို့ရပါသေးတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ နနွင်းမှုန့်နဲ့ ပဲမှုန့်တို့ကို ဆတူထည့်ပြီး ရေနည်းနည်းထည့်ကာ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး မိနစ်အနည်းငယ်ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ သေချာပြောင်အောင် မျက်နှာသစ်ပေးရုံပါပဲ။ အရေးအကြောင်းများ အရေးအကြောင်းတွေသက်သာအောင်၊ မြန်မြန်မဖြစ်အောင်လည်း နနွင်းမှုန့်ကို သုံးပေးနိုင်ပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ နနွင်းမှုန့်၊ ဆန်မှုန့်၊ ခရမ်းချဉ်သီးအရည်၊ နွားနို့တို့ကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပါ။ ပြီးရင် အရေးအကြောင်းရှိတဲ့နေရာ (သို့) မျက်နှာနဲ့ လည်ပင်းကို လိမ်းပြီး ခြောက်အောင်ထားပါ။ ခြောက်သွားပြီဆိုမှ မျက်နှာသစ်လိုက်ပါ။ အကြောပြတ်ရာ […]
သားသမီးမရသူများနှင့် လိပ်ဆူးရွှေ (လိပ်စဝေ) ပင် လိပ်ဆူးရွှေ ( လိပ်စဝေ ) ပင်နေရာဒေသအလိုက် အခေါ်ပြောင်းလဲနိုင်ပါသည်။ကျွန်တော်နေတဲ့ ရွာက အမျိုးသမီးတစ်ယောက် အိမ်ထောင်သက်တမ်း ( ၅ )နှစ် ကျော်ပြီ ကလေးမရတာကြောင့် နားလည်သူကိုမေးကြည့်တော့ … ဆေးနည်း လိပ်ဆူးရှည်ပဥ္စငါးပါးကိုရေသန့်နဲ့ဆေးခုတ်စင်းပြီး ရေနဲ့ကျို တကြိမ်သောက်ရင် ရေနွေးကြမ်းပန်းကန်တလုံးနဲ့ တခွက်ကို ၂ ကြိမ် ၃ ကြိမ် သောက်ခိုင်းတာ ကလေးရခဲ့ပါတယ် ။ ရွာမှာ လက်တွေ့ နှစ်ဦး သုံးဦးရှိပါပြီးလက်တွေ့နည်းပါ ။ နက္ခတ္တရောင်ခြည်(Sai Min Thant) – အပင် အပွင့်ကိုအစွဲပြု၍ ခရမ်း၊အဖြူကြား၊အဖြူ၊အဝါဟု(၄)မျိုးကွဲပြား၏။အဝါမျိုးမှာအပေါဆုံးဖြစ်၏။၎င်းအပင်(၄)မျိုးစလုံး၏ အပင်အရွက်အနိမ့်အမြင့်မှာများစွာကွာခြားမှုမရှိပါ။ အပင်မှာချုံပင်ငယ်မျိုးဖြစ်၏။(၂)ပေမှ(၅)ပေအထိမြင့်၏။အကိုင်းအခက်အလွန်များ၏။ပင်စည်၊အကိုင်း၊အခက်တို့၌ချွန်ထက်သောဆူးကလေးများ များစွာရှိသည်။ – အရွက် အရွက်မှာဆိုင်ထွက်၏။ရှည်မျောမျောပုံရွက်ထိပ်ချွန်ပြီးရွက်ရင်းသွယ်သည်။ရွက်နားညီ၊ရွက်ကြောထင်ရှားပြီးရွက်ညှာရှည်သည်။အရွက်အဖျားတွင်ဆူးကလေးရှိသည်။ – အပွင့် အဝါရောင်ရှိသည်။ရွက်ညှာရင်းရှိအဆစ်မှထွက်၏။ပွင့်ချပ်(၅)ခုဆိုင်၍ကတော့ပုံသဏ္ဌာန်ပွင့်၏။အတွင်းမှဝတ်ဆံမျှင်(၂)ခုထွက်၏။အပွင့်အရှည်မှာ(၁)လက်မခန့်ရှိ၏။ – […]
မွေးကင်းစ ကလေးလေးတွေ အိပ်နေရင်းပြုံးရတဲ့ အကြောင်းအရင်း..
မွေးကင်းစ ကလေးတွေနဲ့ လသားအရွယ် ကလေးတွေက အိပ်နေရင်းနဲ့ ပြုံးနေတတ်ပါတယ်..။ သူတို့ရဲ့ အပြုံးက အရမ်းကို ချစ်စရာ ကောင်းပါတယ်။ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ အပြုံးကို မိဘတွေကလည်း အရမ်းသဘောကျ ကြပါတယ်..။ အဲဒါကြောင့် ကလေးတွေက အိပ်နေရင်း ပြုံးရတဲ့ အကြောင်းရင်းကို love media ကနေ ဖော်ပြပေးသွားပါမယ်နော် ။ ကလေးတွေက မမွေးခင်ကတည်းက ပြုံးတတ်ကြပါတယ် ။ ကိုယ်ဝန်ဆောင် မိခင်ပေါင်း ၅၀၀ ကျော်ကို 4D ultrasound ရိုက်တဲ့အခါ ၃၁ ပတ်အရွယ် ကလေးလေးတွေက ပြုံးနေတာ တွေ့ရပါတယ်..။ သူတို့ရဲ့ ပြုံးချိန်က ပျမ်းမျှ ၃. ၂၁ စက္ကန့် ကြာပါတယ်။ အဲဒါကြောင့် ကလေးတွေကို မမွေးခင်အမေရဲ့ ဗိုက်ထဲမှာကတည်းက ပြုံးတတ်ကြောင်း […]
တနင်္ဂနွေသားသမီးများ ချမ်းသာလိုလျှင် ဒီလိုလုပ်ပေးပါ
တနင်္ဂနွေ သားသမီးများ ချမ်းသာလိုလျှင် ဒီလိုလုပ်ပေးပါ တနင်္ဂနွေသားသမီးများ ချမ်းသာလိုလျှင် မည်သည့်လုပ်ငန်းပဲလုပ်လုပ်အဆင်မပြေကြသူများ။ မိမိရည်မှန်းထားသောကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်မလာ၍ ဝန်ထမ်းဘဝနှင့်သာနှစ်မျောပြီး ငွေကြေးမစုနိုင်ကြသူများ။ ကြီးပွားချမ်းသာ၍ စိတ်ချမ်းသာသာနေချင်ကြသူများ။ တနင်္ဂနွေနေ့တိုင်းကြက်ဥ(၃)လုံးခန့်ကိုမိမိအိမ်ဘုရားတွင် အမြဲတစေလှူဒါန်းပါ။ တစ်ပတ်တွင် တကြိမ် တနင်္ဂနွေနေ့တိုင်း ယခင် ကပ်လှူ ထားသောကြက်ဥ(၃)လုံးအားစွန့်၍ အသစ်ထပ်မံကပ်ပါ။ “အမြဲထာဝရကိုယ်ရောကျမ်းမာစိတ်ရောချမ်းသာစွာဖြင့် စီးပွားလာဘ်လာဘ တိုးတက်ရပါစေလို၏”ဟုဆုတောင်းပါ။ ဤအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်မည်ဆိုပါက တနင်္ဂနွေသားသမီးများ ချမ်းသာ သုခ ခြင်းကိုအပြည့်အဝ ခံစားရမည်ဖြစ်သည်။ ယုံကြည် အားကိုး ဆန္ဒ ရှိသူများ အတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း 09776478912 တနငျ်ဂနှေ သားသမီးမြား ခမြျးသာလိုလြှငျ ဒီလိုလုပျပေးပါ တနငျ်ဂနှသေားသမီးမြား ခမြျးသာလိုလြှငျ မညျသည့ျလုပျငနျးပဲလုပျလုပျအဆငျမပွကွေသူမြား။ မိမိရညျမှနျးထားသောကိုယျပိုငျလုပျငနျးရှငျဖွဈမလာ၍ ဝနျထမျးဘဝနှင့ျသာနှဈမြောပွီး ငှကွေေးမစုနိုငျကွသူမြား။ ကွီးပှားခမြျးသာ၍ စိတျခမြျးသာသာနခေငြျကွသူမြား။ တနငျ်ဂနှနေေ့တိုငျးကွကျဥ(၃)လုံးခန့ျကိုမိမိအိမျဘုရားတှငျ အမွဲတစလှေူဒါနျးပါ။ တဈပတျတှငျ […]









