ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းက ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး ထွက်ပေါ် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကန်ပြားအရှေ့ရွာမှာဖွင့်လှစ်ထားတဲ့ ယသဇေယျာရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကနေ ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၂၀၀၁ ခုနှစ်လောက်က စတင်ဖွင့်လှစ်ပေးခဲ့ကာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ၅ ဘာသာ၊ ၄ ဘာသာ၊ ၃ ဘာသာ ဂုဏ်ထူးရှင်တွေထွက်ပေါ်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ၆ ဘာသာ ဂုဏ်ထူးရှင်ကျောင်းသူတစ်ဦး ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ယသဇေယျာရုံ ဘုန်းတော်ကြီးမှာ ပညာသင်ယူခဲ့တဲ့ မအိမွန်အောင် ဆရာ ဆရာမတွေနဲ့ ဘုန်းကြီးတွေရဲ့ သင်ကြားမှုနဲ့ အမှတ်ပေါင်း ၅၂၄ မှတ်၊၆ ဘာသာဂုဏ်ထူးနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တာ ဖြစ်ပြီး မကွေးတိုင်းမှာ အမှတ်အများ […]
Month: August 2020
ဧရာဝတီဘဏ် ATMငွေထုတ်စက် ဖောက်ထွင်းသူများအား CCTV မှတ်တမ်းဖြင့် ဖမ်းဆီးရမိ
ဧရာဝတီဘဏ် ATMငွေထုတ်စက် ဖောက်ထွင်းသူများအား CCTV မှတ်တမ်းဖြင့် ဖမ်းဆီးရမိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်းရှိ ဧရာဝတီဘဏ် ATM ငွေထုတ်စက်ကို ဖောက်ထွင်းသူများအား CCTV မှတ်တမ်းဖြင့် ဖမ်းဆီးရမိ ခဲ့ကြောင်း ဒဂုံမြို့မ ရဲစခန်းတာဝန်ရှိသူက ပြည်မြန်မာကို ယနေ့ (သြဂုတ်လ ၂၄ ရက်)ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ၂၁ ရက် နံနက် ၂ နာရီအချိန်ခန့်က ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်း ရှိ City Express Convenience Store အရှေ့တွင် တပ်ဆင်ထား သည့် ဧရာဝတီဘဏ် ATM စက်အ မျိုးအစား (Wincor 280 xe) အတွင်းမှ ငွေသားများကို လူရွယ်အမျိုးသား နှစ်ဦးက ခိုးယူရန် […]
COVID-19 ကာကွယ်ရေးအပူချိန်တိုင်းကင်မရာ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများစမ်းသပ်အောင်မြင်
COVID-19 ကာကွယ်ရေးအပူချိန်တိုင်းကင်မရာ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများစမ်းသပ်အောင်မြင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု အပူချိန်တိုင်းကင်မရာ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ တီထွင်စမ်းသပ်အောင်မြင် ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု အပူချိန်တိုင်း ကင်မရာအား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)ကျောင်းသားများက တီထွင်စမ်းသပ်အောင်မြင်ခဲ့ပြီး တစ်လအတွင်း ကင်မရာ(၁၀)လုံးခန့် တီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၄ ရက်နေ့က သိရသည်။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု အပူချိန်တိုင်းတာသည့် ကင်မရာသည် အလွန်သက်သာသည့် ငွေကျပ်ခြောက်သောင်းကျပ်ဖြင့် အောင်မြင်စွာတီထွင်ဖန်တီးခဲ့ပြီး တယ်လီဖုန်းဖြင့်လည်းကောင်း၊ Smart TV ဖြင့်လည်းကောင်း မှတ်တမ်းတင်နိုင်သည့်အပြင် TV နှင့် တယ်လီဖုန်းမပါဘဲ ကင်မရာ၏ LCD ဖြင့်လည်း တိုင်းတာမှုရလဒ်များ ပုံရိပ်များကိုလည်း ကြည့်ရှုနိုင်ကာ SD Card ဖြင့်လည်း မှတ်တမ်းတင်စောင့်ကြည့်နိုင်သည်။ “COVID-19 ကာလအတွင်း ကျောင်းများ၊ရုံးအဖွဲ့အစည်းများအတွင်း လူတစ်ဦးမှနေ၍ ကင်မရာအား ကိုင်တွယ်ပြီး […]
ဖြူဖြူထွေးကြောင့် အနုပညာလောကကြီးကို မထိခိုက်စေချင်ဘူးလို့ပြောလာတဲ့ မင်းခန့်ကျော်..
ကူညီကြိုက်သလောက်ကူညီ လှူနေတဲ့ပုံတွေကို ဓါတ်ပုံရိုက်တင်ပြစရာမလိုပါဘူးလို့ ဖြူဖြူထွေးကိုပြောလာတဲ့ မင်းခန့်ကျော် ဖြူဖြူထွေး ဇာတ်ပို့သရုပ်ဆောင်တွေနဲ့ ကြော်ငြာရိုက်ပြီး အနုပညာကြေး ထောက်ပံ့ကာ အစည်းရုံးကတ်နဲ့ အွန်လိုင်းပေါ် တင်တာကို မနှစ်သက်လို့ ဝေဖန်တဲ့အကြောင်း ပြောပြလာတဲ့ အဆိုတော် မင်းခန့်ကျော် Credit to PannPwint MinKhantKyaw PhyuPhyuHtwe ဖြူဖြူထွေး ဇာတ်ပို့သရုပ်ဆောင်တွေနဲ့ ကြော်ငြာရိုက်ပြီး အနုပညာကြေး ထောက်ပံ့ကာ အစည်းရုံးကတ်နဲ့ အွန်လိုင်းပေါ် တင်တာကို မနှစ်သက်လို့ ဝေဖန်တဲ့အကြောင်း ပြောပြလာတဲ့ အဆိုတော် မင်းခန့်ကျော် Credit to PannPwint MinKhantKyaw PhyuPhyuHtwe
YBS မစီးဘူး…. TAXI ငှားမရဘူး ၊QUARANTINE စင်တာ သို့ လမ်းလျှောက်လာခဲ့သော စစ်တွေပြန်လေးစားစရာ စိတ်ဓာတ်ပိုင်ရှင်
YBS မစီးဘူး…. TAXI ငှားမရဘူး ၊QUARANTINE စင်တာ သို့ လမ်းလျှောက်လာခဲ့သော စစ်တွေပြန်လေးစားစရာ စိတ်ဓာတ်ပိုင်ရှင် စစ်တွေကပြန်လာတာတဲ့ ။နေ့လည် (၄)နာရီ ခွဲလောက် ၊ အားလုံး ပြိုင်းကုန်ကြပီ။ ခနတဖြုတ် ကိုယ့်အခန်းကိုယ်အနားပြန်ယူ အိပ်သူကအိပ် (မနက်က swabယူတဲ့နေ့မို့ စောစောထရတာကိုး)အဲ့ဒီအချိန် ကွာရန်တင်းယူမဲ့ (၁) ယောက် ရောက်လာတယ်။ အားလုံးအလုပ်ရှုပ် ယောက်ယှက် ခပ်ကုန်ကြရော ၊ဘာလို့ဆို သူက သူ့အစီစဉ်နဲ့သူ ရောက်လာတာ ကိုယ်က တော့ သူ့ကို စပ်စု လိုက်မိတယ် ။ စစ်တွေက ပြန်လာတာတဲ့ လမ်းမှာကားနဲ့ (၁) ရက် ကြာတယ်တဲ့ ။ဇာတိက ဧရာဝတီတိုင်း ကျိုက်ပိကတဲ့ စစ်တွေမှာ အလုပ် သွားလုပ်တာတဲ့။သူပြန်လာပီး အနောက်မှာ နောက်နေ့ […]
ရခိုင်ကနေပြန်လာပြီး ကွာရန်တင်းမဝင်သူ(၂)ဦးအနက် (၁)ဦးမှာဖျားနေ
ရခိုင်ကနေပြန်လာပြီး ကွာရန်တင်းမဝင်သူ(၂)ဦးအနက် (၁)ဦးမှာဖျားနေ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ရခိုင်ကနေ ပြန်လာပြီး ကွာရန်တင်းမဝင်တဲ့သူ နှစ်ဦးမှာ တစ်ဦးကဖျားနေတာကြောင့် ကျန်းမာရေးဌာနကနေလာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ အဆိုပါနှစ်ဦးက ဇနီးမောင်နှံတွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ရခိုင်ကနေ လှိုင်သာယာကို ပြန်လာတဲ့ သူတွေဖြစ်ပါတယ်။လက်ရှိမှာ အမျိုးသားက ဖျားနေတာကြောင့် မနေ့က ညနေပိုင်းကပဲ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ “ ဟုတ်ပါတယ်။ မနေ့ကပဲ ကျန်းမာရေးအဖွဲ့ကနေလာခေါ်သွားပြီ။ ခေါ်သွားတဲ့အချိန်မှာ အမျိုးသားက ဖျားနေတယ်။ သူတို့က ဝန်ထမ်းတွေဆိုတော့ ရခိုင်နဲ့ ရန်ကုန်ကို အသွားအပြန်လုပ်နေတဲ့သူတွေ။ ရခိုင်ကပြန်လာတဲ့ အခါမှာ သူတို့ကလေးပါလားတော့မသိဘူး။ မနေ့က ကျန်းမာရေးဌာနက လာခေါ်သွားတာတော့ ကလေးပါ ပါတယ်။ တာဝန်ရှိသူတွေဘက်ကပဲ လုပ်စရာရှိတာ ဆက်လုပ်ပါလိမ့်မယ်” လို့ လှိုင်သာယာ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက […]
သင့်ကို ဆယ်နှစ်စာမက အရွယ်တင်နုပျိုစေမယ့် အစားအစာများ
(Zawgyi) သင့်ကို ဆယ်နှစ်စာမက အရွယ်တင်နုပျိုစေမယ့် အစားအစာများ ================================== လူတိုင်းလူတိုင်းမှာ တစ်နေ့တာအတွက် မိမိကြိုက်နှစ်သက်ရာ အစားအစာမျိုးစုံကို မိမိအကြိုက်အပေါ်မှာ မူတည်ပြီး စားသုံးနေကြတဲ့အထဲမှာ မိမိအတွက် ကျန်းမာရေးနဲ့ ကိုက်ညီမျှတတဲ့ အစားအစာတွေ အများကြီးပါဝင်နေကြပါလိမ့်မယ်။ အခုတင်ဆက်ပေးမှာကတော့ သင့်ကို ဆယ်နှစ်စာမက အရွယ်တင်နုပျိုစေမယ့် အစားအစာ ၆ မျိုးကို ပရိသတ်ကြီးအတွက် ကျန်းမာရေး ဗဟုသုတအနေဖြင့် တင်ဆက် မျှဝေပေးလိုက်ပါရစေနော်။ ၁။ ထောပတ်သီး ထောပတ်သီးမှာ လူအတွက်အကျိုးရှိတဲ့အဆီဓာတ်တွေ ပါဝင်နေတာကြောင့် တစ်နေ့တစ်လုံးစားပေးခြင်းဟာ ကိုလက်စထရောကိုကျစေပြီး ကျန်းမာတဲ့ အသားအရည်အလှကိုရရှိစေမှာပါ။ ထောပတ်သီးဖျော်ရည်ကြိုက်တတ်ရင်တော့ သိပ်ကောင်းပါတယ်။ ၂။ ဘယ်ရီသီးများ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ဘလူးဘယ်ရီနဲ့ စပျစ်သီးတွေဟာ အယ်ဇိုင်းမားရောဂါ ၊ ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းရောဂါတွေကို ကာကွယ်ပေးပြီး အသိစိတ်စွမ်းတိုးတက်ကောင်းမွန်စေဖို့ကိုပါ အထောက်အကူပြုတာပါ။ ၃။ မုန်လာဥနီ […]
လမ်းဘေးခွေး ၃၀၀ ကျော်ကို ၁၄ နှစ်လုံးလုံး တစ်ရက်ငါးသောင်းဖိုး ကုန်ကျခံကျွေးမွေးနေသူ…………..
လမ်းဘေးခွေး(၃၀၀) ကျော်ကို (၁၄)နှစ်လုံးလုံး တစ်ရက် ငါးသောင်းဖိုး ကုန်ကျခံ ကျွေးမွေးနေသူ။ မုံရွာမြို့ နေရာအနှံ့က လမ်းဘေးခွေး အကောင် ၃၀၀ ကျော်ကို ညနေတိုင်း တစ်ရက်ကို ငွေ ၅ သောင်းကျပ်ဖိုးခန့် ထမင်းနဲ့ ကြက်ခေါင်းဟင်းကို နယ်ပြီး မြို့အနှံ့ နေရာစုံ လိုက်လံ ကျွေးမွေးပြီး တိရိစ္ဆာန်များရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနေတဲ့ ဦးခင်မောင်ဆန်း၊ အများကခေါ်ကြတဲ့ ဂျပန်ကြီးဆိုတဲ့ လေးစားဖွယ်ရာ ဦးလေးတစ်ဦးရှိပါတယ်။ သူဟာ အခုလို လမ်းဘေးခွေးများကို နေ့စဉ်နေ့တိုင်း လိုက်လံကျွေးမွေးနေခဲ့တာ တစ်ရက်ကို ငွေ ၅ သောင်းကျပ်ဖိုးနှင့် နှစ်ပေါင်း ၁၄ နှစ်အတွင်းမှာ တစ်ရက်မှ မပျက်ကွက်ခဲ့ဘူးလို့လည်းဆိုပါတယ်။ တစ်ခါတစ်လေ သူနားတဲ့ ရက်တွေမှာဆို သူရဲ့တပည့်ကို ကျွေးခိုင်းတာ ဖြစ်ပြီး အခုလို ကျွေးမွေးရတဲ့ […]
စစ်တွေကပြန်လာတာတဲ့….
စစ်တွေကပြန်လာတာတဲ့…. နေ့လည် ၄နာရီခွဲလောက် ၊ အားလုံးပြိုင်းကုန်ကြပီ ခနတဖြုတ်ကိုယ့်အခန်းကိုယ် အနား ပြန်ယူ အိပ့်သူကအိပ့် (မနက်ကswabယူတဲ့နေ့မို့စောထရတာကိုး) အဲ့ဒီအချိန် ကွာရန်တင်းယူမဲ့၁ယောက်ရောက်လာတယ် ….အားလုံးအလုပ်ရှုပ် ယောက်ယှက်ခပ်ကုန်ကြရော ၊ဘာလို့ဆို သူကသူ့အစီစဉ်နဲ့သူရောက်လာတာ…. ကိုယ်ကတော့ သူ့ကိုစပ်စုလိုက်မိတယ် ။စစ်တွေကပြန်လာတာတဲ့ လမ်းမှာကားနဲ့၁ရက်ကြာတယ်တဲ့….ဇာတိက ဧရာဝတီတိုင်း ကျိုက်ပိကတဲ့ စစ်တွေမှာအလုပ်သွားလုပ်တာတဲ့… သူပြန်လာပီး အနောက်မှာနောက်နေ့ လော့ဒေါင်းတဲ့ သူကလည်းကူးစက်ပိုးကြားကြားချင်း အခြေနေမဆိုးခင်လုပြန်လာရှာတာ ရန်ကုန်အရောက် ဟိုကလော့ဒေါင်းကြေငြာ…. သူ့မိန်းမက ပြန်မလာနဲ့ ရန်ကုန်မှာ ကွာရန်တင်းဝင်ပီးမှ အိမ်ပြန်လာပါတဲ့….တောနေ တောစား တောအလုပ်လုပ်တဲ့ တောသူမ၁ယောက်ရဲ့ အသိစိတ်လေး….. ဘလောက်ချစ်ဖို့ကောင်းသလည်း သူ့ယောက်ကျားကို ကွာရန်တင်းနေဖို့သိသလောက် ဖုန်းနဲ့ပြောပြနေတာရယ်… ကဲ …..ပြောချင်တဲ့လိုရင်းက အခုမှ စမှာ ….. အဝေးပြေးကွင်း ထိုသူရောက်ပါပီ အောင်မင်ဂလာကားကြီးကွင်း သူက ပေါ့စတစ်များနေသည့်အရပ်က ပြန်လာတာ ဒါပေမယ့် […]