အင်္ဂါသား/သမီးတွေနဲ့ ပတ်သက်လို့ လူသိနည်းတဲ့ အချက်များ လေ့လာကြည့်ရအောင်…

အင်္ဂါသားသမီးတွေနဲ့ ပတ်သက်လို့ လူသိနည်းတဲ့ အချက်များ စွမ်းအားကြီးမားပြီး စိန်ခေါ်မှုတွေကို နှစ်သက်တဲ့ အင်္ဂါသား၊ သမီးတွေဟာ အခက်အခဲတွေနဲ့တွေ့ရင် အရှုံးမပေးဘဲ ရင်ဆိုင်ဖြေရှင်းနိုင် တဲ့သူ၊ မိသားစုအတွက် ရှေ့ကနေ မားမားမတ်မတ် ကာကွယ်မယ့်သူတွေ ဖြစ်ပါတယ်။ အလုပ်အကိုင်၊ စီးပွားရေးနဲ့ပတ်သက်လာရင်လည်း ကောင်းကောင်း ကိုင်တွယ်နိုင်ပြီး အောင်မြင်အောင် စွမ်းဆောင်နိုင်စွမ်းရှိကြတဲ့ အင်္ဂါ သား၊ သမီးလေးတွေရဲ့ အချစ်ရေးနဲ့ပတ်သက်သမျှကို ဖော်ပြပေးလိုက်ပါတယ်။ ရင်ထဲက ခံစားချက်တွေကို လွယ်လွယ်နဲ့ဖွင့်ဟလေ့ မရှိတာကြောင့် အချစ်ရေးမှာ အထီးကျန်တဲ့ ခံစားချက်မျိုး အမြဲဖြစ်နေတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူကို စကားလုံးတွေနဲ့ နာကျင်အောင်ပြောဆိုတတ်တဲ့ အကျင့်ဆိုးရှိပြီး အဲ့ဒီအကျင့်ကြောင့် တကယ်ချစ်တာ မဟုတ်ဘူးလို့သတ်မှတ်ခံရတတ်ပါတယ်။ ရိုမန်းတစ် မဆန်တတ်ဘဲ တဲ့တိုးပြောတတ်တဲ့ သူတွေ၊ ချစ်တာကို အပြောနဲ့မဟုတ်ဘဲ လုပ်ရပ်နဲ့သက်သေပြတတ်တဲ့သူတွေဖြစ်ပါတယ်။ မရိုတတ်ပေမယ့် အခက်အခဲဖြစ်နေတဲ့ အချိန်မှာ ကာကွယ်ပေးမယ့်၊ … Read more

သင့်ကို တစ်စုံတစ်ယောက်သတိရနေပြီဆိုတာ သေချာနေတဲ့ ” နိမိတ် “ ခံစားချက်များ…

လူတစ်ယောက် ကိုယ့်ကို သတိရနေပြီဆိုရင် ဘယ်လိုနမိတ်တွေဖြစ်လာလဲ သင်သိလား …၊ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်ဆိုတာ သိပ်ကိုဆန်းကျယ်ပါတယ်။ စိတ်စွမ်းအင်ဆိုတာလည်း မယုံမရှိနဲ့နော်။ ဒါဆိုရင် တစ်ယောက်ယောက်က သင့်ကို အရမ်းပဲ သတိရနေ၊ လွမ်းနေပြီဆိုရင် ဘယ်လိုတွေဖြစ်လာတတ်သလဲဆိုတာ ကြည့်လိုက်ရအောင် သင့်မျက်နှာကို တွေ့လိုက်တာနဲ့ ပြုံးသွားမယ်” အပြင်မှာပဲဖြစ်ဖြစ်၊ ဗီဒီယိုကောနဲ့ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့် ပဲဖြစ်ဖြစ် သင့်ကို တွေ့လိုက်တာနဲ့ တင်ကို သူ့မျက်နှာလေးမှာ နှုတ်လမ်းလေးကွေးပြီး ပြုံးသွားမယ် ဆိုရင်တော့ သူဒီရက်ပိုင်း အတွင်း သင့်ကို အရမ်းလွမ်းနေတာ သေချာနေပါပြီနော် …။ သင်သူ့အကြောင်း အိပ်မက်ထဲ ထည့်မက်မယ်” ဒါကတော့ သိပ္ပံနည်းမကျတဲ့ အယူအ ဆပေါ့နော်။ ဒါပေမဲ့လည်းတကယ်ပဲ အိပ်မက်ထဲ မဆီမဆိုင် သူ့ကို ထည့်မက်ခဲ့မယ်ဆိုရင် သူသင့်ကို အရမ်းကို မနေထိထိုင် … Read more

သောကြာသားသမီးများအတွက် ဘဝတစ်သက်စာ ဟောစာတမ်း နှင့် ယတြာများ…

မိမိတို့ရဲ့ အသက်အပိုင်းခြားကို ကြည့်ပြီး အဟောကို ဖတ်ပါလေ။ ညံ့တဲ့နှစ်တွေမှာ ချေရမယ့် ယတြာကိုပါ ဖော်ပြပေးထားပါတယ်။ ကောင်းတဲ့ နှစ်တွေမှာလည်း ကောင်းသထက် ကောင်းစေဖို့ ချေရမယ့် ယတြာတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ သောကြာသားသမီး ဖြစ်သောသင်သည် အသက်..၁၊၉၊၁၇၊၂၅၊၃၃၊၄၁၊၄၉၊၅၇၊၆၅၊၇၃၊၈၁၊ ၈၉၊၉၇၊၁၀၅ နှစ် အတွင်း၌ သောကြာသက်ရောက် ဖြစ်၏…. သင်သည် ယခုနှစ်ပိုင်းအတွင်း မိဘကို ကောင်းစွာ ပြုစုစောင့်ရှောက်နိုင်မည့် အချိန်ဖြစ်၏။စီးပွား သိသိသာသာ တက်မည်။သိကြား မလိုက်သကဲ့သို့ လက်ရှိအခြေအနေထက်များစွာမြင့်တက်သွားမည်။လုပ်ငန်းများ သိသိသာသာ အောင်မြင်မှုရမည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာခရီးများ ပြည်တွင်ပြည်ပ ခရီးများသွားရတတ်၏။ဝန်ထမ်းဖြစ်လျှင် ရာထူး တတ်ခြင်း၊အခြေအနေ အဆင့်အတန်း မြင့်မားခြင်းများကြုံမည်။သင်တန်းတစ်ခုတက်ရခြင်း၊ပညာကောင်းရခြင်းများကြုံမည်။မိတ်ဆွေကောင်း၊ဆရာကောင်းများ တွေ့မည်။ အဖိုးတန် ပစ္စည်းများဝင်မည်။မြေကိစ္စ အမွေကိစ္စ အဆင်ပြေမည်။ငွေရှာရလွယ်ခြင်း၊ငွေအဝင်အထွက်ကြမ်းခြင်းများကြုံလိမ့်မည်။ရပ်ဝေးမှ စာများ၊အဆက်အသွယ်များ ရမည်။ရန်များခြင်း၊စကားများဖြေရှင်ရခြင်း၊ရင်းနှီးသူအားလုပ်ဖေါ်ကိုင်ဘက်များနှင့်အဆင်မပြေ လမ်းခွဲရခြင်းများကြုံမည်။စိုးရိမ်ရလောက်အောင်မဟုတ်ပါ။အလုပ်နှင့်ပတ်သက်၍ ကောင်းသောအပြောင်းအလဲများ နေရာကောင်းရခြင်းများ ကြုံမည်။အမှုအခင်း … Read more

အရမ်းကြိုက်လို့ ပြန်လည်မျှဝေလိုက်ပါတယ် ကြီးပွားကြောင်း ( ၇ ) ရပ် (မဖတ်ဘဲနေရင် နောင်တရလိမ့်မယ်)

(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန် ထားပါ။ (၂) ကိုယ့်ဆီဝင် လာသော ငွေများကို စနစ်တကျ စီမံ ခန့်ခွဲ သုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့ လမ်းကြောင်းတွေကို ဂဃနဏ သိထား ဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေ ရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။ (၃) ငွေတွေကို သက်မဲ့လို သဘော မထားရ ပါဘူး။ သူတို့ အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့ အချင်းချင်း မိတ်တွေ လိုက်ကြ၊ … Read more

ဆောင်းရာသီမှာ နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲခြင်းအတွက် နည်းလမ်းကောင်း (၅) ခု…

ဆောင်းရာသီမှာ အများဆုံးဖြစ်တတ်တဲ့ အရေပြားဆိုင်ရာ ပြဿနာတွေထဲမှာ နှုတ်ခမ်းသား ခြောက်သွေ့ အက်ကွဲတာကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ တခုပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲလို့ ကြံရာမရ ဖြစ်နေတဲ့ ပျိုမေတွေအတွက် အခု ဖော်ပြပေးမယ့် နည်းလမ်းတွေက အသုံးတည့်စေမှာပါ။ (၁) သခွားသီး မျက်နှာပေါင်းတင်တဲ့အခါ အသုံးပြုကြတဲ့ သခွားသီးစိတ်လေးတွေကို နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲတဲ့ အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ နှုတ်ခမ်းပေါ်မှာ သခွားသီးစိတ်လေးတွေ ကပ်ထားပေးရုံနဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပြီး စိုပြည်ချောမွေ့စေမှာ ဖြစ်ပါတယ်။ (၂) အုန်းဆီ အိမ်တိုင်းအိမ်တိုင်းမှာ အလွယ်တကူ ရှိကြတဲ့ အုန်းဆီဟာဆိုရင်လည်း နှုတ်ခမ်းသားခြောက်သွေ့ အက်ကွဲခြင်းတွေအတွက် အကောင်းဆုံး သဘာဝပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ ညအိပ်ရာဝင်တိုင်း အုန်းဆီကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးခြင်း အားဖြင့် နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲခြင်းကို သက်သာပျောက်ကင်းစေမှာ … Read more

နှစ်နဲ့ချီပြီးတွဲလာတဲ့ ချစ်သူ စုံတွဲတွေ အဆင်မပြေမှုကြုံလာရတဲ့ လက္ခဏာများ…

ချစ်သူသက်တမ်းကြာလာရင် ဖြစ်လာတဲ့ ပြဿနာက ပြောစရာရှားလာတယ်။ ဒါ ပေါ့သေးသေး ပြဿနာမဟုတ်ဘူးနော် ။ နှစ်နဲ့ချီပြီး တွဲလာတဲ့ စုံတွဲတွေ ပြတ်ကုန်တာ ဒီကိစ္စကြောင့်ပဲ ဘာပြောရမှန်းမသိတာ ပြောသမျှတွေကို အပိုတွေလို့ ထင်သွားတာ သိပ်အန္တရယ်ကြီးပါတယ် ။ ဥပမာ – ချစ်သူဖြစ်ကာစ ဖုန်းပြောရင် ဘယ်နှစ်နာရီကြာလည်း နှစ်နဲ့ချီလာတော့ မိနစ်တွေ နည်းသွားတယ်။ လိုရင်းပဲ ပြောကြတော့တယ် …။ နောက်ပိုင်း ဖုန်းခေါ်တာတောင် သိပ်မရှိတော့ဘူး။ ဒါ မချစ်တော့တာလား ဆိုတော့လည်း မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်က နှစ်နဲ့ချီပြီး တွဲလာတာ ချစ်တာပေါ့ …။ ဒါပေမယ့် ဘာပြောရမှန်း မသိတာရယ်၊ ကိုယ့်ဘာသာကိုယ် နေချင်တာရယ်၊ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ချင်တာရယ်တွေနဲ့ ပေါင်းပြီး စကားမပြောဖြစ် တော့တာပဲ ။ ချစ်တယ်ဆိုတာကို … Read more