ခရစ်နှစ် 2021 ခုနှစ် ဗုဒ္ဓဟူးသားသမီးများ တစ်နှစ်စာဗေဒင်

ဗုဒ္ဓဟူးသားသမီးများဗုဒ္ဓဟူးသားသမီးတို့သည် ယခုနှစ်တွင်မိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းခွင်များအောင်မြင်လာလိမ့်မည်။ နိုင်ငံရပ်ခြားခရီးသွားလာခြင်းများ ကြုံလာတတ်သည် ပြည်တွင်းပြည်ပ ဆက်သွယ်ရေးလုပ်ငန်းများလုပ်ခြင်း ကွန်ပျူတာနှင့် တီထွင် ပညာများ ဆောင်ရွက်ခြင်းကောင်း၏။ အပန်းဖြေစခန်းဖွင့်ခြင်း အလုပ်အသစ်များထူထောင်ခြင်း ကောင်း၏ ရေကြောင်း ခရီးသွားလာခြင်းများအထူးရှောင်ကြဉ်ရမည်။ အိမ်ခြံမြေကားတိုက်ခန်အပြောင်းအလဲများရှိမည် (14-4-2021) မှစ၍ (15-6-2021) အထိ အရာရာတွင် သတိနှင့် ဆောင်ရွက်သင့်သည်။ လုပ်ငန်းကိစများအတွက် စနေတနင်္ဂနွေသားသမီးများနှင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပေးရမည်။ မိတ်ဆွေများ ပေးထားသောကတိများ ပျက်ပြားခြင်းကြောင့် မိမိဆောင်ရွက်ထားသမျှ သဲထဲရေသွန်သလို ဖြစ်သွားတတ်သည်။ ဖုန်းနှင့် အဖိုးတန်ပစည်းများ ကျပျောက်ကိန်းရှိသည်။အိမ်ထောင်ရေး တွင် အထင်လွဲ ခံရတတ်သည်။ ပျိုရွယ်သူများ မိမိ မေတ္တာ ရေးအပေါ်၌ လေးလေးနက်နက်တန်ဖိုးထားသူများနှင့် တွေ့ကြုံရမည် ခရီးသွားလာရာတွင်လည်ကောင်း၊ ချစ်သူရည်းစားအဖြစ် ဆုံသွားရတတ်သည်။ ပညာရေးတွင်ဉာဏ်ရည်ထက်မြက် ကြီးမားလာလိမ့်မည်။ အတတ်ပညာကို အခြေပြု၍ အဆင့်မြင့် ပညာရပ်များ … Read more

ဘယ်လိုပွေ့ဖက်နည်းကို သင်အကြိုက်ဆုံးလဲ ထိုရွေးချယ်မှုကတစ်ဆင့် သင့်ရဲ့ အကြောင်းအချို့ကို သိခွင့်ရမှာပါ။

(A) သင်ဟာ အမှတ်စဉ် (A) က ပွေ့ဖက်နည်းမျိုးကို အနှစ်သက်ဆုံးဆိုရင် relationship တစ်ခုထဲကို လွယ်လွယ်နဲ့ တိုးမဝင်တတ်သူဖြစ်ပါတယ်။ တစ်ဘက်လူနဲ့ ခင်မင်မှုကို အရင်တည်ဆောက်ပြီးမှ ခံစားချက်တွေကို နည်းနည်းစီ ထုတ်ပြတတ်သူပါ။ တစ်ဘက်က စပြီး ထုတ်မပြောမချင်း သင့်ဘက်ကလည်း ခံစားချက်တွေကို သိမ်းဆည်းထားတတ်တဲ့ သူမျိုး ဖြစ်ပါတယ်။ (B) အမှတ်စဉ် (B) က ပွေ့ဖက်နည်းကတော့ အရမ်းကို ရိုမန်တစ်ဆန်တဲ့ နည်းမှန်း သိပြီးဖြစ်မှာပါ။ အဲဒီ့လို ပွေ့ဖက်ခြင်းကို နှစ်သက်တဲ့ သင်ဟာ မြင်မြင်ချင်း ချစ်သွားတာတွေ၊ အချစ်မှာ ကျဆုံးတာတွေ ဖြစ်လွယ်သူတစ်ယောက်ဖြစ်ပါတယ်။ Relationship တစ်ခုမှာ သင်ဟာ နီးစပ်မှုကို မြန်မြန်လိုလားသူတစ်ဦးဖြစ်ပြီး တစ်ဘက်ရဲ့ နွေးထွေးမှုကို မက်မောတတ်သူဖြစ်ပါတယ်။ ဒါကြောင့် သင့်ကို အကြံပေးချင်တာကတော့ လူတွေကို … Read more

မိန်းကလေးများ အခန့်မသင့်ရင်အသက်ပါ ဆုံးရှုံးနိုင်သဖြင့် သတိပြုမိစေရန်အတွက်…

မိန်းကလေးများ အခန့်မသင့်ရင်အသက်ပါ ဆုံးရှုံးနိုင်သဖြင့် သတိပြုမိစေရန်အတွက်… မျိုးသမီးမိန်းကလေးများ အခန့်မသင့်ရင်အသက်ပါ ဆုံးရှုံးနိုင်သဖြင့် သတိပြုမိစေရန် အတွက် ရှယ်ပေးခြင်းဖြင့်ကူညီကြပါရှင့် … ။ ကျေးဇူးပြုပီး သင်သိသော အမျိုးသမီးများကိုမျှဝေပေးပါ .. ။ (သင်သည် အမျိုးသား တစ်ယောက်ဆိုပါက ယခုအကြောင်းရာ အားအမျိုးသမီးများအတွက် မျှဝေပေးပါ) အမျိုးသမီးများ ရာသီ ကာလ အတွင်း အောက်ပါ အချက်များ မလုပ်သင့်ပါ။ ဒါတွေကတော့ ၁။ ရာသီချိန် ကာလ အတွင်းရေခဲရေ၊ ဆိုဒါမသောက်သုံးသင့်သလို အုန်းသီးလဲ မစားသင့်ပါ။ သုတေသီ များ၏ လေ့လာချက် များအရ ရာသီကာလအတွင်း ရေခဲရေ သောက်သုံးးခြင်း သည် သားအိမ်တွင်း ကျန်ရှိ ​နေသော ရာသီသွေးကိုခဲစေ တက်ပီး ၅ နှစ်မှ ၁၀ နှစ်အတွင်း … Read more

Single နဲ့ Relationship ကြား မတူညီတဲ့ အားသာချက်၊ အားနည်းချက်များ

လူတိုင်းမှာ ကိုယ်ပိုင်ခံယူချက်တွေနဲ့ ကိုယ်ပိုင်မှန်ကန်မှုတွေဆိုတာ ရှိတတ်ကြပါတယ်။ ဒီတော့ ကိုယ်နဲ့ရွေးချယ်မှု မတူညီတိုင်း အဲဒီ့လူကို မှားယွင်းနေတယ်လို့ ပြောလို့မရပါဘူးနော်။ ဒီတစ်ခေါက်မှာတော့ single ဖြစ်ရတဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ relationship တစ်ခုမှာရှိနေတဲ့ အားသာချက်၊ အားနည်းချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Single တွေအများစုက တစ်စုံတစ်ယောက်နဲ့ relationship ချိတ်ရမှာကို မကြိုက်တတ်ကြဘူးလို့ဆိုရမှာဖြစ်ပြီးတစ်ယောက်ယောက်ကို ချစ်ဖို့ အတော်လေး စဉ်းစားနေတတ်ကြသူတွေပါ။     သူတို့တွေရဲ့ ဘဝကို တစ်ခြားသူ ဝင်ရောက်စွက်ဖက်မှာကို မလိုလားကြသလို ရည်မှန်းချက်ကြီးမားသူတွေလည်း ဖြစ်ကြပါတယ်။ သူတို့တွေက သူတို့ရဲ့ ကိုယ်ပိုင်ဘဝလေးကို ပိုချစ်မြတ်နိုးကြသူတွေဖြစ်ပြီး နှလုံးသားနဲ့ ဦးနှောက်ကို အချိုးကျ ထည့်စဉ်းစားတတ်ကြ သူတွေပါ။ နောက်ပြီး သူတို့တွေဟာ မိသားစု၊ ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်း စတဲ့သူတွေကိုသာ ပိုသံယောဇာဉ်ကြီးတတ်ကြသလို ဘယ်အချိန် … Read more

ယောက်ျားတစ်ယောက်ကိုလက်မထပ်ခင် သိထားရမယ့် အရေးကြီးဆုံးအချက် (၆) ခု

ပျိုမေတို့ရေ ကိုယ့်ချစ်သူကို ချစ်နေရုံနဲ့မပြီးသေးဘူး၊ နှစ်ယောက်ပေါင်းဖက်ပြီး ဘဝသစ်ထူထောင်တဲ့ အထိကိုပါ စဉ်စားထားရမှာပါ။ သင်တို့နှစ်ဦးပေါင်းဖက်ခြင်းဟာ အသိုင်းအဝိုင်းနှစ်ခုကို ပေါင်းဖက်တာဖြစ်ပြီး၊ တစ်သက်လုံးစာ ဖြစ်တဲ့ အတွက် မယူခင်မှာ ဒီအချက်လေးတွေကို အရင်ဆုံး သိထားဖို့ လိုအပ်ပါတယ်။ (၁) အချစ်အပေါ်သူ့ရဲ့သဘောထား အချစ်ဆိုတာကို သူဘယ်လိုသဘောထားသလဲ။ တစ်သက်လုံးချစ်သွားဖို့လား၊ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ဆန္ဒဖြည့်ဖို့လား ဆိုတာမျိုးကို သူ့ကို သေသေချာချာမေးထားပါ။ သင့်ကိုတကယ်ချစ်တဲ့ ယောက်ျားက လက်ထပ်ပြီးရင် တစ်သက်လုံး စွဲစွဲမြဲမြဲပေါင်းသင်းသွားမယ့် သူမျိုးပါ။ (၂) သူ့ရဲ့ငွေကြေးသုံးစွဲမှု သင်ဟာ ပစ္စည်းတွေဝယ် shopping တွေထွက်ရတာကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီး သူကတော့ ကပ်စေးနဲ ကော်တစ်ရာ ဖြစ်နေရင် ဘယ်လိုလုပ်မှာလဲ။ ဒါကြောင့် လက်မထပ်ခင်ကတည်းက သူ့ရဲ့ ငွေကြေးသုံးစွဲပုံကို သေသေချာချာ သိဖို့လိုပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ လက်ထပ်ပြီးတော့မှ … Read more

ကိုယ့်ချစ်သူအပေါ် အချစ်ကြီးလွန်းတဲ့ ယောက်ျားတွေဆိုတာ….

သင့်ချစ်သူဟာ အချစ်ကြီးတဲ့သူလားဆိုတာ သူ့ရဲ့အပြုအမူ၊ အနေအထိုင်၊ အမူအယာတွေကနေ သိလို့ရပါတယ်။ အချစ်ကြီးတဲ့ကောင်လေးတွေနဲ့ ချစ်မိရင် သူများအတွဲတွေနဲ့ မတူတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ရမှာတော့ အသေအချာပါပဲ။ တကယ်လို့ သင့်ချစ်သူဟာ အခုဖော်ပြပေးမယ့် အချက်လေးတွေနဲ့ ကိုက်ညီနေရင်တော့ သူဟာ အချစ်ကြီးတဲ့ ကောင်လေးတစ်ယောက်ဖြစ်တယ်ဆိုတာကို သိထားပြီး တစ်ခါတလေကျရင်သူများတွေထက် ပိုပြီး နားလည်သည်းခံပေးဖို့လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့နော်။ (၁) အရမ်းသည်းခံတယ် အချစ်ကြီးတဲ့ကောင်လေးဆိုတာ သင်ဘယ်လောက်ဆိုးဆိုး၊ ဘယ်လောက်ချွဲချွဲ သင့်ကို အရမ်းသည်းခံပေးတဲ့သူပါ။ သူ့ကိုသင်ရစ်တဲ့အချိန်တွေ၊ တမင်ဂျီကျနေတဲ့ အချိန်တွေနဲ့ သူမကြိုက်တာ တစ်ခုခုကိုသင်လုပ်လိုက်မိရင်တောင် သည်းခွင့်လွှတ်ပေးတဲ့သူပါ။ ဒီလိုအရမ်းသည်းခံလို့တော့ သူ့ကို စိတ်မဆိုးတတ်ဘူးမထင်ပါနဲ့။ စိတ်ဆိုးရင်လည်း သူများထက်ပိုကြောက်ဖို့ကောင်းပါတယ်။ သင့်ကိုအရမ်းသည်းခံတယ်ဆိုတာကလည်း အရမ်းချစ်လွန်းလို့ဖြစ်ပါတယ်။ (၂) ဝမ်းနည်းလွယ်တယ် သင့်ချစ်သူဟာ ယောက်ျားလေးဖြစ်နေပေမယ့် ဝမ်းနည်းလွယ်တယ်ဆိုတာ အချစ်ကြီးလို့ပါ။ အချစ်ကြီးတဲ့ယောက်ျားလေးတွေဟာ အချစ်နဲ့ပတ်သက်ရင် နည်းနည်းလေးမှ … Read more

ဘယ်နေရာရောက်ရောက် လူချစ်လူခင်ပေါစေမယ့် စကားပြောနည်း (၆) နည်း

ဘယ်နေရာပဲရောက်ရောက် လူသစ်တွေနဲ့ စတင်ဆက်ဆံရတဲ့အခါမှာ ဘယ်လိုစကားစပြောရမလဲ ၊ ဘာအကြောင်းအရာကိုပြောရမလဲ စသည်ဖြင့်တွေဝေပြီး ဘယ်သူနဲ့မှမရင်းနှီး မိတ်ဆွေမဖွဲ့မိပဲနေတတ်ကြပါတယ် ။ ဒီလိုဆိုရင်တော့ တစ်ဖက်လူတွေက သင်ဟာ တစ်ကို ယ်ကောင်းဆန်တဲ့သူ ၊ တစ်ယောက်တည်း သီးသန့်နေချင်တဲ့သူအဖြစ်မြင်သွားနိုင်ပါတယ်နော်။ ကျောင်းပြောင်းတာပဲဖြစ်ဖြစ် ၊ အလုပ်ြေ ပာင်းသွားတာပဲဖြစ်ဖြစ် မိတ်ဆွေအသစ် ၊ သူငယ်ချင်းအသစ်တွေနဲ့ထိတွေ့ဆက်ဆံဖို့ခက်နေတဲ့သူတွေအတွက် မိတ်ဆွေကောင်းတွေ ရစေဖို့ စကားပြောနည်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်… (၁)ဘယ်လိုစကားစရမလဲသိပါစေ လူတစ်ယောက်နဲ့ စကားစမပြောခင်မှာ သူ့ရဲ့အနေအထား ပတ်ဝန်းကျင်ကို အရင်အကဲခတ်ပါ ။ စကားပြောမယ့်သူနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကိုစပြောတာက အကောင်းဆုံးပါပဲ။ ဥပမာ-စာအုပ်ကိုင်ထားတဲ့သူ ၊ ကော်ဖီသောက်နေတဲ့သူတို့ဆိုရင် ဒီကော်ဖီလေးကောင်းလား ၊ ဒီစာအုပ်လေး ဘယ်မှာဝယ်လဲ စသဖြင့် စကားစပြောလို့ရပါတယ်။ (၂)စကားပြောတဲ့အခါ သက်သောင့်သက်သာဖြစ်နေပါစေ မွေးရပ်မြေ၊ လက်ရှိနေနေတဲ့နေရာတွေကို အစချီပြီး စကားပြောပေးတာက တစ်ဖက်လူကို … Read more

သက်ကြီးရွယ်အိုတွေကို တရားတွေပဲ အတင်းနာခိုင်းတာထက် ပျော်ရွှင်အောင် ထားနိုင်မယ့် နည်းလမ်း

စိတ်ပျော်နေတဲ့ လူတွေဟာ အသက်ရှည်ကြပါတယ်။လူကြီးတွေတော်တော်များများကိုကြည့်တော့ စိတ်မပျော်တော့တဲ့ပြသနာက အဓိက ဖြစ်နေပါတယ်။ အတူနေမိသားစုဝင်တွေကလည်း စေတနာနဲ့ အဖေ တရားနာပါလား။ အမေ ဘုရားအာရုံပြုပါလား နဲ့ တရားခွေတစ်ချိန်လုံး ဖွင့်ပေးတာမျိုးလုပ်တတ်ကြပါတယ်။စေတနာနဲ့ ကောင်းတာလေး လုပ်ပေးတဲ့အတွက် မကောင်းဘူး လို့ပြောချင်တာမဟုတ်ပါ. ဒါပေမဲ့ သူတို့ဘက်ကစဉ်းစားကြည့်တော့ ဘာလဲ..ငါသေဖို့နီးနေလို့ တရားပဲနားထောင်တော့ ဆိုတဲ့ အဓိပ္ပာယ်လား။ ငါတကယ်ကို သေတော့မှာလား..ဆိုတဲ့ ဆိုက်ကိုဝင်လာရင် စိတ်ဓါတ်ကျပြီး မြန်မြန် ကွယ်လွန်သွားတာမျိုးတောင်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကာယကံရှင်က မတောင်းဆိုဘဲနဲ့ အသားကုန် တရားခွေဖွင့်ပေးတာမျိုးကို မလုပ်ကြစေချင်ပါ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါ။တချို့တွေ ငယ်ငယ်ကတည်းက တရားလုပ်ရတာဝါသနာပါတယ်။ တချို့တွေ ဝါသနာမပါခဲ့ပါ တရားဝါသနာမပါတဲ့သူကို အသက် ၈၀ ကျော်မှ တရားတွေချည်း စွတ်နားထောင်ခိုင်းလို့ သူ့စိတ်မအေးချမ်းပါ။ စိတ်ကွက်မိရင် သူ့အတွက် အကုသိုလ် တောင်ဖြစ်စေတာပါ။ … Read more

ချစ်သူနှစ်ဦးကြား ဆက်ဆံရေး တည်မြဲဖို့ မဖြစ်မနေထား ရှိထားသင့်တဲ့ နားလည်မှု (၄) ခု

ချစ်သူနှစ်ယောက်ကြားမှာ သာယာတဲ့ အချစ်ခရီးလမ်းတစ်ခုကို ဦးတည်သွားဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ နားလည်မှု မရှိတဲ့ Relationship တစ်ခုဟာ အနှေးနဲ့အမြန် ကျိန်းသေပြတ်မှာပါပဲ။ တစ်ခါတစ်လေကျရင် ဘာမဟုတ်တဲ့ အမှားလေးတစ်ခုကြောင့် ဆိုးဝါးလှတဲ့ Relationship တစ်ခုကို ဦးတည်မသွားဖို့အတွက် နှစ်ယောက်ကြားမှာ နားလည်မှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ချစ်သူနှစ်ဦးကြားမှာ မဖြစ်မနေကို ထားရှိပြီး နားလည်မှုထားသင့်တဲ့ အရာလေးတွေကို ပြောပြပေးချင်ပါတယ်။ ၁။ အရာရာတိုင်းကို ကိုယ့်စိတ်နဲ့ မဆုံးဖြတ်ပါနဲ့ လူတစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းထပ်တူကျဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းလွန်းလှပါတယ်။ တစ်ခါတလေကျရင် ကိုယ့်စိတ်နဲ့ ဘယ်တော့မှ မဆုံးဖြတ်လိုက်ပါနဲ့။ သူ့ဖက်ကိုလည်း ငဲ့ကြည့်ပါ။ ငါဒီလိုလုပ်တာ သူကြိုက်ပါ့မဘလားဆိုတဲ့ နားလည်စိတ်လေး ထားကြည့်ကြပါ။ ၂။ ကိုယ့်ချစ်သူအပေါ် မလေးမစားပြောတာမျိုးတွေ ရှောင်ကျဉ်ပါ ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်း … Read more

အရင်းနှီးဆုံးလူတွေရဲ့ နောက်ကျောဓားနဲ့ထိုးတာမခံရအောင် ဒီအရာတွေကိုလျှို့ဝှက်ထားပါ…

ကျွန်မတို့တွေဟာ ကိုယ်နဲ့ခင်နေတဲ့ သူတွေအပေါ် အလွန်အမင်း ယုံကြည်တတ် ကြတဲ့ စိတ်လေးရှိ ကြပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတော့ သူကတော့ ငါ့ကိုမကောင်းကြံမှာ မဟုတ်ပါဘူး၊ သူကတော့ ဒီလိုလုပ်မှာမဟုတ်ပါဘူး ဆိုတဲ့ ယုံကြည်စိတ်လေးပေါ့။ သဒ္ဒါလွန်တော့ ကျွန်ဖြစ်ဆိုသလို ယုံကြည်မှု လွန်ကဲတဲ့ အခါ ဒုက္ခရောက် ကြရပါတယ်။ အဲ့ဒီလို အယုံလွန်ပြီး ဒုက္ခမရောက်ရအောင် ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှဖွင့် မပြောပါနဲ့။ အတိတ်ကအမှားလုပ်ခဲ့တဲ့အကြောင်း အတိတ်က အမှားတွေနဲ့ပတ်သက်လို့ လျှောက်မပြောပြ ပါနဲ့။ ကျွန်မတို့ကယုံကြည်လို့ပြောတာဆိုပေမယ့် တစ်ဖက်လူက ဒါနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားလဲ မသိနိုင်ဘူးလေ။ အခန့်မသင့်ရင် ဒါကို အသုံးချပြီး ကိုယ့်ကိုတိုက်ခိုက်တာ၊ နှိမ့်ချတာမျိုးလုပ်လာနိုင်တယ်မဟုတ်လား။ ဒါကြောင့်မို့ အတိတ်ကကိုယ်အမှားလုပ်မိခဲ့ရင်လည်း အဲ့ဒီအမှားနဲ့ပတ်သက်လို့ လူတွေဆီမှာ ဝန်ခံနေဖို့မလိုပါဘူး။ အတိတ်ကိုအတိတ်မှာထားခဲ့ပါ။ ပိုင်ဆိုင်မှုတွေ ကျွန်မတို့မှာ တစ်ယောက်နဲ့တစ်ယောက်ပိုင်ဆိုင်မှုတွေမတူညီနိုင်ကြပါဘူး။ ကိုယ့်ပိုင်ဆိုင်မှုတွေအတွက် … Read more