မနက်အိပ်ရာထချိန် ရေတစ်ဖန်ခွက်သောက်သုံးခြင်း၏ အံ့ဖွယ်အကျိုးကျေးဇူးများ…

ဂျပန်အမျိုးသမီးတွေဟာ ကျန်းမာသွယ်လျတဲ့ခန္ဓာကိုယ်ကြောင့်လူသိများကျော်ကြားပါတယ်။တကယ်တော့ သူတို့ ဂျပန်လူမျိုးတွေရဲ့ရိုးရာဓလေ့လိုဖြစ်နေတဲ့အလေ့အကျင့်ကောင်းလေးတွေကြောင့်ကျန်းမာသွယ်လျပြီးချောမောလှပတဲ့မိန်းကလေးတွေဆိုရင်ဂျပန်မလေးနဲ့တူလိုက်တာချစ်စရာကောင်းလိုက်တာလို့ပြောခံရခြင်းဖြစ်ပါတယ်။ ရိုးရာဓလေ့ကတော့တခြားမဟုတ်ပါဘူး မနက်အိပ်ရာထထချင်း ဘာအစာမှမစားရသေးခင် ရေသောက်ခြင်းအလေ့အထပါပဲ မနက်အိပ်ရာထချိန်ရေသောက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ ခန္ဓာကိုယ်ရဲ့ရဝရာခိုင်နှုန်းလောက်ကရေဓာတ်နဲ့ပဲအလုပ်လုပ်တာဖြစ်တဲ့အတွက်မနက်အိပ်ရာထတာနဲ့လန်းဆန်းတက်ကြွနေစေဖို့ရယ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အားအင်တွေကို ရေဓာတ်ကနေရရှိပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှုကြာရှည်စွာခံစားရပါကအဝလွန်ရောဂါ၊ရင်သားကင်ဆာရောဂါ၊ခေါင်းတခြမ်းကိုက်ရောဂါ၊အူမရောင်နာရောဂါ၊သားအိမ်ကင်ဆာ၊ဆီးကျောက်တည်ခြင်း၊နှလုံးအောင့်ရောဂါ၊အစာမကြေခြင်းစတဲ့ ရောဂါဝေဒနာပေါင်းစုံကိုခံစားရနိုင်ပါတယ် ဒါကြောင့်မနက်အိပ်ရာထချိန် ရေသောက်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေများစွာရရှိစေခြင်းဖြစ်ပါတယ်။ အဲဒီလိုမနက်အိပ်ရာထချိန် ရေသောက်တဲ့အခါအစာအိမ်ထဲမှာဘာအစာမှရှိမနေစေရပါဘူး။အဲဒီအခြေအနေမှာ ရေသောက်ခြင်းကြောင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများဖြစ်ထွန်းစေပါတယ်။ ခန္ဓာကိုယ်အဆိပ်အတောက်ကင်းခြင်း အဲဒီလိုမနက်အိပ်ရာထထချင်းအစာအိမ်ထဲမှာအစာမရှိချိန်ရေသောက်ခြင်းကြောင့်ခန္ဓာကိုယ်တွင်းအူမကြီးကိုလှုပ်ရှားမှုဖြစ်စေပါတယ်။ညဘက်အိပ်ချိန်မှာခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေရဲ့ဇီဝဖြစ်စဉ်တွေကြောင့်ခန္ဓာကိုယ်မှာအဆိပ်အတောက်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အဲဒီလို အစာမရှိချိန်မနက်အိပ်ရာထထချင်း ရေကိုလုံလောက်အောင်သောက်ပေးခြင်းကြောင့် ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းစေပြီးလန်းဆန်းမှုနဲ့ကျန်းမာမှုကိုခံစားရပါလိမ့်မယ် ဒါ့ပြင်ခန္ဓာကိုယ်တွင်းကြွက်သားဆဲလ်တွေနဲ့သွေးဆဲလ်အသစ်တွေထုတ်လုပ်မှုကိုလည်း မြင့်တက်စေပါတယ်။ အသားအရေကြည်လင်ချောမွေ့ခြင်း ရေဓာတ်ခမ်းခြောက်မှုက အရေပြားမှာအမည်းစက်နဲ့အရေးအကြောင်းတွေကိုဖြစ်စေပါတယ်။ဒါကြောင့်မနက်အိပ်ရာထချိန် ဗိုက်ထဲအစာမရှိချိန် ရေ၅ဝဝမီလီဂရမ်ရအောင်သောက်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီးအသားအရေကြည်လင်တောက်ပစေပါတယ်။ တစ်နေ့လုံး ရေဓာတ်လုံလောက်စွာရရှိမယ်ဆိုရင်တော့ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းစင်ပြီး အသားအရေလှပလာပါလိမ့်မယ်။ ကျောက်ကပ်အနည်ထိုင်ခြင်းနှင့် ဆီးအိမ်ရောင်ရမ်းခြင်းကိုကာကွယ်ပေးခြင်း နောက်ထပ်ကျန်းမာရေးအကျိုးကျေးဇူးကတော့ဆီးအိမ်ရောင်ရမ်းခြင်းနဲ့ ကျောက်ကပ်အနည်ထိုင်ခြင်းတို့ကိုလည်းကာကွယ်ပေးပါတယ်။ မနက်အိပ်ရာထထချိင်းအစာအိမ်တွင်းအစာမရှိချိန် ရေသောက်လိုက်ခြင်းကြောင့်အစာအိမ်ကနေအက်ဆစ်ထွက်မှုကိုလျော့နည်းသက်သာစေပြီး ကျောက်ကပ်မှာအနည်ထိုင်ခြင်းကိုကာကွယ်ပေးတာဖြစ်ပါတယ်။ ဒါ့အပြင်ခန္ဓာကိုယ်အဆိပ်အတောက်ဖြစ်ခြင်းကြောင့် ဆီးအိမ်ရောင်ရမ်းမှုဖြစ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။ ကိုယ်အလေးချိန်လျော့ကျမှုကိုပြန်လည်မြှင့်တင်ပေးခြင်း ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့အတွက်ရှိသင့်တဲ့ကိုယ်အလေးချိန်ဆိုတာရှိပါတယ်။အဲဒီလိုမနက်အိပ်ရာထတာနဲ့အစာအိမ်ထဲအစာမရှိချိန် ရေသောက်ပေးခြင်းကြောင့် အစာချေစနစ်ကိုတိုးတက်စေပြီး ဆာလောင်မှုကိုခံစားရစေပါလိမ့်မယ်။ … Read more

လူတွေမသိသေးတဲ့ အာလူးရဲ့ အကျိုးကျေးဇူးများ…

ကျွန်တော်တို့တွေအာလူးကိုနည်းမျိုးစုံနဲ့ချက်ပြုတ်စားသောက်ကြလေ့ရှိတာတော့အမှန်ပါပဲ။ ဒါပေမယ့် အာလူးဟာ စားလို့ရရုံတင်မကပဲ အခြားအစွမ်းသတ္တိတွေရှိနေသေးတာကိုတော့ လူတော်တော်များများမသိကြသေးပါဘူး။ အခုကျွန်တော်တို့ အာလုံးရဲ့ အသုံးဝင်ပုံတွေကိုပြောပြသွားတော့မှာပါ။ ၁- သံချေးချွတ်နိုင်ခြင်း ဓါးတွေ ကတ်ကြေးတွေ သံကြေးစွန်းနေတဲ့အခါမျိုးမှာ အာလုံးကိုသုံးပြီး သံကြေးတွေချွတ်နိုင်ပါတယ်။ အာလူးကြီးတစ်ဝက်ဝက်ပါ။ ထို့နောက် ဘေပင်ပေါင်ဒါ နဲ့ ဆားကို ဆပ်ပြာရည်အနည်းငယ်နဲ့ရောထားပါ။ ဒီပျော်ရည်ထဲကို အာလူးခြမ်းကို နှစ်ပြီး သံကြေးတက်နေတဲ့နေရာတွေကိုပွတ်တိုက်ပါ။ ရေဆေးလိုက်တဲ့အခါမှာ သံကြေးတွေပြောင်စင်သွားတာကိုတွေ့ရပါလိမ့်မယ်။ ၂- အပူလောင်ခြင်းကိုကုသပေးနိုင်ခြင်း ဟင်းချက်ရင်းလက်အပူထိသွားတဲ့အခါမျိုးမှာလည်း အာလူးသုံးပြီးတော့ အပူလောင်ဒဏ်ရာကို သက်သာအောင်ပြုလုပ်ပေးနိုင်ပါတယ်။ အာလူးကို အဝိုင်းလေးတွေလှီးပြီးတော့ ရေစင်အောင်ဆေးကာ အပူလောင်သွားတဲ့နေရာကို ၁၀ မိနစ် ၁၅ မိနစ်ခန့်ကပ်ထားပေးပါ။ ပြန်ခွာလိုက်တဲ့အခါ သိသိသာသာ ဒဏ်ရာသက်သာသွားတာကိုမြင်ရပါလိမ့်မယ်။ ၃- အစွန်းချွတ်နိုင်ခြင်း အစားအသောက် အစွန်းအထင်းတွေပေနေတဲ့အခါမျိုးမှာ အာလူးကို အသုံးပြုနိုင်ပါတယ်။ အာလုံးတစ်လုံးကိုတောက်တောက်စင်းပြီး ရေထဲမှာ ၁၀ မိနစ် … Read more

လူသိနည်းသော တနင်္ဂနွေသားသမီးတို့၏ စိတ်နေစိတ်ထား…

တနင်္ဂနွေ သားသမီးများသည် စိတ်နှလုံးသားဖြူစင်၍ သဘောထား ပြည့်ဝသူများ ဖြစ်ကြသည်။ သူတစ်ပါး အပေါ် ပေးကမ်း ကျွေးမွေးလိုစိတ် ရှိသည်။ အိမ်မိသားစု၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း အပေါင်းအသင်းများ အပေါ် အနစ်နာခံပြီး ပေါင်းသင်း တတ်သည်။ မိမိအပေါ် မကောင်းကြံ သူကိုတော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြန်လည် လက်စားချေ တတ်သူများ ဖြစ်ကြသည်။ ချစ်မိရင်လည်း နှစ်ယောက် မရှိ၊ မုန်းပြီဆိုလည်း ဘယ်လိုမှကို မျက်နှာ မကြည့်ချင် တော့လောက်အောင် မုန်းတီး တတ်ကြသည်။ ဘာမဟုတ်တဲ့ ကိစ္စတွေမှာ စိတ်တို ၊စိတ်ကောက် ၊စိတ်ဆိုး လွယ်သည်။ စိတ်ဆိုးပြီ ဆိုရင်လည်း ဘယ်သူဘဲ ချော့ချော့ ချော့လို့ရမှာ မဟုတ်ပါဘူး၊ မိမိဘာသာ သူ့ အလိုလို အချိန်တန်လျှင် စိတ်ပြေ … Read more

သင့်ဘဝရဲ့ အရေးကြီးဆုံးအရာအကြောင်း ပြောပြနိုင်မယ့် ပြတင်းပေါက်များ…

ပြတင်းပေါက် နံပါတ် (၁) သင့်ဘဝမှာ အရေးကြီးဆုံးအရာက သင့်ရဲ့ အလုပ်အကိုင်ဖြစ်ပါတယ်။ လုပ်ငန်းခွင်ဟာ သင့်ကို အောင်မြင်စေမယ့် အဓိကနေရာ ဖြစ်တဲ့အတွက် သင့်ရဲ့ ရှိရှိသမျှ အားထုတ်မှုတွေကို လုပ်ငန်းခွင်မှာ တိုးတက်ဖို့ ရင်းနှီးမြှပ်နှံထားသင့်ပါတယ်။ ပြတင်းပေါက် နံပါတ် (၂) နံပါတ် (၂) ကို ရွေးချယ်လိုက်တဲ့ သင့်အတွက် အရေးကြီးဆုံးအရာကတော့ ချစ်ခြင်းမေတ္တာနဲ့ ခင်မင်ရင်းနှီးမှုတို့ ဖြစ်ပါတယ်။ သင်ဟာ စစ်မှန်တဲ့ ချစ်ခြင်းနဲ့ သစ္စာတရားကို တန်ဖိုးထားတတ်တဲ့ တက်ကြွပျော်ရွှင်သူတစ်ဦးဖြစ်ပါတယ်။ ပြတင်းပေါက် နံပါတ် (၃) မိသားစုက သင့်အတွက် အရာရာပါပဲ။ သင်ဟာ ခိုင်မြဲပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ဖန်တီးပိုင်ဆိုင်ဖို့ မွေးဖွားလာခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ credit to shwemom Unicode, သင့်ဘဝရဲ့ … Read more

လက်ဖဝါးမှာ ‘M’ အက္ခရာရှိသူတွေဟာ တမူထူးခြားနေသူတွေဖြစ်တယ် . . .ဘာလို့လဲဆိုတော့

လက်ဖဝါးရှိ လက္ခဏာကောက်ကြောင်းလေးတွေက မိမိဝိသေသလက္ခဏာနဲ့ ကံကြမ္မာကို ဖော်ညွန်းနေတာလို့ ဆိုကြပါတယ်။ ဒါပေမယ့် လက်ဖဝါးမှာ M ပုံသဏ္ဍာန် အက္ခရာစလုံးရှိသူတွေဟာ တမူထူးခြားသူလို့ ဆိုပါတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ထူးထူးခြားခြား အထုံ ပါရမီ ပါသူ၊ ဝမ်းတွင်း အသိရှိသူ၊ နောက်ပြီး ထူးကဲတဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ လို့လည်း ဆိုကြပါတယ်။ မိမိချစ်ရသူတစ်ယောက်က လက်ဖဝါးမှာ M အက္ခရာ ရှိပါက အချက်တစ်ချက်ကို သိထားရပါမယ်။ နောက်ပြောင်ခြင်း၊ လိမ်ညာမုသားပြောဆိုခြင်းနဲ့ ကလိမ်ကျခြင်းတွေ လုံးဝ မလုပ်မိဖို့ပါပဲ။ လုပ်မိသွားရင်တော့ သင့်ကို လိမ်ညာပြောတတ်သူလို့ သူ အမြဲသတ်မှတ်နေပါလိမ့်မယ်။ လက်ဖဝါးမှာ M အက္ခရာစလုံးရှိတဲ့ အမျိုးသမီးတွေမှာ အမျိုးသားများထက် ဝမ်းတွင်းအသိ ပိုပြင်းထန်ကြပါတယ်။ လင်မယားနှစ်ယောက်လုံးမှာရှိပါက အမျိုးသမီးမှာ ပိုမိုအားကောင်းနေပါသေးတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဘဝမှာ … Read more

ကိုယ့်ကိုယ်ကို တန်ဖိုးထား ချစ်မြတ်နိုးတဲ့ အမျိုးသမီးတိုင်း လိုက်နာသင့်တဲ့ အချက် (၁၀) ချက်

ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးဖို့ဆိုတာ သိပ်ကို အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ လူပေါင်းစုံရှိတဲ့ လောကကြီးမှာ ကိုယ့်ကိုယ်ကိုလောက် ကိုယ့်ကို ချစ်မယ့်သူ ထပ်ရှိဖို့ဆိုတာ မသေချာပါဘူး။ ကိုယ့်ရဲ့အစစအရာရာကို ကိုယ်ကမှ မချစ်ရင် တခြားသူ ချစ်လာဖို့ကို မျှော်လင့်ကြည့်မယ်ဆိုရင် ဒါက အဓိပ္ပာယ် မရှိတဲ့ အချက်ပါပဲ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်၊ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် အချက်တွေက မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ် (၁) ကျန်းမာရေးကို ဂရုစိုက်ပါ ကျန်းမာရေးမကောင်းရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာပဲ ဖြစ်ချင်ဖြစ်ချင် ကျန်းမာရေးကောင်းဖို့က နံပါတ်(၁) မို့ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် ကျန်းမာရေးကောင်းအောင် နေဖို့၊ အစားအသောက် ဆင်ခြင်ဖို့၊ ကျန်းမာရေးပိုကောင်းစေမယ့် အစားအသောက်တွေကို စားသောက်ဖို့နဲ့ တခြားသော ကိုယ်လက်လှုပ်ရှားမှုတွေလည်း … Read more

ချစ်သူရဲ့တန်ဖိုးထားမှုကို အမြဲတမ်းရရှိချင်ရင် ဒီအချက်လေးတွေကို လိုက်နာပါ…

မိန်းကလေးတစ်ယောက်အဖို့ ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိနေမှ ပျော်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ရတာပါ။ ဒီလိုမျိုး ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိချင်တယ်ဆိုရင်တော့ မိန်းကလေးတွေအနေနဲ့ လုပ်ဆောင်ရမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ဒီအချက်လေးတွေကိုသာ လိုက်နာမယ်ဆိုရင်တော့ သင်ဟာချစ်သူအတွက်တန်ဖိုးရှိပြီး လေးစားစရာကောင်းတဲ့ သူတစ်ယောက် ဖြစ်လာမှာပါ။ (၁) ကိုယ့်ဘဝကိုယ် မရှက်ပါနဲ့ သင်ဟာ ပညာတတ်တစ်ယောက်မဟုတ်လို့၊ စည်းစိမ်ဥစ္စာ မချမ်းသာလို့၊ ဒါမှမဟုတ် အားနည်းချက်တွေများလို့ ကိုယ့်ဘဝကို မရှက်ပါနဲ့၊ ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့။အရှိကိုအရှိတိုင်း လက်ခံပြီး ဘဝကိုအကောင်းမြင်စိတ်ထားပါ။ဒါဟာ စိတ်ထားမွန်မြတ်ခြင်းဖြစ်တာကြောင့် သင့်ချစ်သူဟာ သင့်ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်ကို တွေ့မြင်ပြီး လေးစားတန်ဖိုးထားမှာဖြစ်ပါတယ်။ (၂) ကိုယ့်ကျင့်တရား စောင့်ထိန်းပါ ဒီကိစ္စကတော့ အရေးကြီးဆုံးပါပဲ။ သင့်ချစ်သူနဲ့သင်ဟာ လူမမြင်ကွယ်ရာရောက်နေလည်း စောင့်ထိန်းသင့်တာကိုတော့ စောင့်ထိန်းရမှာပါ။သင့်ချစ်သူရဲ့ တန်ဖိုးထားလေးစားမှုကို ခံချင်ရင်တော့ ဒီအချက်ကို လိုက်နာပါ။တစ်ဘဝလုံးစောင့်ထိန်းခဲ့တဲ့ အရာတစ်ခုကို မိနစ်ပိုင်းလေးနဲ့တော့ … Read more


မုန်းတယ်လို့ မပြောပဲ ဝေးခဲ့ဘူးတဲ့ ချစ်သူတွေရှိလား ကိုယ့်အတွက် ဘာဆိုဘာမှ ခံစားပေးတဲ့သူမဟုတ်တဲ့ သူတယောက်ကို ရင်ဘက်ထဲထည့်ပြီး ချစ်ကြောင်းပြောရတာ တကယ်ကြေကွဲစရာကောင်းပါတယ်… ကိုယ်မပြတ်သားနိုင်တဲ့သူကိုမှ…..အဆင်ပြေပါစေ ဆုတောင်းပေးပြီး သူရှိရာအရပ်ကို….. ကျောခိုင်းပစ်ဖို့ကြိုးစားရတာလည်း ပင်ပန်းလွန်းလှပါတယ်…. တကယ်ဆို..အပျော်ဆိုတာသိသိနဲ့တင်….ချောလဲရောထိုင်ရယုံနဲ့ ကျေနပ်နေရတဲ့အဖြစ်ကလည်း ဝဋ်သိပ်ကြီးလွန်းပါတယ်…. လက်တွဲဖို့ကျ ချစ်တယ်ဆိုတဲ့စကားတခွန်းနဲ့ လုံလောက်ခဲ့ သလောက်လမ်းခွဲဖြစ်ဖို့ကြအကြောင်းပြချက်လေးတောင် မရေရာခဲ့တာမျိုး….. ဘဝမှာ ကိုယ်သိပ်ချစ်ပါတယ်လို့ပြောခဲ့တဲ့သူကို မုန်းဖို့မေ့ဖို့ကြိုးစားရတာ….ခက်ခဲလွန်းပါတယ်… ပုံရိပ်စစ် Credit Unicode, မုန်းတယ်လို့ မပြောပဲ ဝေးခဲ့ဘူးတဲ့ ချစ်သူတွေရှိရင် ဖတ်ကြည့် မုန်းတယ်လို့ မပြောပဲ ဝေးခဲ့ဘူးတဲ့ ချစ်သူတွေရှိလား ကိုယ့်အတွက် ဘာဆိုဘာမှ ခံစားပေးတဲ့သူမဟုတ်တဲ့ သူတယောက်ကို ရင်ဘက်ထဲထည့်ပြီး ချစ်ကြောင်းပြောရတာ တကယ်ကြေကွဲစရာကောင်းပါတယ်… ကိုယ်မပြတ်သားနိုင်တဲ့သူကိုမှ…..အဆင်ပြေပါစေ ဆုတောင်းပေးပြီး သူရှိရာအရပ်ကို….. ကျောခိုင်းပစ်ဖို့ကြိုးစားရတာလည်း ပင်ပန်းလွန်းလှပါတယ်…. တကယ်ဆို..အပျော်ဆိုတာသိသိနဲ့တင်….ချောလဲရောထိုင်ရယုံနဲ့ ကျေနပ်နေရတဲ့အဖြစ်ကလည်း ဝဋ်သိပ်ကြီးလွန်းပါတယ်…. လက်တွဲဖို့ကျ … Read more

ခေါင်းမာတဲ့မိန်းကလေးတွေကိုမှ ယောကျာ်းလေးတွေ အရူးအမူးချစ်မိတာ ဒီအချက်တွေကြောင့်ပါ…

ခေါင်းမာတဲ့သူလေးတွေဟာ တခါတလေ ပြောရဆိုရခက်လွန်းတာကြောင့် သူတို့ကို စိတ်ရှည်တဲ့သူဆိုတာ နည်းနည်းတော့ ရှားပါတယ်။ ဒါပေမယ့် ယောကျာ်းလေးတွေကတော့ ခေါင်းမာတဲ့မိန်းကလေးတွေကို ချစ်မိတဲ့အခါ အရူးအမူးဖြစ်လောက်အောင် ချစ်မိသွားတတ်ပါတယ်။ အဲ့ဒါကတော့ ဒီလိုအကြောင်းရင်းတွေကြောင့်ပါပဲ။ (၁) ခေါင်းပဲမာတာ နှလုံးသားကတော့ နူးညံ့လွန်း ခေါင်းမာတဲ့သူလေးတွေဟာ နှလုံးသားကတော့ တခြားသူတွေထက် ပိုနူးညံ့ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ခံယူချက်၊ အတွေးအမြင်နဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာ ရပ်တည်တာမျိုးရှိသလို အဆင်မပြေတဲ့သူတွေ တွေ့ရင်လည်း သူများထက်ပိုသနားနေတတ်တာမျိုးပါ။ စိတ်ထိခိုက်စရာမြင်ကွင်းမျိုးကိုမြင်တဲ့အခါ၊ စိတ်ထိခိုက်စရာအကြောင်းအရာတစ်ခုကို ကြားလိုက်ရတဲ့အခါတွေမှာ ၀မ်းနည်းတတ်လွန်းသူလေးတွေပါ။ (၂) စစ်မှန်တဲ့သူတစ်ယောက် ခေါင်းမာပေမယ့် အပိုတွေ မလုပ်ဘူး၊ အပိုစကားတွေမပြောဘူး၊ ကိုယ့်ရဲ့အားနည်းချက်ကို ထုတ်ပြောပြီး လူတွေ သနားအောင်မလုပ်ဘူး၊ အရှိကိုအရှိအတိုင်း ဖွင့်ပြောတတ်ပြီး သူချစ်ရတဲ့သူအပေါ်မှာလည်း အမြဲရိုးသားတဲ့သူလို့ ပြောလို့ရပါတယ်။ (၃) ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့သူ ခေါင်းမာတယ်ဆိုတာ ကိုယ့်ခံယူချက်၊ ကိုယ့်အတွေးအမြင်အယူအဆတွေနဲ့ … Read more

ချစ်သူတွေကြား ဖုန်း တစ်နေ့ဘယ်နှစ်ကြိမ် ဆက်သင့်သလဲ

ချစ်သူ ဖြစ်ကာစကတော့ ၅ မိနစ် တစ်ကြိမ်လောက်ကို ဖုန်း ခေါ်တတ်ကြပေမယ့် အချိန်လေး နည်းနည်းကြာလာရင်တော့ ဖုန်းခေါ်တဲ့ အကြိမ်ရေ လျော့သွားတတ်ပါတယ်။ မနက် အိပ်ယာက နိုးတဲ့အချိန်မှာ ချစ်တဲ့သူဆီကို ဖုန်းခေါ်ပါ Marry ရဲ့ ချစ်သူလေးတို့ရေ ချစ်သူတွေကြားက ချစ်ခြင်းတွေကို ဖော်ပြတဲ့ အပြုအမူလေး တစ်ခု ဖြစ်တဲ့ ဖုန်းခေါ်တယ် ဆိုတာလေးအကြောင်းကို ပြောပြချင်ပါတယ်။ ချစ်သူလေးကို တစ်နေ့ ဖုန်း ဘယ်နှကြိမ်ခေါ်ပါသလဲ။ ချစ်သူ ဖြစ်ကာစကတော့ ၅ မိနစ် တစ်ကြိမ်လောက်ကို ဖုန်းနဲ့ လက် မပြတ်နိုင်အောင် ခေါ်တတ်ကြပေမယ့် အချိန်လေး နည်းနည်းကြာလာရင်တော့ ဖုန်းခေါ်တဲ့ အကြိမ်ရေ လျော့သွားတတ်ပါတယ်။ ချစ်သူတွေကြား တစ်နေ့ ဘယ်နှကြိမ်ကိုမှ ဘယ်အချိန်တွေမှာ ဘယ်လောက်ကြာကြာ ဖုန်းပြောရမလဲ ဆိုတာကို Marry … Read more