
ငွေ ပြတ်သွားတဲ့ အခါဒီလိုလေး (ယုံယုံကြည်ကြည်နဲ့) လှူကြည့်ပါလား လက်တွှေအစွှမ်းမို့ မဖတ်အားသေးရှယ်ထားကြပါ ကြွေပန်းကန်နဲ့ဖြစ်ဖြစ်.လင်ဗန်းနဲ့ဖြစ်ဖြစ် ပေါင်မုန့် ၅ ခုထည့်.ပေါင်မုန့်ပေါ်ကို ကိတ်မုန့်၂ ခုတင်.နို့ဆီ ဆမ်း.ပြီးအိမ်ကဘုရားမှာ မုန့်ဆွမ်းလှူရင်း ငွေကိစ္စကို ဆုတောင်းရတာလေ။ ဗုဒ္ဓဟူးနေ့ မနက် ၁၀း၃၀.မိနစ်ကနေ နေ့၁၂ နာရီ မထိုးခင်ကြားမှာ လှူရင် ပိုတောင်မြန် သေးသဗျ။ ကြာသပတေးနေ့ မနက် ရး၃၀ မိနစ် မထိုးခင်ထပ်ပြီး လှူလို့ရသေးတယ်။ အဲဒါ တနင်္လာနံ အခက်အခဲ မျိုးစုံ အတွက် အဆင်ပြေစေမယ့် အလှူပေါ့ဗျာ။ ယုံကြည်ရင် နှစ်ကြိမ်တော့ လှူပေါ့.မယုံကြည်ရင် မလှူ နဲ့ပေါ့..ဘာခက်တာမှတ်လို့ဗျာမနက်ဖန်ဗုဒ္ဓဟူးနေ့ပဲဗျ..မမေ့နဲ့ပေါ့။ သိင်္ခမောင်၀၉၆၇၈၃၃၅၅၅၉ Unicode, ငွေ ပြတ်သွားတဲ့ အခါဒီလိုလေး (ယုံယုံကြည်ကြည်နဲ့) လှူကြည့်ပါလား လက်တွှေအစွှမ်းမို့ မဖတ်အားသေးရှယ်ထားကြပါ ကြွေပန်းကန်နဲ့ဖြစ်ဖြစ်.လင်ဗန်းနဲ့ဖြစ်ဖြစ် ပေါင်မုန့် … Read more

သိပ်လှတဲ့ မိန်းကလေးတွေ အချစ်ရေး ကံမကောင်းတတ်တဲ့ အကြောင်းအရင်းများ

လူအများစုက လှတဲ့မိန်းကလေးတွေဆိုရင် သူတို့ချစ်သူကလည်း တုန်နေအောင်ချစ်ပြီး အချစ်ရေးအရမ်းသာယာမှာပဲလို့ ထင်တတ်ကြပါတယ် ။ တစ်ကယ်တမ်း သိပ်လှတဲ့ မိန်းကလေးတွေက အချစ်ရေးသိပ်ကံမကောင်းတတ်ကြပါဘူး ။ ဒီအချက်ကို သင်ကိုယ်တိုင်ကြုံတွေ့နေရလို့ပဲဖြစ်ဖြစ် ဘာလို့ အဲ့လိုဖြစ်ရတာလဲလို့ အမြဲသိချင်နေကြတဲ့သူတွေအတွက် ဘာကြောင့်ကံမကောင်းရလဲ ဆိုတဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်… ရွေးချယ်ရခက်တယ် လှတဲ့ မိန်းကလေးတွေကို စိတ်ဝင်စားနေတဲ့ သူတွေ ၊ ပိုးပန်းနေတဲ့သူတွေထဲက ဘယ်သူက တစ်ကယ်ချစ်တဲ့သူမှန်း ရွေးချယ်ရတာအရမ်းခက်ပါတယ် ။ သူတို့ကို တစ်ကယ်ချစ်လို့ ကြိုက်တာလား ၊ အလှအပေါ်မှာပဲ မက်မောလို့ ကြိုက်တာလား ၊ ချောချောလှလှ ရည်းစားလေး ရထားတယ်ဆိုပြီးပဲ ကြွားလုံးထုတ်ချင်လို့လားဆိုတာ တော်တော်ခန့်မှန်းရခက်ပါတယ် ။ ဒါ့ကြောင့် တစ်ကယ်မချစ်ပဲ တပ်မက်စိတ်နဲ့ အရာရာဖြည့်စည်းပေးနေသူတွေကို ရွေးမိတတ်ကြပါတယ် အမြင့်မှန်းလို့ အချစ်ရေးမှာ အဘက်ဘက်ကပြည့်စုံနေပြီး ကိုယ့်ကို ဂရုမစိုက်ပဲ အပျော်သဘောတွဲနေတဲ့သူထက် … Read more

ဒီအချက်တွေပါတဲ့ ကောင်လေးမျိုးကို ချစ်သူတော်ပါ…

မိန်းကလေး တစ်ချို့ဟာ ချစ်သူရွေးမယ်ဆိုရင် အသားဖြူရမယ်၊အရပ်ရှည် ရမယ်၊ရုပ်ချောရမယ်… စသဖြင့် အချက်တွေကိုစံထားပြီး ရွေးတတ်ကြ ပါတယ်။လူတစ်ယောက်ကို ချစ်သူတော်မယ်ဆိုရင် ဘာတွေကို ကြည့်ရမ လဲ.၊ဘာတွေကို စံထားပြီး ချစ်သူအဖြစ် သတ်မှတ်သင့်၊မသင့်ကို ဆုံးဖြတ် ရမလဲဆိုပြီး ခေါင်းစားနေတဲ့ ညီမငယ်လေးတွေအတွက် အကြံပြုပေးပါရစေ.. (၁)ကြင်နာတတ်တဲ့ လူမျိုး ဒါကတော့ အရေးအကြီးဆုံး အချက်တွေထဲက တစ်ခုပါ။ ကြင်နာတတ်ဆိုတာ မိန်းကလေးတွေရဲ့ ပြယုဂ်တစ်ခုလို့သာ သတ်မှတ် လက်ခံထားသူတွေရှိပြီး ယောက်ျားဆိုရင်တော့ ရဲရင့်၊ပြတ်သားရမယ်ဆိုတဲ့ စကားလုံးတွေနဲ့ပဲ တွဲမြင်ပါ တယ်။ တကယ်တော့ ကြင်နာတတ်ခြင်းက လူသားအားလုံးနဲ့ပတ်သက်ပါ တယ်။ ကြင်နာ သနားတ တ်ပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့ ယောက်ျားမျိုးနဲ့တွေ့ပြီဆို ရင် လုံးဝလက် လွတ်မခံ သင့်ပါဘူး။ ဒီလိုလူမျိုးက သင့်ကို ဘယ်တော့မှ ထိခိုက်ပျက်စီးအောင် လုပ်မှာမ … Read more

အိမ်တွင်း ပစ္စည်း အချို့ရဲ့သက်တမ်း ကုန်ဆုံးရက်များ

အိမ်တိုင်းမှာလုပ်လေ့ရှိတဲ့အရာတွေက ပစ္စည်းတွေကို ကြာရှည်စွာသုံးစွဲတာ၊ တစ်ခုခုပျက်စီးသွားရင်ပြန်ပြီးသုံးမယ်ဆိုပြီးလွှင့်မပစ်ရက်ပဲသိမ်းထားတာတွေ၊ အသစ်မလဲပဲပစ္စည်းဟောင်းတွေကို အထပ်ထပ်သုံးစွဲနေတာမျိုးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင်အိမ်ကိုထိန်းသိမ်းတဲ့သူတွေလုပ်တတ်တဲ့အယူအဆအမှားတွေလည်း ရှိနေပါသေးတယ်။သက်တမ်းကုန်ဆုံးရက်မရှိဘူးထင်ပြီးပစ္စည်းတွေကို သုံးစွဲတာတွေရှိနေတာကြောင့်အိမ်တွင်းပစ္စည်းအချို့ရဲ့သက်တမ်းကုန်ဆုံးရက်ကို ဖော်ပြပေးလိုက်ရပါတယ်နော် (၁) သွားတိုက်တံ သွားနှင့်ခံတွင်းကျန်းမာရေးအတွက်သွားဆရာဝန်တွေကသွားတိုက်တံကို ၃ လကိုတစ်ကြိမ်လဲလှယ်ဖို့ အကြံပြုထားပါတယ်။ ၃ လထက်ပိုပြီး ကြာအောင် သုံးစွဲတဲ့အခါသွားတိုက်တံမှာဘတ်တီးရီးယားပိုးမွှားတွေ၊ရောဂါပိုးတွေကပ်ညိနိုင်ခြေအများအပြားရှိနေလို့ ၃ လ ထက် ပိုကြာအောင်မသုံးသင့်ပါဘူး။ (၂) တဘက် (သို့) ကိုယ်သုတ်ပုဝါ မျက်နှာသုတ်ပုဝါ ပုဝါတွေကတော့အချိန်ကြာကြာ အသုံးပြုလို့ရပါတယ်။ဒါပေမယ့်သန့်ရှင်းမှုနဲ့ တစ်ကိုယ်ရည်ကျန်းမာရေးအတွက်ပုဝါတွေကိုတစ်နှစ်နှစ်နှစ်ထက်ပိုပြီးအသုံးမပြုသင့်ပါဘူး။ (၃) ဘီး ဘီးတွေကိုအိမ်တွေမှာနှစ်နဲ့ချီအောင် အသုံးပြုကြလေ့ရှိပါတယ်။ဒါပေမဲ့ဘီးတွေကိုနှစ်တိုင်းအသစ်တစ်ချောင်းလဲပေးသင့်သလိုအပတ်တိုင်းသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ (၄) ခေါင်းအုံး အိမ်တွေအတော်များများကခေါင်းအုံးတွေကိုနှစ်ပေါင်များစွာကြာအောင်သိမ်း ဆည်းအသုံးပြုကြပါတယ်။ဒါပေမဲ့ခေါင်းအုံးတွေကနှစ်ကြာလာတာနဲ့အမျှ ပုံသဏ္ဍာန်ပျက်ယွင်းလာပြီးပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေခိုအောင်းရာနေရာဖြစ်လာပြီး သင့်ကျန်းမာရေးအတွက်ထိခိုက်နိုင်ပါတယ်။ဒါကြောင့်ခေါင်းအုံးတွေကို ၁ နှစ် ၂ နှစ်ထက်ပိုအသုံးမပြုပဲအသစ်လဲလှယ်ပေးခြင်းကအိမ်အတွက်သန့်ရှင်းမှုရော ကျန်းမာရေးအတွက်ပါအထောက်အကူ ဖြစ်စေပါတယ်။ (၅) ရေမွှေး ရေမွှေးကိုနှစ်တွေအကြာကြီးသုံးလို့ရတဲ့ အရာလို့သင်သိထားရင်တော့အဲ့ဒီအသိကမှားပါတယ်။ရေမွှေးတွေကိုပုလင်းအဖုံးဖွင့်ပြီးရင်ဖွင့်တဲ့အချိန်ကနေတစ်နှစ် … Read more

ကိုယ်သုံးနေတဲ့ ဖုန်းကို ရေရှည်ခံအောင် လိုက်နာသင့်တဲ့ အချက်များ

(၁) ဖုန်းကို ဘောင်းဘီနောက်အိတ်ကပ်ထဲမထည့်ပါနဲ့.. တစ်ခါတစ်ရံ လက်မအားရင် ဘောင်းဘီအိတ်ကပ်ထဲကို ဖုန်းကို ထည့်ဖူးကြမှာပါ။ဒီအခါမှာ သတိထားသင့်တာက ဘောင်းဘီနောက်အိတ်ကပ်ထဲကို မထည့်သင့်ပါ ဘူး။ဘော င်းဘီေ နာက် အိ တ်ကပ်ထဲကို ထည့်ပြီး မှ ရုတ်တရက် မေ့သွားလို့ ထိုင်မိသွားတဲ့ အခါမှာ မတော်တဆ ဖုန်းကွဲသွားပါလိ့မ်မယ်။ တကယ်လို့ ရှေ့အိတ်ကပ်လောက်မှာပဲထည့်ရင်တောင် ဖုန်းကွဲတဲ့ ဒဏ် ကနေ ဝေးသွားပါလိမ့်မယ်။ (၂)မလိုအပ်ရင် ဘလူးတုပ်သ်ကို ပိတ်ထားပါ။ ဘလူးတုပ်သ် က ဖုန်းတိုင်းမှာ ပါဝင်ပြီး အလွန်ကို အသုံးဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ဒါပေမယ့်လည်း အန္တရာယ်ကြီးမားတာကြောင့် မလိုအပ်ရင် ပိတ်ထားတာ အကော င်းဆုံး ပါပဲ။ တ ကယ်လို့ ဘလူးတုပ်သ်ကို အချိန်တို င်းဖွင့်ထားခဲ့ရင် အန္တရာယ်ကြီးတဲ ဒေါင်းလုတ်တွေကို အမြဲတမ်းအော်တို ဖုန်းက … Read more

ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ…

ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ…အချိန်ကာလတခုက ရည်းစားတစ်ယောက် ထားခဲ့ဖူးတယ် ရည်းစားဖြစ်ခါစတုန်းကတော့ လမ်းမခွဲဘူးနော်လို့ သူကချည်းပဲ အရင်စပြီး ကတိတွေ တောင်းတယ်ထားမသွားပါဘူးလို့လည်း သူကချည်းပဲ ကတိအရင်ပေးတယ်ကိုယ်ကလည်း ယုံကြည်မှုတွေကို အလုံးအရင်းနဲ့ ထိုးပေးခဲ့တယ် ကြာလာတော့အချိုးတွေပြောင်းလာတရ် သင်ခန်းစာ ရသွားတယ် ( ချစ်သူနှစ်ဦးမှာ ကတိအရင်ပေးတဲ့သူ ကတိအရင်တောင်းတဲ့သူကမှ ဖောက်ပြန်တဲ့သူ ဆိုတာကို )စုံစမ်းကြည့်လိုက်တော့ နောက်တစ်ယောက်ရနေတယ် ဆိုတာကိုသိလိုက်ရတယ် သိသိချင်း သေမလောက်ခံစားရသလို အရမ်းလည်း ဒေါသထွက်နာကျင်ခဲ့မိတယ် ဒါပေမယ့် သင်ခန်းစာရသွားတယ် ( ယုံကြည်မူဆိုတာ ဖောက်ပြန်ဖို့အတွက် မွေးဖွားလာတဲ့ စကားလုံးဆိုတာကို )ဖောက်ပြန်နေတာ သိလိုက်တော့ ဒေါသထွက်ပြီးတော့ ပြတ်မယ် လမ်းခွဲမယ်လို့ ဆုံးဖြတ်ချက်ချခဲ့မိတယ် တကယ်တမ်းကျတော့ မပြတ်နိုင်တာက ကိုယ်ကိုယ်တိုင် ဖြစ်နေမှန်းသိလိုက်တော့ နောက်တစ်ယောက် မထားပါနဲ့ အရင်တုန်းက သံယောဇဉ် မျက်နှာလေးတွေ ထောက်ပြီး ဖောက်ပြန်နေတာကို … Read more

ဖူးစာရှင်ဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပါ သင့် ဖူးစာရှင်ဆိုတာ ဘယ်လိုလူမျိုးလဲ

ဖူးစာရှင်ဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပါ။ ကိုယ့်ရဲ့ဖူးစာရှင်နဲ့ ဘယ်နေရာ ဘယ်အချိန်မှာ တွေ့မလဲဆိုတာကို ဘယ်လိုမှ မှန်းလို့မရပါ ဘူး။ ဒါပင်မဲ့ ကိုယ့်ရဲ့ဖူးစာရှင်လို့ ထင်သောသူက ကိုယ်နဲ့တူညီ ချက်တွေကတော့ ရှိနိုင်ပါတယ်။ ဘယ်လိုတူညီချက်လဲ ဆိုရင်တော့ အော က်မှာဖတ်ကြည့်လိုက်ရင် နားလည်သွားပါလိမ့်မယ် ၁. လက်ချောင်းလေးတွေက တူနေတယ်။ သူကိုတွေ့တဲ့နေ့မှာ ဘာရယ်လို့မဟုတ်ဘူး သူ့ရဲ့လက်ချောင်းလေးကို ကြည့်လိုက်သောအခါ ကိုယ့်ရဲ့လက်ချောင်းလေးတွေနဲ့ တော်တော် တူနေတယ်။ ကိုယ့်ရဲ့ လက်ချောင်းလေးတွေက ပုံစံကနည်းနည်း ထူးဆန်းနေတာကြောင့် တူတဲ့သူက ရှားပါတယ်။ လက်ချောင်းတင်မက လက်သည်းလေးတွေလည်း တူနေတာပါ။ ၂. စိတ်ထဲကနေရာချင်းလဲ တူနေတယ်။ သူနဲ့စကားပြောနေတဲ့အခါ ဘာရယ်လို့မဟုတ် ငယ်ငယ်တုန်းက သွားခဲ့တဲ့နေရာထဲက အကြိုက်ဆုံးနေရာလေးတွေလည်း တူနေတယ်။ သူနဲ့ ကြီးပြင်းတဲ့နေရာက မတူပင်မဲ့ အကြိုက်ဆုံးနေရာလေးတွေက တူတူပဲ ဖြစ်နေတာဟာ … Read more

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို သူများ၏ အမှတ်စာရင်းကို ဇန်နဝါရီလ ၁၇ ရက်မှစ၍ Website မှတဆင့် အခမဲ့ကြည့်ရှု နိုင်မည်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို သူများ၏ အမှတ်စာရင်းကို ဇန်နဝါရီလ ၁၇ ရက်မှစ၍ Website မှတဆင့် အခမဲ့ကြည့်ရှု နိုင်မည်။ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆို သူများ၏ အမှတ်စာရင်းကို ဇန်နဝါရီလ ၁၇ ရက်မှစ၍ Website မှတဆင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို အခမဲ့ကြည့်ရှုနိုင်မည် အခမဲ့ကြည့်ရှုနိုင် မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၂ ရက်တွင် သတင်းထုတ်ပြန် သည်။ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ထိန်းချုပ် နိုင်ရေး သတ်မှတ်ချက် များနှင့် အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆို သူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက် နံနက် … Read more

မိန်းကလေးများ အထူးဖတ်သင့်တဲ့ အံမခန်းကောင်းလွန်း တဲ့ သံပုရာသီးအစွမ်း

မိန်းကလေးများ အထူးဖတ်သင့်တဲ့ အံမခန်းကောင်းလွန်း တဲ့ သံပုရာသီးအစွမ်း ခံတွင်း ကျန်းမာရေး သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံ တင်မကဘူး။ တောက်ပစေ ပါတယ်။ ခံတွင်းအနံ့ မကောင်းတာ လည်း ပျောက်စေ ပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။ နှုတ်ခမ်းကွဲခြင်း မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။ ဆံပင်ကျွတ်ခြင်း အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ် ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။ ဦးရေပြား … Read more

တဖက်သတ်ချစ်မိပြီဆိုရင် ဘာတွေ ပြင်ဆင်ထားဖို့လိုလဲ ..?

လူတစ်ယောက်ဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကံဆိုးမိုးမှောင်ကျပြီး၊ ကိုယ့်ကို ဘယ်လိုနည်းနဲ့မှ ပြန်မချစ်နိုင်မယ့်သူတစ်ယောက်ကို ရူးရူးမူးမူး၊ စွဲစွဲလမ်းလမ်း ချစ်မိသွားနိုင်တာပဲ မဟုတ်လား။အဲ့လိုအခြေအနေတွေနဲ့ ကြုံဆုံလာရပြီဆိုရင်၊ ဘာတွေပြင်ဆင်ထားသင့်လဲ ဆိုတာတွေကို ဆွေးနွေးကြည့်ကြရအောင်လေ။ ပြီးမှ အတူဖက်ငိုကြတာပေါ့။ (၁)။ ဘာမျှော်လင့်ချက်မှ မထားပါနဲ့ သူ့စိတ်က တစ်နေ့နေ့တော့ေ့ပြာင်းလာမှာဆိုတဲ့ မျှော်လင့်ချက်မျိုး၊ ကိုယ့်အချစ်ကို တစ်ချိန်ကျရင် အသိအမှတ်ပြုလာမှာဆိုတဲ့ မျှော်လင့်ချက်မျိုးတွေက အန္တရာယ် သိပ်များပါတယ်။ ကိုယ့်စိတ်ကိုကိုယ်ပြန်သတ်နေမယ့် အတွေးတွေမို့၊ လုံးဝမထားပါနဲ့။ (၂)။ ငေးကြည့်နေရရုံနဲ့ ကျေနပ်ပါ သူဆိုတဲ့ဖြစ်တည်ချက်လေးကို ချစ်တာမဟုတ်လား။ အဲ့ဒီ့တော့ သူဘာလုပ်လုပ် ဝေးဝေးကပဲငေးကြည့်နေပါ။ မြင်နေသိနေရရုံနဲ့ပဲ ကျေနပ်ပါ။ အဲဒီထက်ကျော်ချင်လာရင် စပြီးပူလောင်လာမှာမို့ပါ။ (၃)။ သူ့ကို ပေးမသိပါနဲ့ အစထဲက မဖြစ်နိုင်မှန်း သိနေပေမယ့်၊ မနေနိုင်ပဲ ချစ်ခဲ့တာမဟုတ်လား။ ရှေ့တိုးလို့ ဘယ်လိုမှမရတဲ့အခြေအနေမှာ … Read more