ပညာရှင်တွေပြောတဲ့ လုံးဝလျစ်လျူမရှုထားသင့်တဲ့ အိမ်မက် ၅ ခု အဓိပ္ပါယ်…
အိမ်မက်ပညာရှင်တွေအဆိုအရ အိမ်မက်ဆိုတာ ကျွန်တော်တို့ရဲ့ ဘဝနဲ့မသိစိတ်တွေမှာဖြစ်ပျက်နေတဲ့အရာတွေနဲ့ပက်သက်တဲ့ အရေးကြီးအချက်အလက်တွေကို ပြောပြနိုင်တယ်လို့ဆိုပါတယ်။ အိမ်မက်တွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာဖြစ်ပျက်နေတာတွေကိုထိုးထွင်းသိစေနိုင်ပါတယ် ဒီအိမ်မက်တွေဟာ မကြာခန ဒါမှမဟုတ် ရံဖန်ရံခါ မက်လေ့ရှိကြောင်း သင်သတိထားမိကောင်းထားမိပါလိမ့်မယ်။ အိမ်မက်တွေနဲ့ပက်သက်ပြီး သူ့လူမျိုးရိုးရာဓလေ့အရ အဓိပ္ပါယ်ဖွင့်ဆိုပုံတွေ အမျိုးမျိုးရှိကြပါတယ်။ ခုပြောပြချင်တာက Oneirologyလို့ခေါ်တဲ့ အိမ်မက်တွေနောက်ကွယ်က အဓိပ္ပါယ်ကိုလေ့လာတဲ့ပညာအရ စိတ်ပညာရှင်တွေဖွင့်ဆိုထားတဲ့အရာတွေဖြစ်ပါတယ်။ကဲ..ဒီတော့ သင်မက်ခဲ့ဖူးပေမယ့် လျစ်လျူရှုထားတတ်တဲ့ အိမ်မက် တွေက ဘာကိုဆိုလိုတယ်ဆိုတာအောက်မှာဖတ်ကြည့်လိုက်ကြရအောင်.. ထိခိုက်ဒဏ်ရာရတာနဲ့ သေခြင်းတရားနဲ့ပက်သက်တဲ့အိမ်မက် အိမ်မက်ထဲမှာ ထိခိုက်ဒဏ်ရာရတာတွေ သေပီးသားလူတွေ စသဖြင့် မက်ခဲ့ရင် ဒါကဘာကိုပြောတာလဲဆိုရင် “သင့်ဘဝအတွက် အရေးကြီးတဲ့လူတစ်ယောက်ယောက် အရေးကြီးတဲ့အရာတွေကို ဆုံးရှုံးသွားမှာကိုကြောက်တာ ဒါမှမဟုတ် သင့်ကိုသင်လုံခြုံမှုမရှိတာကိုခံစားနေရတယ်”လို့ဆိုလိုတာပါ။ သင့်အိမ်မက်ထဲမှာ သေပီးသားလူကို ပြန်မက်တာဟာ သင့်ရဲ့မသိစိတ်က အဲ့ဒီ ဆုံးရှုံးမှုအတွက် ဝမ်းနည်းမဖြေသိမ့်နိုင်သေးတာမျိုးဖြစ်ပါတယ်။ အိမ်မက်ပညာရှင်တွေအဆိုအရတော့ “သေခြင်းတရားနဲ့ထိခိုက်ဒဏ်ရာရတာတွေ”နဲ့ပက်သက်တဲ့ အိမ်မက်တွေမြင်မက်တာဟာ “သင်ဟာ သင့်ထက်အသက်ကြီးသူတွေ … Read more