
Tik Tok မှတစ်ဆင့် နာမည်ရလာခဲ့သူ ငြိမ်းမြတ်သူဟာဆိုရင် အတိုက်အခိုက်ပေါင်းများစွာကို ကျော်ဖြတ်ပြီး စိတ်သဘောထား ကောင်းစွာ ပံ့ပိုးကူညီပေးသူတွေကြောင့် နာမည်တစ်ခု နေရာတစ်နေရာလေးကို ရရှိလာခဲ့ပါတယ်။ ခုဆိုရင် ကြော်ငြာရိုက်ကူးနေမှုများကိုလည်း တွေ့နေရပြီး Miss ပြိုင်ပွဲဝင်ဖို့ကို ဝေဖန်မှုများစွာထဲက ရဲရဲဝံ့ဝံ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယခုမှာတော့ ဟားခါးကိုယ်စားပြု အလှမယ်အဖြစ် အနိုင်ရရှိသွားခဲ့ပါပြီ စိတ်ထားလှရင် လူကအလိုလိုလှလာတယ်ဆိုတာ မော်ဒယ်လ်ငြိမ်းမြတ်သူက ပြသသွားခဲ့ပါပြီ။ အားလုံးလည်း ကြိုးစားကြပါ။ ဝေဖန်မှု က နေရာတိုင်းမှာရှိပါတယ်။ ကျော်ဖြတ်နိုင်ဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ စိတ်ဓါတ်ပဲလိုအပ်ပါတယ်။ Credit Photo Tik Tok မှတစ်ဆင့် နာမည်ရလာခဲ့သူ ငြိမ်းမြတ်သူဟာဆိုရင် အတိုက်အခိုက်ပေါင်းများစွာကို ကျော်ဖြတ်ပြီး စိတ်သဘောထားကောင်း စွာ ပံ့ပိုးကူညီပေးသူတွေကြောင့် နာမည်တစ်ခု နေရာတစ်နေရာလေးကို ရရှိလာခဲ့ပါတယ်။ ခုဆိုရင် ကြော်ငြာရိုက်ကူးနေမှုများကိုလည်း … Read more

လူတစ်ယောက်ကို တကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက် (၁၃) ချက်

(၁) မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ သူ့မျက်နှာလေးကိုအရင်ဦးဆုံး မြင်ယောင်တတ်ယ် ၊၊ (၂) ဖုန်း ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမမ်းကတမ်း ဖွင့်ကြည့်တတ်တယ် ၊၊ (သူမဟုတ်ဘူးဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ဝမ်းနဲသွားတယ် ) (၃) သူနဲ့စိတ်ဆိုးစိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်တယ် ၊၊ (၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြံကြုံ ဘယ်လို အခက်အခဲတွေပဲရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့အများတော့ စိတ်သက်သာရာ ရသွားတတ်တယ် ၊၊ (၅) တိုက်ဆိုင်မှုတစ်ခုခုရှိတိုင်း (သူနဲ့အတူတူသွားခဲ့ဖူးတဲ့နေရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာတစ်ခုစားတိုင်း ) သူ့ကို အရင်ကထက်ပိုပြီး သတိရသွားတတ်တယ် ၊၊ (၆) သူ့ဆီက … Read more

သင်သတိမထားမိတဲ့ ပလက်စတစ်ဘူးနောက်က အရမ်းအန္တာရယ်များတဲ့ အမှတ်အသားများအကြောင်း

ပလပ်စတစ်ဘူးတွေမှာ တွေ့တော့ တွေ့နေတာပဲ ဘာမှန်းမသိခဲ့ဘူး ခုမှပဲ သိရတော့တယ်..။အိမ်ကခွက်တွေဖင်လှန်ကြည့်လိုက်ပါ..။ ပလပ်စတစ်အသုံးအဆောင်တွေကို ရည်ရှည်သုံးမယ်၊ အကြိမ်ကြိမ် ထည့်မယ်၊ သုံးမယ်လို့ ရည်ရွယ်ထားရင် ဖင်ကိုသာ လှန်ကြည့်လိုက်ပါ..။အောက်ခြေတနေရာမှာ အထူးသဖြင့်ဖင်မှာတြိဂံလေးထဲမှာ 1 ကနေ 7 အထိဂဏန်းတလုံးနဲ စာ ၂လုံး၊ ၃လုံး ပါတာကို တွေ့ရပါမယ်။ အဓိပ္ပါယ်တွေကတော့..၊ 1 ဆိုရင်(PET or PETE ) သုံးတဲ့ပလတ်စတစ်အမျိုးအစားပါ သူကတခါပဲ သုံးလို့ရပါတယ်။ ထပ်ခါသုံးရင် အောက်စီဂျင်နဲပေါင်းမယ်..။နေရောင်ခြည် အပူရှိန်နဲ့တွေ့ရင် အဆိပ်ပစ္စည်းတွေ ရေထဲကိုပျော်ဝင်စေပါတော့တယ်..။ရေသန့်ဘူးနဲ့အချိုရည် တော်တော်များးများ ကိုဒီလိုဗူး နဲ့ထည့်ပါတယ်။ ပြန်လည်း အသုံးများပါတယ်။ မသုံးစေချင်ပါ။ အန္တရာယ် အရမ်းများပါတယ်..။3 / 7 ဆိုရင်(PVC or PC) အဆိပ်ဓာတုတွေထွက်ပြီး စားစရာ ရေတို့အတွင်းသို့ ဝင်နိုင်လို့ … Read more

လူတစ်ယောက် သင့်အကြောင်း အိပ်မက်မက်စေချင်ရင် ဒါတွေ လုပ်ကြည့်ပါ

လူတစ်ယောက်ကို ကိုယ့်အကြောင်း အိပ်မက်စေဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အိပ်မက်တောင် ဘာကို မက်ချင်တယ်ဆိုပြီး ကြိုတင်ပြီး အစီအစဉ်ချထားလို့မှ မရတာကိုး။ ဒါပေမယ့် မဖြစ်နိုင်ဘူးရယ်တော့ မဟုတ်ပါဘူး။ အိပ်မက်ဆိုတာ မသိစိတ်က လူတစ်ယောက် ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ညဘက်မှာ အိပ်မက်အဖြစ် အသွင်ပြောင်းပစ်လိုက်ခြင်း ဖြစ်ပါတယ် …။ မသိစိတ်ဆိုတာကလည်း ကိုယ်တွေလူသားတွေအနေနဲ့ လုံးဝမသိတဲ့ အတွက် မသိစိတ်ရယ်လို့ နာမည်ပေးထားခြင်း ဖြစ်ပါတယ်ဒါပေမဲ့ မသိစိတ်အကြောင်းကို လုံးလုံးလျားလျားကြီး မသိကြတာမဟုတ်ဘဲ မသိစိတ်မှာ စိုးမိုးသွားစေနိုင်တယ်လို့ ယူဆထားတယ် အချက်လေးတွေရှိပါတယ်။ အခုတော့ လူတစ်ယောက် မိမိအကြောင်းကို အိပ်မက်မက်စေဖို့ သူရဲ့ မသိစိတ်ထဲမှာ စိုးမိုးသွားစေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။ ၁။ မသိစိတ်ထဲရောက်အောင်လုပ်ပါ” အထက်က ပြောခဲ့သလိုပါပဲ မသိစိတ်က လူတွေရဲ့ … Read more

“အသည်းလေးတွေက ‌ပြော‌တဲ့ ဘာသာစကား”

❤ (Red heart) ဂန္တဝင်မြောက် အချစ်ရဲ့ သင်္ကေတ ပါ။ရိုဆန်တဲ့ သဘောနဲ့ သုံးလို့ ရသလို သူငယ်ချင်းတွေ ကြားမှာလည်း သုံးလို့ ရပါ တယ်တဲ့ 🧡 (Orange heart) – Friend zone ရဲ့ သင်္ကေတလို့ ပြောရမယ် ထင်တယ်။ သိပ်စိတ် မပါတဲ့ အချစ်၊ မတွဲချင်ဘူး သူငယ်ချင်း‌တွေလိုပဲ ဆက်‌နေချင်တဲ့ အခါမျိုးကို ကိုယ်စားပြု နိုင်ပါ တယ်တဲ့ 💛 (Yellow heart) – ကောင်းမြတ်သော နှလုံးသား။ နွေးထွေးတဲ့ အချစ်နဲ့ နှလုံးသားရဲ့ သန့်ရှင်းဖြူစင်မှု။ ပျော်ရွှင်မှု သူငယ်ချင်း သံယောဇဉ်နဲ့ ဘဝရဲ့ စိတ်ချမ်းသာ စရာတွေကို ရည်ညန်း ပါတယ်တဲ့ 💚 (Green … Read more

တော်လည်းတော် ချောလည်း ချောတဲ့ ကောင်မလေးတွေ ရည်းစားမရှိရတဲ့ အကြောင်းအရင်းများ

ဒီနေ့လို ခေတ်မျိုးမှာ ကိုယ်စီ ကိုယ်စီ ရည်းစားတွေ ရှိနေကြပါတယ်။ အရွယ်ရောက်လာတဲ့ ဆယ်ကျော်သက်အချိန်ကနေ လူငယ်အရွယ်တွေ အသီးသီးမှာ ကိုယ်စီ ချစ်ရသူတွေနဲ့ လက်တွဲနေကြချိန်မှာ တစ်ချို့မိန်းကလေးတွေ ကတော့ တစ်ကိုယ်တည်းပဲ single အဖြစ်နဲ့ ရှိနေကြပါတယ်။ သူများတွေနဲ့ မတူဘဲ Single ဖြစ်နေတာက သူများတွေနဲ့ မတူတဲ့ အခြေအနေမျိုးတွေ သူတို့မှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ သူတို့တွေကတော့ ဒီအကြောင်းအရင်းတွေကြောင့် Single ဖြစ်နေတာပဲ ဖြစ်ပါတယ်။ (၁) ရည်းစားရှိတယ်လို့ အထင်ခံရလို့ ချောတဲ့ ကောင်မလေးတွေ အများစုကတော့ သူတို့ကို ရည်းစားရှိတယ်လို့ အမြဲ အထင်ခံရလေ့ ရှိပါတယ်။ သူတို့ကို ရည်းစား ရှိမယ်လို့ ယူဆကြလို့ သူတို့ကို ရည်းစား စကား အပြောမခံရတော့တာတွေ ရှိတတ်ပါတယ်။ ဒီအတွက် … Read more

သင့်ရဲ့ပင်ကိုစိတ်နေစိတ်ထားလေးဟာ တစ်ဖက်လူအတွက် ဘယ်လောက်တောင် ဆွဲဆောင်မှုအား ကောင်းနေပါသလဲ ရှာကြည့်ကြမယ်။

သင့်ရဲ့ပင်ကိုစိတ်နေစိတ်ထားလေးဟာ တစ်ဖက်လူအတွက် ဘယ်လောက်တောင် ဆွဲဆောင်မှုအား ကောင်းနေပါသလဲ ရှာကြည့်ကြမယ်။ (က) ဆိုရင် ၁ မှတ်၊ (ခ) ဆိုရင် ၂ မှတ် နဲ့ (ဂ) ဆိုရင် ၃ မှတ်ပါနော်။ မေးခွန်း (၁) ဗေဒင်ဆရာတစ်ယောက်က သင့်အနာဂတ်မှာ အောင်မြင်ကိန်းရှိတယ်လို့ ဟောလိုက်ရင် သင့်အနေနဲ့ ယုံကြည်နိုင်မှာလား။ (က) ဗေဒင်တွေမယုံဘူး (ခ) ယုံတယ်၊ မယုံဘူးရယ်လို့တော့ မဟုတ်ပေမယ့် အောင်မြင်မယ်ဟောတော့ သဘောကျတာပေါ့ (ဂ) အကြွင်းမဲ့ကို ယုံပစ်မှာ မေးခွန်း (၂) လူအများကြီး ကြည့်နေတဲ့အချိန် စင်ပေါ်တက်ကဆို ကမှာလား။ (က) လုံးဝကိုမကဘူး (ခ) ကရင်လည်းကမိမှာ (ဂ) ကပစ်မှာပဲ မေးခွန်း (၃) ကိုယ့်ကိုယ်ကို ဘာနဲ့တူတယ်လို့ထင်လဲ။ (က) … Read more

အရပ် (၅)ပေ မပြည့်တပြည့် မိန်းကလေးတွေပဲ ပိုင်ဆိုင် ထားနိုင်ခွင့်ရှိမယ့် အားသာချက် (၇)မျိုး…

အရပ် (၅)ပေ မပြည့်တပြည့်နဲ့ ကောင်မလေးတွေလောက် ချစ်စရာကောင်းတာ မရှိဘူးလို့ ပြောရင် ငြင်းမှာလား။ ဘယ်သူတွေ ဘယ်လိုပဲ ငြင်းငြင်း သူတို့လေးတွေသာ ပိုင်ဆိုင်နိုင်တဲ့ အားသာချက်လေးတွေ ကတော့ ဒီလိုလေးတွေ ရှိပါတယ်နော်။ (၁) ရှိရင်းစွဲ အသက်ထက် ပိုနုတယ် ရွယ်တူတွေကသာ အသက်တွေ ကြီးသွားတာ ကိုယ်တွေကတော့ တက်လာသမျှ သလေးတွေနဲ့ ယှဉ်လို့ ရနေတုန်း ။ (၂) အဝတ်အစားအတွက် အကုန်အကျ သက်သာတယ် အဝတ်အစား ဝယ်တဲ့အခါ small size က ဈေးအနည်းဆုံး ဖြစ်သလို၊ ချုပ် ဝတ်မယ် ဆိုရင်လည်း ပိတ်စတွေ အများကြီး မကုန်ပါဘူးနော် ။ (၃) ကလေးတွေ ချစ်တာ ပိုခံရတယ် ကလေးတွေနဲ့ ကိုယ်တွေနဲ့ သိပ်မကွာသလို … Read more

မိသားစုစိတ်ဓာတ်ရှိတဲ့သူကသာ ပိုပြီး ပင်ပန်းရတာပါ…

မိသားစုတစ်ခုမှာ အကြီးမို့ အငယ်မို့ ပိုပြီးအနစ်နာခံရတယ် ပိုပြီးပင်ပန်းရတယ်လို့ မရှိပါဘူး မိသားစုတစ်ခုမှာ မိသားစုစိတ်ဓာတ်ပိုပြီးရှိတဲ့လူက ပိုပြီး ပင်ပန်းရတာပါ မိသားစုစိတ်ဓာတ်ဆိုတာ တာဝန်ယူတတ်တဲ့စိတ် တာဝန်သိတတ်တဲ့ စိတ်ပါပဲ ကိုယ့်တစ်ယောက်တည်းအတွက် အဆင်ပြေမယ့်အရာကို မရွေးပဲ မိသားစုလေးယောက်ရှိတဲ့အခါ လေးယောက်လုံး အဆင်ပြေစေချင်တဲ့ ဆန္ဒ ငါးယောက်ရှိတဲ့အခါ ငါးယောက်လုံး အဆင်ပြေစေချင်တဲ့ ဆန္ဒပေါ့ အရာရာမှာ ကိုယ်ဖြစ်ချင်နေတာထက် ဖြစ်သင့်ဖြစ်ထိုက်တာကို ပိုပြီးရွေးချယ်တဲ့အတွက် သာမန်ထက်ပိုပြီး စွန့်လွှတ်ရတာတွေ များတတ်ပါတယ် ဥပမာ – ကိုယ်မက်ခဲ့တဲ့အိပ်မက်တွေ မိသားစုအတွက် မေ့ပစ်လိုက်ရတာမျိုးပေါ့ ကိုယ်ဖြစ်ချင်နေတဲ့အရာတွေထက် အကြီးမှသည် အငယ်အဆုံး သူတို့ရဲ့ရည်မှန်းချက်တွေကို ပိုပြီးဖြည့်ဆည်းပေးတတ်တယ်နောက်ဆုံး ကိုယ်သာ ဘာမှမဟုတ်တဲ့လူတစ်ယောက်အဖြစ် ကျန်ခဲ့ရတာလေ အိမ်ကို ပိုပြီးသံယောဇဉ်ကြီးတတ်တဲ့သူက ရပ်ဝေးမသွားနိုင် နယ်ဝေးမထွက်နိုင်နဲ့ ခြေချုပ်မိနေသလိုမျိုးပေါ့ အိမ်ကို ပိုပြီးတွယ်တာလေလေ ကိုယ့်မှာပိုပြီး ဆင်ခြင်ရလေလေ ပိုပြီး … Read more

တကယ်ချစ်တဲ့ ယောက်ျားလေးတွေ ပြောတတ်တဲ့ စကား (၉) ခွန်း

မင်္ဂလာပါနော်။ ချစ်သူရှိတဲ့ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ ချစ်သူအမျိုးသား ကိုယ့်အပေါ် တကယ်ချစ်မချစ်ဆိုတာကို သူပြောတဲ့စကား သူလုပ်တဲ့အပြုအမူတွေကနေ တဆင့် သိရှိနိုင်ပါတယ်နော်။ ချစ်မိသွားပြီဆိုရင် သူပြောတဲ့ စကားတွေထဲမှာ အခုဖော်ပြမယ့် စကားလုံးတွေ ပါဝင်လာမှာပါနော်။ ၁။ ကိုယ်သတိထားမိတယ်… တကယ်ချစ်တဲ့ ကောင်လေးက သင့်ရဲ့ အသေးစိတ်ကအစ သတိထားမိနေမှာပါ။ သင်စိတ်မကောင်းဖြစ်နေတာလား စိတ်ခုနေတာလား သင့်စိတ်ခံစားချက် ဘယ်လိုရှိသလဲဆိုတာကို အမြဲတမ်း သတိထားမိနေမှာဖြစ်ပါတယ်။ ၂။ ကိုယ်မင်းကို ကူညီနိုင်ပါတယ်… ချစ်တဲ့ ကောင်လေးတစ်ယောက်က သင့်ကို အမြဲတမ်း ကူညီဖို့ ဆန္ဒရှိနေမာဖြစ်ပါတယ်။ သင့်ကို တစ်ယောက်တည်းအထီးကျန်စေမှာမဟုတ်ပါသလို သင်လိုအပ်တဲ့အချိန်တိုင်း အနားမှာရှိနေမှာပါ။ ၃။ ဒီအရာက မင်းကို သတိရသွားစေတယ်… ဥပမာ သင်ကြိုက်တတ်တဲ့ ဟင်းလေး ချက်စားဖြစ်ရင် သင့်ကိုသတိရတာမျိုး၊ သင်ကြိုက်နှစ်သက်တဲ့ အဝတ်အစား ဒီဇိုင်းမျိုးတွေ့ရင် … Read more