ထက်မြက်တဲ့ မိန်းကလေးတွေသာ နားလည်နိုင်မယ့် အချစ်နဲ့ ပတ်သတ်တဲ့ ယူဆချက်များ လူတိုင်းက အရွယ်ရောက်လာတာနဲ့ အချစ်ဆိုတာကို မလွှဲမသွေ ရင်ဆိုင်ကြရပါတယ်။ အချစ်နဲ့ ပတ်သတ်ရင် လူတိုင်းက စိတ်ပျော့ညံ့တာ ဒါမှမဟုတ် အလွဲတွေ ဖြစ်ကုန်တာ စသဖြင့် အမျိုးမျိုး ဖြစ်တတ်ကြပါတယ်။ အချစ်နဲ့ ပတ်သတ်ပြီး ထက်မြက်တဲ့ မိန်းကလေးတွေကတော့ သူများထက်ကို ထူးခြားနေလေ့ ရှိပါတယ်။ သူတို့ကတော့ အခုလိုမျိုး တွေးလေ့ ရှိကြသူတွေလည်း ဖြစ်ပါတယ်။ (၁) တကယ်မချစ်ပဲ ချဉ်းကပ်တတ်တာ သိတယ် မိန်းကလေးတွေကို ကောင်လေးတွေက ချစ်စကားဆိုဖို့ အတွက် ချဉ်းကပ်တတ်တာက သဘာဝ တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ထက်မြက်တဲ့ မိန်းကလေးတွေကတော့ သိပ်ပြီး စိတ်မယိုင်တတ်ကြပါဘူး။ သူတို့ သန်မာနေရတဲ့ ထက်မြက်တဲ့ ကောင်မလေး ဖြစ်ရတဲ့ အချက်လည်း […]
