သင်ကကောဘာနေ့နံလဲ ဖတ်ကြည့်နော်…နေ့(၇) နေ့ နဲ့ သူတို့အကြောင်း…. တနင်္ဂနွေ သားသမီး တနင်္ဂနွေ သားသမီးတွေက အရမ်းကြီး မထူးဆန်း ပေမဲ့… အခြားလူ တွေနဲ့ ကွဲပါးတဲ့ စရိုက်တွေကို ပိုင်ဆိုင်ထား သူတွေပါ… ဒါကြောင့် သူတို့ဟာ အခြား လူတွေနဲ့ ကွဲပါးနေတတ် ကြပါတယ်… တနင်္ဂနွေ သားသမီးတွေဟာ စာဖတ် ဝါသနာ ပါကြတယ်… ဗဟုသုတကို လိုက်စားတယ်… အအိပ်မက် တယ် အစားမကြီးဘူး… ဒါပေမဲ့ ခဏ ခဏ စားနေတတ် တာမျိုး… ဒေါသကြီးပေမဲ့ ကောက်ရိုးမီး လိုမျိုး… ခဏပဲ…. ပြီးရင် သူမဟုတ် သလိုမျိုး… စိတ်ဆိုး စိတ်ကောက် လွယ်တယ်…. ဒါပေမဲ့ စိတ်ပြေလွယ် တယ်.. ဒါကြောင့်မို့ သူတို့ဟာ ချစ်စရာ […]
Day: January 8, 2021
ဖွင့်မပြောပေမယ့် အဝေးကနေ သင့်ကိုချစ်နေတဲ့သူမှန်း သိနိုင်မယ့် လက္ခဏာ (၅)မျိုး
အချစ်ဆိုတာ လူတစ်ယောက်ချင်းစီအလိုက် ခံယူပုံချင်းကွဲပြားနိုင်ပါတယ်။ တစ်ချို့တွေက အချစ်ကို ထုတ်ဖော်ပြသတတ်ကြပေမယ့် တစ်ချို့တွေကတော့ အချစ်ကိုထုတ်မပြကြပါဘူး။ ဖွင့်မပြောပေမယ့် အဝေးကနေ သင့်ကိုချစ်နေတဲ့သူတွေရှိနိုင်ပါတယ်။ သင့်ရဲ့ Ex ဒါမှမဟုတ် သင့်သူငယ်ချင်း၊ သင်မသိတဲ့သူ စသဖြင့် ဘယ်သူမဆိုဖြစ်နေနိုင်ပါတယ်။ အဝေးကနေသင့်ကိုချစ်နေတဲ့သူမှန်း သိနိုင်မယ့်အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။ (၁) သင့်ကိုမနာကျင်စေချင်ဘူး လူတစ်ယောက်ဟာ သင့်ကိုမနာကျင်စေချင်ဘူးလို့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားတွေကို သင့်ကိုပြောနေတယ်ဆိုရင်တော့ ဒါဟာ သင့်ကိုချစ်လို့ပါ။ အကြောင်းကတော့ရှင်းပါတယ်။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို မနာကျင်စေချင်ပဲ သူကောင်းဖို့ကိုပဲ လိုလားပေးတတ်ကြတာ သဘာဝပါပဲ။ (၂) ချစ်သူမရှိဘူး လူတစ်ယောက်က ကိုယ့်ကိုချစ်နေတယ်ဆိုတာကို မသိစိတ်ထဲကနေ အလိုလို သိနိုင်ပါတယ်။ မသိစိတ်ကအလိုလို သိနေတဲ့အပြင် နောက်ထပ်သေချာတဲ့အချက်ကတော့ အဲဒီ့လူမှာ ချစ်သူမရှိတာပါပဲ။ လူတစ်ယောက်ဟာ သင့်ကိုချစ်တဲ့အရိပ်အယောင်တွေပြတယ်၊ ချစ်သူလည်းမရှိဘူးဆိုရင်တော့ သေချာပါတယ်။ သင့်ကိုအဝေးကနေ ချစ်နေတာပါ။ […]
“အမျိုးသမီးတွေ အသက်ရလာရင် ဖြစ်လေ့ရှိတဲ့ အရိုးပွရောဂါကို ဒီနည်းလမ်းတွေနဲ့ ကာကွယ်ထားပါ”
ခန္ဓာကိုယ်ဖွဲ့စည်းပုံ အရရော၊ သဘာဝအရပါ အမျိုးသမီးတွေဟာ အသက်ကြီးလာရင် အမျိုးသားတွေထက် အရိုးပါး အရိုးပွရောဂါ ဖြစ်နိုင်ချေပိုများပါတယ် …. အရိုးပါး အရိုးပွ ရောဂါဖြစ်လာရင် ကုသရ ခက်ခဲတာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ပျိုမေတို့ ကိုယ်တိုင်လည်း ဖတ်သင့်ပြီး မေမေတို့ကိုလည်း ဒီနည်းအတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလိုက်ပါနော် …. ။ (1) ဆားစားသုံးမှုကို လျှော့ချပါ တစ်နေ့တာ အစားအသောက်ထဲမှာ ဆားပမာဏ များလွန်းတာက အရိုးဆဲလ်တွေကို တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပြီး အရိုးပါး အရိုးပွတာကို စောစောစီးစီး ကြုံတွေ့လာနိုင်ပါတယ် … ။ (2) ပရိုတင်းနဲ့ ကယ်လ်စီယံကို လုံလောက်အောင်စားပါ ပရိုတင်းဓာတ်က အရိုးသိပ်သည်းမှု ကောင်းစေတာကြောင့် နေ့တိုင်းနေ့တိုင်းမှာ အသားကို လုံလုံလောက်လောက် စားပေးရပါမယ်။ အသားမကြိုက်ဘူး […]
လူတစ်ယောက်ကို လိုတာထက်ပိုပြီးချစ်မိသွားတဲ့အခါ
လူတစ်ယောက်ကို လိုတာထက်ပိုပြီးချစ်မိသွားတဲ့အခါ သူတို့ မင်းကိုတန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး လူတစ်ယောက်ကို လိုတာထက်ပိုပြီးသည်းခံမိတဲ့အခါ သူတို့ မင်းကိုအလျော့ပေးရကောင်းမှန်း မသိကြတော့ဘူး လူတစ်ယောက်ကို လိုတာထက်ပိုပြီးမေတ္တာထားမိတဲ့အခါ သူတို့ မင်းကိုဂရုစိုက်ရကောင်းမှန်း မသိကြတော့ဘူး လူတစ်ယောက်ကို လိုတာထက်ပိုပြီးသံယောဇဉ်ဖြစ်မိတဲ့အခါ သူတို့ မင်းကိုအလေးထားရကောင်းမှန်း မသိကြတော့ဘူး တစ်ခါတစ်လေတော့လဲ ကိုယ်ကသာ ကိုယ်စိတ်ထဲရှိတဲ့အတိုင်း ဆက်ဆံပေးနေတာ တစ်ချို့သောလူတွေက ကိုယ်သာမာန် ဆက်ဆံပေးနေတဲ့ အပြုအမူတွေ ခံစားချက်တွေနဲ့တောင် မတန်အောင်တုန့်ပြန်ကြတယ် အဲဒီအခါ ကိုယ့်မှာ ရင်နင့်အောင်ခံစားရပြီး စိတ်တွေပူလောင်ရတယ် ငါဘာတွေမှားနေလို့လဲဆိုပြီးတော့..။ တကယ်က ကိုယ်က သူတို့လိုတာထက် ပိုပေးမိနေတာ။ မလိုပဲ ပိုတဲ့အရာတွေက အမှိုက်ဖြစ်သွားကြတာချည်းပါပဲ။ ကိုယ့် ဒုက္ခကိုယ်ရှာမိသလို ဘယ်သူမပြု မိမိမှုပါပဲနော် ဒါကြောင့် ဘယ်သူကိုမှ လိုတာထက်မပိုပါစေနဲ့ပိုခဲ့ရင်လဲ သိအောင်မလုပ်ပါနဲ့ ကိုယ်ကပိုပြလေသူက အနိုင်ယူလေ ဖြစ်နေတတ်ပါတယ် လူတစ်ချို့ကလိုတာထက်ပိုပြီး ဆက်ဆံပေးတာနဲ့မတန်ကြဘူးလေ..💔 […]
ထီပေါက်လာတ်ပွင့်ငွေဝင်ဈေးရောင်းကောင်းသောအစီရင် …
လာတ်ပွင့်ငွေဝင်ဈေးရောင်းကောင်းသောအစီရင်ကို တင်ပြမျှဝေပေးလိုက်ပါတယ် ပြုလုပ်နည်း ခြေလက်ဆေးကြောသန့်စင်ပြီးဖယောင်းတိုင် အတုတ်၁တိုင်ကိုအထက်မှအောက်သို့ ဝလုံး ၉လုံးရေးပါ။ မှင်ကုန်သောဘေပင်ဖြင့်ရေး(မှင်ထင်ရန်မလိုပါ)ပြီးလျှင် အောက်ပါဂါထာဖြင့် ၉ခေါက် သိဒ္ဓိတင်ရမည်။ ဂါထာ ဘဂဝါ ဣစ်ဆန်တေ သိဒ်ဓိယာ ဣစ္ဆိတံ မဟာလာဘံ ဒေတု မေ ဇယမဂင်္လံ။ အထက်ပါ ဖယောင်းတိုင်ကိုမည်သည့်အချိန်မဆို စတင်ပြုလုပ်ထားနိုင်ပါသည်။ ထိုဂါထာဖြင့် သိဒ္ဓိတင်ပြီးနောက်ထိုဖယောင်းတိုင် ထွန်းရမည့်အချိန်သည်။တနင်္လာနေ့ ည၉း၁၅ အချိန်နှင့်ကြာသာပတေးနေ့နေ ညရး၁၅ အချိန်(ဘုရားဆောင်မှာလည်း မီးထွန်းပူဇော်နိုင်သည်ဈေးဆိုင်ကောင်တာ/စားပွဲများ၌လည်း ထွန်းနိုင်သည်) ဖယောင်းတိုင်ထွန်းပြီးလျှင်လည်းထိုဂါထာကို (၉)ခေါက်ထပ်ရွတ်ပြီးလာတ်လာဘတွေ/ငွေဝင်ပါစေဟု ဆုတောင်းပါ။ ၃ပါတ် ၃ကြိမ်အထိ ပြုလုပ်ပေးပါက (၁)ဈေးရောင်းဝယ်ကောင်းခြင်း (၂)ငွေကြေးလာတ်လာဘ ဝင်ခြင်း (၃)လုပ်ငန်းအောင်မြင်ခြင်း (၄)အကြွေးတောင်းကောင်းခြင်း (၅)အကူညီပေါများခြင်း (၆)ထီ/ချဲစသည် ကံကောင်းခြင်း စသည့်အကျိုးကျေးဇူးတွေ ရရှိပါမည်။ အားလုံးငွေကြေးလာတ်လာဘပေါများကြပါစေ။ Unicode, ထီပေါက်လာတ်ပွင့်ငွေဝင်စျေးရောင်းကောင်းသောအစီရင် လာတ်ပွင့်ငွေဝင်စျေးရောင်းကောင်းသောအစီရင်ကို တင်ပြမျှဝေပေးလိုက်ပါတယ် ပြုလုပ်နည်း […]




