အထွေအထွေဗဟုသုတ

ချစ်သူအပေါ် အရမ်းကို စိတ်နှစ်ပြီး အရူးအမူး ချစ်တဲ့သူတွေ ဖြစ်တတ်တဲ့ လက္ခဏာ များ…

(၁) ပူပင်သောက ရောက်ခြင်း… ကိုယ့်ရဲ့ အချစ်စိတ်တွေ အားလုံးက သူမှ သူဘဲ ဖြစ်နေတဲ့ အခါ သူ့ဘက်က ကိုယ့်ကို ထားသွားမှာ၊ အမှားလုပ်မိမှာ၊ ကိုယ့်အပေါ် သစ္စာဖောက်မှာ စသဖြင့် အချိန်တိုင်း စိုးရိမ်ပူပန်စိတ် တွေနဲ့ ဖြတ်သန်းနေရပါလိမ့်မယ် ။ ဖြစ်နိုင်ရင် ကိုယ့်အနားမှာဘဲ အချိန်တိုင်း ရှိချင်တဲ့ အတွက် သူ့ရဲ့ ကိုယ်ပိုင်အချိန် တွေကို ကိုယ့်ဘက်က ချုပ်ချယ်ကောင်း ချုပ်ချယ်လာမိ ပါလိမ့်မယ်။ ဒီအခြေအနေတွေ အားလုံးဟာ တဖြည်းဖြည်းနဲ့ ချစ်တဲ့စိတ်ကနေ အတ္တဘက်ကို ရောက်မှန်းမသိ ရောက်သွားတတ် ပါတယ် ။ ကိုယ့်ဘက်က ဆုံးရှုံးရမှာ ကြောက်လို့ သူ့အပေါ် ချုပ်ချယ်မှုတွေ များလာတဲ့ အခါ တဖက်သူက ကိုယ့်ကို ငြီးငွေ့ပြီး ကိုယ့်အနားက ထွက်သွားချင် […]

ဗေဒင်

အင်္ဂါသား/သမီးတွေနဲ့ ပတ်သက်လို့ လူသိနည်းတဲ့ အချက်များ လေ့လာကြည့်ရအောင်…

အင်္ဂါသားသမီးတွေနဲ့ ပတ်သက်လို့ လူသိနည်းတဲ့ အချက်များ စွမ်းအားကြီးမားပြီး စိန်ခေါ်မှုတွေကို နှစ်သက်တဲ့ အင်္ဂါသား၊ သမီးတွေဟာ အခက်အခဲတွေနဲ့တွေ့ရင် အရှုံးမပေးဘဲ ရင်ဆိုင်ဖြေရှင်းနိုင် တဲ့သူ၊ မိသားစုအတွက် ရှေ့ကနေ မားမားမတ်မတ် ကာကွယ်မယ့်သူတွေ ဖြစ်ပါတယ်။ အလုပ်အကိုင်၊ စီးပွားရေးနဲ့ပတ်သက်လာရင်လည်း ကောင်းကောင်း ကိုင်တွယ်နိုင်ပြီး အောင်မြင်အောင် စွမ်းဆောင်နိုင်စွမ်းရှိကြတဲ့ အင်္ဂါ သား၊ သမီးလေးတွေရဲ့ အချစ်ရေးနဲ့ပတ်သက်သမျှကို ဖော်ပြပေးလိုက်ပါတယ်။ ရင်ထဲက ခံစားချက်တွေကို လွယ်လွယ်နဲ့ဖွင့်ဟလေ့ မရှိတာကြောင့် အချစ်ရေးမှာ အထီးကျန်တဲ့ ခံစားချက်မျိုး အမြဲဖြစ်နေတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူကို စကားလုံးတွေနဲ့ နာကျင်အောင်ပြောဆိုတတ်တဲ့ အကျင့်ဆိုးရှိပြီး အဲ့ဒီအကျင့်ကြောင့် တကယ်ချစ်တာ မဟုတ်ဘူးလို့သတ်မှတ်ခံရတတ်ပါတယ်။ ရိုမန်းတစ် မဆန်တတ်ဘဲ တဲ့တိုးပြောတတ်တဲ့ သူတွေ၊ ချစ်တာကို အပြောနဲ့မဟုတ်ဘဲ လုပ်ရပ်နဲ့သက်သေပြတတ်တဲ့သူတွေဖြစ်ပါတယ်။ မရိုတတ်ပေမယ့် အခက်အခဲဖြစ်နေတဲ့ အချိန်မှာ ကာကွယ်ပေးမယ့်၊ […]

အထွေအထွေဗဟုသုတ

သင့်ကို တစ်စုံတစ်ယောက်သတိရနေပြီဆိုတာ သေချာနေတဲ့ ” နိမိတ် “ ခံစားချက်များ…

လူတစ်ယောက် ကိုယ့်ကို သတိရနေပြီဆိုရင် ဘယ်လိုနမိတ်တွေဖြစ်လာလဲ သင်သိလား …၊ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ စိတ်ဆိုတာ သိပ်ကိုဆန်းကျယ်ပါတယ်။ စိတ်စွမ်းအင်ဆိုတာလည်း မယုံမရှိနဲ့နော်။ ဒါဆိုရင် တစ်ယောက်ယောက်က သင့်ကို အရမ်းပဲ သတိရနေ၊ လွမ်းနေပြီဆိုရင် ဘယ်လိုတွေဖြစ်လာတတ်သလဲဆိုတာ ကြည့်လိုက်ရအောင် သင့်မျက်နှာကို တွေ့လိုက်တာနဲ့ ပြုံးသွားမယ်” အပြင်မှာပဲဖြစ်ဖြစ်၊ ဗီဒီယိုကောနဲ့ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့် ပဲဖြစ်ဖြစ် သင့်ကို တွေ့လိုက်တာနဲ့ တင်ကို သူ့မျက်နှာလေးမှာ နှုတ်လမ်းလေးကွေးပြီး ပြုံးသွားမယ် ဆိုရင်တော့ သူဒီရက်ပိုင်း အတွင်း သင့်ကို အရမ်းလွမ်းနေတာ သေချာနေပါပြီနော် …။ သင်သူ့အကြောင်း အိပ်မက်ထဲ ထည့်မက်မယ်” ဒါကတော့ သိပ္ပံနည်းမကျတဲ့ အယူအ ဆပေါ့နော်။ ဒါပေမဲ့လည်းတကယ်ပဲ အိပ်မက်ထဲ မဆီမဆိုင် သူ့ကို ထည့်မက်ခဲ့မယ်ဆိုရင် သူသင့်ကို အရမ်းကို မနေထိထိုင် […]

ဗေဒင်

သောကြာသားသမီးများအတွက် ဘဝတစ်သက်စာ ဟောစာတမ်း နှင့် ယတြာများ…

မိမိတို့ရဲ့ အသက်အပိုင်းခြားကို ကြည့်ပြီး အဟောကို ဖတ်ပါလေ။ ညံ့တဲ့နှစ်တွေမှာ ချေရမယ့် ယတြာကိုပါ ဖော်ပြပေးထားပါတယ်။ ကောင်းတဲ့ နှစ်တွေမှာလည်း ကောင်းသထက် ကောင်းစေဖို့ ချေရမယ့် ယတြာတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ သောကြာသားသမီး ဖြစ်သောသင်သည် အသက်..၁၊၉၊၁၇၊၂၅၊၃၃၊၄၁၊၄၉၊၅၇၊၆၅၊၇၃၊၈၁၊ ၈၉၊၉၇၊၁၀၅ နှစ် အတွင်း၌ သောကြာသက်ရောက် ဖြစ်၏…. သင်သည် ယခုနှစ်ပိုင်းအတွင်း မိဘကို ကောင်းစွာ ပြုစုစောင့်ရှောက်နိုင်မည့် အချိန်ဖြစ်၏။စီးပွား သိသိသာသာ တက်မည်။သိကြား မလိုက်သကဲ့သို့ လက်ရှိအခြေအနေထက်များစွာမြင့်တက်သွားမည်။လုပ်ငန်းများ သိသိသာသာ အောင်မြင်မှုရမည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာခရီးများ ပြည်တွင်ပြည်ပ ခရီးများသွားရတတ်၏။ဝန်ထမ်းဖြစ်လျှင် ရာထူး တတ်ခြင်း၊အခြေအနေ အဆင့်အတန်း မြင့်မားခြင်းများကြုံမည်။သင်တန်းတစ်ခုတက်ရခြင်း၊ပညာကောင်းရခြင်းများကြုံမည်။မိတ်ဆွေကောင်း၊ဆရာကောင်းများ တွေ့မည်။ အဖိုးတန် ပစ္စည်းများဝင်မည်။မြေကိစ္စ အမွေကိစ္စ အဆင်ပြေမည်။ငွေရှာရလွယ်ခြင်း၊ငွေအဝင်အထွက်ကြမ်းခြင်းများကြုံလိမ့်မည်။ရပ်ဝေးမှ စာများ၊အဆက်အသွယ်များ ရမည်။ရန်များခြင်း၊စကားများဖြေရှင်ရခြင်း၊ရင်းနှီးသူအားလုပ်ဖေါ်ကိုင်ဘက်များနှင့်အဆင်မပြေ လမ်းခွဲရခြင်းများကြုံမည်။စိုးရိမ်ရလောက်အောင်မဟုတ်ပါ။အလုပ်နှင့်ပတ်သက်၍ ကောင်းသောအပြောင်းအလဲများ နေရာကောင်းရခြင်းများ ကြုံမည်။အမှုအခင်း […]

အထွေအထွေဗဟုသုတ

အရမ်းကြိုက်လို့ ပြန်လည်မျှဝေလိုက်ပါတယ် ကြီးပွားကြောင်း ( ၇ ) ရပ် (မဖတ်ဘဲနေရင် နောင်တရလိမ့်မယ်)

(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန် ထားပါ။ (၂) ကိုယ့်ဆီဝင် လာသော ငွေများကို စနစ်တကျ စီမံ ခန့်ခွဲ သုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့ လမ်းကြောင်းတွေကို ဂဃနဏ သိထား ဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေ ရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။ (၃) ငွေတွေကို သက်မဲ့လို သဘော မထားရ ပါဘူး။ သူတို့ အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့ အချင်းချင်း မိတ်တွေ လိုက်ကြ၊ […]

အထွေအထွေဗဟုသုတ

ဆောင်းရာသီမှာ နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲခြင်းအတွက် နည်းလမ်းကောင်း (၅) ခု…

ဆောင်းရာသီမှာ အများဆုံးဖြစ်တတ်တဲ့ အရေပြားဆိုင်ရာ ပြဿနာတွေထဲမှာ နှုတ်ခမ်းသား ခြောက်သွေ့ အက်ကွဲတာကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ တခုပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲလို့ ကြံရာမရ ဖြစ်နေတဲ့ ပျိုမေတွေအတွက် အခု ဖော်ပြပေးမယ့် နည်းလမ်းတွေက အသုံးတည့်စေမှာပါ။ (၁) သခွားသီး မျက်နှာပေါင်းတင်တဲ့အခါ အသုံးပြုကြတဲ့ သခွားသီးစိတ်လေးတွေကို နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲတဲ့ အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ နှုတ်ခမ်းပေါ်မှာ သခွားသီးစိတ်လေးတွေ ကပ်ထားပေးရုံနဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပြီး စိုပြည်ချောမွေ့စေမှာ ဖြစ်ပါတယ်။ (၂) အုန်းဆီ အိမ်တိုင်းအိမ်တိုင်းမှာ အလွယ်တကူ ရှိကြတဲ့ အုန်းဆီဟာဆိုရင်လည်း နှုတ်ခမ်းသားခြောက်သွေ့ အက်ကွဲခြင်းတွေအတွက် အကောင်းဆုံး သဘာဝပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ ညအိပ်ရာဝင်တိုင်း အုန်းဆီကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးခြင်း အားဖြင့် နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲခြင်းကို သက်သာပျောက်ကင်းစေမှာ […]

အထွေအထွေဗဟုသုတ

နှစ်နဲ့ချီပြီးတွဲလာတဲ့ ချစ်သူ စုံတွဲတွေ အဆင်မပြေမှုကြုံလာရတဲ့ လက္ခဏာများ…

ချစ်သူသက်တမ်းကြာလာရင် ဖြစ်လာတဲ့ ပြဿနာက ပြောစရာရှားလာတယ်။ ဒါ ပေါ့သေးသေး ပြဿနာမဟုတ်ဘူးနော် ။ နှစ်နဲ့ချီပြီး တွဲလာတဲ့ စုံတွဲတွေ ပြတ်ကုန်တာ ဒီကိစ္စကြောင့်ပဲ ဘာပြောရမှန်းမသိတာ ပြောသမျှတွေကို အပိုတွေလို့ ထင်သွားတာ သိပ်အန္တရယ်ကြီးပါတယ် ။ ဥပမာ – ချစ်သူဖြစ်ကာစ ဖုန်းပြောရင် ဘယ်နှစ်နာရီကြာလည်း နှစ်နဲ့ချီလာတော့ မိနစ်တွေ နည်းသွားတယ်။ လိုရင်းပဲ ပြောကြတော့တယ် …။ နောက်ပိုင်း ဖုန်းခေါ်တာတောင် သိပ်မရှိတော့ဘူး။ ဒါ မချစ်တော့တာလား ဆိုတော့လည်း မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်က နှစ်နဲ့ချီပြီး တွဲလာတာ ချစ်တာပေါ့ …။ ဒါပေမယ့် ဘာပြောရမှန်း မသိတာရယ်၊ ကိုယ့်ဘာသာကိုယ် နေချင်တာရယ်၊ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ချင်တာရယ်တွေနဲ့ ပေါင်းပြီး စကားမပြောဖြစ် တော့တာပဲ ။ ချစ်တယ်ဆိုတာကို […]

အထွေအထွေဗဟုသုတ

မနက်အိပ်ရာထချိန် ရေတစ်ဖန်ခွက်သောက်သုံးခြင်း၏ အံ့ဖွယ်အကျိုးကျေးဇူးများ…

ဂျပန်အမျိုးသမီးတွေဟာ ကျန်းမာသွယ်လျတဲ့ခန္ဓာကိုယ်ကြောင့်လူသိများကျော်ကြားပါတယ်။တကယ်တော့ သူတို့ ဂျပန်လူမျိုးတွေရဲ့ရိုးရာဓလေ့လိုဖြစ်နေတဲ့အလေ့အကျင့်ကောင်းလေးတွေကြောင့်ကျန်းမာသွယ်လျပြီးချောမောလှပတဲ့မိန်းကလေးတွေဆိုရင်ဂျပန်မလေးနဲ့တူလိုက်တာချစ်စရာကောင်းလိုက်တာလို့ပြောခံရခြင်းဖြစ်ပါတယ်။ ရိုးရာဓလေ့ကတော့တခြားမဟုတ်ပါဘူး မနက်အိပ်ရာထထချင်း ဘာအစာမှမစားရသေးခင် ရေသောက်ခြင်းအလေ့အထပါပဲ မနက်အိပ်ရာထချိန်ရေသောက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ ခန္ဓာကိုယ်ရဲ့ရဝရာခိုင်နှုန်းလောက်ကရေဓာတ်နဲ့ပဲအလုပ်လုပ်တာဖြစ်တဲ့အတွက်မနက်အိပ်ရာထတာနဲ့လန်းဆန်းတက်ကြွနေစေဖို့ရယ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အားအင်တွေကို ရေဓာတ်ကနေရရှိပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှုကြာရှည်စွာခံစားရပါကအဝလွန်ရောဂါ၊ရင်သားကင်ဆာရောဂါ၊ခေါင်းတခြမ်းကိုက်ရောဂါ၊အူမရောင်နာရောဂါ၊သားအိမ်ကင်ဆာ၊ဆီးကျောက်တည်ခြင်း၊နှလုံးအောင့်ရောဂါ၊အစာမကြေခြင်းစတဲ့ ရောဂါဝေဒနာပေါင်းစုံကိုခံစားရနိုင်ပါတယ် ဒါကြောင့်မနက်အိပ်ရာထချိန် ရေသောက်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေများစွာရရှိစေခြင်းဖြစ်ပါတယ်။ အဲဒီလိုမနက်အိပ်ရာထချိန် ရေသောက်တဲ့အခါအစာအိမ်ထဲမှာဘာအစာမှရှိမနေစေရပါဘူး။အဲဒီအခြေအနေမှာ ရေသောက်ခြင်းကြောင့် အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးများဖြစ်ထွန်းစေပါတယ်။ ခန္ဓာကိုယ်အဆိပ်အတောက်ကင်းခြင်း အဲဒီလိုမနက်အိပ်ရာထထချင်းအစာအိမ်ထဲမှာအစာမရှိချိန်ရေသောက်ခြင်းကြောင့်ခန္ဓာကိုယ်တွင်းအူမကြီးကိုလှုပ်ရှားမှုဖြစ်စေပါတယ်။ညဘက်အိပ်ချိန်မှာခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေရဲ့ဇီဝဖြစ်စဉ်တွေကြောင့်ခန္ဓာကိုယ်မှာအဆိပ်အတောက်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အဲဒီလို အစာမရှိချိန်မနက်အိပ်ရာထထချင်း ရေကိုလုံလောက်အောင်သောက်ပေးခြင်းကြောင့် ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းစေပြီးလန်းဆန်းမှုနဲ့ကျန်းမာမှုကိုခံစားရပါလိမ့်မယ် ဒါ့ပြင်ခန္ဓာကိုယ်တွင်းကြွက်သားဆဲလ်တွေနဲ့သွေးဆဲလ်အသစ်တွေထုတ်လုပ်မှုကိုလည်း မြင့်တက်စေပါတယ်။ အသားအရေကြည်လင်ချောမွေ့ခြင်း ရေဓာတ်ခမ်းခြောက်မှုက အရေပြားမှာအမည်းစက်နဲ့အရေးအကြောင်းတွေကိုဖြစ်စေပါတယ်။ဒါကြောင့်မနက်အိပ်ရာထချိန် ဗိုက်ထဲအစာမရှိချိန် ရေ၅ဝဝမီလီဂရမ်ရအောင်သောက်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီးအသားအရေကြည်လင်တောက်ပစေပါတယ်။ တစ်နေ့လုံး ရေဓာတ်လုံလောက်စွာရရှိမယ်ဆိုရင်တော့ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းစင်ပြီး အသားအရေလှပလာပါလိမ့်မယ်။ ကျောက်ကပ်အနည်ထိုင်ခြင်းနှင့် ဆီးအိမ်ရောင်ရမ်းခြင်းကိုကာကွယ်ပေးခြင်း နောက်ထပ်ကျန်းမာရေးအကျိုးကျေးဇူးကတော့ဆီးအိမ်ရောင်ရမ်းခြင်းနဲ့ ကျောက်ကပ်အနည်ထိုင်ခြင်းတို့ကိုလည်းကာကွယ်ပေးပါတယ်။ မနက်အိပ်ရာထထချိင်းအစာအိမ်တွင်းအစာမရှိချိန် ရေသောက်လိုက်ခြင်းကြောင့်အစာအိမ်ကနေအက်ဆစ်ထွက်မှုကိုလျော့နည်းသက်သာစေပြီး ကျောက်ကပ်မှာအနည်ထိုင်ခြင်းကိုကာကွယ်ပေးတာဖြစ်ပါတယ်။ ဒါ့အပြင်ခန္ဓာကိုယ်အဆိပ်အတောက်ဖြစ်ခြင်းကြောင့် ဆီးအိမ်ရောင်ရမ်းမှုဖြစ်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။ ကိုယ်အလေးချိန်လျော့ကျမှုကိုပြန်လည်မြှင့်တင်ပေးခြင်း ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့အတွက်ရှိသင့်တဲ့ကိုယ်အလေးချိန်ဆိုတာရှိပါတယ်။အဲဒီလိုမနက်အိပ်ရာထတာနဲ့အစာအိမ်ထဲအစာမရှိချိန် ရေသောက်ပေးခြင်းကြောင့် အစာချေစနစ်ကိုတိုးတက်စေပြီး ဆာလောင်မှုကိုခံစားရစေပါလိမ့်မယ်။ […]

အထွေအထွေဗဟုသုတ

လူတွေမသိသေးတဲ့ အာလူးရဲ့ အကျိုးကျေးဇူးများ…

ကျွန်တော်တို့တွေအာလူးကိုနည်းမျိုးစုံနဲ့ချက်ပြုတ်စားသောက်ကြလေ့ရှိတာတော့အမှန်ပါပဲ။ ဒါပေမယ့် အာလူးဟာ စားလို့ရရုံတင်မကပဲ အခြားအစွမ်းသတ္တိတွေရှိနေသေးတာကိုတော့ လူတော်တော်များများမသိကြသေးပါဘူး။ အခုကျွန်တော်တို့ အာလုံးရဲ့ အသုံးဝင်ပုံတွေကိုပြောပြသွားတော့မှာပါ။ ၁- သံချေးချွတ်နိုင်ခြင်း ဓါးတွေ ကတ်ကြေးတွေ သံကြေးစွန်းနေတဲ့အခါမျိုးမှာ အာလုံးကိုသုံးပြီး သံကြေးတွေချွတ်နိုင်ပါတယ်။ အာလူးကြီးတစ်ဝက်ဝက်ပါ။ ထို့နောက် ဘေပင်ပေါင်ဒါ နဲ့ ဆားကို ဆပ်ပြာရည်အနည်းငယ်နဲ့ရောထားပါ။ ဒီပျော်ရည်ထဲကို အာလူးခြမ်းကို နှစ်ပြီး သံကြေးတက်နေတဲ့နေရာတွေကိုပွတ်တိုက်ပါ။ ရေဆေးလိုက်တဲ့အခါမှာ သံကြေးတွေပြောင်စင်သွားတာကိုတွေ့ရပါလိမ့်မယ်။ ၂- အပူလောင်ခြင်းကိုကုသပေးနိုင်ခြင်း ဟင်းချက်ရင်းလက်အပူထိသွားတဲ့အခါမျိုးမှာလည်း အာလူးသုံးပြီးတော့ အပူလောင်ဒဏ်ရာကို သက်သာအောင်ပြုလုပ်ပေးနိုင်ပါတယ်။ အာလူးကို အဝိုင်းလေးတွေလှီးပြီးတော့ ရေစင်အောင်ဆေးကာ အပူလောင်သွားတဲ့နေရာကို ၁၀ မိနစ် ၁၅ မိနစ်ခန့်ကပ်ထားပေးပါ။ ပြန်ခွာလိုက်တဲ့အခါ သိသိသာသာ ဒဏ်ရာသက်သာသွားတာကိုမြင်ရပါလိမ့်မယ်။ ၃- အစွန်းချွတ်နိုင်ခြင်း အစားအသောက် အစွန်းအထင်းတွေပေနေတဲ့အခါမျိုးမှာ အာလူးကို အသုံးပြုနိုင်ပါတယ်။ အာလုံးတစ်လုံးကိုတောက်တောက်စင်းပြီး ရေထဲမှာ ၁၀ မိနစ် […]

အထွေအထွေဗဟုသုတ

လူသိနည်းသော တနင်္ဂနွေသားသမီးတို့၏ စိတ်နေစိတ်ထား…

တနင်္ဂနွေ သားသမီးများသည် စိတ်နှလုံးသားဖြူစင်၍ သဘောထား ပြည့်ဝသူများ ဖြစ်ကြသည်။ သူတစ်ပါး အပေါ် ပေးကမ်း ကျွေးမွေးလိုစိတ် ရှိသည်။ အိမ်မိသားစု၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်း အပေါင်းအသင်းများ အပေါ် အနစ်နာခံပြီး ပေါင်းသင်း တတ်သည်။ မိမိအပေါ် မကောင်းကြံ သူကိုတော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြန်လည် လက်စားချေ တတ်သူများ ဖြစ်ကြသည်။ ချစ်မိရင်လည်း နှစ်ယောက် မရှိ၊ မုန်းပြီဆိုလည်း ဘယ်လိုမှကို မျက်နှာ မကြည့်ချင် တော့လောက်အောင် မုန်းတီး တတ်ကြသည်။ ဘာမဟုတ်တဲ့ ကိစ္စတွေမှာ စိတ်တို ၊စိတ်ကောက် ၊စိတ်ဆိုး လွယ်သည်။ စိတ်ဆိုးပြီ ဆိုရင်လည်း ဘယ်သူဘဲ ချော့ချော့ ချော့လို့ရမှာ မဟုတ်ပါဘူး၊ မိမိဘာသာ သူ့ အလိုလို အချိန်တန်လျှင် စိတ်ပြေ […]