အရေအပြားနဲ့ပတ်သက်တဲ့ ပြဿနာတွေမှာ အသုံးဝင်တဲ့ ကြက်ဟင်းခါးသီး ရောင်ရမ်းမှုတွေကြောင့် ဖြစ်ပေါ်တတ်တဲ့ ယားယံမှုမျိုးဆိုရင်တော့ ကြက်ဟင်းခါးသီးကို သုံးလို့ရပါတယ်။ ကြက်ဟင်းခါးသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးရှိကြောင်း ရေးသားထားတဲ့ ဆောင်းပါးအမြောက်အများ ရှိပါလေတယ်။ အရေပြားကျန်းမာရေးအတွက်ပါ အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ အထူးသဖြင့် အခါးဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်တွေဟာ အရေပြားကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးဟာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးပြီး အောက်ပါ အရေပြားပြဿနာတွေကို ကာကွယ်ပေးပါပေတယ်။ ၁-ယားယံခြင်း ယားယံခြင်း ဖြစ်ပွားရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ ရောင်ရမ်းမှုတွေကြောင့် ဖြစ်ပေါ်တဲ့ ယားယံမှုမျိုးဆိုရင်တော့ ကြက်ဟင်းခါးသီးကို သုံးလို့ရပါတယ်။ နနွင်း၊ ကြက်ဟင်းခါးသီးအနှစ်နဲ့ ရှာစောင်းလက်ပတ် အနှစ်တွေကို ရောပြီး ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ လိမ်ပေးရပါတယ်။ မိနစ် ၂၀ ခန့်ကြာပြီးသွားရင်တော့ ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။ […]
Month: February 2023
Unicode “မင်းက ဝက်သားဟင်း စော စား ခဲ့တာကိုး”(အရမ်းကောင်းလို့ လူတိုင်းဖတ်ကြည့်သင့်တဲ့ ပို့စ် လေးပါ) အကြော်စုံကိုတစ်နေ့(၃)သိန်းဖိုးရောင်းရတာတို့၊ ကြက်ဒုတ်ထိုးရောင်းပြီးအိမ်ပိုင်တာတို့၊ငပိရည် ကြက်သားသုပ်ရောင်းပြီးတိုက်ဆောက်တာတို့၊ ကွမ်းယာရောင်းပြီးနိုင်ငံခြားမှာ သားသမီးကိုေ ကျာင်းထားတာတို့၊ဘေထုတ်ရောင်းပြီးကား ဝယ်တာတို့စတာတွေကို လိုင်းပေါ်မှ ချီးကျုးတာထက်ဝေဖန်တာကိုတွေ့ရလို့ ဒီလိုလေး တွေးမိပါတယ်။ ၂၀၁၈ ခုနှစ်လောက်က ထင်တယ် express စီးရင်းနဲ့ ဒရိုင်ဘာက ဘေးမှာပါလာတဲ့ စပယ်ယာအသစ်ကို စကားပြောနေတာပေါ့… ကိုယ်က ရှေ့ဆုံးခုံဆိုတော့ သူတို့ပြောသမျှအကုန်ကြားနေရတာ။ ဒရိုင်ဘာကငြီးငြူနေတာ… ငါတစ်လ(၁၅)သိန်းကျော်ရတယ်။ အခုထိအဖတ်တင်တာ ဘာမှမရှိဘူးတဲ့။ ငါ့စပယ်ယာက တစ်လ(၁)သိန်းခွဲဘဲရတယ်။ အဲ့ဒါကို ပြီးခဲ့တဲ့လက ရွာမှာမြေကွက် ဝယ်ပြီးပြီတဲ့။ အဲ့ဒီကောင်ကွာ နဲနဲနောနော တွက်ကပ်တဲ့ကောင်မဟုတ်ဘူးတဲ့။ ဒီကောင်ကွာ ဘယ်တော့မှ လက်ဖက်ရည်ဆိုင် မထိုင်ဘူး။ အပြင် မုန့်ပဲသရေစာ ဘာမှမစားဘူး။ အမြန်လမ်းမှာကျွေးတဲ့ ထမင်းစားတယ်။ ဂိတ်ရောက်ရင် […]
ဖျက်မိုးရွာသွန်းမယ့်ဒေသများကို သတိပေးလာတဲ့ မိုးမင်းသမီးလေး စုစုစံ ဖျက်မိုးသတိ 🌧🌧🌧🌧 ၂၀၂၃ ဖေဖော်ဝါရီလ ၁၇ရက်၁၈ရက်နေ့တွေမှာ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း နေပြည်တော်ပြည်တော်ပြည်ထောင်စုနယ်မြေ ကယားပြည်နယ် ရှမ်းပြည်နယ် ဒေသကြီးတွေမှာ အချိန်အခါမဟုတ်မိုးတွေရွာလာနိုင်ပါတယ် တောင်သူလယ်သမားများနှင့် ရေထိမခံနိုင်သောလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသူများအားလုံး ပျက်စီးမှုမရှိအောင်လုပ်ကိုင်ဆောင်ရွက်နိုင်ကြစေရန်အတွက် ရက်ဝေးလည်းကြိုတင်ခန့်မှန်းပေးခဲ့ပြီးဖြစ်ပါတယ် အားလုံးအဆင်ပြေကြပါစေ ISSUED TIME 14/02/2023 5:24AM(MMT) မင်း ဂွတ် သီး Su Su San 𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓 unicode ဖျက်မိုးရွာသွန်းမယ့်ဒေသများကို သတိပေးလာတဲ့ မိုးမင်းသမီးလေး စုစုစံ ဖျက်မိုးသတိ 🌧🌧🌧 ၂၀၂၃ ဖေဖော်ဝါရီလ ၁၇ရက်၁၈ရက်နေ့တွေမှာ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း နေပြည်တော်ပြည်တော်ပြည်ထောင်စုနယ်မြေ ကယားပြည်နယ် ရှမ်းပြည်နယ် […]
ငွေလာချေးလို့ မချေးမကောင်း ချေးမကောင်းဖြစ်နေလျှင်..
ငွေလာချေးလို့ မချေးမကောင်း ချေးမကောင်းဖြစ်နေလျှင် ချွေတာစုဆောင်းရင်း ငွေလေးစုမိပြီး ချောင်လည်လာတဲ့အခါ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက ကိုယ့်ဆီ ငွေလာချေးကြတဲ့ ကိစ္စပါ။ အားနာပြီး ငွေချေးလိုက်မိတယ်။ ပြီးရင် ပေးထားတဲ့ ကတိအတိုင်း လာမဆပ်ကြတော့ တောင်းရမှာထပ်ပြီး အားနာနေမိပြန်ရော။ အားမနာ ပါးမနာ ပြန်တောင်းတဲ့အခါမှာလည်း အချင်းချင်း အမုန်းပွားစရာတွေ ဖြစ်လာတတ်ပါတယ်။ “ကြွေးယူပြုံးပြုံး တောင်းတော့မုန်း” ဆိုသလိုပေါ့ ငွေလာချေးတဲ့ကြသူတွေထဲမှာ ကတိတည်ပြီး သေချာပြန်ဆပ်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်က အတိုးမယူပဲ စေတနာနဲ့ ချေးတာ ဆိုပါစို့။ မိတ်ဆွေ ၅ ယောက်ကို တစ်ယောက်ကို ငွေ တစ်သိန်းစီ ချေးပေးလိုက်တယ်။ ၄ ယောက်က ကတိတည်တယ်။ ပြန်ဆပ်တယ်။ ၁ ယောက်က ကတိမတည်လို့ ငွေဆုံးတယ်။ ဒါဆိုရင် ငွေ […]
ဂျိုင်းမည်းတာကို ဖြစ်စေတဲ့ အကြောင်းအရင်း (၅)ခု
သင်က သင့်ခန္ဓာကိုယ်ပေါ်က ညိုနေတဲ့ နေရာတွေကို သတိထားမိတတ်လား။ များသောအားဖြင့် အသားညိုတဲ့ အာရှသူတွေက ဒူးနေရာ၊ တံတောင်နေရာ၊ ဂျိုင်းနေရာတွေ ညိုတတ်ပါတယ်။ ပြောရရင် တခြားလူမျိုးထက် ပိုပြီး Melanin ထုတ်လေ့ရှိပါတယ်။ သင့်အနေနဲ့ ဂျိုင်းမည်းတာကြောင့် ကြားဖူးသမျှ နည်းလမ်းတွေကို လိုက်လုပ်မနေသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနည်းလမ်းနဲ့ ကိုယ်က မတည့်ရင် ဂျိုင်းပိုမည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေ ရှိတဲ့ အကြောင်းအရင်းတွေကို သိမှ မည်းတာကို တိတိကျကျ လျှော့ချနိုင်မှာပါ။ ဒီတော့ ဘယ်လိုအရာတွေက ဂျိုင်းညိုမည်းစေလဲ ကြည့်လိုက်ရအောင်- ၁။ မျိုးရိုးဗီဇ ကိုယ့်ရဲ့ မျိုးရိုးက ဂျိုင်းညိုတတ်တဲ့ မျိုးရိုးဆိုရင် ညိုမှာပါပဲ။ နဂိုတည်းက အသားညိုတတ်တဲ့ အမျိုးအနွယ်ကနေ ဆင်းသက်လာလို့ ဖြစ်နိုင်ပါတယ်။ ကမ်းခြေသွားရင် မည်းတဲ့ နေရာတွေက ပိုတောင် […]
လက်မလည်အောင် ဈေးရောင်းကောင်းစေမယ့် အဆောင်ပြုလုပ်နည်း..
လက်မလည်အောင် ဈေးရောင်းကောင်းစေမယ့် အဆောင်ပြုလုပ်နည်း.. ဈေးရောင်းကောင်းချင်သော မိတ်ဆွေများ ဒီအဆောင်လုပ်ပြီးရင်တော့ လက်မလည်အောင် ရောင်းရပြီးသာ မှတ်လိုက်တော့ အစိမ်းရောင် အရက်ပုလင်း ( အစိမ်းရောင် အရက်ပုလင်း လှလှလေးတွေ ရှိတတ်ပါတယ်) အလွတ်ထဲ ရေထည့်ပါ။ ကျောက်စရစ်ခဲ (၉) ခဲ ထည့်ပါ။နှင်းဆီပန်း အနီရောင် တစ်ပွင့် ထည့်ပါ။ ဆိုင် ကောင်တာပေါ်တင်ထားကြည့်ပါလား..။ နှင်းဆီပန်းကတော့ နေ့တိုင်း လဲပေးရပါတယ်။သေချာပေါက် ဈေးဆိုင်များအတွက် အကောင်းဆုံး ပုလင်းယတြာပါ။ မုချ ဈေးရောင်းကောင်း စေပါတယ်။ မိမိ ဆိုင် စည်ကားစေပါတယ်။ ကိုယ်တိုင်တော့ ဈေးဆိုင် ဖွင့်မထားဘူး။ ဒါပေမယ့် ကိုယ့်အမျိုးတွေ မိတ်ဆွေတွေ သူငယ်ချင်းတွေ ဈေးရောင်းနေတယ်ဆိုရင် ဈေးရောင်းကောင်းအောင် ဒီယတြာလေး လက်တို့ပေးလိုက်ပါ။ ဘယ်သူပဲ လုပ်လုပ် အဆင်ပြေပါတယ်။ ကိုယ်တိုင် လုပ်လို့ […]
သိုက်ဆက်များမက်လေ့ရှိသော အိပ်မက်များ.
သိုက်ဆက်များမက်လေ့ရှိသော အိပ်မက်များ.. သိုက်နန်း မှ လာသောသူ အတော်များများတွင် မိမိလာသောသိုက်မှ များသောအားဖြင့် မိမိ အား အိပ်မက်ဖြင့်အသိပေးတတ်ကြပါတယ်သိုက်နန်းမှကျန်ရှိသော အမိ၊အဘ၊အကို၊အမ၊မောင်နှမ တွေက မိမိ ကတိသစ္စာ မပျက်ဖို့အရေး အိပ်မက်ဖြင့်အသိပေးနိုင်ကြပါတယ် (၁)လောင်းလှေစီးရခြင်း ကို မြင်မက်ခြင်း (၂)ရေဖြင့်သွားရသောလမ်းခရီးများ ကို မြင်မက်ခြင်း (၃)ရေထဲရှိသော ဘုရားများအားဖူးခြင်းအား မြင်မက်ခြင်း (၄)ရေထဲမှ မြွေ၊နဂါး များအား မြင်မက်ခြင်း (၅)မြွေများမှ မိမိအား ခွေ၍ပတ်ထားသည့် သဏ္ဌာန်မြင်မက်ခြင်း (၆)မိမိခန္ဓာအရည်ခွံများ လဲလှယ်ခြင်း၊ကျွတ်ခြင်းဟု မြင်မက်ခြင်း (၇)မိမိသွားလေရာ ဘေးဥပဒ် မဖြစ်အောင် စောင့်ရှောက်ပေးသူအမြဲရှိသည်ကို မြင်မက်ခြင်း (၈)တောတောင်လျိုမြောင် ချောက်ကြား ဘုရားများအား ဖူးမြင်သည်ကို မြင်မက်ခြင်း (၉)အို ဟောင်းနေသောဘုရား၊ကျောင်းကန်၊ စေတီ၊ပုထိုးများအား မြင်မက်ခြင်း (၁၀)မိမိ မသိသော လှိုဏ်ဂူထဲသို့ မကြာခဏ […]
ဒါကို (၃) ညလိမ်းအိပ်ပါ သုံးရက်မြောက်နေ့မှာ မင်းသမီးလေးတစ်ပါးရဲ့ အသားအရေ ပိုင်ဆိုင်ပါလိမ့်မယ်.
မိန်းမကို အပြစ်တင်တော့မယ်လို့ စဉ်းစားမိတိုင်း ဒီစာလေးကိုဖတ်ကြည့်ပါ..
မိန်းမကို အပြစ်တင်တော့မယ်လို့ စဉ်းစားမိတိုင်း ဒီစာလေးကိုဖတ်ကြည့်ပါ တစ်ချို့ကပြောတယ်…မိန်းမကိုပေးလိုက်ပြီးတဲ့ငွေဟာပြန်တောင်းဖို့အရမ်းခက်တယ်တဲ့..အကုန်မပေးပဲကိုယ့်အတွက်ချန်ပြီးဖွက်ထားရတယ်ပြောလို့ဟိုအရင်က သူမသိဘဲ တစ်ကိုယ်ထဲသုံးခဲ့ဖူးတာတွေက သိပ်ကိုမှားသွားခဲ့တယ်။ ကျွန်တော် နေမကောင်းဖြစ်ချိန်နေ့ရက်များစွာဝင်ငွေမရှိလို့ဆေးခန်းပြဖို့ဝေလာဝေးဆန်ဝယ်ဖို့တောင်ငွေမရှိတအခါကျွန်တော်မသိတဲ့ သူ့စုဗူးလေးကိုဖောက်တယ်။ မိန်းမှာစုထားတာရှိတယ်ပြောပြီးကျွန်တော့်နဖူးကိုအသာစမ်းလို့ဆေးခန်းသွားမယ်ဆန်ဝယ်မယ်ဘာမှစိတ်မပူနဲ့တဲ့..ကျွန်တော်လေ သူ့အပြုံးတွေကိုကြည့်ကျွန်တော့်အပြုအမူတွေကိုပြန်သတိရတော့ရင်ထဲမှာဆို့နင့်သွားခဲ့ရဖူးတယ်။ တစ်ချို့ကပြောတယ်…မိန်းမဆိုတာ ကိုယ့်အပေါ် မီးသေနေရမယ်တဲ့ကိုယ်ပြောတာဘာမဆို လိုက်နာတဲ့သူမျိုး ဖြစ်ရမယ်ဆိုလို့…ဟိုအရင်တစ်ခါက အလုပ်ကအပြန်သူ့ကိုအိမ်မှာမတွေ့တော့စိတ်တိုပြီးစကားများကြရတဲ့အခါသူ့ကိုလက်နဲ့ ရွယ်လိုက်မိတာ သိပ်ကိုမှားသွားတယ် ကျွန်တော့လက်ကိုသေချာကြည့်ပြီး သူဟာလေမျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်။အခုရွယ်လိုက်တဲ့လက်အတွက်..လက်စွပ်လေးသူသွားလုပ်တာတဲ့။အဲဒီလိုနဲ့ သူ့မျက်နှာကိုကြည့်ပြီးရင်ထဲမချိအောင် နာကျင်ခဲ့ရဖူးတာလဲရှိတယ်။ တစ်ချို့ကပြောတယ်ကိုယ့်မိဘလောက်ဘယ်အရာမှအရေးမကြီးဘူးတဲ့ကိုယ့်မိဘကို အဓိကပြုစုစောင့်ရှောက်ရမယ်ဆိုလို့ဟိုအရင်တုန်းက ကျွန်တော့်မိဘအတွက်ကိုပဲ အမြဲတမ်းဦးစားပေးပြီး သတိတရနဲ့ပေးကမ်းခဲ့တာကအိမ်ထောင်ရှင်ကျွန်တော့အတွက်တော့ သိပ်ကိုတစ်ကိုယ်ကောင်းဆန်သလိုဖြစ်သွားမှန်းသိခဲ့ရဖူးတယ်။ ကျွန်တော့်မိဘအတွက်ပုံမှန်ပေးနေကြငွေလေးကိုသက်သက်ဖယ်လိုက်မိတဲ့ လကုန်ရက်တစ်ရက်မှာ မိန်းမကပြောတယ် အခုဒီလခအထဲကနေ ယောင်္ကျားဆီမှာပိုက်ဆံနဲနဲလောက်မပိုဘူးလားတဲ့..ဟာ မိန်းမကလဲကွာ ဘယ်ကလာပိုရမှာလဲ ဒီမှာအခုခွဲခြမ်းလိုက်တာအားလုံးကွက်တိဘဲလေ ဘာလုပ်မလို့လဲလို့ပြန်မေးလိုက်တော့ မျက်နှာနဲနဲညိုးပြီးဘာမှမဟုတ်တော့ပါဘူးယောင်္ကျားရယ်တဲ့ဒီလိုနဲ့ဘဲ ကျွန်တော့်မိဘဆီကိုငွေပို့ပြီး နောက်နေ့မနက်မှာ မိန်းမရဲ့ဖုန်းဆီကို ဖုန်းဝင်လာတော့မိန်းမကဖုန်းနားမှာမရှိဘူး ရေအိမ်ထဲသွားနေလို့ ကျွန်တော်ကောက်ကိုင်လိုက်တယ်။ ဖုန်းကို နားအနားကိုကပ်လိုက်ပြီး ဟယ်လိုလို့မလုပ်ရသေးခင်မှာဘဲ တဖက်ကအလောတကြီးနဲ့စကားစပြောပါတော့တယ် ။ သမီးလား..အမေအခုအရေးကြီးနေလို့ သမီးဆီကို […]
ကားစီးရင်ဖယောင်းတစ်တိုင်တော့ အမြဲဆောင်ထားသင့်တဲ့ အကြောင်းအရင်း.
ကျတော်ငယ်ငယ် ကားစီးရတာကြိုက်ပေမဲ့ အသက်20 လောက်မှာ ကားစီးရင် ကားမူးလာပါတယ်။ ကားမူးတက်တဲ့ ကျတော့သောက်ကျင့်ကို ကျတော်လွန်စွာမှမုန်းပါတယ် ကားစီးရင်ကားမူးပျောက်ဆေးသောက်ရပါတယ်။ မသောက်ဘဲကားစီးမိရင် လူကမူးမော့နေတာ တစ်နေ့ ကျတော်မန်းလေးသွားတော့ ကားမူးသောက်ဆေးသောက်တာ မသက်သာဘဲ ဖြစ်နေတာ မူးချက်ကတော့ လက်ကုန်ပါဘဲ။ ဖြစ်ချင်တော့ ကျတော့ဘေးကကျတော်ဆရာမ ဒေါ်သန့်သန့်ဝင်းက လိုက်လာတာပါ။ ဆရာမကပြောတယ် ကားမူးရင် ဖယောင်းတိုင် ရင်ဘက်ထဲ ထည့်ထားတဲ့ လုံးဝကောင်းတယ် လက်တွေ့တဲ့ ဆရာမပြောပြောချင်းတုန်းက နည်းနည်းကြောင်သွားတယ် ကားမူးတာနဲ့ ဖယောင်းတိုင်နဲ့ ဘာဆိုင်လည်းပေါ့ ဆရာမစကားဆိုတော့လည်း နားထောင်ရတာပေါ့။ အဲလိုနဲ့ ကျတော် ရွှေတောင်ဦးနားကားရပ်တော့ စတိုးဆိုင်မှာ ဖယောင်းတိုင်ဆင်းဝယ်ပြီးရင်ဘက်ထဲ တစ်ဖက် သုံးချောင်းဆီကို ထိုးထည့်လိုက်ပါတယ် ဆိုင်ကကောင်မလေးက အမ ဘာဖြစ်လို့လည်းတဲ့မေးပါလေရော ကျတော်ကလည်း အေး ငါလည်းမလုပ်ဖူးဘူး ငါ့ဆရာမကလုပ်ဆိုလို့လုပ်တာ ကားမူးပျောက်တယ်ဆိုလို့ လို့ ပြောလိုက်ပါတယ် […]