Knowledge

အိမ်မှုကိစ္စလုံးဝမလုပ်တတ်တဲ့ ကျွန်တော် နဲ့ သားလေး ကို ထားခဲ့တဲ့ဇနီး…

ကျွန်တော့ ဇနီး မှဲ့ကင်ဆာ ဖြစ်ပြီး ကျွန်တော် တို့ဆီကနေ ထွက်ခွာသွားတာ ၂ နှစ်ရှိပါပြီ။ ကျွန်တော် ပြန်စဉ်းစားမိတယ်… အိမ်မှုကိစ္စလုံးဝမလုပ်တတ်တဲ့ ကျွန်တော် နဲ့ သားလေး ကို ထားခဲ့ ရတာ သူဘယ်လောက်ထိ ဝမ်းနည်းလိမ့်မလဲ။ ကျွန်တော် ကိုယ်တိုင်လဲ မိဘ ၂ယောက်စလုံးရဲ့ ဇာတ်ကောင် နေရာကနေကောင်းကောင်း မလုပ်နိုင်တဲ့ အတွက် ကိုယ့် ကိုယ်ကို အားမလို အားမရ ဖြစ်ခဲ့ရတယ်။ တနေ့မှာ ကျွန်တော် အလုပ် ကိစ္စနဲ့ မနက်စောစော ခရီးထွက်ဖို့ရှိတော့ ကလေး အတွက် ဘာမှ မပြင်ဆင်ပေးခဲ့ ရဘဲ က မန်းကတန်းထွက်လာခဲ့တယ်။ မနေ့က ထမင်းအေးနဲ့ ကြက်ဥကျော် နဲ့ ထားခဲ့ပေးပြီး အိပ်ယာ မနှိုးသေးတဲ့ သားလေး ကို […]

Knowledge

“ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့အဓိပ္ပါယ်

“ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ် “ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ်ကို လူတော် တော်များများလည်း သိထားကြမှာပါ။ မသိသေးတဲ့သူတွေအတွက် ဗဟုသုတအဖြစ် မှတ်သားထားနိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ်။ အခုပြောတဲ့ ပျားဖွတ် သားတိုး စတာတွေဟာ ပဉ္စာနန္တရိယ အကုသိုလ်ကံပြီးရင် ကြီးလေးတဲ့ အကုသိုလ်အလုပ်တွေလို့ ပြောလို့ရပါတယ် ပျားဖွတ် ဆိုတာဟာ ပျားကလေးတွေ အသက်နဲ့ရင်းပြီး စုထားရတဲ့ဝတ်ရည်၊ ပျားရည်တွေ ရယူခြင်းပဲဖြစ်ပါတယ်။ သားတိုးကတော့ ကိုယ်မွေးထားတဲ့ နွား ဝက် ဆိတ် စသည်တို့ကို တစိမ့်စိမ့်ကြည့်ပြီး ဒီကောင်လောက်ဆိုရင် အချိန်ဘယ်လောက်ရှိနေပြီ၊ ဘယ်တော့လောက်ဆို ရောင်းလို့ရပြီ၊ […]

Health Care

နေမကောင်းလို့ ဆေးသောက်လဲ မပျောက်ပဲ ကြွက်သားများညောင်းညာကိုက်ခဲနေတာ ယူပစ်သလိုပျောက်နည်း

နေမကောင်းလို့ ဆေးသောက်လဲ မပျောက်ပဲ ကြွက်သားများညောင်းညာကိုက်ခဲနေတာ ယူပစ်သလို ပျောက်နည်း။ အိမ်တွင်း ကုထုံး တကယ်လက်တွေ့ ပါ ပါဝင် ပစ္စည်း ကြက်သွန်နီ ၂ လုံး ကြက်သွန်ဖြူ ၁ လုံး သံပုရာသီး ၂ လုံး ဂျင်း ၂ တက် ရှောက်ရွက်(သို့) သံပုရာရွက်၁၀ ရွက် ၁၅ ရွက်ခန့် အားလုံးကို အိုးတခုမှာ ရောပြီးအိုးထဲ ရေတဝက်ကျော် ထည့်ပြီးပြုတ်လိုက်ပါ။ ပွတ်ပွတ် ဆူလာတဲ့အခါအိုးကို ​ညီတဲ့နေရာမှာချ ဒူးထောင် ထိုင်ပြီး ၁၀ မိနစ်ခန့် စောင် ကို ခေါင်း မှ ခြေထိတကိုယ်လုံး ခြုံထားပါ။ shweu မသုံးတဲ့ အိုးကို ခြေခွထိုင်ပီးလုပ်ရင် ပိုကောင်းပါသည်။ ချွေးတွေ တစ်ကိုယ်လုံးရေလောင်းထားသလို ချွေးထွက်လာပါမယ်။ […]

Health Care

သင့်ကို မြန်မြန်ရုပ်ရင့်သွားစေနိုင်တဲ့ နေ့စဉ် အလေ့အထ ( ၁၀ ) မျိုး..

သင့်ကို မြန်မြန်ရုပ်ရင့်သွားစေနိုင်တဲ့ နေ့စဉ် အလေ့အထ ( ၁၀ ) မျိုး သင့် ရုပ်ရည်က လက်ရှိအသက်ထက် ပိုရင့် နေသလား။ မျိုးရိုးဗီဇကြောင့် ရုပ်ရင့်တာအပြင် သင်နေ့စဉ်နေထိုင်စားသောက်မှု အလေ့အထ တချို့ကြောင့်လည်း မြန်မြန်ရုပ်ရင့်စေပါတယ်။ သင့်ကို ရုပ်ရင့်စေတဲ့ အလေ့အထတွေကို ပြောင်းလဲကြည့်ရအောင်ဗျာ (၁) အဆီမပါသည့် အစာ စားခြင်း အဆီမပါတဲ့ အစာတွေကိုပဲ စားနေရင် အသားအရေက အရွယ်မတိုင်ခင်အိုမင်းပြီး အရေးကြောင်း ထင်စေနိုင်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်အဆီကို စားပေးရင် အသားအ ရေချောမွေ့ပြီး နူးညံ့ပျော့ပျောင်းစေပါတယ်။ အရေးကြောင်းကင်းဖို့ အိုမီဂါ ၃ ဖက်တီးအက် ဆစ်ပါတဲ့ ငါးအဆီ၊ အခွံမာသီး၊ အစေ့အဆန်တွေ ကိုစားပေးသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ အဆီ (ဥပမာ […]

Knowledge

အသက် (၉၀) ဆယ်ကျော်အဖိုးတယောက်ရဲ့အလွယ်ကူဆုံးနဲ့ ကျန်းမာရေးဒေါင်ဒေါင်မြည်တဲ့ ဆေးနည်း..

အသက် ၉၀ ဆယ်ကျော်အဖိုးတယောက်ရဲ့အလွယ်ကူဆုံးနဲ ကျန်းမာရေးဒေါင်ဒေါင်မြည်တဲ့ ဆေးနည်း.. ” အသက်” လေးရယ်ရှည်စေလို မန်းတောင်ရိပ်ခိုတဲ့ အဲဒါသီချင်းပါ တကယ်မဟုတ်ပါဘူးတကယ်က ဒီလိုပါ။ ငှက်ပျောဖီးကြမ်း အမှည့်ကို အခွန်ပါအပါ ရေစင်အောင်ဆေး လိုက်ပါ။ ပြီရင် ဓား ထက်ထက်နဲ သင်တော်သလောက် ခပ်ပါးပါးလှီးပါ။ နေပူမှာ ဖန်ရုံလေးလှမ်းပီး မြေအိုး အသစ်ထည်းကို စီပီထည်ပါ။ ပြီးသွားရင်တော့ ပျားရည် စစ်စစ်ကို ထိုလှီးထည့်ထားသော ငှက်ပျောသီးအဖတ်လေးတွေအပေါ် ..မြုတ်တဲအထိ လောင်းထည့်ပြီး အဖုံးလုံအောင် ပြန်ပိတ်ပြီးထားပါ။ တပတ်လောက် ကြာသည်အထိ နေရောင်ရှိသောနေမှာ ထားပြီး နေစဉ် တနေ့ နစ်ဖတ် သုံးဖတ် မှီဝဲနိုင်ပါပြီ..း။ တကယ်ကို အသက်ရှည် ကျမ်းမာဆေးပါပဲ။ အသက်ရှည်နေတိုင်းလည်း ကျမ်းမာရေက မကောင်းမွန်နေကြဘူးမို့လား။ ဒီအတိုင်းသာ မိမိရဲ အဖိုးအဖွား မိဘ […]

Knowledge

တစ်ဧက စိုက်ထားရင် တစ်နှစ် ဝင်ငွေ သိန်း(၆၀) ရနိုင်တဲ့ လေချူသီးပင် စိုက်ပျိုးနည်း..

လေချူသီးပင် စိုက်ပျိုးနည်းစနစ် အပူပိုင်း အအေးပိုင်း၂မျိုးလုံး စိုက်ပျိုးနိုင်ပါတယ်။ အပင်စိုက်ရန် အကွာအဝေးမှာ ၁၃ ပေ × ၁၅ ပေ = ၂၀၀ ပင်/ဧက ၁၅ ပေ × ၁၅ ပေ = ၁၇၀ ပင်/ဧက ၂ ပေ ပတ်လည် ကျင်းတူးပြီး နွားချေး ၁ အိတ်မြေခံထည့် နှပ်ပေးရမည်။ ၃ နှစ်သားတွင် အသီးစသီးမည်။ ၃-၅ ပိသာ/တစ်ပင်အပင်ပြုစုပုံ ရေလောင်း ပေါင်းရှင်း မြေဩဇာကျွေးချင်း သဘာဝမြေဩဇာ မြေဆွေးကို မိုးဦးနှင့်မိုးနှောင်းတွင် ၂ ကြိမ် ကြွေးပေးရမည်။ ဓာတ်မြေဩဇာကို ၁ နှစ်လျှင် ၃ ကြိမ် တစ်ကြိမ် တစ်ပင်လျှင် နို့ဆီဗူး ၁-၅ အထိ […]

Health Care

အမျိုးသမီးများအသက် ကရမက်တဲ့ ကရမက်က ဘာတွေကောင်းလဲ?

အမျိုးသမီးများအသက် ကရမက်တဲ့ ကရမက်က ဘာတွေကောင်းလဲ “နံ့သာဖြူ နံ့ သာနီ အကျော်စမ္မာ ကရမက်ဆိုတဲ့ နံ့သာငါး မျိုးစာရင်းဝင်” ကရမက် အကြောင်းရှင်းပြပါရစေ ကရမက်ကအေးခါး အရသာနဲ့ အပူကို စုပ်ယူပေးနိုင် တဲ့ဆေးပါ ရေဓါတ်ခမ်းခြောက် အပူများလို့ဖြစ်လာတဲ့ ခန္ဓာကိုယ်တွင်းအောင်း ပူတွေဟာ အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ ပြတတ်ကြပါတယ်။ တစ်ချို့က အပူအစပ်စား အအေး‌သောက်လို့ မထွက်ရတဲ့ အခိုးတွေစုဖွဲ့ တာ တစ်ချို့က ကံ စိတ်ဥတု အာဟာရ တစ်မျိုးမျိုးကြောင့် အကြိတ် အဖု ရည်ကြည်အိတ်နဲ့ ဆီးအိမ်နားက စုဖွဲ့ပူလို့ ခြေဖဝါးကစူးတာမျိုး မီးယပ်အမျိုးမျိုးနဲ့ ရာသီသွေးဆုံးခါ နီးဖြစ်တဲ့ အရေပြားပေါ်က အကွက်တွေ ခန္ဓာကိုယ်ယားယံတာတွေ ပျောက်ကင်းစေ ပါတယ်။ ရေကိုဝအောင်ချိူး ပြီးရင် ကရမက်လေး ရေကြဲလေးလိမ်း အပူထွက်ပြီး […]

Health Care

အသက် (၃၀) ဝန်းကျင်အရွယ်မှာလည်း နုပျိုလှပနေစေဖို့ ဒါလေးတွေလုပ်ပါ.

” အသက် (၃၀) ဝန်းကျင်အရွယ်မှာလည်း နုပျိုလှပနေစေဖို့ ဒါလေးတွေလုပ်ပါ ” ဘယ်လောက်ပဲ အသက်တွေရလာပါစေ။ လူတိုင်း လှချင်ကြပါတယ်။ နုပျိုနေသူတစ်ယောက်အတွက်တော့ အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ။ အသက် ၃၀ ဆိုတာ တည်ငြိမ်ရင့်ကျက်တဲ့ အရွယ်အပိုင်းတခြားတစ်ခုဖြစ်သလို အလှပဆုံး အချိန်တစ်ခုဆိုလည်း မမှားပါဘူး။ အသက် ၃၀ ဝန်းကျင်မှာ သင့်ကို ပိုပိုပြီးလှနေစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ် ။ ၁။ ရေဓာတ်ဖြည့်တင်းပါ။ ရေကို သတိတရသောက်ပေးပါ။အနည်းဆုံး တစ်နေ့ ၈ ခွက်သောက်ပေးသင့်ပါတယ် ။ ၂။ လေ့ကျင့်ခန်းလုပ်ပါ။ အရမ်းပြင်းပြင်းထန်ထန်မဟုတ်ဘဲ ပုံမှန်လေးလုပ်သွားပေးပါ။တစ်နေ့ နာရီဝက် တစ်နာရီလောက် အချိန်ပေးသင့်ပါတယ်။ ၃။ အရက် ဘီယာ သောက်သုံးမှုကိုရှာင်ကျဉ်ပါ။ ၄။ တစ်နေ့ကို ၇ နာရီလောက် အိပ်ပေးပါ။ အိပ်ရေးမပျက်ပါစေနဲ့..။ […]

Knowledge

၀က်သားကို ဘယ်လောက်ကြိုက်ကြိုက် လုံးဝ မစားသင့်တဲ့ အစိတ်အပိုင်း (၅) ခု.

၀က်သားကို ဘယ်လောက် ကြိုက်ကြိုက် လုံးဝမစားသင့်တဲ့ အစိတ်အပိုင်း (၅) ခု- “အသီးမှာ သရက်၊ အသား မှာ ဝက်၊ အရွက်မှာ လက်ဖက်” ဆိုရိုးစကားအတိုင်း ဝက်သား ဟာ လူးတွေ နေ့စဉ်စားသုံးကြတဲ့ အသားတွေထဲမှာ အရသာရှိတဲ့ ထိပ်တန်းအသားတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဝက်သားရဲ့ အစိတ်အပိုင်း (၅) ခုကတော့ လူတွေ ရဲ့ ကျန်းမာရေး အတွက် အန္တရာယ်ရှိ နိုင်တာမို့ ဖြစ်နိုင်ရင် ရှောင်ကျဉ်ကြဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။ ဝက်ဟာ ခေါင်းဖျား ကနေ အမြီး ထိ အားလုံး စားလို့ရပေမယ့် မစားသင့်ပဲ ချန်လှပ် (သို့) သတိထားပြီး စား ရမယ့် အစိတ်အပိုင်း (၅) ပိုင်းကတော့ – ၁။ […]

Health Care

အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေကတော့နှုတ်ခမ်းသားလေးတွေကိုနူးညံ့လာစေတဲ့အပြင်ပန်းရောင်သန်းစေနိုင်တဲ့ သဘာဝနည်းလမ်း

ပန်းရောင်နှုတ်ခမ်းသားလေးရရှိဖို့အလွယ်ကူအထိရောက်ဆုံးသဘာဝနည်းလမ်း(၃)မျိုးနှုတ်ခမ်းသားခြောက်သွေ့ပြီးညိုနေလို့စိတ်ညစ်နေပါသလားအခုတလောခေတ်စားနေတဲ့matte နှုတ်ခမ်းနီတွေနဲ့၊အခြားနှုတ်ခမ်းနီတွေကနှုတ်ခမ်းသားကို ခြောက်သွေ့စေပါတယ်။အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေကတော့နှုတ်ခမ်းသားလေးတွေကို နူးညံ့လာစေတဲ့အပြင်ပန်းရောင်သန်းစေနိုင်တဲ့သဘာဝနည်းလမ်းလေးတွေဖြစ်ပါတယ်(၁)သံပုရာသံပုရာကိုအမဲစက်တွေလျော့နည်းစေဖို့ အသုံးပြုကြသလိုနှုတ်ခမ်းသားညိုတဲ့သူတွေအတွက်လည်းအထူးကောင်းမွန်ပါတယ်ညိုနေတဲ့နှုတ်ခမ်းသားတွေကိုသဘာဝအတိုင်းပန်းရောင်သမ်းလာစေပါတယ်အသုံးပြုနည်းသံပုရာသီးကိုအရည်ညှစ်ပြီးအိပ်ရာမဝင်ခင်နှုတ်ခမ်းပေါ်ကို လိမ်းပေးပါဒီရိုးရှင်းတဲ့နည်းလေးကိုတစ်လလောက်ပုံမှန်လေးလုပ်ပေးပါ။နောက်တစ်နည်းကတော့သံပုရာခြမ်းလေးကိုသကြားတို့ပြီးနှုတ်ခမ်းသားကိုပွတ်ပေးပါအဲလိုလုပ်ပေးခြင်းဟာဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီးနှုတ်ခမ်းသားလေးကို အသစ်ပြုပြင်ပြောင်းလဲပေးပါတယ်သုံးပတ်လောက်ပုံမှန်လုပ်ပေးပါ။နောက်တစ်နည်းကတော့သံပုရာရည်၊အလှဆီနဲ့ပျားရည်တို့ကိုဆတူရောစပ်ပြီးညအိပ်ခါနီးတိုင်းပုံမှန်လိမ်းပေးပါထူးခြားမှုကိုအမြန်ဆုံးတွေ့ရမှာပါသံလွင်ဆီဟနှုတ်ခမ်သား ကိုဖူးဖူးလေးနဲ့တောက်ပစေတဲ့သဘာဝပစ္စည်းဖြစ်ပါတယ်သံလွင်ဆီဟာသင့်နှုတ်ခမ်းသားတွေကိုအစိုဓာတ်ဖြည့်ပေးပြီး ပျော့ပျောင်းနူးညံ့လာစေမယ့်မရှိမဖြစ်အဆီတစ်မျိုးဖြစ်ပါတယ်အသုံးပြုနည်းသံလွင်ဆီနဲ့သကြားကိုရောပြီးသင့်ရဲ့ နှုတ်ခမ်းကိုပွတ်ပေးပါ။တစ်ပတ်လောက်ကြာရင်ထူးခြားကောင်းမွန်တဲ့ရလဒ်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်လို့homeremediesကဖော်ပြပေးထားပါတယ်သကြားဟာသင့်နှုတ်ခမ်းပေါ်ကဆဲလ်သေတွေကိုအလွှာလိုက်ကွာကျစေနိုင်တဲ့သဘာဝ ပစ္စည်းကောင်းတစ်လက်ဖြစ်ပါတယ်။အသုံးပြုနည်းသကြားနဲ့ထောပတ်ကိုပျစ်ပျစ်လေးရောလိုက်ပါရလာတဲ့အနှစ်နဲ့ နှုတ်ခမ်းသားကိုပွတ်လိမ်းပေးပါတစ်ပတ်ကိုတစ်ခါလောက်လုပ် ပေးခြင်းဖြင့်သင့်နှုတ်ခမ်သားလေးစိုပြေပြီးပန်းရောင်သမ်း လာမှာဖြစ်ပါတယ်တခြားနည်းကတော့သကြားကိုသင်သုံးနေကျcreamတစ်ခုခုနဲ့ရောပြီးအိပ်ရာမဝင်ခင်တိုင်နှုတ်ခမ်းသားကိုပွတ်လိမ်းပေးခြင်းဖြင့်ထူးခြားကောင်းမွန်တဲ့ရလဒ်ကို တွေ့မြင်ရမှာပါ။ Credit