ခြူးလေးဆိုတာနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ နိုင်ငံကျော် မင်းသမီးလေးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ဇာတ်လမ်းတွဲလေးတွေကနေတစ်ဆင့် ပရိသ တ်တွေ ချစ်တဲ့သူတစ်ယောက် အဖြစ် ရပ်တည်လာခဲ့တာပါ။ အနုပညာအလုပ်တွေကိုလည်း အရင်ကထက် ပိုပြီးကြိုးစားလာတာကြောင့်လည်းအားလုံးက အချစ်တွေ ပိုလာခဲ့တာြ ဖစ်ပါတယ်။လူမှုကွန်ရက်ကနေလည်း ပရိသတ်တွေအတွက် video လေးတွေ အမြဲတင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုမှာ ခေါင်းဆောင် မင်းသ မီးနေရာကနေ ပါဝင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ပြဿနာတွေဖြစ်နေခဲ့တာပါ။ သူမဟာ ခေါင်းဆောင်မင်းသမီးဖြစ်ပေမယ့် သူမရဲ့နာမည်ကို နောက်ပို့ခံလိုက်ရတာ ဖြစ်ပါတယ်။ဒါကြောင့် အဆိုပါ ဇာတ်လမ်းတွဲမှာ ပါဝင်မရိုက်ကူးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတ ယ်။ လူမှုကွန်ရက်တွေမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ အတော်လေးကို ဟော့နေခဲ့တာပါ ခြူးလေးကလည်း အဆိုပါ […]
Month: February 2023
ငွေကြေးနဲ့ ပတ်သက်လာရင် လူအများစု ပြုလုပ်တတ်တဲ့ အမှား (၅) ခု..
ငွေကြေးနဲ့ ပတ်သက်လာရင် လူအများစု ပြုလုပ်တတ်တဲ့ အမှား (၅)ခု ကိုယ်ပိုင်ငွေကြေးကို ကိုင်တွယ်စီမံရတဲ့ အခါ ဘယ်လောက်ပဲ ပိုက်ဆံရှာနိုင်နေပါစေ မထင်မှတ်ထားတဲ့ အခြေအနေတွေ၊ လူအများစုရဲ့ချို့ယွင်းချက်တွေကြောင့် ပိုက်ဆံ စုဆောင်းဖို့က နောက်ဆုတ်နောက်ဆုတ် သွားတတ်ပါတယ်။ အခုလို အခြေအနေဟာ ပင်စင်ယူဖို့ အချိန် နီးလာလေလေ ပိုပြီး ဆိုးကျိုးတွေ သက်ရောက်လာစေနိုင်လေလေပါပဲ။ အိုဇာတာ ကောင်းဖို့အတွက် ဘယ်လိုပုံစံမျိုးတွေနဲ့ ငွေရေးကြေးရေးကို ကိုင်တွယ်ရမလဲဆိုတာကို အခုပဲ ပြောပြပေးချင်ပါတယ်။ ၁။ အကူအညီ တောင်းခံဖို့ကို ဝန်မလေးပါနဲ့ မာနတွေကြီးပြီးတော့ အရာရာကို ကိုယ့်ဘာသာ လုပ်မယ်ဆိုပြီး ကြိုးစားခြင်းက ဆုံးဖြတ်ချက် အမှားတွေကို မဆင်မခြင် ချမှတ်လိုက်နိုင်ပါတယ်။ ဝန်မနိုင်ဘဲနဲ့ ကိုယ့်ဘာသာပဲ အရာရာ လုပ်လိုက်ရာကနေ မနိုင်မနင်းတွေ ဖြစ်လာနိုင်လို့ စောစောစီးစီးကတည်းက သိနားလည် တတ်ကျွမ်းသူတွေကို […]
သနပ်ခါးလူးလေ့ရှိသူတိုင်း သိထားသင့်သည့် သတိပြုဖွယ် အချက်တချို့…
မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီးသနပ်ခါး တုံးသွေးထည့်လိုက်တာပဲအဲသလိုလုပ်လို့မရပါဘူး ။ ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ်ပထမဦးဆုံးအသုံးမပြု့ခင်မှာ ဝယ်လာတဲ့ကျောက်ပျဉ်ကိုရေစင်စင်ဆေးပြီး ကျောက်ပျဉ်ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါ ။ နောက်တစ်ရက်မှာနနွန်းတက်နဲ့ + ဆားနဲ့ကိုသွေးပြီးတစ်နေကုန်နေလှမ်းထားရပါတယ်ဆီခြောက်တော့မှ … သနပ်ခါးကျောက်ပျဉ်ကိုရေထပ်ဆေးပြီးမှမိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ်ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ်အရာထင်နေပါတယ်တဲ့ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့ မေမေပြောပြတယ်ကျောက်ပျဉ်ပေါ်သနပ်ခါးသွေးတာလေ့ကျင့်ခန်းတစ်ခုလုပ်တာနဲ့တူတူပဲတဲ့ဒါပေမဲ့ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲ မိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာမှာထားပြီးသွေးရမယ်တဲ့သနပ်ခါး ကိုအားစိုက်သွေးနေရတော့လေ့ကျင့်ခန်းလုပ်နေတယ်လို့မထင်ရပေမဲ့နှစ်နဲ့ချီပြီးနေ့စဉ်သွေးနေရတော့လက်မောင်းကြွက်သွားတွေက ပိုပြီးသန်မာတယ် … ပျော့ပြီးရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့ဘယ်ညာတော့လှည့်သွေးပေါ့တဲ့ ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အ(အဖွားပြောပြတာလို့ပြောတယ် … ။ မေဇင် Zawgyi သနပ်ခါးလူးလေ့ရှိသူတိုင်း သိထားသင့်သည့် သတိပြုဖွယ် အချက်တချို့ မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် […]
မိန်းမတစ်ယောက်က ဘယ်လိုအချိန်မျိုးမှာ သူ့လက်တွဲဖော်နဲ့ ညှိမရနှိုင်းမရ၊သဟဇာတမဖြစ်တော့ဆုံးလဲ..
မိန်းမတစ်ယောက်က ဘယ်လိုအချိန်မျိုးမှာ သူ့လက်တွဲဖော်နဲ့ ညှိမရနှိုင်းမရနဲ့ သဟဇာတမဖြစ်တော့ဆုံးလဲ သိလား ? ဥပေက္ခာတွေနဲ့ နေသားကျသွားတဲ့ အချိန်ပဲ ။ အချစ်ကို လိုနေချိန်မှာ အချစ်မခံရတဲ့ မိန်းမ၊ နွေးထွေးမှုကို တောင့်တနေချိန်မှာ အေးတိအေးစက် ဆက်ဆံခံရတဲ့မိန်းမ ၊ ဂရုတစိုက်နဲ့ ကြင်နာတာတွေကို မျှော်လင့်နေချိန်မှာ လျစ်လျူရှုခံခဲ့ရတဲ့ မိန်းမ ၊ အဲ့လိုမိန်းမတွေ အေးစက်သွားတဲ့အခါ ယောက်ျားတွေ မာကျောပါတယ် ဆိုတာထက် ပိုပြီး ကြောက်ဖို့ ကောင်းသွားတတ်ပါတယ် . . .။ သူတို့လိုအပ်နေချိန်မှာ သူတို့လိုအပ်ချက်တွေကို မျက်ကွယ်ပြုခံလိုက်ရတဲ့ အတွက် မချစ်တတ် မကြင်နာတတ်တဲ့ဘဝမှာ နေသားကျသွားတဲ့ အချိန်က ကြောက်စရာ အကောင်းဆုံးပါပဲ။ သူတို့အေးစက်သွားတဲ့အချိန်မှ လာပြီး ကြင်နာပြ ချစ်ပြနေရင် အပိုတွေ လာလုပ်ပြနေတယ်၊ ဘာတွေလဲ စိတ်ရှုပ်လိုက်တာ […]
နှစ်သက်မိသော စကား ၇ ခွန်း..
နှစ်သက်မိသော စကား ၇ ခွန်း..” (၁) တောင်းပန်ပါ ကိစ္စတစ်ခုခုကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ခုကြပြီဆိုရင် ကိုယ်ကအရင်စပြီး တောင်းပန်လိုက်ပါ။ သူ့ကို ကိုယ်တောင်းပန်လိုက်တာက အောက်ကျတယ်၊ ကိုယ်မမှားဘူးဆိုတာထက်ကိုယ်တွေကြားကဆက်ဆံရေးကို တန်ဖိုးထားခြင်းအတွက် လုပ်ဆောင်တာပါလို့ ခံယူလိုက်ပါ။ (၂) ချစ်ခင်မြတ်နိုးပါ ပြီးပြည့်စုံတဲ့သူတစ်ယောက်ကိုရှာဖွေလက်တွဲမှချစ်ခြင်းလို့မည်တာမဟုတ်ပါဘူး။လူတိုင်းကပြီးပြည့်စုံလှပနေတာ မရှိပါဘူး။ မပြည့်စုံတဲ့ လူတစ်ယောက်ကို ကိုယ့်ရဲ့ ပြီးပြည့်စုံတဲ့ မျက်လုံးတစ်စုံနဲ့ကြည့်ရှုပြီးချစ်ခင်စုံမက်ပါ။ (၃) တည်ငြိမ်ပါ လူတစ်ယောက်ကို တစ်သက်လုံးမပြောင်းလဲပဲ ချစ်ဖို့ဆိုတာ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်လူတစ်ယောက်ကို ချစ်ခင်နေတဲ့အချိန်မှာတော့ မပြောင်းလဲတဲ့ စိတ်ထားနဲ့ ချစ်ပါ။ (၄) အဆင့်တန်းမြင့်စွာနေထိုင်ပါ လူတစ်ယောက်ရဲ့ အဆင့်တန်းကို သူ၀တ်ဆင်ထားတဲ့ Branded အသုံးဆောင်တွေနဲ့ မဆုံးဖြတ်ပါနဲ့ ။ ပင်ကိုစရိုက်ကြောင့် ဖြစ်ပေါ်လာတဲ့ သွင်ပြင်နဲ့ အဆင့်တန်းကို ဆုံးဖြတ်ပါ။ (၅) […]
အဖျားနှစ်ခွဖြစ်ပြီး ပျက်စီးနေတဲ့ ဆံပင် အတွက် ရှားစောင်းလက်ပပ် နဲ့ အုန်းဆီကို ရောသုံးနည်း.
အဖျားနှစ်ခွဖြစ်ပြီး ပျက်စီးနေတဲ့ ဆံပင် အတွက် ရှားစောင်းလက်ပပ် နဲ့ အုန်းဆီကို ရောသုံးနည်း.. အားလုံးပဲမင်္ဂလာပါနော်။ မိန်းကလေး နူးညံ့ဖြောာင့်စင်းတဲ့ ဆံကေသာကို လိုချင်ကြပါတယ်။ ဆံကေသာကို သင့်တော်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်တာဟာ ပြီပြည့်စုံပြီး လှပတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်ချင်တာကြောင့်ပါပဲ။ အခုဒီစာကိုဖတ်နေတဲ့ စာဖတ်သူတို့ရဲ့ ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းပြီး.. အဖျားနှစ်ခွတွေဖြစ်နေတယ် ပျက်စီးနေတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို လိုက်လုပ်ပေးဖို့ အကြံပြုပါရစေနော်။ ပါဝင်ပစ္စည်း ရှားစောင်းလက်ပပ် အုန်းဆီ ပြုလုပ်နည်း အရင်ဆုံး ရှားစောင်းလက်ပပ်တစ်ခတ်ကို ရေသေချာဆေးလိုက်ပြီး ဘေးနားက အဆူးလေးတွေကို လှီးလိုက်ပါ။ ပြီးရင်တော့ အလယ်ကနေ ထက်ခြမ်းခြမ်းပေးလိုက် ပါ။အခွံမခွာပါနဲ့။ပြီးရင်ပြဲအောင်လုက်လိုက်ပြီး အုန်းဆီနဲ့ ရောလိုက်ပါ။ အဲဒါပြီးရင်တော့ ဆံကေသာနဲ့ ဦးရေပြားပေါ် နှံ့စပ်အောင်လိမ်းပေးလိုက်ပြီး မိနစ် ၂၀ ၊ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ပျော့ဆေး၊ ပေါင်းဆေးထည့်ပေးဖို့မမေ့ပါနဲ့။ […]
ပျိုမေတို့မျက်နှာလေးက နုဖတ်နေတာပဲလို့ အပြောခံချင်သူများအတွက် ကိုယ်လိမ်းနေကျ ထောပတ်စေ့..
Benefits of avocado seeds for face. မျက်နှာလေးက နုဖတ်နေတာပဲလို့အပြောခံချင်ချင်သူများအတွက်ကိုယ်လိမ်းနေကျ ထော ပတ်စေ့အကြောင်းလေးပါအချိန်ရရင်ဖတ်ကြည့်ပေးစေချင်ပါတယ်။ မနေ့ကကိုယ့်အကိုတစ်ယောက်နဲ့video call ပြောရင်းဒီပို့စ်လေးရေးဖို့စိတ်ကူးရတယ်ဆိုပါတော့ကိုယ့်အကိုအမတွေကိုကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်။ ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ့်အကိုအမတွေထဲမှာမျက်နှာမှာအဆီဖုလေးတွေတင်းတိပ်မှဲ့ခြောက်ဝက်ခြံနဲ့မျက်နှာအရေးအကြောင်းထင်တာတွေတော်တော်များများတွေ့ရလို့ပါထောပတ်စေ့အကြောင်းလေးမပြောခင်ကိုယ့်အကြောင်းကိုအရင်ပြောပါစေ ကိုယ်ကတောသူပီပီ နယ်မှာနေတဲ့တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ်ရန်ကုန်ရောက်ပြီး၃နှစ်ကျော်ကာလလေးအတွင်းမှာ ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ဘဲလာပေါ်ပြီးတဲ့နောက်မှစုစုပေါင်း၂ကြိမ်ရယ်ပါဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာ အဆင်ပြေလို့ပါ ကျန်တဲ့ရုံးချိန်တွေမှာတော့ သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီးပွဲတွေရှိတဲ့အခါနဲ့စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့Cosmetics တွေယူလိမ်းပါတယ် ။ သနပ်ခါးပဲလိမ်းလိမ်းမိတ်ကပ်ပဲလိမ်းလိမ်းညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ။ ဝယ်ရတာလဲလွယ်ကူသလိုအကုန်အကျလဲနဲတာမို့ နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ် ။ ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါအတွင်းသားလေးတွေယူလိုက်ရင်အထဲကအစေ့လေးကျန်ပါမယ်။ လူအများစုကဒီထောပတ်စေ့တွေကိုဘယ်ဈေးကြီးတဲ့ Cosmeticsမှဝယ်သုံးစရာမလိုပဲကိုယ်တို့မျက်နှာကိုအများကြီးလှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ် အဲဒီအစေ့ကိုမလွှင့်ပစ်ပဲအရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကိုစင်အောင်ရေဆေးပေးရပါတယ်ပြီးရင် သူ့ကိုနေလှမ်းထားလိုက်ပါ။ ၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါဖယ်ပစ်လိုက်ပါဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေးအလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီးအရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ၃ပတ်နဲ့၄ပတ်ဝန်းကျင်လောက်လှမ်းရပါမယ် တခါတလေအပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့အတွင်းအစိုဓာတ်မကုန်သေးရင်လိမ်းလို့မရသေးပါဘူး။ လုံးဝခြောက်သွားပြီဆိုရင်တော့ညတိုင်းအိပ်ခါနီးတိုင်းခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီသူ့မှာသနပ်ခါးနဲ့တူတာတခုကကိုယ်တို့သနပ်ခါးတုံးမှာ အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါအတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲသူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက်အသားကိုပိုချောပြီးဝင်းပြောင်စေတယ် ကိုယ်တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာအဖုလေးတွေထွက်ရင်အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။ ယုံမလားတော့မသိဘူးအရမ်းသိသာတာတခုကအဆီဖုလေးတွေပါ။ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့တခါတလေအဆီဖုလေးတွေထွက်တတ်ပါတယ်ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့မျက်နှာကိုတခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူး..။ ကိုယ်မျက်နှာမှာ ထွက်သမျှဘာပဲလာလာ ထော […]
အိမ်ရှင်မများအထူးသတိထားသင့်တဲ့ အန္တာရာယ်ရှိသော ကျောက်ငရုတ်ဆုံ (ကျောက်ကျည်ပွေ့) အကြောင်း
အိမ်ရှင်မများအထူးသတိထားသင့်တဲ့ အန္တာရာယ်ရှိသော ကျောက်ငရုတ်ဆုံ (ကျောက်ကျည်ပွေ့)အကြောင်း မြို့မြို့တောတော အိမ်တိုင်း၏ မီးဖိုချောင်တွင်မရှိ၍မဖြစ်သော ငရုတ်ဆုံများမှာ ရှိနေတတ် ကြလေသည် ငရုတ်သီး အထောင်းများ၍လည်း ငရုတ်ဆုံဟုတွင်ကျယ်စွာခေါ်ဝေါ် ကြခြင်းဖြစ်သည် ခရမ်းချည်သီးခရမ်ခရမ်းသီး တို့ကိုလည်းငရုတ်ဆုံတွင်ထည့်ထောင်း၍ ငရုတ်သီးနှင့်ရောဖျော်၍ စားသုံး ကြပါသည်ဆူးပုတ်ရွက်ထောင်း ဟူ၍လည်း စားသုံးကြပါသည် ကျောက်ငရုတ်ဆုံ ကျောက်ကျည်ပွေ့ သံကျည်ပွေ့ တို့သည်အန္တရာယ်များကြောင်းကို သိသူရှားပါးမည် ဟုထင်ပါသည် မည်သည့် ဟင်းလျှာ အစားစား ကိုဖြစ်စေ ကျောက်ငရုတ်ဆုံထဲတွင် ကျောက်ကျည်ပွေ့ သံကျည်ပွေ့များဖြင့် ထည့်၍မထောင်းရပေ ကျမ်းမာရေးအတွက် အလွန်အန္တရာယ်များလေသည် ကျောက်ငရုတ်ဆုံကို ကျောက်ကျည်ပွေ့သံကျည်ပွေ့များဖြင့်ထောင်းသည်ဖြစ်၍ အထောင်းခံရသော ကျောက်ငရုတ်ဆုံမှကျောက်မှုန့်များ ထွက်လာပါသည် ထိုကျောက်မှုန်များသည် ဟင်လျှာ အသီးအရွက် ေ ထာင်းများနှင့်ရောသမသွားကာစားသုံးသူများ၏ဝမ်းဗိုက် အတွင်းဆီသို့ရောက်သွားပါတော့သည် *အစာအိမ်ရောဂါ အသေအခြာခံရမည်မှာမလွဲတော့ပေ*တဦးတယောက်တွင် သာမက မိသားစုအားလုံးပါ အစာအိမ်ဝေဒနာခံကို စားရမည်ဖြစ်ပါသည် အမှန် […]
သွေးတိုးခြင်းကို မိနစ်ပိုင်းအတွင်း သက်သာစေမည့် နည်းလမ်းများ.
သွေးတိုးခြင်းကို မိနစ်ပိုင်းအတွင်း သက်သာစေမည့် နည်းလမ်းများ သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါ၍ ချက်ချင်း ဆေးရုံဆေးခန်းသွားပြဖို့ အဆင်မပြေပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုပ်နိုင်ကြပါတယ်။ (၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညှစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သောက်လိုက်ပါ။သွေးတိုး ချက်ချင်း သက်သာသွားစေပါတယ် (၂) သံပုရာသီးကို ခွဲပြီး အစေ့ ၅ စေ့ခန့် ဝါးစားလိုက်ပါ။ သွေးတိုးချက်ချင်း သက်သာပါလိမ့်မည်။ (၃) သံပုရာသီး မရှိပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါတယ်။ (၄) ဗန်ဒါ ရွက်အနု ၃၊ ၄ ရွက်ခန့်ကိုရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို […]
သိပ်ကောင်းတဲ့စာလေးပါ ခုခေတ်ကလေးတွေကို ဖတ်ပြစေချင်ပါသည်.
သိပ်ကောင်းတဲ့စာလေးပါ။ ခုခေတ်ကလေးတွေကို ဖတ်ပြစေချင်ပါသည်..” “ထီးမပါတဲ့ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်ပါတယ်”“ဟုတ်ပါတယ်”ထီးမပါတဲ့ကလေးဟာ မိုးထဲလေထဲမှာ ပိုအပြေးမြန်တတ်ပါတယ်” တစ်ခါက တရုတ်နိုင်ငံတွင် ဖခင်ဖြစ်သူ သက်ပြင်းတစ်ချက်ချလိုက်ပါတယ်။ ချေးယူလာတဲ့ ၄၅၃၃ ယွမ် ( ကျပ်ငွေ ဆယ်သိန်းခန့် ) သားလက်ထဲထည့်ပေးလိုက်ပါတယ်။ သားဖြစ်သူ အဲဒီပိုက်ဆံကို တုန်တုန်ရရင်ရင်နဲ့ လက်ခံလိုက်ပါတယ်။ သားဖြစ်သူ သိလိုက်တယ်။ ကျောင်းလခ ယွမ်ငွေ ၄၁၀၀ ကျပ်သွင်းပြီးရင် စားဖို့နေဖို့အတွက် ၄၃၃ ယွမ်သာကျန်ပါတော့မယ်။ ဘယ်လိုခရီးဆက်သွားရမလဲ။ ဖခင်ဖြစ်သူ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပြီးပြီဆိုတာ သူကောင်းစွာနားလည်ပါတယ်။ ပိုက်ဆံရစရာလမ်း ဒီထက်မပိုနိုင်တော့ဘူးဆိုတာ သူကောင်းကောင်းသိပါတယ်။ “ဖေဖေ စိတ်ချပါ။ ကျနော့မှာ ခြေတွေလက်တွေ ရှိပါသေးတယ်။” အဖေ့ကို ပြန်နှစ်သိမ့်ရပါတယ်။ ၀မ်းနည်းပူဆွေးပေမဲ့ အတတ်နိုင်ဆုံး ဖခင်ဖြစ်သူကို သူပြုံးပြီးနူတ်ဆက်ပါတယ်။ နူတ်ဆက်ပြီးတာနဲ့ အိမ်ထဲကနေ တစ်ချိုးတည်း […]









