အချစ်ဆိုတာ လူတစ်ယောက်ချင်းစီအလိုက် ခံယူပုံချင်းကွဲပြားနိုင်ပါတယ်။ တစ်ချို့တွေက အချစ်ကို ထုတ်ဖော်ပြသတတ်ကြပေမယ့် တစ်ချို့တွေကတော့ အချစ်ကိုထုတ်မပြကြပါဘူး။ ဖွင့်မပြောပေမယ့် အဝေးကနေ သင့်ကိုချစ်နေတဲ့သူတွေရှိနိုင်ပါတယ်။ သင့်ရဲ့ Ex ဒါမှမဟုတ် သင့်သူငယ်ချင်း၊ သင်မသိတဲ့သူ စသဖြင့် ဘယ်သူမဆိုဖြစ်နေနိုင်ပါတယ်။ အဝေးကနေသင့်ကိုချစ်နေတဲ့သူမှန်း သိနိုင်မယ့်အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။ (၁) သင့်ကိုမနာကျင်စေချင်ဘူး လူတစ်ယောက်ဟာ သင့်ကိုမနာကျင်စေချင်ဘူးလို့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားတွေကို သင့်ကိုပြောနေတယ်ဆိုရင်တော့ ဒါဟာ သင့်ကိုချစ်လို့ပါ။ အကြောင်းကတော့ရှင်းပါတယ်။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို မနာကျင်စေချင်ပဲ သူကောင်းဖို့ကိုပဲ လိုလားပေးတတ်ကြတာ သဘာဝပါပဲ။ (၂) ချစ်သူမရှိဘူး လူတစ်ယောက်က ကိုယ့်ကိုချစ်နေတယ်ဆိုတာကို မသိစိတ်ထဲကနေ အလိုလို သိနိုင်ပါတယ်။ မသိစိတ်ကအလိုလို သိနေတဲ့အပြင် နောက်ထပ်သေချာတဲ့အချက်ကတော့ အဲဒီ့လူမှာ ချစ်သူမရှိတာပါပဲ။ လူတစ်ယောက်ဟာ သင့်ကိုချစ်တဲ့အရိပ်အယောင်တွေပြတယ်၊ ချစ်သူလည်းမရှိဘူးဆိုရင်တော့ သေချာပါတယ်။ သင့်ကိုအဝေးကနေ ချစ်နေတာပါ။ […]
Month: January 2021
“အမျိုးသမီးတွေ အသက်ရလာရင် ဖြစ်လေ့ရှိတဲ့ အရိုးပွရောဂါကို ဒီနည်းလမ်းတွေနဲ့ ကာကွယ်ထားပါ”
ခန္ဓာကိုယ်ဖွဲ့စည်းပုံ အရရော၊ သဘာဝအရပါ အမျိုးသမီးတွေဟာ အသက်ကြီးလာရင် အမျိုးသားတွေထက် အရိုးပါး အရိုးပွရောဂါ ဖြစ်နိုင်ချေပိုများပါတယ် …. အရိုးပါး အရိုးပွ ရောဂါဖြစ်လာရင် ကုသရ ခက်ခဲတာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ပျိုမေတို့ ကိုယ်တိုင်လည်း ဖတ်သင့်ပြီး မေမေတို့ကိုလည်း ဒီနည်းအတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလိုက်ပါနော် …. ။ (1) ဆားစားသုံးမှုကို လျှော့ချပါ တစ်နေ့တာ အစားအသောက်ထဲမှာ ဆားပမာဏ များလွန်းတာက အရိုးဆဲလ်တွေကို တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပြီး အရိုးပါး အရိုးပွတာကို စောစောစီးစီး ကြုံတွေ့လာနိုင်ပါတယ် … ။ (2) ပရိုတင်းနဲ့ ကယ်လ်စီယံကို လုံလောက်အောင်စားပါ ပရိုတင်းဓာတ်က အရိုးသိပ်သည်းမှု ကောင်းစေတာကြောင့် နေ့တိုင်းနေ့တိုင်းမှာ အသားကို လုံလုံလောက်လောက် စားပေးရပါမယ်။ အသားမကြိုက်ဘူး […]
လူတစ်ယောက်ကို လိုတာထက်ပိုပြီးချစ်မိသွားတဲ့အခါ
လူတစ်ယောက်ကို လိုတာထက်ပိုပြီးချစ်မိသွားတဲ့အခါ သူတို့ မင်းကိုတန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး လူတစ်ယောက်ကို လိုတာထက်ပိုပြီးသည်းခံမိတဲ့အခါ သူတို့ မင်းကိုအလျော့ပေးရကောင်းမှန်း မသိကြတော့ဘူး လူတစ်ယောက်ကို လိုတာထက်ပိုပြီးမေတ္တာထားမိတဲ့အခါ သူတို့ မင်းကိုဂရုစိုက်ရကောင်းမှန်း မသိကြတော့ဘူး လူတစ်ယောက်ကို လိုတာထက်ပိုပြီးသံယောဇဉ်ဖြစ်မိတဲ့အခါ သူတို့ မင်းကိုအလေးထားရကောင်းမှန်း မသိကြတော့ဘူး တစ်ခါတစ်လေတော့လဲ ကိုယ်ကသာ ကိုယ်စိတ်ထဲရှိတဲ့အတိုင်း ဆက်ဆံပေးနေတာ တစ်ချို့သောလူတွေက ကိုယ်သာမာန် ဆက်ဆံပေးနေတဲ့ အပြုအမူတွေ ခံစားချက်တွေနဲ့တောင် မတန်အောင်တုန့်ပြန်ကြတယ် အဲဒီအခါ ကိုယ့်မှာ ရင်နင့်အောင်ခံစားရပြီး စိတ်တွေပူလောင်ရတယ် ငါဘာတွေမှားနေလို့လဲဆိုပြီးတော့..။ တကယ်က ကိုယ်က သူတို့လိုတာထက် ပိုပေးမိနေတာ။ မလိုပဲ ပိုတဲ့အရာတွေက အမှိုက်ဖြစ်သွားကြတာချည်းပါပဲ။ ကိုယ့် ဒုက္ခကိုယ်ရှာမိသလို ဘယ်သူမပြု မိမိမှုပါပဲနော် ဒါကြောင့် ဘယ်သူကိုမှ လိုတာထက်မပိုပါစေနဲ့ပိုခဲ့ရင်လဲ သိအောင်မလုပ်ပါနဲ့ ကိုယ်ကပိုပြလေသူက အနိုင်ယူလေ ဖြစ်နေတတ်ပါတယ် လူတစ်ချို့ကလိုတာထက်ပိုပြီး ဆက်ဆံပေးတာနဲ့မတန်ကြဘူးလေ..💔 […]
ထီပေါက်လာတ်ပွင့်ငွေဝင်ဈေးရောင်းကောင်းသောအစီရင် …
လာတ်ပွင့်ငွေဝင်ဈေးရောင်းကောင်းသောအစီရင်ကို တင်ပြမျှဝေပေးလိုက်ပါတယ် ပြုလုပ်နည်း ခြေလက်ဆေးကြောသန့်စင်ပြီးဖယောင်းတိုင် အတုတ်၁တိုင်ကိုအထက်မှအောက်သို့ ဝလုံး ၉လုံးရေးပါ။ မှင်ကုန်သောဘေပင်ဖြင့်ရေး(မှင်ထင်ရန်မလိုပါ)ပြီးလျှင် အောက်ပါဂါထာဖြင့် ၉ခေါက် သိဒ္ဓိတင်ရမည်။ ဂါထာ ဘဂဝါ ဣစ်ဆန်တေ သိဒ်ဓိယာ ဣစ္ဆိတံ မဟာလာဘံ ဒေတု မေ ဇယမဂင်္လံ။ အထက်ပါ ဖယောင်းတိုင်ကိုမည်သည့်အချိန်မဆို စတင်ပြုလုပ်ထားနိုင်ပါသည်။ ထိုဂါထာဖြင့် သိဒ္ဓိတင်ပြီးနောက်ထိုဖယောင်းတိုင် ထွန်းရမည့်အချိန်သည်။တနင်္လာနေ့ ည၉း၁၅ အချိန်နှင့်ကြာသာပတေးနေ့နေ ညရး၁၅ အချိန်(ဘုရားဆောင်မှာလည်း မီးထွန်းပူဇော်နိုင်သည်ဈေးဆိုင်ကောင်တာ/စားပွဲများ၌လည်း ထွန်းနိုင်သည်) ဖယောင်းတိုင်ထွန်းပြီးလျှင်လည်းထိုဂါထာကို (၉)ခေါက်ထပ်ရွတ်ပြီးလာတ်လာဘတွေ/ငွေဝင်ပါစေဟု ဆုတောင်းပါ။ ၃ပါတ် ၃ကြိမ်အထိ ပြုလုပ်ပေးပါက (၁)ဈေးရောင်းဝယ်ကောင်းခြင်း (၂)ငွေကြေးလာတ်လာဘ ဝင်ခြင်း (၃)လုပ်ငန်းအောင်မြင်ခြင်း (၄)အကြွေးတောင်းကောင်းခြင်း (၅)အကူညီပေါများခြင်း (၆)ထီ/ချဲစသည် ကံကောင်းခြင်း စသည့်အကျိုးကျေးဇူးတွေ ရရှိပါမည်။ အားလုံးငွေကြေးလာတ်လာဘပေါများကြပါစေ။ Unicode, ထီပေါက်လာတ်ပွင့်ငွေဝင်စျေးရောင်းကောင်းသောအစီရင် လာတ်ပွင့်ငွေဝင်စျေးရောင်းကောင်းသောအစီရင်ကို တင်ပြမျှဝေပေးလိုက်ပါတယ် ပြုလုပ်နည်း […]
သူငယ်ချင်း အရင်းကြီးတွေသာ အချင်းချင်း သိကြတဲ့ အချက် (၁၀) ချက်
ဘဝမှာ သူငယ်ချင်းကောင်းတစ်ယောက် ရှိထားရင်တောင် သင်က ကံကောင်းတဲ့သူ ဖြစ်ပါတယ်။ သူငယ်ချင်း အရင်းကြီးတွေဆိုတာ ဘယ်လောက် အဖိုးတန်လဲဆိုတာကို သူငယ်ချင်းရှိရင် သိမှာပါ။ သူငယ်ချင်း အရင်းကြီး မရှိထားရင် သင်က ဒီအချက်တွေကိုလည်း နားလည်မှာ မဟုတ်ပါဘူး။ သူငယ်ချင်းအရင်းကြီးတွေမှပဲ ဒီအချက်တွေကို နားလည်တာပါ။ (၁) စကားလုံးတွေထက် ပိုတယ် တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့ စကားတွေနဲ့ ပြောပြဖို့ မလိုပါဘူး။ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တာနဲ့ ဘာဖြစ်တယ်ဆိုတာကို နားလည်တာက သူငယ်ချင်း ဖြစ်ခြင်းကြောင့်ပါပဲနော်။ (၂) နေ့တိုင်း ပြောနေဖို့ မလိုဘူး စကားတွေ ပြောမနေလည်း စိမ်းမသွားတာ သူငယ်ချင်းတွေပါပဲ။ စကားပြောပြော မပြောပြော စိတ်ခုစရာ မရှိတာကလည်း သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ကြောင့်ပါပဲ။ (၃) တစ်ယောက် ဘဝ […]
ည (၁၀) နာရီမှာအိပ်ရာဝင်ရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲသွားမလဲ
ညဘက် စောစောအိပ်ရာဝင်ခြင်းရဲ့ နောက်ကွယ်မှာ ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးအပေါ် အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေအများကြီးရှိစေပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ည (၁၀) နာရီမှာ အိပ်ရာဝင်ရင် သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲသွားတဲ့ အရာတွေအကြောင်းပြောပြပေးသွားမှာပါ။ အိပ်ချိန် ပိုရလာမယ် ကျွမ်းကျင်သူတွေက အိပ်စက်ချိန်ကို ကောင်းကောင်းအိပ်မောကျတဲ့အချိန်နဲ့ ကောင်းကောင်းအိပ်မပျော်သေးတဲ့အချိန်ဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။ ကောင်းကောင်းအိပ်ပျော်တဲ့အချိန်နဲ့အကောင်းဆုံးအနားရတဲ့အချိန်က ည (၁၀) နာရီနဲ့ မနက် (၂) နာရီအတွင်းမှာ ဖြစ်ပါတယ်။ ဒါကတော့ ကောင်းကောင်းအနားရချင်ရင် စောစောအိပ်ရာဝင်ရမယ်ဆိုတာပါပဲ။ ပိုပြီးသန်မာလာမယ် လူတွေအိပ်နေချိန်မှာ ခန္ဓာကိုယ်က ကြီးထွားဟော်မုန်းတွေထုတ်ပေးတာ ဟော်မုန်းတွေ ပြုပြင်ပေးတာ စသဖြင့် သူ့ဘာသာသူ ကုသပေးလေ့ရှိပါတယ်။ ဒီလုပ်ဆောင်ချက်တွေက နောက်နေ့အတွက် အသင့်ဖြစ်နေဖို့အရေးကြီးပါတယ်။ အထူးသဖြင့် အားကစားသမားတွေအတွက် အိပ်ချိန်ပြည့်ဝနေဖို့ အလွန်အရေးကြီးပါတယ်။ စိတ်ဖိစီးမှု လျော့ကျလာမယ် အိပ်ချိန်ပြည့်ဝစွာမရရှိခြင်းက Cortisol ဟော်မုန်းပမာဏကို တိုးပွားလာစေပြီး […]
ခြေမထက် ခြေညှိုး ရှည်တဲ့ သူတွေကို ဘာ့ကြောင့် လက်မလွှတ်သင့်တာလဲ ?..
ခြေညှိုးဟာ ခြေမထက် ရှည်တဲ့ သူတွေတော်တော် များများရှိ ပါလိမ့် မယ်။ အဲလို လူတွေရဲ့ ဖြစ်တတ် တဲ့စိတ် သဘော ထားတွေ ကို တင်ပြပေး လိုက်ပါ တယ် ။ သူတို့မှာ ကောင်းတဲ့အချက်တွေအများကြီးရှိနေပါတယ်။ယောကျားလေး ပဲဖြစ်ဖြစ်၊မိန်းကလေး ပဲဖြစ်ဖြစ် သူတို့လို လူတွေကိုတွေ့ရင်တော့ ခြေမထက် ခြေညှိုး ရှည်တဲ့ သူတွေကို ဘာ့ကြောင့် လက်မလွှတ်သင့်တာလဲ ?.. လက်မလွတ် လိုက် ပါနဲ့သူတို့ဟာ ချစ်ပြီ ဆိုလဲ သူများ နဲ့မတူ သလို မုန်းပြီ ဆိုလဲ လှည့်ကြည့် တတ်သူတွေ မဟုတ် ပါဘူးခြေညှိုးက ခြေမထက် ရှည်နေ တဲ့ သူဟာ ၁။ အချစ်ကြီး တယ် အစွဲအ လမ်းကြီး ခံစားလွယ် […]
တန်ဖိုးရှိတဲ့ မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုး ရှိသူတွေပါ
မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ သူများက သတ်မှတ်ပေးရတာ မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် သတ်မှတ်တာမျိုးပါ။ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ သူ့ကို တန်ဖိုးထားခြင်းတွေက သူ့ရဲ့တန်ဖိုးကို ဖော်ပြနေတာဖြစ်ပါတယ် အခုဖော်ပြပေးမှာကတော့ တန်ဖိုးရှိတဲ့ မိန်းကလေးတွေဟာ အချစ်ရေးနဲ့ ပတ်သက်ရင် ဘယ်လိုပြုမူတတ်သလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချတတ်သလဲ ပြီးတော့ ဘယ်လိုစိတ်ဓာတ်ရှိသလဲ ဆိုတာပါပဲ။ တကယ်လို့ သင်ဟာ ဒီအချက်တွေနဲ့ ကိုက်ညီနေခဲ့ရင် တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါနော် …။ (၁) မချစ်သင့်တဲ့သူကို မချစ်ဘူး။ ဒီလို မိန်းကလေးတွေ အနေနဲ့ မချစ်သင့်တဲ့သူတွေကို ဘယ်တော့မှ ချစ်မိမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ ကိုယ်ကျင့်တရားဖောက်ပြန်တာ၊ လူမှုရေး ဖောက်ပြန်တာမျိုးတွေကို အရမ်းမုန်းပြီး အဲလိုမဖြစ်အောင်လည်း အရမ်းဂရုစိုက်ကြပါတယ်။ မချစ်သင့်တဲ့ သူမျိုးကိုဆို အစကတည်းက မပတ်သက်မိအောင် နေတတ်ကြပါတယ်။ ဒါကြောင့်မို့လည်းသူတို့ဟာ […]
လူငယ်စုံတွဲ ဟိုတယ် အခန်းထဲက တစ်ပတ်လုံး အပြင်မထွက်လို့ ဖွင့်ကြည့်လိုက်တဲ့အခါ…
လူငယ်စုံတွဲ ဟိုတယ် အခန်းထဲက တစ်ပတ်လုံး အပြင်မထွက်လို့ ဖွင့်ကြည့်လိုက်တဲ့အခါ အဆင့်မြင့် ဟိုတယ်တစ်လုံး မှာ စုံတွဲတစ်တွဲ အခန်းငှားတည်းခိုခဲ့ပြီး ၇ ရက် တစ်ပတ်လုံးလုံး အခန်းထဲကထွက်လာတာမတွေ့ရတဲ့အတွ က် ဟိုတယ်ဝန်ထမ်းများနဲ့ ဟိုတယ်ပိုင်ရှင်ကပါ မသင်္ကာဖြစ်လာပြီးအခန်းကို ဖွင့်ကြည့်လိုက်တဲ့အခါ၊အားလုံး အံ့အားသင့် ဒေါသထွက်ခဲ့ကြရပါတယ်။ ဟိုတယ်ပိုင်ရှင် ကိုယ်တိုင် ပစ္စည်း ပို့သမားယောင်ဆောင်ကာ အခန်းတံခါးကို သွားခေါက်ခဲ့ပါတယ်။အခန်းတံခါးဟရုံလေးဖွင့်လာပါတယ်။တံခါးဟနေတဲ့ ကြားကနေအခန်းထဲကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ထိတ်လန့်အံ့အားသင့်စရာ မြင်ကွင်းကို မြင်လိုက်ရပါတယ်။ ဟိုတယ်အခန်း နေရာအနှံ့မှာ စားကြွင်း စားကျန်များ အမှိုက်များ ပြန့်ကျဲပြီး စည်းကမ်းမဲ့ ပစ်ထားတာကြောင့်အနံ့တွေကမကောင်းတော့သလို အခန်းထဲက အသုံးအဆောင် ပစ္စည်းအချို့လည်း ဖျက်ဆီးခံထားရတာကိုတွေ့ရပါတယ်။ ဟိုတယ်ပိုင်ရှင်က ချက်ခြင်း ရဲစခန်းကို ဖုန်ဆက် တိုင်ကြားခဲ့ပါတယ်။အခန်းတွင်း ပျက်ဆီးမှုတန်ဖိုးဟာ ဒေါ်လာ ၄၀၀၀ ခန့်ရှိမည်ဖြစ်ပြီးသူ့တို့တည်းခိုတဲ့ အခန်းခနဲ့တောင် မကျေနိုင်ပါဘူး။ […]
ကိုယ်ဝန်ကြီးနဲ့မို့ မလုပ်ပါနဲ့ပြောတာကို တားမရ၍ မခံနိုင်တဲ့အဆုံး ရပ်ကွက်ရုံး တိုင်ကြားခဲ့ရတဲ့အဖြစ်…
ကိုယ်ဝန်ကြီးနဲ့မို့ မလုပ်ပါနဲ့ပြောတာကို တားမရ၍ မခံနိုင်တဲ့အဆုံး ရပ်ကွက်ရုံး တိုင်ကြားခဲ့ရတဲ့ အဖြစ် “မရဘူး….ရှင့်ကို ရာအိမ်မှူးနဲ့ကို တိုင်မှာ” “မိန်းမကလည်းကွာ… ငါက ချစ်လို့စတာကို လာပါ ပြန်ရအောင် “မပြန်ဘူး မပြန်ဘူး… ရှင့်ကို တိုင်ကိုတိုင်မှာ အဲဒါမှ ရှင် နောက်မလုပ်ရဲမှာ” ရုံးရှေ့က ဆူဆူညံညံ အသံတွေကြောင့် ဘာဖြစ်တာလဲဆိုပြီး ထွက်ကြည့်မိတော့ မျိုးချစ်နဲ့ သူ့မိန်းမ ပေါက်ကြီး ပေါက်ကြီးဆိုတာက တစ်နှစ်တစ်ယောက် မှန်မှန်မွေးနေကျမို့ ပေါက်ကြီးလို့ခေါ်တာ။ အမြဲတမ်း လင်မယားတကျက်ကျက်နဲ့ ရန်ဖြစ်နေတာတောင် ပေါက်ကြီးတို့လင်မယားက တစ်နှစ်တစ်သားတော့ပုံမှန်ပေါက်နေကျ အခုလည်း ကလေးတစ်ယောက်က လက်မှာ တွဲလောင်းဆွဲလို့ ဗိုက်ထဲမှာက တစ်ယောက်နဲ့…အဲဒါလည်း ခုထိ အဖြေထုတ်လို့ မရသေးတဲ့ ပုစ္ဆာ “ရာအိမ်မှူးရေ… ရာအိမ်မှူးတပည့်နဲ့ကျွန်မကို ကွာရှင်းပေးပါ” “ဘာဖြစ်လာပြန်ပြီလဲဟာ နင်တို့လင်မယားကလည်း အမြဲတမ်းရန်ဖြစ်မယ်လို့များ […]









