ည သန်းကောင်ကျော် တွင်မွေးသူများ ညမွန်း တည့်(၁၂)နာရီကျော် ၍ တစ်နာရီ၊ နှစ်နာရီ စသည့် အချိန် ပတ်ဝန်းကျင် တွင်မွေးဖွား သူများဖြစ်လျှင် ဘဝတစ် လျှောက်လုံး တွင် ဆွေမျိုး ညီအစ် ကိုမောင်နှမ များနှင့် နီးစပ် ဆက်သွယ်ရသော အကျိုး ကို ပေးကို ရလိမ့်မည်။ ညီအစ်ကိုမောင်နှမ ဆွေမျိုး သားချင်းများသည် ဇာတာရှင်၏ ဘဝတွင် ကောင်းကျိုး ဆိုးကျိုးပြုကြ ကုန်သော အဓိက ဇတ်ဆောင် များဖြစ်ကြ လိမ့်မည်။ မိဘမောင် ဘွားများကြောင့် အိမ်ထောင်ရေး အချစ်ရေးတို့ တွင် အနှောင့် အယှက် အတား အဆီးတွေ့ရ သူများ ၊ မိဘမောင်ဘွားများ ကိုငဲ့ညှာ၍ အလွယ် တကူ အိမ်ထောင် မပြုနိုင်ဘဲ […]
Month: January 2021
မိန်းကလေးတစ်ယောက် ဒီအမှား (၅) ခုကို လုပ်မိတာ သူ့ချစ်သူကို အရမ်းအရမ်း ချစ်လို့ပါတဲ့
အချစ်ရေးမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ အမှားလုပ်မိလေ့ရှိကြပါတယ်။ အမှားဆိုတာ ဖြစ်လေ့ရှိတဲ့အတွက် မရည်ရွယ်တဲ့အမှားမျိုးဆိုရင် ခွင့်လွှတ်ပေးဖို့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ ခွင့်လွှတ်နိုင်လောက်တဲ့ အမှားလုပ်မိသူကို အပြစ်မဆိုပဲ ၊ နောက်မဖြစ်ဖို့သာ ပြောပြရမှာပါ။ အချစ်ရေးမှာ အမျိုးသမီးအများစု ပြုလုပ်မိလေ့ရှိတဲ့ အမှားတွေထဲက အမျိုးသားတွေ ခွင့်လွှတ်ပေးသင့်တဲ့ အမှား (၅) ခုရှိပါတယ်။ ၁။ စိုးရိမ်မှု လွန်ခြင်း သင် ဘာတွေမဟုတ်တာ လုပ်နေပြီလဲ။ သူ့ကိုမပြောထားတာ ဘာတွေများ ရှိနေပြီလဲ ဆိုပြီး တစ်ခါတစ်လေ စိုးရိမ်မှု လွန်ကဲတတ်ကြပါတယ်။ ဒါကို အမျိုးသားတွေဘက်က နားလည်အောင် သေချာရှင်းပြဖို့ လိုပါတယ်။ အမျိုးသမီးတွေဘက်ကလည်း စိုးရိမ်မှုလွန်ကဲရင် သံသယဖြစ်လာတတ်တာ သတိပြုရမှာပါ။ ၂။ စကားများခြင်း စကားများခြင်းဟာ အမှားတော့မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် စကားပိုပြောတတ်ကြတာ သဘာဝဖြစ်ပါတယ်။ […]
မြန်မာနိုင်ငံမှာ နေ့စဉ်စားသုံးနေတဲ့၊ ကင်ဆာအလွယ်တကူဖြစ်စေမယ့် အရာ (၆) မျိုး
ဒီနေ့ခေတ်လို အချိန်အခါကြီးမှာ ကင်ဆာဖြစ်ပွားမှုနှုန်းဟာ အင်မတန်မှာ မြင့်တက်နေပါတယ်။ တော်တော်လေးကို သတိထားနေရပြီး၊ အထူးသဖြင့်ကင်ဆာမဖြစ်အောင် အစားအသောက်ကို သတိထားနိုင်တာက အဓိကကျလာပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာနေ့စဉ်စားသုံးနေတဲ့အထဲက လူအများစုပေါ့ပေါ့ပါးပါးစားသုံးနေတဲ့ အစားအစာတွေဟာ ကင်ဆာဖြစ်စေနိုင်တဲ့အဓိကအကြောင်းအရာတွေဖြစ်နေပါတယ်။ (၁)မူးယစ်ဆေးဝါး အရက်ကတော့ ခန္ဓာကိုယ်မှာ ဒုက္ခအပေးနိုင်ဆုံးနဲ့ ကင်ဆာဖြစ်ပွားမှုကို နေရာစုံ ကူညီပေးဆုံး အရာတွေပါပဲ။ ပါးစပ်၊ လည်ချောင်း၊ အူ၊ ကျောက်ကပ်၊ အသည်း၊ နှလုံးစတဲ့ နေရာမရွေးကင်ဆာဖြစ်ပွားနိုင်ချေကို ကူညီပေးပါတယ်။ သူတို့ရဲ့ ဆိုးကျိုးတွေကို ကိုယ်တိုင်မပြုလုပ်ပေမဲ့ ကိုယ်ဝန်ဆောင်စဉ်မိခင်တွေ သောက်သုံးမှုဒဏ်တွေကိုလည်း ခံရနိုင်တဲ့အတွက် ဆေးဖြစ်ဝါးဖြစ်ဆိုတဲ့အရာဟာလည်း မကောင်းပါဘူး။ (၂)ပေါက်ပေါက်ဆုပ် မိုက်ခရိုဝေဗ့် မီးဖိုတွေမှာကင်ထားပြီး ထွက်လာတဲ့ပေါက်ပေါက်ဆုပ်တွေက ကင်ဆာဆီကို ခေါ်ဆောင်နေပါတယ်။ သဘာဝအတိုင်းပေါက်ပေါက်ဆုပ်ဟာ အာဟာရကိုပေးပေမဲ့ အရသာရှိအောင် နည်းမျိုးစုံနဲ့ ရောသမမွှေထားတဲ့ ရုပ်ရှင်ရုံက ပေါက်ပေါက်ဆုပ်တွေဟာ ကင်ဆာတွေဆီကို ဖြစ်တည်ဖို့ […]
သည်းသည်းလှုပ် ချစ်မပြတတ်ပေမယ့် သင့်ကို အရမ်းတန်ဖိုးထားတဲ့ ချစ်သူဆိုတာဒီလိုပါ…
ကံကောင်းတဲ့ မိန်းကလေးဆိုတာ ချစ်သူ၊ လက်တွဲဖော်၊ အိမ်ထောင်ဖက်ရဲ့ ချစ်ခြင်းနဲ့အတူ တန်ဖိုးထားခြင်းကို ခံရတဲ့သူပါပဲ။ တစ်ချို့ယောက်ျားလေးတွေက သည်းသည်းလှုပ်တော့ ချစ်မပြတတ်ပေမယ့် တကယ်တန်ဖိုးထားတယ်ဆိုတာ သူတို့ရဲ့အပြုအမူကနေတစ်ဆင့် သိလို့ရပါတယ်။ သင့်ချစ်သူဟာ ဒီအချက်လေးတွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင်အရမ်းကံကောင်းပါတယ်။ (၁) သင့်အကြိုက်လိုက်တယ် ယောက်ျားလေး တော်တော်များများက သူတို့ပဲဆုံးဖြတ်၊ သူတို့ပဲဆုံးဖြတ်ချင်တာပါ။ ဒါပေမယ့် သင့်ချစ်သူကတော့ သင့်ကိုအလိုလိုက်တယ်၊ သင့်ဆန္ဒတွေကို လိုက်လျောပေးတယ်၊ သင့်အလိုကျ လိုက်လုပ်ပေးတယ်ဆိုရင်တော့ သင့်ကိုအရမ်းတန်ဖိုးထားလို့ပါ။ သင်ပျော်ရွှင်ဖို့က သူ့အတွက် အရေးကြီးဆုံးဖြစ်သလို၊ သင်ပျော်နေရင် သူလည်းပျော်တာကြောင့် သင့်အကြိုက်တွေကို အမြဲလိုက်ပေးနေမယ့်သူပါ (၂) ဖြည့်ဆည်းပေးတယ် သင့်ချစ်သူဟာ သူများတွေလို ကဗျာဆန်ချင်မှဆန်မယ် ဒါပေမယ့် သင့်အတွက် အမြဲတမ်းစဉ်းစားပေးတတ်တဲ့သူပါ။ သင်ကြိုက်တတ်တဲ့ မုန့်လေးတွေဝယ်လာပေးတာမျိုး၊ သင်လိုအပ်နေတဲ့ ပစ္စည်းကိရိယာလေးတွေ ဝယ်ပေးတာမျိုး၊ အသုံးအဆောင်လေးတွေ ဝယ်ပေးတာမျိုး မကြာခဏ […]
ချစ်သူတိုင်း အချစ်တွေ ပိုတိုးလာစေမယ့် နည်းလမ်း (၁၅) မျိုး
ကိုယ့်ချစ်ရတဲ့သူနဲ့ ချစ်သူဘ၀ကို ဒီထက်ပိုပြီး အဆင်ပြေချောမွေ့နေစေဖို့ ကအရေးကြီးပါတယ်။ အချိန်ကြာလာလေသွေးအေးသွားတာထက် တစ်ယောက်ကိုတစ်ယောက် အချိန်တွေပိုလာကြတာပိုကောင်းပါတယ်။ အဓိကက သင့်တို့ရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ စိတ်ရင်းအတိုင်း လုပ်ပေးတာပိုထိရောက်ပါတယ်။ ဒီနည်းတွေကတော့ အချိန်လာလေ အချစ်တွေပိုတိုးလာစေမယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။ (၁) တစ်ယောက်ကို တစ်ယောက် အနစ်နာခံပြီး ချစ်ပေးကြပါ။ (၂) ကိုယ့်ချစ်ရတဲ့သူအပေါ်ကို ဘယ်တော့မှ မလိမ်ပါနဲ့။ (၃) တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောပေးကြပါ။ (၄) ချိုချိုသာသာပြောပေးရပါတယ်။ (၅) တစ်ယောက်ကအမှားလုပ်ရင်တောင် တစ်ကြိမ်တည်းဆို ခွင့်လွှတ်ပေးပြီး မေ့ပစ်ပေးလိုက်ပါ။ (၆) ရန်ဖြစ်ရင်တောင် လမ်းခွဲဖို့ ဘယ်တော့မှမပြောပါနဲ့။ (၇) တကယ်အဆင်မပြေဘဲ ၊ အဆင်ပြေပါတယ်လို့ မပြောပါနဲ့။ (၈) ချစ်သူတွေကြား မာနတွေမထားပါနဲ့။ (၉) အမှားလုပ်မိခဲ့ရင် စိတ်ရင်းအမှန်နဲ့ တောင်းပန်းပေးပါ။ (၁၀) […]
သင့်ရဲ့ မျက်ခုံးမွှေးတွေကို နဂိုထက် နက်မှောင် ထူထဲလာစေမယ့် နည်းလမ်းများ
မျက်ခုံးမွှေးကလည်း သင့်မျက်နှာလှပစေဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ ။ မျက်ခုံးထူထူလေးရှိတဲ့သူတစ်ယောက်က မိတ်ကပ်မ လိမ်းရင်တောင် သူ့ရဲ့ မျက်ဝန်းတွေက ထင်ရှားပြီး လှပနေမှာပါ။ ဒါ့ကြောင့် မျက်ခုံးမွှေးပါးသူတွေအတွက် ထူထဲ နက်မှောင်လာစေမယ့် အလွယ်ဆုံးနည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော် (၁) ကြက်သွန်နီရည် ကြက်သွန်နီရည်ကတော့ ဆံပင်သန်စေသလို မျက်ခုံးမွှေးအတွက်လည်း အသုံးပြုလို့ရပါတယ်။ ကြက်သွန်နီရည်ကို မျက်ခုံးပေါ်မှာစွတ် ပါ ပြီးရင်တော့ ၅ မိနစ်လောက် နှိပ်ပေးပါ။ ပုံမှန်ပြုလုပ်ပေးရင် မျက်ခုံးမွှေးတွေ ထူထဲ ၊ရှည်လျားပြီး နက်မှောင်လာပါလိမ့်မယ် (၂) နွားနို့ နွားနို့ကတော့ မျက်ခုံးမွှေးတွေ မကျွှတ်တော့အောင် အဓိက အားပြည့်ပေးတာပါ။ နွားနို့ကို နားကြပ်တံလေးတွေမှာစွပ်ပြီး မျက်ခုံးပေါ်သု ပ်လိမ်းပေးရမှာပါ။ နွားနို့ခြောက်တဲ့အထိထားပေးပြီးမှ ရေပြန်ဆေးချရပါမယ်။ (၃) ကြက်ဥအနှစ် ကြက်ဥအနှစ်မှာ မျက်ခုံးမွှေးတွေ ရှည်လျား ထူထဲလာစေမယ့် ဗီတာမင်တွေ […]
ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ…
အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါ အများစုက ဓမ္မတာလာတဲ့ ကိစ္စကို ပွင့်ပွင့်လင်းလင်းမပြောတတ်ကြပါ ဘူး။ ဒါပေမဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီသွေးအခြေအနေ တစ်ခုခုထူးခြားတာနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးမှာလည်း သက်ရောက်မှုရှိနေတ ယ်ဆိုတာကို သတိပြု ဆင်ခြင်ဖို့လိုပါတယ်။ ဒါကြောင့် ရာသီသွေးဆင်းတာဟာရှက်စရာမဟုတ်သလို ရာသီသွေးအမျိုးအစား အလိုက်သိနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေအြေ ကာင်း ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ပန်းရောင်သမ်းနေရင် ရာသီသွေးဟာပုံမှန်ဆင်းနေကျအရောင်ထက် သွေးအရောင်ဖျော့ပြီး ပန်းရောင်ဘက်သမ်းနေတယ် ဆိုရင် ခန္ဓာကိုယ်ထဲမှာ အမဟော်မု န်းနည်းလွန်းနေ တယ်ဆိုတဲ့လက္ခဏာပါပဲ။ အဲဒီလို ရာသီသွေးပန်းရောင်သမ်းတာဟာ မကြာခဏဖြစ်တယ်၊ သွေးအရောင်ဟာသိသိသာ သာဖျော့လာတယ် ဆိုရင် အရိုးပွရောဂါဖြစ်နိုင်ခြေရှိလာနိုင်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။ ရာသီသွေးကျဲလွန်းရင် သွေးအရောင်ဖျော့လွန်းပြီး ရာသီသွေးဟာခပ်ကျဲကျဲဖြစ်နေမယ်ဆိုရင် အာဟာရမမျှတဘူးဆိုတဲ့လက္ခဏာဖြစ်ပြီး သားအိမ်ကင်ဆာဖြစ် ပွားနိုင်ခြေရှိလို့ စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်းကြီး လည်းစိတ်မပူပါနဲ့၊ သားအိမ်ပြွန်ကင်ဆာ၊ […]
လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ဒီအပြုအမူတွေကြည့်ပြီး သိနိုင်ပါတယ်…
လူတစ်ယောက်စိတ်ကို ဘယ်လိုလုပ်သိနိုင်မှာလဲလို့ သင်တွေးမိနေပါလိမ့်မယ်။ တစ်ချို့လူတွေက သူတို့ရဲ့အတွင်းစိတ်ကို မျက်လုံးတွေ၊ အမူအရာတွေနဲ့ဖော်ပြလေ့ရှိကြတယ်။ သတိမထားမိလို့သာ အမှုမဲ့ အမှတ်မဲ့ဖြစ်နေတာပါ …။ အပြုအမူ၊ အမူရာတွေအကြောင်းအသေးစိတ်လေ့လာထားတဲ့ သြစတေးလျ ကျွမ်းကျင်ပညာရှင် Alan Pease က လူတစ်ယောက်ရဲ့အတွင်းစိတ်ကို သူ့ရဲ့အမူရာတွေကြည့်တာနဲ့ သိနိုင်မယ့်နည်းလမ်းကို စာဖတ်သူများ ဗဟုသုတရအောင်မျှဝေပေးလိုက်ပါတယ်နော် …။ ၁. မျက်လုံးမှိတ်ထားရင် လူတစ်ယောက်က မျက်လုံးမှိတ်ပြီး စကားပြောနေမယ်ဆိုရင် သူက တစ်ခုခုကို ဖုံးကွယ်ထားချင်လို့ဆိုတာ ပေါ်လွင်ပါတယ်။ ဒီအပြုအမူဟာ သင့်ကိုကြောက်နေတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ တကယ်တော့ သင့်ကို အနားမှမရှိစေချင်တာပါ။ သင့်အနားမှာရှိနေရင် သင့်အတွက်စိတ်ပင်ပန်း စေတယ်။ သူ့မျက်လုံးကို မှိတ်ထားတဲ့အခါ သင့်ကိုမမြင်ရတော့ဘူးလေ …။ ၂. ပါးစပ်ကိုလက်နဲ့ကွယ်ထားရင် ကလေးဘဝတည်းက အတန်တန်သတိပေးခံခဲ့ရတဲ့ အပြုအမူပါ။ ဘာစကားမှမပြောချင်တဲ့အခါ လူတွေက အလိုလိုသူတို့ပါးစပ်ကိုလက်နဲ့ကာထားတတ်ကြပါတယ်။ အရွယ်ရောက်လာတဲ့အထိလည်း […]
Crush နဲ့အမြန်ဆုံးအဆင်ပြေစေမယ့် SMS ပို့နည်းလေးများ
သင့်အနေနဲ့ ရုတ်တရက်ကြီး တစ်ယောက်ယောက်ကို ကြွေသွားတဲ့အခါ ဘာလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ သူနဲ့ပတ်သက်တဲ့အချက်အလက်တွေကို စုံစမ်းမယ်။ သူနဲ့သူငယ်ချင်းဖြစ်အောင်ကြိုးစားမယ်၊ သူသတိထားမိအောင် သူရဲ့ပို့စ်လေးတွေကို react တွေလုပ်မယ်၊ ပြီးရင် သူ့ကို မက်ဆေ့တွေ ပို့မှာပေါ့။ တခြားဟာတွေ လုပ်နေတုန်းက သိပ်အရေးမကြီးသေးပေမယ့် မက်ဆေ့ပို့တဲ့အခါ ကိုယ့်ဘက်ကချည်း တစ်ဖက်သတ်မဖြစ်နေဘဲ သူ့ဘက်ကလည်းပြန်ပို့တာ လိုချင်တာပေါ့။ ပြီးတော့ သူ့ဘက်က typing လို့ပေါ်နေပြီး ကိုယ့်ဆီကို လက်မကြီးပဲပြန်ရောက်လာရင် နေရာမှာတင် အသည်းကွဲရတော့တာပါပဲ။ ဒီတော့ ကိုယ်က စာတွေအများကြီးပို့လိုက်ပြီး လက်မပဲပြန်ရတာမျိုး မဖြစ်ရအောင် သူ့ဘက်က သေချာပေါက်ပြန်ပြောလာစေမယ့် မက်ဆေ့ပို့နည်းလေးတွေကို ဖော်ပြလိုက်ပြီနော်။ အခုပဲ လှုပ်ရှားလိုက်တော့နော်။ (၁) သူ့ရဲ့ဖက်ရှင်နဲ့ပတ်သက်လို့ အခုအချိန်မှာ ဖက်ရှင်နဲ့ပတ်သက်လို့ စိတ်မ၀င်စားတဲ့သူ မရှိသလောက်ပဲထင်ပါတယ်။ သင့်အနေနဲ့ ခရပ်ရှ်ကို မက်ဆေ့ပို့မယ်ဆိုရင် စားပြီးပြီလား၊ ဘာဟင်းနဲ့စားလဲ […]
စီးပွား တက်မည့်အိမ် (မဖတ်ထားရင် နောင်တရမယ်နော်)
မိမိအိမ်မှာ လာဘ်ပွင့်ငွေဝင်ပြီး အိမ်အေးချမ်းအောင် ဒါတွေလုပ်ဆောင်ပါ …။ (1) ဘုရားပန်း နှင့်သောက်တော်ရေဆွမ်း ဆီမီးအမြဲကပ်ပါ။ ဘုရားပန်းမနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှ ရေများမပူပါစေနဲ့။ သောက်တော်ရေကို သတိရတိုင်း ကပ်ပေးပါ …။ (2) ဘုရားရှိခိုးလျင် အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊ အိမ်ဝန်းအတွင်း မှီတင်းနေထိုင်စောင့်ရှောက် ကြသော နတ်မြတ်နတ်ကောင်းများ၊ မြင်အပ်မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပေးပါ …။ (3) အလွန်ကံညံ့ လာဘ်ပိတ်နေလျင် ညသန်းခေါင် ပရိတ်ရွတ်ဖတ်ပါ။ ည ၁၂ နာရီ နောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့ လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက်ပရိတ်ရွတ်ဖတ်ဆုတောင်းလျင် ပို၍ ဆုတောင်းပြည့်ဝ စေပါတယ် …။ (4) အိမ်မှာ အဟောင်းအစုတ်တွေ မထားပါနဲ့။ အချို့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ ရှိပါတယ်။ […]









