အနမ်းဆိုတဲ့အရာက ကမ္ဘာပေါ်မှာရှိတဲ့ အလှပဆုံးနဲ့ အချိုမြိန်ဆုံးအရာတွေထဲမှာ တစ်ခုပါဝင်ပါတယ်တဲ့နော်။ လူတွေက ကိုယ့်ရဲ့ချစ်ခြင်းတွေကို ဖော်ပြတဲ့အနေနဲ့ အနမ်းပေးလေ့ရှိကြပါတယ်။ ကလေးလေးတွေ၊ ခွေးလေးကြောင်လေးတွေနဲ့ ကိုယ်ချစ်ရသူတွေကို ပွေ့ဖက်နမ်းတတ်ကြပါတယ်။ ဒီလို အနမ်းပေးခြင်းက စိတ်ဖိစီးမှုကို လျော့ချပေးသလို ကျန်းမာရေးဆိုင်ရာ အံ့မခန်း အကျိုးကျေးဇူးတွေလည်း ရှိနေပါတယ်နော်။ ဒီတော့ သိပ္ပံပညာရှင်တွေက ချစ်ရတဲ့သူအချင်းချင်း များများနမ်းပေးခြင်းက ဒီလိုအကျိုးကျေးဇူးတွေ ရှိနေတယ်လို့ ဆိုထားပါတယ်။ အချစ်ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတယ် ချစ်သူကို နမ်းမိတဲ့အချိန်မှာ ကွဲပြားတဲ့ ကောင်းမွန်တဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတဲ့အတွက် သင့်ရဲ့ခံစားမှုကို ကောင်းမွန်စေပါတယ်။ ဒါကို အချစ်ဟော်မုန်းလို့ခေါ်ပြီး oxytocin နဲ့ vasopressin တို့ကို ခန္ဓာကိုယ်ကနေ ထုတ်လွှတ်ပေးတဲ့ အတွက်ကြောင့် ဒီလိုခံစားရတာ ဖြစ်ပါတယ်။ ဒါဟာ လူတစ်ယောက်ကို ပျော်ရွှင်သွားအောင် လုပ်ဆောင်ပေးနိုင်တဲ့ အရာပဲ ဖြစ်ပါတယ်။ […]
Month: January 2021
ဓမ္မတာသွေးအရောင် ဒါမှမဟုတ် အဖြူဆင်းတဲ့အရောင်ကတဆင့် သိနိုင်မယ့် သားအိမ်ကျန်းမာရေး
အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်က လစဉ်ဓမ္မတာလာတာနဲ့ ဓမ္မတာမလာမီမှာ အဖြူဆင်းတာတွေက ပုံမှန်ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီဓမ္မတာလာတာပဲဖြစ်ဖြစ်၊ အဖြူဆင်းတာပဲဖြစ်ဖြစ် အရောင်အဆင်းကိုကြည့်ပြီး သားအိမ်ကျန်းမာရေးအခြေအနေကို သတိထားနိုင်ပါတယ်၊ ဒီတော့မှ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကြိုကြိုတင်တင် လုပ်နိုင်ထားနိုင်မှာပါ။ (၁) အဖြူရောင် အဖြူရောင် ဒါမှမဟုတ် ခရင်မ်ရောင် ဆိုရင်တော့ ပုံမှန်ကျန်းမာရေးကောင်းတဲ့ အခြေအနေပါ။ ဒါပေမယ့် အနံ့အသက်ပြင်းတယ်ဆိုရင်တော့ ပိုးဝင်တာဖြစ်နိုင်လို့ ဆရာဝန်နဲ့ပြဖို့လိုပါတယ်။ အနံ့အသက် မပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြဖို့မလိုပါဘူး။ (၂) အဝါရောင် အဝါရောင်တွေဆင်းရင် များသောအားဖြင့် ယားယံတာ၊ နာကျင်တာတွေဖြစ်နိုင်ပြီး အနံ့အသက်ကတော့ သိပ်မပြင်းတတ်ပါဘူး။ ပမာဏနည်းရင် သိပ်မစိုးရိမ်ရပေမယ့်၊ ပမာဏအရမ်းများပြီး နေ့တိုင်းလိုလိုဆင်းတတ်တယ်ဆိုရင်တော့ သားအိမ်မှာ ပိုးဝင်တာ၊ ရောင်ရမ်းတာတွေဖြစ်နိုင်လို့ ဆရာဝန်ပြပြီး စစ်ဆေးဖို့လိုပါတယ်။ (၃) အစိမ်းရောင် အစိမ်းရောင်ဆင်းတယ်ဆိုတာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို၊ သားအိမ်ရောင်ရမ်းခြင်းကြောင့်ဖြစ်နိုင်တာကြောင့် […]
အိပ်နေတုန်းမှာ ရုတ်တရက် သိမ့်ခနဲ တုန်ရခြင်းရဲ့ အကြောင်းရင်း …
အိပ်နေစဉ်အတွင်း အမြင့်တစ်ခုခုပေါ်ကပြုတ်ကျသလို၊ ချော်လဲသလိုမျိုးကြောင့် ခန္ဓာကိုယ်ဆတ်ခနဲတုန်တက်လာရတဲ့ ခံစားချက်မျိုးကို ကျွန်တော်တို့အားလုံး ကြုံဖူးကြပါလိမ့်မယ်။ ဒီလိုမျိုးတွေခဏ၊ ခဏဖြစ်တာ ဘာကြောင့်လဲဆိုတဲ့အဖြေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် စာဖတ်ပရိတ်တို့နားလည်သိရှိရအောင် ရှင်းပြပေးသွားပါ့မယ်။ တော်တော်များများက တစ်ခုခုနဲ့တိုက်မိသလို၊ တစ်စုံတစ်ယောက်ကရိုက်လိုက်သလိုမျိုးနဲ့ တစ်နေရာရာက ပြုတ်ကျသလိုမျိုးကြောင့် အိပ်နေရင်းဆတ်ခနဲ တုန်သွားတတ်ကြပေမဲ့ တချို့တလေကတော့ တစ်ယောက်ယောက်က တက်ဖိထားသလို၊ ညှစ်ထားသလိုမျိုးကြောင့် တုန်တတ်ကြပါတယ်။ သင်ဟာ ဒီလိုမျိုး မကြာခဏဖြစ်တတ်သူဆိုရင်တော့ ကဖင်းဓာတ်နဲ့ ဆေးလိပ်တွေသုံးစွဲခြင်းကို အမှန်တကယ်ကို လျော့ချသင့်ပါပြီ။ ဒါ့အပြင် ၎င်းဓာတ်နှစ်မျိုးဟာ သင့်ရဲ့အိပ်စက်မှုတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ အိုခေ ဒီလိုဆိုရင် ဘာကြောင့်အိပ်နေရင်းနဲ့ အမြင့်တစ်နေရာပေါ်ကနေ ပြုတ်ကျသလိုခံစားရတာလဲဆိုတဲ့ ခေါင်းစဉ်ဆီကို ပြန်သွားလိုက်ကြရအောင်ပါ။ ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ အိပ်စက်လိုက်တဲ့အခါ ခန္ဓာကိုယ်ကအိပ်စက်သွားပေမဲ့ ဦးနှောက်ကတော့ တကယ်တမ်းမအိပ်စက်သေးပါဘူး။ ဒီအချိန်မျိုးမှာ ဦးနှောက်က အိပ်စက်နေတဲ့ခန္ဓာကိုယ်ကို နိုးထဖို့ အချက်ပြသတိပေးခြင်းပဲ […]
💞ဗုဒ္ဓဟူးလေးကို ချစ်မိနေရင်💕
💞ဗုဒ္ဓဟူးလေးကို ချစ်မိနေရင်💕 1~ငါအရူးလေးတျောက်ကို ချစ်နေတာပါလားလို့တွေးလိုက်ပါ။ ကလေးလေးတစ်ယောက်ကို ထိန်းနေရတာပါလားလို့ သိလိုက်ပါ။ တိမ်ဆိုင်တွေလို ရာသီဥတုလိုပဲ သူတို့ရဲ့စိတ်လေးတွေက ခဏခဏ ထ ဖောက်တတ်လို့ပါ။😁 2~သူတို့ကိုသည်းခံနိုင်မှချစ်ပါ။ ရစ်တဲ့နေရာမှာဘယ်လိုရစ်ရမလဲဆိုတာပဲ သူတို့အတွေးထဲမှာရှိနေတတ်တယ်။😍 အရမ်းအရစ်သန်သလောက်ကို အရမ်းချစ်ဖို့ကောင်းတဲ့ သူလေးတွေပါ။ 3~သူတို့လေးတွေနဲ့ချစ်သူဖြစ်ရတာ အရမ်းကံကောင်းပါတယ်။ ဘာလို့လဲဆိုတော့သူတို့ဘာလုပ်လုပ် သူတို့အတွေးထဲမှာမင်းကို အမြဲနေရာပေးထားတတ်တယ်။😘 4~ဆိုးတာတစ်ခုက သူတို့အပေါ် ဆိုးရင်မကြိုက်ကြဘူး။ သူတို့ကပဲဆိုးချင်ကြတာ ကလေးလေးတျောက်လိုပဲ။ဒါပေမယ့် ကလေးထက်ဆိုးပါတယ်😘 တခါတလေ တယောက်တည်း ကျိတ်ပီးခံစားနေတတ်တယ် ဘယ်သူကိုမှ ဖွင့်မပြောတတ်ကြဘူး သူတို့ဖွင့်ပြောတယ်ဆိုရင် မင်းကို သူအရမ်းချစ်လို့ပဲ။ 5~အရမ်းဖော်ရွေမပြတတ်ဘူး။ ရင်ထဲမှရှိနေပေမယ့် အပြင်ကို ထုတ်မပြတတ်ဘူး။ မာနကြီးတယ်ထင်ရလောက်အောင် အနေထိုင်က တည်လွန်းပေမယ့် သူတို့အရမ်းခင်တဲ့သူ ချစ်တဲ့သူနဲ့ ဆိုရင်တော့ပေါတောတောနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့အရူးလေးတွေပါ😍 6~တကယ်ကို အချစ်ကြီးတဲ့ သူလေးတွေပါ။ အများကြီးကြီးလည်း မချစ်တတ်ဘူး။ ချစ်တဲ့သူကိုပဲ […]
တကယ် မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်သားကို အရူးမလုပ်မိပါစေနဲ့ .//
တကယ် မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး တစ်ဖက်သားကို အရူးလုပ်မိလို့ တစ်ဖက်သားမှာ ကိုယ့်ကို စွဲလမ်းပြီး အရူးတစ်ပိုင်း ဖြစ်သွားမယ် ဆို လည်း အဲဒီကံကြောင့် ကိုယ်လည်း တစ်ချိန်မှာ ရူး သွပ် ရ မှာ ပဲ ။ ကိုယ့်ကို စွဲစွဲ လမ်းလမ်း တမ်းတမ်းတတ ဖြစ်သွားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ကို ရူးမတက် ချစ်အောင် ဆိုတဲ့ စိတ် ထား နဲ့ ဉာဏ်နီ ဉာဏ်နက် သုံးတာမျိုး မူယာ မာယာ များတာမျိုး မြူဆွယ် ဖြားယောင်းတာမျိုး၊ လိမ်ညာ လှည့်ပတ်တာမျိုးကို ရှောင်ကြဉ် ရ ပါ မယ်။ သူ့စိတ်နဲ့ သူ စွဲလမ်း တမ်းတတာ ကတော့ […]
“ဗုဒ္ဓဟူးသား သမီးများအတွက် ၂၀၂၁ခုနှစ် (၁)နှစ်စာ ဟောစာတမ်းနှင့် ဆောင်ရန်/ရှောင်ရန်များ”
ယခုနှစ်ပိုင်းခြားထဲမှာ နာမည်ဂုဏ်သတင်း မကောင်းပြောသူအပုတ်ချလိုသူများတွေ့ရတတ်တယ်။ဝန်ထမ်းများအနေနဲ့မိမိမှန်မှန် မှားမှား ထုတ်ဖော်မပြောဆိုသင့်တဲ့ အချိန်ပိုင်းခြားလဲဖြစ်ပါတယ်။ မိမိဘက်က ဘယ်လောက်ပဲမှန်မှန် ကံကြမ္မာကမိမိကို မျက်နှာသာမပေးတဲ့အချိန်ဖြစ်ပါတယ်လုပ်ငန်းကိစ္စများတွင်ထင်ထားသလို ဖြစ်မလာဘဲ မထင်မှတ်ထားတာတွေဖြစ်လာတတ်ပါတယ်။ ပူပင်စရာစိတ်ရှုပ်ထွေးစရာများ ကြုံတွေ့ရပြီးအရာရာလွဲမှားမှု့| မပြီးမပြတ်မှု့တွေ ကြုံတွေ့နေရပြီးအများနဲ့တစ်ယောက်ဖြစ်နေရတတ်ပါတယ်။ မိမိရဲ့အတွေးခေါ်ယူဆမှု့တွေဟာလွဲမှားစရာများ ဖြစ်ပေါ်လာတတ်လို့ ဒီအချိန်မှာ သေသေခြာခြာ စဉ်းစားပြီးမှအစစအရာရာ လုပ်ကိုင်ပါ။ ပညာရေးမှာတစ်ဝက်တစ်ပြတ်ဖြစ်တတ်တယ်။ကျန်းမာရေးမှာ စိတ်ပိုင်းဆိုင်ရာအားနည်းမှု့များလည်းဖြစ်ပေါ်လာတတ်တယ်|ခြေထောက်ကိုက်|ခြေထောက်နာ|ခြေထောက်ထိခိုက်ဒဏ်ရာရတတ်တယ်။ အချစ်ရေးမှာ ဘေးပတ်ဝန်းကျင်၏ အနှောက်ယှက်များကြောင့် ပြိုကွဲပျက်ဆီးနိုင်တယ်။အိမ်ထောင်ရေး ဒီအချိန်မှာ စိတ်ဖိစီးမှု့များပြည့်နှက်နေတဲ့အချိန် ကျပ်တည်းမှု့မျာမပြေလည်မှု့များနေတဲ့အချိန်အခါဖြစ်ပါတယ်။ ယတြာ-မိမိမွေးနေ့တိုင်းမြတ်စွာဘုရားကို ကြက်သားပေါက်စီကပ်လှူပါ။အလုပ်အကိုင်ယတြာ-တနင်္ဂနွေနံထောင့်မှာ တံခွန်|ရွှေထီး|ငွေထီးလှူပေးပါ။ ကျန်းမာရေးယတြာ – မိမိမွေးနေ့တွင် ရွက်လှရွက်မှာမိမိနာမည်ရေးပြီး|မိမိအိပ်ယာအောက်တွင် တစ်ညထားအိပ်ပြီး မိုးလင်းပါက ရေစီးသန်သောချောင်းတွင်|ငါ့ဒဏ်နင်ခံဟုပြောပြီးပြစ်လိုက်ပါ။ အိမ်ထောင်ရေးယတြာ – မိမိ၏ ခင်ပွန်းသည်(သို့)ဇနီးသည်၏နေ့ရက် မနက်တွင် လင်ဗန်းထဲသို့ မိမိအိမ်ထောင်ဘက် ဓါတ်ပုံထည့်၍ ကွာစေ့ဖြင့်အုပ်ပေးပါ။ ရာထူးတိုးယတြာ- နဂါးရုံဘုရားသို့သွားပြီး ထောပတ်ထ္မင်းကပ်လှူဆုတောင်းပါ ငွေရေးကြေးရေးအခက်ခဲရှိပါက သီးမွေးငှက်ပျောသီး(၃)လုံးကိုအခွံခွာပြီး […]
အနက်ရောင် ကြိုက်နှစ်သက်သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး
အနက်ရောင် ကြိုက်နှစ်သက်သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး “အနက်ရောင်ဆိုတာ အမြဲတမ်း ကျော့ရှင်းတဲ့အရောင် ဖြစ်ပါတယ်။ အနက်ရောင်ဆိုတာ ရောင်စုံကားချပ်ထဲက အရောင်တွေအားလုံး ပေါင်းစပ်ထားတာဖြစ်လို့ အရောင်တွေထဲမှာ အပြည့်စုံဆုံး အရောင်ပါပဲ။” အနက်ရောင်ဆိုတာ ဘယ်အရောင်နဲ့တွဲတွဲ လိုက်ဖက်တဲ့အရောင်ပါ။ ဒါကြောင့် လူတော်တော်များများမှာ အနက်ရောင်နဲ့ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေရှိကြပါတယ်။ ဒါပေမဲ့ လိုအပ်တာနဲ့ ကြိုက်နှစ်သက်တာက မတူပါဘူး။ အနက်ရောင်ကို သုံးရမယ့်နေရာရှိလို့/လိုအပ်လို့ရွေးချယ်တာထက် လိုအပ်အပ် မအပ်အပ် ရွေးချယ်တာကိုမှ အနက်ရောင်ကြိုက်တယ်လို့ ဆိုနိုင်ပါမယ်။ အနက်ရောင်ကြိုက်နှစ်သက်တယ်ဆိုတာ အရောင်အားလုံး ရောထားရင်တောင် အနက်ရောင်ကိုပဲ အလှဆုံးလို့ထင်နေတာမျိုး၊ အနက်ရောင်ဝတ်ထားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတာမျိုး၊ ကိုယ့်ရဲ့ Happy Colour က အနက်ရောင်ဖြစ်နေတာမျိုးပါ။ အနက်ရောင်ကြိုက်သူအများစုရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကတော့ —– ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ် အနက်ရောင်ကြိုက်သူဟာ ကိုယ့်ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ယုံကြည်မှု ရှိသူပါ။ […]
Single ဘဝမှာ သာယာနေတတ်ကြတဲ့ သူတွေမှာ ရှိနေတတ်တဲ့ အကြောင်းပြချက်များ …
တကယ်တော့ လူငယ်တွေအနေနဲ့ ရည်းစားထားဖို့ဆိုတာ သိပ်ကို လွယ်တဲ့ အချက် ဖြစ်ပါတယ်။ တစ်နေ့ မဟုတ် တစ်နေ့မှာ ဒီလိုမျိုး အချစ်ရေးနဲ့ ပတ်သတ်ပြီး သမီးရည်းစား ဆက်ဆံရေးကို တည်ဆောက်ကြရတာချည်းပါပဲ။ ဒါပေမယ့်လည်း တစ်ချို့သူတွေကတော့ ချစ်သူရည်းစား မထားဘဲ တစ်ကိုယ်တည်း single ဘဝနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် နေနေကြလေ့ ရှိပါတယ်။ သူတို့ကို ကြိုက်မယ့်သူ မရှိတာမျိုး မဟုတ်ဘဲ သူတို့ကိုယ်က single ဘဝကို ပျော်နေကြတာ ဖြစ်ပါတယ်။ သူတို့တွေမှာ ရှိနေတဲ့ အကြောင်းပြချက်တွေကတော့….. လွတ်လွတ်လပ်လပ်ပဲ နေချင်တယ် ချစ်သူ ထားကြတဲ့သူတွေက သူ့ဆန္ဒ ကိုယ့်ဆန္ဒ လိုက်လျောရတာမျိုးတွေ ရှိလာကြပါတယ်။ ဒါ့အပြင် အလေးထားတဲ့ အနေနဲ့ မလုပ်စေချင်တာကို မလုပ်ရတာမျိုးတွေလည်း ရှိနေပါတယ်။ ဒါမျိုးကို Single ဘဝမှာ […]
ခြေထောက် ထုံကျဉ်၊ ဆံပင်တွေကျွတ်၊ မျက်မှန်တွေ တပ်နေရလို့ စိတ်ညစ်နေသူများအတွက် ဆေးစွမ်းကောင်းရှယ်ပြီးသိမ်းထားသင့်တဲ့ဆေးနည်းလေးပါ။
ရှယ်ပြီးသိမ်းထားသင့်တဲ့ဆေးနည်းလေးပါ။ ပြုလုပ်ပရတာ လွယ်ကူပါတယ် ယနေ့ည လက်တွေ့စမ်းကြည့်တာ ဆား (၅၀ )သားလောက် ရေနွေးနဲ့ခြေထောက်ကို နာရီဝက်လောက်စိမ်ထားပြီး ခြေဖဝါးကို ဆားနဲ့ပွတ်တာ ပြီးတော့ပြောင်အောင်သဘက်နှင့်သုတ်လိုက်တယ် ဒူးအောက်ကနေ ရေနွေးလေးနဲ့ လောင်းပြီးဆေးလည်းရပါတယ် ကိုယ်မှာချွေးများထွက်လာပြီး ညောင်းတာကိုက်တာပေါ့သွားတယ် အပူလည်းတော်တော်ထွက်တယ် ဒီနည်းတိုင်း သုံးရက်လောက် လုပ်ကြည့်မယ်ဆိုရင် ညောင်းတာကိုက်တာ အပူများတာ ကျန်တဲ့ရောဂါတစ်ချို့ သက်သာလာမှာသေချာတယ် ထို့ကြောင့်ကျန်းမာရေးလိုက်စားသူများ စမ်းကြည့်ပါ အကျိုးမယုတ်ပါဘူး ။ ။ နောက်တစ်နည်း နေ့ စဉ် အ ချိန် မှန် ည အိပ်ယာဝင် ခါနီးတိုင်း… ဆားနင်းခြင်း…… ဆားနင်းရင် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။ နင်းပုံနင်းနည်းကတော့ … မနင်းခင် ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ…။ (ဆား ၁ ပိဿသာ ၂ပိသာ ဆို […]