အူတိုတတ်တာဟာ မကောင်းတဲ့ စိတ်ခံစားချက် တစ်ခုပါ။ အဲဒါမှာ မကောင်းတဲ့ အတွေးတွေ ကြောက်လန့် စိုးရိမ်မှုတွေ ပါဝင်ပါတယ်။ အဲဒါဟာ လူတစ်ယောက် တန်ဖိုးရှိတာ တစ်ခုကို ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်နဲ့ တူတူပါပဲ။သင်တို့ ချစ်ဇာတ်လမ်းမှာ ဆိုရင်တော့ သင်ဟာ သူမအတွက် တန်ဖိုးရှိတဲ့ အရာပေါ့။ ချစ်ဇာတ်လမ်း တစ်ခုမှာ သင့်ကို သူမက လိုချင်စွဲလမ်းနေတာ ကောင်းပေမယ့် များလွန်းလာရင်တော့ သင်ဘယ်လောက် ရိုးသားရိုးသား သင့်ကို မယုံကြည်မှုတွေ ချုပ်ချယ်မှုတွေနဲ့ တားမြစ်လာပါလိမ့်မယ်။ သူမရဲ့ အူတိုမှုက သင်တို့ နှစ်ယောက်ကြားမှာ အခက်အခဲ ဖြစ်နေပါသလား။ အောက်မှာ အူတိုသူတွေရဲ့ အကျင့် ၁၀ ခုနဲ့ သင့် ချစ်ဇာတ်လမ်းကို ဘယ်လို ထိခိုက်နိုင်လဲ ဆိုတာ ဖော်ပြထားပါတယ်။ ၁. အူတိုတာ […]
Month: January 2021
နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်
နဖူးကျယ်တဲ့သူလေးတွေကို သူငယ်ချင်းတွေက ပြောင်ကြီးလို့ ခေါ်ပြီး စနောက်တတ်ကြတာကြောင့် အများစုက ဆံမြိတ်လေးတွေနဲ့ နဖူးကျယ်ကျယ်တွေကို ဖုံးအုပ်ထားတတ်ကြပါတယ်တကယ်တော့ နဖူးကျယ်တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာရပ်ဖြစ်ပြီး နောက်ထပ် ဒီလိုထူးခြားချက်မျိုးတွေကိုလည်း ပိုင်ဆိုင်ထားတာပါနော် (၁) ကိုယ့်အားကိုယ်ကိုးတတ်တယ် သူတို့တွေဟာ တခြားသူတွေကို မှီခိုတာထက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့သူလေးတွေဖြစ်ပါတယ်။ အခက်အခဲနဲ့ကြုံတွေ့ရတဲ့အချိန်မှာ ကိုယ်တိုင်ကြိတ်ဖြေရှင်းနေတတ်ပြီး တခြားလူတွေကို အကူအညီတောင်းဖို့ ဝန်လေးတတ်တဲ့သူတွေပါ။ (၂) လွယ်လွယ်နဲ့မပြိုလဲတတ်ဘူး တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် မရရအောင်လုပ်တတ်တယ်၊ ဘယ်လိုအတိုက်အခိုက်မျိုးတွေနဲ့ပဲကြုံရပါစေ လွယ်လွယ်နဲ့ပြိုလဲမသွားဘဲ ကြံ့ကြံ့ခံနိုင်တဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့ သူလေးတွေလည်းဖြစ်ကြပါတယ်။ (၃) ကန့်သတ်ချုပ်ချယ်တာကိုမုန်းတယ် လွတ်လပ်တာကိုကြိုက်တယ်၊ ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်တတ်တယ်၊ ကိုယ့်ကို ကန့်သတ်ချုပ်ချယ်တာမျိုးကို လုံးဝလက်ခံမှာ မဟုတ်တဲ့သူတွေပေါ့ ။ (၄) တော်တဲ့သူတွေ နဖူးကျယ်တဲ့သူတွေရဲ့ cranial cavity ပိုကြီးတာကြောင့် ဦးနှောက်လုပ်ဆောင်မှု […]
ဒီနေရာ(၇)ခုမှာ တစ်နေရာလောက် မှဲ့ပါတဲ့သူဆို လုံးဝ လက်လွှတ်မခံပါနဲ့
မှဲ့ နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိကြပါတယ်။ မှဲ့ တစ်ခုစီတိုင်းမှာ ဘဝနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ မက်ဆေ့ခ်ျ တစ်ခုစီ ရှိပါတယ်လို့ မှဲ့ပညာရှင်တွေက ဆိုထားကြပါတယ် …။ ခန္ဓာကိုယ်ရဲ့ နေရာအမျိုးမျိုးမှာ မှဲ့တွေရှိနိုင်ပြီး အခုဖော်ပြမယ့် နေရာတွေမှာရှိတဲ့ မှဲ့တွေကတော့ ကံကောင်းခြင်းနဲ့ စည်းစိမ်ဥစ္စာ ကြွယ်ဝခြင်းကို ပေးနိုင်ပါတယ်တဲ့နော် …။ – နှုတ်ခမ်းအပေါ်ဘက်မှာ ရှိတဲ့ မှဲ့ အရမ်းကို ကောင်းတဲ့မှဲ့တစ်မျိုးဖြစ်ပြီး ရွယ်တူတန်းတူတွေထက် ငွေကြေး၊ အောင်မြင်မှု ပိုမိုရရှိတတ်တဲ့မှဲ့လို့ ဆိုနိုင်ပါတယ် …။ ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့ သဘာဝရှိပေမဲ့ ဘာပဲလုပ်လုပ် အရမ်းကို မြန်မြန်ဆန်ဆန် အောင်မြင်တတ်တဲ့သူတွေ ဖြစ်ပါတယ် …။ – နှာခေါင်းပေါ်မှာရှိတဲ့ မှဲ့ နှာခေါင်းရဲ့တစ်ဘက်တစ်ချက်မှာမှဲ့ရှိနေမယ်ဆိုရင် သေချာပေါက်ချမ်းသာမယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ် …။ ဒါပေမဲ့ […]
ချစ်သူစုံတွဲလေးတို့အတွက် အိမ်ထောင်ဘက် ရွေးချယ်နည်း…
ချစ်သူစုံတွဲလေးတို့ နေ့နံတွေကို တိုက်ကြည့်ပြီးတော့ အိမ်ထောင်ဘက် မဖြစ်နေဘူးဆိုရင် ဗေဒင်ဆရာ၊ တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ယတြာချေတာမျိုး လုပ်ကြည့်ပါ။ ချစ်သူစုံတွဲလေးတို့ရေ လက်ထပ်ဖို့အတွက် အိမ်ထောင်ဘက် ရွေးချယ်ရတာ ထင်သလောက်တော့ မလွယ်ကူပါဘူး။ အိမ်ထောင်ဘက် ရွေးချယ်တဲ့အခါမှာ တွေးရ၊ စဉ်းစားရမယ့် အချက်တွေကို ကြည့်ကြသလို နေ့နံနက္ခတ်တွေနဲ့လည်း ရွေးချယ်ကြပါတယ်။ ချစ်သူစုံတွဲလေးတို့လည်း လက်ထပ်တော့မှာမို့ အိမ်ထောင်ဘက်ရဲ့ နေ့နံတွေ တွက်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေး တွက်လို့ ရတယ်နော်။ ဒါဆိုရင်တော့ ရွေးချယ်ရလည်း ပိုလွယ်သွားတာပေါ့။ နေ့နံ တွဲကြည့်ကြမယ် တနင်္ဂနွေနဲ့ ကြာသပတေး၊ တနင်္လာနဲ့ ဗုဒ္ဓဟူး၊ အင်္ဂါနဲ့ သောကြာ၊ စနေနဲ့ ရာဟုကတော့ မိတ်ဆွေဖြစ်ပြီး အိမ်ထောင်ပြုမယ်ဆိုရင် စီးပွားရေး ကောင်းပြီး အဆင်ပြေပါတယ်။ တနင်္ဂနွေနဲ့ အင်္ဂါ၊ တနင်္လာနဲ့ ကြာသပတေး၊ ဗုဒ္ဓဟူးနဲ့ […]
လက်ထပ်ပွဲမှာ ချစ်ရသူကိုကြည့်ပီး ၀မ်းသာအားရ ဖက်ငိုကြွေးခဲ့တဲ့ သတို့သား(ရုပ် / သံ)
ရုပ်သံဖိုင်ကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။ ယောက်ျားလေးတစ်ယောက်ဟာ ချစ်သူကို အချစ်စစ်နဲ့ ချစ်မိသွားတဲ့ အခါမှာ အရမ်းကို တန်ဖိုးထားတတ်ကြပါတယ်။ ယောက်ျားလေးတိုင်းက တန်ဖိုးမထားတတ်ပါဘူး။ တကယ်လို့သင့်ချစ်သူက သင့်ကို အခုဖော်ပြပေးတဲ့အတိုင်း ပြုမူဆက်ဆံတယ်ဆိုရင်တော့ သင့်ချစ်သူဟာ ယောကျာ်းကောင်းတစ်ယောက် ဖြစ်တဲ့အပြင် သင်ဟာ တကယ့်ကိုကံကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ (၁) ကတိတည်တယ် သင့်ကို တန်ဖိုးထားတဲ့ ယောက်ျားအဖို့ သူ့နှုတ်ကထွက်တဲ့စကားဟာ သူ့အတွက် ကတိပါပဲ။ သင့်ကို ပြောဖူးတဲ့စကားတွေ၊ ပေးခဲ့ဖူးတဲ့ ကတိတွေကို ဘယ်တော့မှ မေ့မှာမဟုတ်တဲ့အပြင် သူ့ကတိတွေကိုလည်း အမြဲတည်မယ့် သူမျိုးပါ။ ကတိတွေအထပ်ထပ်ပေးပြီး မတည်တဲ့ ယောက်ျားတွေနဲ့တော့ တကယ်ကို တခြားစီပါပဲ။ ဒါကြောင့် သင့်ချစ်သူဟာ ဒီလိုလူမျိုးဆိုရင်တော့ သင့်ကိုတန်ဖိုးထားပြီး အရမ်းလည်း ချစ်တဲ့သူပါ။ (၂) ကြင်နာတယ် ယောက်ျားလေးတော်တော်များများက ချစ်တော့ချစ်တယ် ဒါပေမယ့် […]
အိမ်မပိုင်တဲ့ မိန်းကလေးကို ချစ်သူရွေးမယ်ဆိုရင်
မင်း ဒါလေးခနလောက် နားထောင်ကြည့်ပါအုးံ.” ချစ်သူဖြစ်ပီး 1 လလောက်က အရမ်းကိုအေးတိအေးဆက် နိုင်လွန်းတဲ့ ဂျိုသားမလေးတွေပေါ့အဲ့ ဒဏ်လေးကို မင်းခံနိုင်ပီလား..” တိုင်ပင်ရိုက်နေရင်းနဲ့ အဖေသို့မဟုတ် အမေခေါ်လို့နုတ်မဆက်ပဲ လိုင်းပေါ်က ဆင်းသွာရင် မင်းစိတ်ထဲ ပေါက်ကွဲသံစဉ်တွေ ထွက်လာမှာ အသေချာပဲအဲ့ဒါလေးရော သည်းခံနိုင်ပီလား..” အရမ်းလွမ်းလို့ ကိုက ဖုန်းခေါ်ရင်တောင် အဖေမေရှိလို့ မကိုင်ရဲတဲ့ အခိုက်တန့် အိမ်မပိုင်တဲ့ ဂျိုသားမလေးတိုင်းမှာ ရှိတယ် အေ ဖုန်းပြောရပီဆိုလဲ မဟုတ်တာ လုပ်ထားသလို ခိုးပြောရတာ မင်းချစ်နိုင်တာ သေချာတယ်ပေါ့..” သူများ အတွဲတွေ လူသိရှင်ကြား Ani တွေလုပ်လို့ကိုတွေလုပ်ရမယ် ထင်နေလား အကောင့်ထဲ အမျိုးတွေရှိလို့ ဆိုတဲ့ အကြောင်းပြချက်ကြီးကိုမင်းစိတ်ရှည်ရှည်နဲ့ သီးခံပီနိုင်လား…” တခါလောက် တွေ့ဖို့ကို ပြောလိုက်ရတာအကြိမ်ပေါင်းမနည်း တွေ့ရမှာပေါ့ တလ တခါလောက် အေ […]
လက်မထပ်ခင်သင့်ချစ်သူကို မေးကြည့်သင့်တဲ့ မေးခွန်း(၁၅)ခု
အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမင်ရည်စုပ်ထိုးဆိုတာက ပြုလုပ်ပြီးရင် ပြန်ပြင်ဖို့ ခက်ခဲတဲ့ အရေးကိစ္စတွေဖြစ်ပါတယ်။ ဒီထဲကမှ အိမ်ထောင်ပြုခြင်းဟာ သင့်ဘ၀အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ အခြားလူတစ်ယောက်နဲ့ သင့်ရဲ့ဘ၀တစ်ခုလုံးကို အတူကုန်ဆုံးဖို့၊ အရာရာအားလုံးကို ဝေမျှခံစားဖို့၊ ပေးဆပ်တတ်ဖို့ ဆုံးဖြတ်ရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ရတာက စိုးရိမ်စရာဖြစ်သလို စိတ်လှုပ်ရှားစရာလည်းကောင်းပါတယ်။ ဒါ့ကြောင့် ဆုံးဖြတ်ချက်တွေ မှန်ကန်စေဖို့အတွက် သင့်ရဲ့ဘ၀လက်တွဲဖော်ဖြစ်ဖို့ရည်မှန်းထားသူကို ဒီမေးခွန်းတွေ မေးကြည့်ဖို့ လိုပါလိမ့်မယ်။ ၁။ အိမ်ထောင်ပြုပြီး ကလေးယူဖို့ အစီအစဉ်ရှိမရှိ ဒီမေးခွန်းက အရေးကြီးပါတယ်။ အိမ်ထောင်တစ်ခုမှာ ကလေးရှိခြင်း၊ မရှိခြင်းက အပြောင်းအလဲတွေ အများရှိဖြစ်စေပါတယ်။ ဒါ့ကြောင့် ကလေးယူဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး ဘယ်အချိန်ယူမယ်၊ ဘယ်နှစ်ယောက်ယူမယ် စသဖြင့် ကြိုတင်ဆွေးနွေးထားသင့်ပါတယ်။ ၂။ တစ်ဦးရဲ့ ငွေကြေးဆိုင်ရာ အယူအဆတွေ၊ ရည်မှန်းချက်တွေ တစ်ဦးက […]
မင်းကို အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲထည့်ထားရတာ မပင်ပန်းဘူးလား
သူ့စိတ်ထဲမှာ မင်းကို ရှိတယ်လို့တောင် သတ်မှတ်မထားထားတဲ့ လူကိုမှ အတွေးထဲမှာ ထည့်ထားရတာ မပင်ပန်းဘူးလား …? အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲထည့်ထားရတာ မွန်းကြပ်ပြီး ပူလောင်မနေဘူးလား …? မင်းကိုယ်မင်း သနားညှာတာ သင့်ပါပြီ …။ သူ့စိတ်နဲ့ ကုန်လွန်ခဲ့တဲ့ ချိန်တွေကို လက်ချိုးရေတွက်ကြည့်ပါအုံးလား …၊ စားလည်း ဒီစိတ် သွားလည်း ဒီစိတ်နဲ့ မင်းဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အဲ့ဒီစိတ်အောက်မှာပဲ ကုန်ဆုံးစေတော့မှာလား အဲ့ဒီ ခံစားချက်က မင်းတစ်ယောက်ထဲ ခံစားဖူးတာမှ မဟုတ်တာကွာ လူတိုင်းခံစားဖူးတာပေါ့ …။ ဒါပေမယ့် လူတိုင်းတော့ မင်းလို ဖြစ်မနေဘူး အရမ်းကြီး စွဲလမ်းပြီး ခံစားမနေပါဘူး …။ အလွန်ဆုံး ခံစားရ အချိန်အတိုင်းအတာ တစ်ခုအထိပေါ့ …။ ဒါ့ကြောင့် မင်းရဲ့ မရပ်နိုင်သေးတဲ့ […]
သိပ်အနိုင်ယူလွန်းတဲ့သူတွေက တစ်ချိန်ချိန်မှာရင်ကွဲပတ်လက် ကျန်ခဲ့ရတတ်တယ် ။
ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို တွေ့ဖူးတယ် ။သူ့ ချစ်သူ ကောင်မလေး အပေါ်မှာသိပ်အနိုင်ယူလွန်းတာများ ဘေးကလူတောင်ဝင်တားရတာမျိုး အထိ။ရန်တွေ ဖြစ်ပြီး အနိုင်ယူတယ် ။သူ့ ဘက်က စိတ်တွေ အရင်ဆိုး ၊စိတ်တွေ အရင်ကောက်ပြီး အနိုင်ယူတယ် ။ စကားပြောရင်တောင် ခပ်ကြမ်းကြမ်း။သူ game ဆော့နေတဲ့ အချိန် ကောင်မလေး ။ဖုန်းဆက်လိုက်လို့ကတော့ အော်ပြီ ငေါက်ပြီ ။ဒီလိုမျိုး စရိုက် ရှိတဲ့ ကျွန်တော့်သူငယ်ချင်းကိုဟိုဘက်က ကောင်မလေးများ ချစ်လိုက်တာ တုန်လို့ ။ အရမ်းသည်းခံတယ် ။ငေါက်နေရင် ၊ အော်နေရင်တောင် မျက်ရည်လေး ဝဲပြီး ဘာမှ ပြန်မပြောနိုင်ပဲ ကြည့်နေရှာတာမျိုး။ ဒါပေမဲ့ပေါ့ ။တစ်ဖက်က အရမ်းချစ်ပြီး ဂရုစိုက်ပေမဲ့လည်းထက်တူညီ တုန့်ပြန်မှုတွေ ရောက်မလာတဲ့နောက်ဆုံးတော့ ကောင်မလေး ဘက်က စ […]
သင်ဘယ်လောက်ဆိုးဆိုး သင့်ဘေးက ထွက်ခွာမသွားမယ့် ချစ်သူမျိုးဆိုတာ ဒီလိုပါ
ချစ်တတ်တဲ့ ယောက်ျားလေးတွေမရှားပေမယ့်မိန်းကလေးတစ်ယောက်ကို တစ်ဘ၀လုံးစာအတွက်ရည်ရွယ်ပြီး ထာဝရချစ်သွားမယ့် ယောက်ျားလေးမျိုးကတော့ရှိတော့ရှိတယ်၊ ရှားမယ်ထင်ပါတယ်။ အခု Auntymay ပရိသတ်ကြီးကို အဲ့ဒီလို ခပ်ရှားရှားယောက်ျားလေးတွေရဲ့အမူအကျင့်တွေနဲ့သူတို့မှာ လေးစားစရာကောင်းတဲ့ဘယ်လိုအချက်လေးတွေရှိနေ တယ်ဆိုတာ ပျိုမေလေးတွေသိစေဖို့ ဖော်ပြပေးလိုက်ပါတယ်နော် …. ။ (၁) ပြဿနာကို ခေါင်းမရှောင်တတ်ဘူး မိန်းကလေးတစ်ယောက်ကိုတစ်ဘ၀လုံးစာရည်ရွယ်ထားတဲ့ ယောက်ျားတစ်ယောက်ဟာ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ကြုံပါစေ ရှောင်ပြေးမသွားပါဘူး။ မထူးဇာတ်ခင်းပြီး အရက်နဲ့ ခံစားချက်တွေကို ဖြေသိမ့်နေမယ့် သူမျိုးလည်း မဟုတ်ပါဘူး။ သူ့အတွက် တခါတလေ ငြီးငွေ့စရာကောင်းခဲ့မယ် ဆိုရင်တောင် ဂရုစိုက်မှု၊အလေးထားမှုတွေနဲ့ သူ့ရဲ့လက်တွဲဖော်ကို သက်တောင့်သက်သာဖြစ်စေမှာပါ။ (၂) သင့်ဘက်ကိုအမြဲစဉ်းစားပေးတယ် ယောက်ျားတစ်ယောက် ဥာဏ်ပညာကြီးတာဟာ သူဘယ်လောက်ထိ စမတ်ကျတယ်၊ ထူးချွန်ထက်မြက်သလဲဆိုတဲ့ အပေါ်မှာမမူတည်ဘဲ ကြုံတွေ့လာတဲ့ အခက်အခဲ အခြေအနေပေါ်မူတည်ပြီး အကောင်းဆုံးအကြံပြုချက်တွေ ဘယ်လောက်ပေးနိုင်သလဲ၊ ရှုထောင့်ပေါင်းစုံရဲ့အမြင်တွေကို ထည့်သွင်းစဉ်းစားနိုင်သလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီလိုချစ်သူမျိုးကိုပိုင်ဆိုင်ထားရင်တော့ […]









