အချစ်နှင့်ဘဝ
ပါးစပ်ကနေ ဖွင့်မပြောပေမဲ့ လမ်းခွဲချင်နေမှန်းသိသာစေတဲ့ ယောကျာ်းတွေရဲ့ အပြုအမူများ
ပါးစပ်ကနေ ဖွင့်မပြောပေမဲ့ လမ်းခွဲချင်နေမှန်းသိသာစေတဲ့ ယောကျာ်းတွေရဲ့ အပြုအမူများ သမီးရည်းစား Relationship တစ်ခုမှာ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ကုန် လာပြီလားဆိုတဲ့ စိုးရိမ်စိတ်က မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ စစ်တ မ်းတွေအရဆိုရင် Relationship တွေမှာ မိန်းကလေးတွေဘက်ကနေ အရင် စပြီး လမ်းခွဲတာများပါတယ်။ ယောက်ျားအများစုက လမ်းခွဲရအောင်ဆိုတဲ့ စကားကို သူတို့ဘက်ကနေ အရင်စပြီး ပါးစပ်ကနေ ဖွင့်မပြောပေမယ့် တစ်ဖက် မိန်းကလေး သူ့အပေါ် စိတ်ပျက်ပြီး လမ်းခွဲချင်လာအောင် လုပ်ပြ၊ နေပြတတ်ကြပါတယ်။ နှုတ်ကနေ၊ ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူကိုယ့်ကို လမ်းခွဲချင်နေပြီဆိုတာကို ဘယ်လိုသိနိုင်လဲ..? ချစ်သူကောင်လေးကို လမ်းခွဲချင်လာပြီဆိုရင် ယောက်ျားတွေ (ပါးစပ်ကနေ လမ်းခွဲရအောင်လို့တော့ ဖွင့်မပြောပေမယ့်) လုပ်ပြတတ်တဲ့ အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါတွေကတော့… (၁)အေးစက်လာတာ.. ဒါကတော့ […]
အချစ်နှင့်ဘဝ
ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ
ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ လူတိုင်းကရေစက်ပါလို့တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ဆုတောင်းတွေကြောင့် အခုဘဝမှာလက်တွဲ ဖော်အနေနဲ့ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပဲ ကိုယ်တစ်ကြိမ်တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်းချစ်မိတဲ့အချစ်ဆိုတာ အတိတ်ဘဝကရှေးရေစက်ကြောင့်ဖြစ်လာရတဲ့အချစ်လို့ယုံ ကြည်ထားကြပါတယ်။ သူနဲ့ကိုယ်နဲ့ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေရှိပါတယ်။   ၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ သင့်အချစ်ကတစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။ ၂။ အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့မရပါဘူး။ ကြံဖန်ပြီးကိုဆုံရမှာပါ။ ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ခံစားချက်မျိုးထက် သူက ကိုယ့်ရှေ့ကိုအကြောင်းအရင်းမတိုက်ဆိုင် […]
Life Style
မိန်းကလေးတစ်ယောက် သူ့ချစ်သူ့ကောင်လေးကို အရမ်းချစ်လာရင် ဒါတွေလုပ်တတ်တယ်
မိန်းကလေးတစ်ယောက် သူ့ချစ်သူ့ကောင်လေးကို အရမ်းချစ်လာရင် ဒါတွေလုပ်တတ်တယ် အချစ် ဆိုတဲ့ အဓိပ္ပာယ်ဖော်ရခက်တဲ့ ခံစားချက်ကြီးဟာ မိန်းကလေး တစ်ယောက်ရဲ့ နှလုံးသား မှာ အမြစ်တွယ်ပြီဆိုရင် အဲ့ဒီ မိန်းကလေး မှာ ပြောင်းလဲမှုတွေ အလိုလိုဖြစ်လာတော့တာပဲ။ ပိုလှချင်လာတယ်၊ ပျော်ရွှင်မြူးတူးလာတယ်။ ပိုပြီးတော့လည်း တွေးတတ်လာတယ်။ အမူအရာ တွေကလည်း ပြောင်းလဲလာတယ်။ အထူးသဖြင့် ချစ်သူ နဲ့တွေ့ရင် ကလေးဆန်သွားတော့တာပဲ။ ဒါကြောင့်လည်း ဒါတွေလုပ်တတ်လာကြတယ်။ ၁။ အနား ကို အရမ်းကပ်တယ်။ တူတူထိုင်နေရင်တောင်မှ ဘေးချင်းကပ်ထိုင်နေချင်တယ်။ ချစ်သူရဲ့ကိုယ်သင်းနံ့က ဘယ်လိုရှိတယ်ဆိုတာလည်း ပြောဦးမယ်။ အဲ့ဒီ အနံ့ လေးကိုပဲ သဘောကျနေမိတာ။ ၂။ ကုတင်ဘယ်လောက်ကြီးကြီး အနားနားကပ်အိပ်ရမှ ကျေနပ်တာမျိုး။ ချစ်သူ ရဲ့ဘေးမှာ နီးနီးကပ်ကပ်အိပ်ရင် အိပ်ပျော်လွယ်ပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်စက်ရတယ်လို့ သုတေသီတွေကလည်း […]
အထွေအထွေဗဟုသုတ
ကြိုးကြိုးစားစားနဲ့ လိုချင်တာတွေ ရအောင်ယူကြမယ်
ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ချမ်းသာချင်ရင် ကိုယ့်ကိုယ်ကို အလုပ်ပိုခိုင်းပါ ကိုယ့်ပတ်ဝန်းကျင်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေကြတဲ့ သူတွေကို တွေ့ဖူးကြမှာဖြစ်ပြီး အဲဒီ့လူတွေလို ဖြစ်ချင်တဲ့ အားကျတဲ့စိတ်ကလည်း ဖြစ်ပေါ်ဖူးကြမယ်လို့ ထင်ပါတယ်။ လူတော်တော်များများက အောင်မြင်ချင်တယ်ဆိုတဲ့အရာကို စကားအဖြစ်သာ ပြောတတ်ကြပေမယ့် တကယ်တမ်း လိုအပ်တဲ့ အားစိုက်မှုတွေကျတော့ မရှိတတ်ကြပြန်ပါဘူး။ ဒီတော့ တကယ်အောင်မြင်ချမ်းသာတဲ့ သူတစ်ယောက်ဖြစ်ချင်ရင်တော့ ကိုယ့်ကိုယ်ကို အလုပ်ပိုခိုင်းဖို့ လိုအပ်ပါတယ်နော်။ ကြိုးစားကြည့်ပါ အောင်မြင်ချမ်းသာချင်တယ်ဆိုရင်တော့ အလုပ်ကြိုးစားဖို့လိုတယ်ဆိုတာ ပြောနေစရာတောင် လိုမယ်မထင်ပါဘူးနော်။ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ ပန်းတိုင်တွေ တကယ်ဖြစ်လာဖို့ လိုအပ်တဲ့ ကြိုးစားမှုလေးတော့ အားစိုက်ဖို့လိုအပ်ပါတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်အကိုင်ကို အကောင်းဆုံး လုပ်ဆောင်တာ၊ ဝင်ငွေပိုကောင်းလာအောင် ကြိုးစားတာ စသဖြင့် လုပ်ဆောင်ဖို့လိုအပ်ပါတယ်နော်။ ကိုယ့်ကိုယ်ကို မညုာလွန်းပါနဲ့ လူတော်တော်များများက အောင်တော့အောင်မြင်ချင်တယ် ဒါပေမယ့် ကိုယ့်ကိုယ်ကို အရမ်းညုာနေတတ်ကြပါတယ်။ […]
အနုပညာ
သိပ်ချစ်ရတဲ့ ချစ်သူကောင်လေးကို အလင်းပြလိုက်တဲ့ မေမီကိုကို
ဗေဒင်
၂၀၂၁ခုနှစ်အတွက်သောကြာသားသမီးများ၏ (၁)နှစ်စာကံကြမ္မာဟောစာတမ်းနှင့်ဆောင်ရန် ရှောင်ရန်များ
၂၀၂၁ခုနှစ်အတွက်သောကြာသားသမီးများ၏ (၁)နှစ်စာကံကြမ္မာဟောစာတမ်းနှင့်ဆောင်ရန် ရှောင်ရန်များ သောကြာသားသမီးများ ယခုနှစ်အပိုင်းအခြားမှာ အလုပ်အကိုင်ကိစ္စများတွင် အလုပ်အကိုင်များပွင့်လင်းလာပြီး အလုပ်များစွာလုပ်ရတတ်ပြီး အလုပ်ပင်ပန်း လူပင်ပန်းဖြစ်နေတတ်ပါတယ်။ ဒီချိန်မှာအလုပ်ဟာ အကောင်းဘက်ကို ဦးတည်နေပါသောကြောင့် မလွဲမမှားဘဲ စည်းရှိရှိနဲ့ လုပ်ကိုင်သင့်ပါတယ်။ ဝန်ထမ်းများဟာ ဒီနှစ်အပိုင်းခြားမှာ အထက်လူကြီး၏ မျက်နှာပေးခံရခြင်း| ရာထူးတိုးပေးခံရခြင်းများဖြစ်တတ်ပြီး ဝန်ထမ်းအချင်းချင်း မနာလိုမှုများဖြစ်ပေါ်တတ်ပါတယ်။ တစ်နှစ်တာလုံးအတွက် သောကြာသားသမီးများဟာ အရင်နှစ်များက ဆုံးရှုံးသွားသော ငွေးကြေး၊အလုပ်အကိုင်များ ပြန်လည်ဦးမော့အစဉ်ပြေလာနိုင်မယ့်နှစ်အပိုင်းခြားဖြစ်ပါတယ်။ လုပ်ငန်းအသစ်များ စတင်ရန်အကောင်းဆုံးအချိန်ခါဖြစ်သည်။ဝေးကွာနေသော သူငယ်ချင်း|မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေရတတ်ပါတယ်။ ရပ်ဝေးဘုရားဖူးခရီးသွားရခြင်းများ ကြုံတွေ့ပါမည် ကျန်းမာရေးမှာ ရောဂါဟောင်း ဒဏ်ရာဟောင်းများ ပြန်လည်ပေါ်ပေါက်လာတတ်ပါတယ်။ သောကြာသားသမီးများချစ်သူရည်စား၏အူတိုမှု သဝန်တိုမှုများခံရတတ်ပါတယ်။ ပညာရေးမှာကြိုးစားသလိုနဲ့ စာဖက် စိတ်မပါဘဲ တခြားဖက်စိတ်ရောက်သွားလို့ အခက်ကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးမှာ အပြောင်းအလဲ အကွေ့အကောက်အလွန်များပြီး အကောင်းဘက်ကို ရောက်ရှိပါက အင်မတန် ကောင်းသောအပိုင်းခြားဖြစ်ပြီး အဆိုးဘက်ရောက်က ပြုပြင်လို့မရအောင် […]
Life Style
ကောင်လေးတွေ တကယ်ချစ်လာတဲ့အခါ ချစ်သူကောင်မလေးကို မေးတတ်တဲ့ မေးခွန်းလေးတွေ
ကောင်လေးတွေ တကယ်ချစ်လာတဲ့အခါ ချစ်သူကောင်မလေးကို မေးတတ်တဲ့ မေးခွန်းလေးတွေ ကိုယ်ခုလက်ရှိတွဲနေတဲ့ ကောင်လေးက အခုဖော်ပြပေးမယ့် မေးခွန်းလေးတွေ မေးဖူးတယ် ဆိုရင်တော့ သင့်ကိုဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ထားလို့ပါပဲ။ ကောင်လေးတွေ အနေနဲ့လည်း ကိုယ့်ရဲ့ ဘဝလက်တွဲဖော် ချစ်သူ မိန်းကလေးကို ဒီလိုမေးခွန်းလေးတွေ မေးထားသင့် ပါတယ်။ (၁) တွဲလာတဲ့တစ်လျှောက်လုံးဘာခံစားမိလဲ ကောင်လေးအများစု မေးတတ်တဲ့ မေးခွန်းမျိုးပါပဲ။ အထူးသဖြင့် သင့်ကို လက်တွဲဖော်အဖြစ် သတ်မှတ်ထားသူက လေးလေးနက်နက်မေးတတ်ပါတယ်။ သင်နဲ့ချစ်သူရည်းစားဖြစ်တဲ့ ကာလတစ်လျှောက်လုံး အချစ်ကို ဘယ်လိုခံစားမိလဲ ဆိုတာကို sharing လုပ်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ ချစ်သူအဖြစ် တွဲလာတဲ့ ကာလအတွင်းမှာ သူ့ကြောင့် အချစ်ကို ဘယ်လို ခံစားမိတယ်၊ ပျော်ရွှင်ရတာများလား၊ ပြဿနာတွေများခဲ့လားဆိုတာကို သုံးသပ်ပြီး အမှားများကို ပြင်ဆင်ဖို့ အသင့်ရှိနေသူတွေက ဒီလိုမေးခွန်းမျိုး မေးတတ်ပါတယ်။ […]
အထွေအထွေဗဟုသုတ
လူငယ်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဦးသန့်ရဲ့ စကား (၅)ခွန်း
၁။ ရည်ရွယ်ချက်ရှိပါ လောက၌ ရည်ရွယ်ချက်မရှိသော သူသည် တက်မပါတဲ့ လှေလို ရေစီးအတိုင်း မျောချင်ရာ မျောနေတတ်သည်။ ကြီးပွားလိုသော သူတိုင်းသည် ရည်ရွယ်ချက် ရှိရမည်။ သုံးလောကထွက်ထား မြတ်စွာဘုရားရှင်တောင် ငါသည် ဘုရားဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကြောင့်သာ ကျွန်တော်တို့ကိုးကွယ်နေတဲ့ ဗုဒ္ဓမြတ်စွာ အဖြစ်ရောက်ရှိတော်မူခဲ့သည်။ မည်သူမဆို ငယ်စဉ်ကတည်းက မှန်းခြေရှိရမည်။ မှန်းခြေရှိသော သူသည် မိမိလုပ်ငန်းတွင် လွယ်ကူရုံသာမက မှန်းခြေမရှိသူထက် နှိုင်းယှဉ်မရအောင် သာလွန်၍ ကြီးပွားကြလေသည်။ ၂။ သူများနဲ့မတူအောင် လုပ်ပါ ဒီလို ပြောလိုက်ရင်ပဲ အဆန်းကြီး ဖြစ်နေလိမ့်မည်။သို့ရာတွင် စေ့စေ့တွေးကြည့်သော် ကြီးပွားသောသူတို့ရဲ့ လက်စွဲအချက် ဖြစ်နေပေသည်။သူများကဲ့သို့ လုပ်လျှင် သူများလိုပဲ ဖြစ်လိမ့်မည်။ သူများထက် ပိုကြီးပွား အောင်မြင်ချင်ရင် သူများမလုပ်နိုင်သေးသော ဆန်းသစ်သော အရာတွေကို ကိုယ်လုပ်ရမည်။ […]
အထွေအထွေဗဟုသုတ
သူဌေး ဖြစ်မည့် မှဲပိုင်ရှင်များအတွက် မှဲ့အဟော…
သူဌေး ဖြစ်မည့် မှဲပိုင်ရှင်များအတွက် မှဲ့အဟော… စာမမှန်ပါက အောက်တွင် Unicode Version ဖြင့်ဖတ်ရန် မျက်ခုံးနှစ်ခုကြားမှဲ့ရှိရင် ထင်ရှားကျော်ဇောမယ်၊ ရက်စက်တတ်မယ်။ နဖူးပြင်တဲ့တဲ့မှာ မှဲ့ရှိရင် ငွေကြေးပြည့်စုံတယ်လို့ အထင်ခံရမယ်။ လက်ယာဘက် မျက်ခုံးမွှေးပေါ် မှဲ့ရှိရင် ချမ်းသာမယ်၊ ဥစ္စာပစ္စည်း ပြည့်စုံမယ်၊လောကီချမ်းသာမှု အပြည့်အစုံ ခံစားရမယ် …။ ဝဲဘက်မျက်ခုံးပေါ် မှဲ့ရှိရင် အသောက်အစားများမယ်၊ လောင်းကစားကလည်း တမ်းတမ်းစွဲပါ။ လက်ယာဘက် မျက်ခုံးမွှေးအဆုံးမှာ မှဲ့ရှိရင်အဖွဲ့အစည်းမှာ အကြီးအကဲဖြစ်ပါမယ် …။ လက်ယာဘက်မျက်ခမ်းအောက်မှဲ့ရှိရင် မျက်နှာပွင့်ပြီး လူချစ်လူခင်များမယ်။ ဝဲဘက်မျက်ခမ်းအောက်မှဲ့ရှိရင် လူမုန်းများမယ်၊ အတိုက်အခံနဲ့အမြဲတွေ့ရမယ်၊ ငယ်စဉ်မှာ ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့မယ်။ အချစ်ရေးနဲ့ပတ်သတ်ရင် သတ္တိရှိမယ်၊ ဇနီးရဲ့ သြဇာလွမ်းမိုးမှုခံရတတ်တယ် …။ လက်ယာဘက်နှာခေါင်းမှာ မှဲ့ရှိရင် သားသမီးအဖတ်မတင်တာ ဖြစ်မယ်။ နှာခေါင်းတည့်တည့် နှာသီးထိပ်ဖျားမှာမှဲ့ရှိရင် အနုပညာလောကမှာ […]
အချစ်နှင့်ဘဝ
သည်းသည်းလှုပ် ချစ်မပြတတ်ပေမယ့် သင့်ကို အရမ်းတန်ဖိုးထားတဲ့ ချစ်သူဆိုတာဒီလိုပါ
သည်းသည်းလှုပ် ချစ်မပြတတ်ပေမယ့် သင့်ကို အရမ်းတန်ဖိုးထားတဲ့ ချစ်သူဆိုတာဒီလိုပါ ကံကောင်းတဲ့ မိန်းကလေးဆိုတာ ချစ်သူ၊ လက်တွဲဖော်၊ အိမ်ထောင်ဖက်ရဲ့ ချစ်ခြင်းနဲ့အတူ တန်ဖိုးထားခြင်းကို ခံရတဲ့သူပါပဲ။ တစ်ချို့ယောက်ျားလေးတွေက သည်းသည်းလှုပ်တော့ ချစ်မပြတတ်ပေမယ့် တကယ်တန်ဖိုးထားတယ်ဆိုတာ သူတို့ရဲ့အပြုအမူကနေတစ်ဆင့် သိလို့ရပါတယ်။ သင့်ချစ်သူဟာ ဒီအချက်လေးတွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင်အရမ်းကံကောင်းပါတယ်။ (၁) သင့်အကြိုက်လိုက်တယ် ယောက်ျားလေး တော်တော်များများက သူတို့ပဲဆုံးဖြတ်၊ သူတို့ပဲဆုံးဖြတ်ချင်တာပါ။ ဒါပေမယ့် သင့်ချစ်သူကတော့ သင့်ကိုအလိုလိုက်တယ်၊ သင့်ဆန္ဒတွေကို လိုက်လျောပေးတယ်၊ သင့်အလိုကျ လိုက်လုပ်ပေးတယ်ဆိုရင်တော့ သင့်ကိုအရမ်းတန်ဖိုးထားလို့ပါ။ သင်ပျော်ရွှင်ဖို့က သူ့အတွက် အရေးကြီးဆုံးဖြစ်သလို၊ သင်ပျော်နေရင် သူလည်းပျော်တာကြောင့် သင့်အကြိုက်တွေကို အမြဲလိုက်ပေးနေမယ့်သူပါ။ (၂) ဖြည့်ဆည်းပေးတယ် သင့်ချစ်သူဟာ သူများတွေလို ကဗျာဆန်ချင်မှဆန်မယ် ဒါပေမယ့် သင့်အတွက် အမြဲတမ်းစဉ်းစားပေးတတ်တဲ့သူပါ။ သင်ကြိုက်တတ်တဲ့ မုန့်လေးတွေဝယ်လာပေးတာမျိုး၊ သင်လိုအပ်နေတဲ့ […]