မိန်းကလေးဆိုတာ ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်နေပါစေ၊ ကိုယ်ချစ်တဲ့သူတွေရဲ့ ဂရုစိုက်မှုကို လိုချင်ကြတာချည်းပါပဲ။ ကိုယ့်ချစ်သူက ဂရုမစိုက်ဘူးဆိုရင် အလွန်ကို ဝမ်းနည်းရတတ်ပါတယ်။ ဒါတင် မကသေးပါဘူး၊ နောက်ဆက်တွဲ ဒီလိုအရာတွေ ဖြစ်လာပါတော့တယ်နော် …။ (၁) သူကိုယ့်ကိုယ်မချစ်တော့ဘူးလို့ ထင်လာတယ်” တချို့ ယောကျာ်းလေးတွေက ချစ်သူဖြစ်တာကြာလာရင် အရင်ကလောက်ဂရုမစိုက်တတ်တော့သလို၊ ဂရုစိုက်ဖို့လည်း သိပ်မလိုဘူး၊ ငါတို့နှစ်ယောက်က ပြတ်တော့မှာ မဟုတ်ဘူးလို့ တွေးတတ်ကြပါတယ် ။မိန်းကလေးတွေကတော့ ဂရုမ စိုက်တော့တာဟာ မချစ်တော့တာပဲလို့ သတ်မှတ်ကြပါတယ်။ ဒီတော့ ချစ်တဲ့သူက ဂရုမစိုက်တာဟာ သူ့ကို မချစ်တော့တာပဲလို့ ယူဆသွားနိုင်ပါတယ် …။ (၂) အတွေးလွန်လာတယ်” သူ ငါ့ကိုဘာလို့ ဂရုမစိုက်တော့တာလဲ၊ အသစ်တစ်ယောက်တွေ့နေလို့လား၊ ငါ့ကိုစိတ်ကုန်နေတာလား၊ ငါ့ကိုထား သွားဖို့ကြံစည်နေတာလား ၊ဒါဆို ငါဘာလုပ်ရမလဲ စသဖြင့် အမျိုးမျိုးတွေတွေပြီး စိုးရိမ်သောကရောက်နေပါလိမ့်မယ်။ […]
Month: January 2021
သင့်ကို တစ်သက်လုံးချစ်သွားမယ့် ယောင်္ကျားလေးတစ်ယောက်ရဲ့ လက္ခဏာများ
အချစ်ရေးကံမကောင်းလို့ အိမ်ထောင်ဘက်အဖြစ် လွဲချော်ခဲ့တာတွေ၊ ချစ်သူဘ၀က ပြတ်ဆဲခဲ့တာတွေ၊အိမ်ထောင်သည်ဘ၀မှာ ကွာရှင်းကြတာတွေ ရှိနေတာကို မြင်ရတော့ စိတ်မကောင်းပါဘူး။ အမှန်တော့တစ်ယောက်က ထားသွားလို့၊ တစ်ယောက်က ကျန်နေခဲ့ ရတာ ပါဘဲ။ ဒါဆိုရင် သင်လက်တွဲနေတဲ့ သူဟာ သင့်ကို ထားသွား/မသွား ဘယ်လို ပုံစံတွေကို အကဲခတ်ပြီး သိနိုင်မလဲ အောက်မှာ ဖော်ပြထားတဲ့ စရိုက်လက္ခဏာလေးတွေ ကတော့ သင့်ချစ်သူက သင့်ကို လုံးဝ ပစ်ခွာမသွားနိုင်ဘူးဆိုတဲ့ သက်သေတွေပဲ ဖြစ်ပါတယ်နော်။ 1. သင့်ကို အနိုင်ကျင့်စော်ကားတာတွေ မလုပ်တဲ့သူ” ကိုယ်ချစ်လို့ လက်တွဲနေတာပဲ ဘာလို့အနိုင်ကျင့် ရမှာ လဲလို့ စောဒက မတက်ကြ ပါနဲ့။ အဲဒီလိုပဲ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ရိုက်ကြနှက်ကြ၊ သတ်ကြဖြတ်ကြတဲ့ ကိစ္စတွေမှ မနည်းဘူး။ အဲဒီလို အချစ်မျိုးကျတော့ […]
သင်မသိဘဲ လုပ်နေမိတဲ့ ဆံသားပျက်ဆီးစေတဲ့ အကြောင်းအရင်း (၉)ခု
ဆံသားပျက်ဆီး သင်နေ့တိုင်း လုပ်နေမိတဲ့ အမှား ၉ ခု။ အမျိုးသမီးတွေဟာ မျက်နှာပြီးရင် ဒုတိယ ဂရုအစိုက်ဆုံးက ဆံကေသာပါပဲ။ ဆံပင်ဟာ မိန်းကလေးတို့ရဲ့ ဒုတိယမျက်နှာပါ။ ဒါ့ကြောင့် ခေါင်းလျှော်ရည်တွေ ပေါင်းဆေးတွေသုံးကြသလို ဆံပင်ကိုလည်း အမျိုးမျိုး ပုံသွင်းကြပါတယ်။ ဆံပင် အလှပြုပြင်တဲ့ Salon တွေလည်းသွား ရတာ မကြာခဏ ပါပဲ။ဆံပင်ကျွတ်ရတဲ့ အဓိအကြောင်းရင်းနဲ့ ဆံသား ပျက်ဆီးရတဲ့ သင်နေ့တိုင်း လုပ်နေတဲ့ အမှားတွေကို သင်သိပြီးပြီလား။ ခေါင်းမကြာခဏလျှော်ခြင်း တစ်ရက်ခြား တစ်ခါလိုလို ခေါင်းလျှော်တာ ကလည်း ဆံပင်ကို ကျွတ်စေ ပါတယ်။ အဆီပြန်တတ်တဲ့ ဆံပင်ဆိုရင် အလွန်ဆုံး ၂ ရက်ခြားတစ်ခါသာလျှော်သင့် ပါတယ်။ သာမန်ဆံပင်မျိုးဆိုရင်တော့ တစ်ပတ်ကို ၂ ကြိမ် သာလျှော်ပါ။ အမြဲတမ်း ဆံပင်ပုံသွင်းတယ် […]
သင့်ရဲ့ 2021 အတွက်ကံဇာကို ဂဏန်းဗေဒင် ဟောစာတမ်းတွက်ကြည့်ရအောင်
ဝါသနာပါရင်တွက်ကြည့်ပါရာနုန်းပြည့်တော့မမှန်ဘူးနော် တနှစ်ချင်းဖြစ်ပျက် တစ်ဦးချင်းအတွက် ဂဏန်းဗေဒင် ဟောစာတမ်း တွက်နည်း မိမိ၏ အင်္ဂလိပ်မွေးရက် + မွေးလနဲ့သိချ င်တဲ့ နှစ်၊ ကိုအားလုံးပေါင်း၍ တစ်လုံးတည်းသောဂဏန်းကိုယူပါ။သိလိုသူ၏ မွေးရက် + မွေ လ ကို ရောက်ရှီသောသက္ကရာစ်နဲ့တစ်လုံးရအောင်ပေါင်းရတဖြစ်ပါသည်။ ဥပမာ=4-1-2004မွေးဖွားသူအားတွက်လျှင် မွေးရက်=4=4 မွေးလ=1=1 ရောက် ဆဲနွစ်=2021=5 အားလုံး ပေါင်း=4+1+5=10=1+0=1 နောက်ဆုံး တစ်လုံးထဲ ကျန်တဲ့ ဂဏန်း ကို ကြည့်ပါ။ နောက်ဆုံးတစ်လုံးထဲ1ရပါတယ် 1 ဂဏန်းအဟောကို ဖတ်ရုံပါပဲ၊အမျိုးတွေအားလုံးလည်း အဲ့ဒီတွက်နည်းအတိုင်း တွက်ပြီး ရတဲ့ဂဏန်းကိုဖတ်ပါ။ 1 #ဂဏန်းရသောနှစ် အကြံအစည်သစ်တွေ၊လုပ်ငန်းသစ်တွေ၊ အတွေ့ကြုံသစ်တွေရောက်လာလိမ့်မယ်။ ဒီနှစ်က့တော့ ငါတစ်စုံတစ်ခုရတော့မှာပဲလို့ စိတ်ထဲမှာ ထားပါ။ အိုးသစ်အိမ်သစ်ဘဝသစ် စရသောနှစ်ဘဲဖြစ်ပါတယ်အကောင်းမဟုတ်သလိုအဆိုးလဲမဟုတ်တော့ပါအတိုက်အခံရန်ရှီနေမည်ဂူတလုံးခြင်္သေ့နှစ်ကောင်အောင်းကိန်းနှစ်ဖြစ်ပါသည်။ 2 #ဂဏန်းရသောနှစ် ဘယ်သူတွေဘာဖြစ်ဖြစ် ကိုယ်ကကြားကဝင် ဖြန်ဖြေပေးရတတ်တယ်။ […]
အသည်းနင့်နေအောင်ချစ်တတ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ (၅) မျိုး
မိန်းကလေးတွေရဲ့ စိတ်က ခန့်မှန်းရခက် ပါတယ် ။ အကြောင်း ကတော့ စိတ်ထဲရှိတာက တစ်ခြား၊ အပြုအမူက တစ်ခြားဖြစ်နေတတ် လို့ပါ။ နောက်တစ်ခုက မိန်းကလေးတွေဟာ အရမ်းဂရိုစိုက်ခံချင်၊ အရမ်းအချစ်ခံ ချင်တဲ့ သူတွေပါ။ အဲလို ဂရုစိုက်၊ အချစ်ခံရအောင်လည်း နည်းမျိုးစုံနဲ့ကြိးစား တတ်ကြ ပါတယ်ဗျာ ခုဖော်ပြပေးမှာ ကတော့ ချစ်သူ အပေါ်မှာ ဆိုးပေမယ့် တကယ်တမ်း ရင်ထဲမှာကျတော့ နင့်နေအောင်ချစ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ(၅)မျိုး ဖြစ်ပါတယ်။ ဒီလို မိန်းကလေးမျိုးတွေက ကလေးဆန် တာလေး ကလွဲရင် သင့်အတွက် အစစအရာရာ ပြည့်စုံတဲ့ သူဖြစ်လို့ လက်လွှတ် မခံသင့် ပါဘူးနော် (၁) ဒေါသကြီးတတ်တယ် ဒီလို မိန်းကလေးတွေက ဒေါသ အရမ်းကြီး ပါတယ်။ ဒါပေမယ့် […]
ဆံပင်အရမ်းကျွတ်ပြီး ပါးနေသူတွေအတွက် ဆံပင်အုံထူလာစေမယ့် နည်းလမ်း
ဆံပင်ဆိုတာ လူတစ်ယောက်အတွက် ရုပ်ရည်သွင်ပြင်အလှအပတစ်ခုတည်းအတွက် ရှိနေတာမဟုတ်ဘဲ၊ ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံ လိုအပ်ချက်အရ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် တခြားသောအစိတ်အပိုင်းတွေလိုပဲ ထိခိုက်ပျက်စီးတတ်၊ အားနည်းတတ်လို့ သေချာလေးဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ ဆံပင်တွေ အရမ်းကျွတ်ပြီး ပါးလာမယ်၊ ပြားကပ်နေမယ်ဆိုရင် လူလည်းမကျန်းမာတဲ့ပုံစံပေါက်နေပြီး ဘယ်လိုမှမလှနိုင်တာမို့ ဒီနည်းလေးတွေနဲ့ ပြန်ပြီး ဂရုစိုက်ပေးလိုက်ပါ ။ (၁) ကြက်ဥနဲ့ဒိန်ချဉ်ပေါင်းတင်နည်း ကြက်ဥတစ်လုံးလုံးကို ဒိန်ချဉ်အနည်းငယ်နဲ့ရောမွှေပြီး ဦးရေပြားနဲ့ဆံပင်အနှံ့လိမ်းပေးလိုက်ပါ။ တစ်နာရီလောက်ထားပြီး ရေအေးနဲ့ခေါင်းလျှော်ပေးပါ။ ချည်သားတဘက်လေးနဲ့ သုတ်ပြီး hair dryer မသုံးဘဲသဘာဝအတိုင်း အခြောက်ခံပေးပါ။တစ်ကြိမ်လုပ်ရုံနဲ့ဆံပင်ကျွတ်တာ သိသိသာသာရပ်တန့်သွားပြီး တစ်ပတ်တစ်ကြိမ်ပုံမှန်လုပ်ပေးရင် ဆံပင်တွေ ပြန်ထူလာတာကို တွေ့ရပါလိမ့်မယ် ။ (၂) ခေါင်းမလျှော်ခင် ဆီတစ်မျိုးမျိုးနဲ့နှိပ်နယ်နည်း ဆံပင်တွေကျွတ်ပြီးပါးနေတဲ့အခါ ခေါင်းလျှော်ခါနီးတိုင်း အုန်းဆီ၊သံလွင်ဆီ ဒါမှမဟုတ် jojoba oil စတဲ့ အဆီတစ်မျိုးမျိုးနဲ့ ဦးရေပြားအနှံ့ ရွှဲနေအောင်လိမ်းကာ […]
နှုတ်ခမ်းတစ်ဝိုက်မှာ မှဲ့ပါတဲ့ သူလေးများရဲ့ အမူအကျင့်များ…
နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူ အများစုဟာ သနားစရာ၊ ချစ်စရာ အလွန် ကောင်းကြပါတယ်။ သူတို့တွေဟာ အပြင်ပန်းမှာ ခက်ထန် ကြမ်းတမ်းတယ် ထင်ရပေမယ့် အတွင်းစိတ် သဘောထားကတော့ အလွန် နူးညံ့ သိမ်မွေ့ပါတယ်? ပွစိပွစိလုပ်တာကတော့ ဝါသနာပါ..။ သူများကို ကူညီလိုက်လို့ ကိုယ့်မှာ သုညဖြစ်သွား ခဲ့ရင်တောင် ကိုယ်ကူညီလိုက်တဲ့သူ အဆင်ပြေနေတယ် ဆိုရင် ကြည်နူးပီတိ ဖြစ်နေတတ်တဲ့ သူတွေပါ နှုတ်ခမ်းတစ်ဝိုက် ”မှဲ့” ပါတဲ့သူတွေဟာ စေတနာလည်း အရမ်းကောင်းသလို သံယောဇဉ်လည်း အလွန်ကြီးကြတဲ့ သူတွေပါ။ သူတို့ဟာ စိတ်ဆိုးစိတ်ကောက်လည်း လွယ်ပါတယ်..။ ခဏခဏလည်း စိတ်ဆိုးစိတ်ကောက် တတ်ပါတယ် စိတ်ကောက်လည်း ခဏပဲ။ ချော့မယ့်သူ ရှိရင်တော့ ဟန်အမူပိုပြီး ဆက်ပြီးတော့ စိတ်ကောက်ဟန် ဆောင်နေတတ်ပါတယ် ။ ချော့မယ့်သူ […]
သူ့ဘက်ကနေ သင့်အကြောင်းကိုပဲ တွေးနေတဲ့အခါ သင့်ဆီမှာ ဖြစ်ပေါ်လာမယ့် အရာများ…
စိတ်ချင်းဆက်တယ်ဆိုတာ ကြားဖူးကြတယ်မလား။ စကားလုံးအဖြစ် ပြောပြမရပေမဲ့ စိတ်ထဲကနေ သိနေတာမျိုး၊ မမျှော်လင့် တစ်ခုတည်းကို တူတူလုပ်မိနေကြတာမျိုး၊ ဘာဖြစ်လို့ ဖြစ်မှန်းမသိ ရုတ်တရက် ဖြစ်သွားတဲ့ အပြုအမူ/ခံစားချက်မျိုး၊ တစ်ယောက်ကို တစ်ယောက် စကားပြောစရာမလိုပဲ နားလည်နေသလိုမျိုး၊ မျက်လုံးချင်းဆုံရုံနဲ့ သူ ဘာပြောလဲ ကိုယ်သိနေတာမျိုး ပေါ့ …။ ဒီလို အခြေအနေတွေကို ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါက စိတ်ချင်းဆက်တဲ့ သူတွေမှာပဲ ရှိတတ်သလို မသိစိတ်ကနေ သိတဲ့ အလိုအလျောက်အခြေအနေတွေလည်း ဖြစ်ပါတယ်။ တကယ်လို့ သင့်ကို တစ်ယောက်ယောက်က စိတ်ဝင်စားနေတယ်ဆိုရင် သင်သိနေသလိုပေါ့။ တစ်ယောက်ယောက်က သင့်အကြောင်း တွေးနေတဲ့အခါ သင့်ကို နှစ်သက်နေတဲ့အခါတွေမှာ သင့်မှာ ဒီလို လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ် …။ (၁) ရုတ်တရက် […]
‘၂မိနစ်အတွင်း မျက်နှာကို မည်းညစ်ခြင်းကင်းပြီး ကြည်လင်ဝင်းပစေတဲ့ ဆားသံပုယိုသီးခြမ်း’
၂မိနစ်အတွင်း မျက်နှာကို မည်းညစ်ခြင်းကင်းပြီး ကြည်လင်ဝင်းပစေတဲ့ ဆားသံပုယိုသီးခြမ်း’ တစ်ခါတစ်လေမှာ အဆင်သင့်လိမ်းနိုင်တဲ့ အလှကုန်တွေထက် အိမ်တွင်းဖြစ် ဓာတုပစ္စည်းမပါတဲ့ မီးဖိုချောင်ပစ္စည်းတွေကပိုပြီး အစွမ်းထက်ပါတယ်။ အကယ်၍ သင့်ရဲ့အသားအရေက ဝင်းပဖြူစင်မှုမရှိဘဲ ဆဲလ်သေတွေကြောင့်မဲညစ်နေမယ်ဆိုလျှင် ဆားသံပုယိုသီးခြမ်းကအပြည့်အဝ ကူညီပေးပါလိမ့်မယ်။ သံပုယိုသီးကို မထူမပါးလှီးပြီး ဆားအနည်းငယ်ကပ်ကာ မျက်နှာပြင်အနှံ့ ညှင်သာစွာ ပွတ်ပေးပါ။၂မိနစ်ခန့် ပြုလုပ်ပြီးလျှင် ရေသီးသန့်ဖြင့် ဆေးကြောပြီး ခြောက်သွေ့အောင် သဘက်ဖြင့် ညှင်သာစွာ ပုတ်သုတ်ပါ။ ခြောက်သွေ့အောင်သုတ်ပြီးလျှင်အသားအရေကို ပိုပြီးစိုပြေဝင်းပစေဖို့အတွက် မျက်နှာကို ပေါင်းတင်ပါ။ပေါင်းတင်ရမယ့် နည်းလမ်းကတော့ ပျားရည် နှင့် သံပုယိုရည်ကို ရောပါ။ ရေကို လိုအပ်သလောက် ရောထည့်နိုင်ပါတယ်။ ထို့နောက် မျက်နှာအနှံ့လိမ်းပြီး ၁၅မိနစ်ခန့်ကြာလျှင် ရေဆေးကြောလိုက်ပါ။ပြီးသွားလျှင် သန့်စင်အောင်သုတ်ပြီး အသားအရေစိုပြေစေမယ့် ခရင်မ် ၊ moisturizer တစ်မျိုးမျိုး လိမ်းထားလိုက်ပါ။ (သံပုယိုသီးက […]
မွေးထဲကချစ်မွှေးပါလာတာ အင်္ဂါသားသမီးလေးတွေပါ
မွေးထဲကချစ်မွှေးပါလာတာ အင်္ဂါသားသမီးလေးတွေပါ မွေးထဲကချစ်မွှေးပါလာတာ အင်္ဂါသားသမီးလေးတွေပါပဲနော် … ။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင်လည်း ဘယ်သူမှလိုက်မမှီအောင် ချစ်တတ်ကျတယ်ချစ်သူအတွက်ဆိုရင် ကောင်ကင်ကို ဒူးနဲ့တိုက်ရရ သူရဲကောင်းကြီးလုပ်ချင်တာ အဂါင်္သာသ္မီးတွေပါ .. ။ ဝမ်းနည်းလွယ်တယ်မျက်ရည်လွယ်တယ်ကီစ္စတစ်ခုကိုတစ်စိမ့်စိမ့်တွေးပြီးတော့တမြည့်မြည့် ခံစားနေတတ်ပြန်တယ် … ။ ဟာသပြောပြီး ပြုံးနေတတ်ပေမယ့်ရင်ထဲက ကြိတ်ငိုနေတတ်တယ်စိတ်နာအောင်တော့ သွားမလုပ်မိပါစေနဲ့ဒူးထောက်တောင်းပန်တောင် တစ်သက်လုံး ပြန်လှည့်မကြည်တတ်တော့ပါဘူး.. ။ သူတိုကိုသွားမကျောမိပါစေနဲ့ကိုး ဆယ်ဆလောက် ပြန်ချေ တတ်ကျလို့ပါမိသားစုအရေသိပ်ကံမကောင်းတတ်ကျပေမယ့်မိသားစုက အားကိုးရတဲ့ သားသ္မီးလေးတွေပါသဝန်တိုတတ်တယ် .. ။ ပျော်ပျော်နေတတ်တယ်လူအများနဲ့ ဝိုင်းဖွဲ့နေရတာထက်တစ်ယောက်ထဲအေးဆေးနေရတာကို ပိုနှစ်သက်ကြတယ် .. ။ ဒေါသဖြစ်ရင် အပြင်မှာပေါက်ကွဲကြတာထက် ပါးစပ်က ပူညံပူညံနဲ့ရေရွတ်နေ တတ်ကြတယ် .. ။ လူတွေအပေါ် ဖော်ရွေစွာနဲ့ခင်မင်တတ်ပါတယ် …. ။ ဝတ္တရားပျက်ကွက်မိရင်လည်းအပြန်ပြန်အလှန်လှန်တွေးပူနေတတ်ကြတယ် … ။ မိသားစုတွေအပေါ်မှာ […]









