အချစ်ကြောင့် စိတ်ညစ်နေလား။ အချစ်ဆိုတာ ဘာလဲ။ ဘယ်လို နားလည်မှုတွေထပ်ပေးရဦးမလဲ။ ပြဿနာတွေဆိုတာ အမြဲကိုယ့်ဆီဘဲ ရောက်လာ နေတယ် လို့ထင်သလား။ ဒီချစ်မိခဲ့တဲ့ရင်ခုန်သံလေးတွေ ကြောင့် ခေါင်းစားနေရတယ်ဆိုပါတော့။ ဒီတော့ အောက်ပါ နည်းလမ်းတွေနဲ့ မပျော်ရွှင်တဲ့ေ နရာမှာ ပျော်ရွှင်မှုလေးတွေ ခံစားနိုင်စေဖို့ လက်ရှိပြည့်စုံနေတဲ့ချစ်သူတွေကတော့ ပိုပီးတော့ ချစ်သက်ရှည်နိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။ ၁။ အပေးအယူမျှ…..ဂရုစိုက်တတ်မှ တင်းကျပ်စွာချည်နှောင်ထားတဲ့ ချစ်နည်းထက် လွတ်လွတ်လပ်လပ်နဲ့ နားလည်မှုပေးကြည့်ပါ။ အမြဲ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်း ဆွေးနွေးကြပါ။ အချိန်တွေ မအားလပ်ရင်တောင် တစ်ပတ်တစ်ခါ စကားလက်ဆုံ ကျဆွေးနွေးပါ။ နွေးထွေးတဲ့ လက်တစ်စုံနဲ့အတူ ကမ္ဘာပတ်သလို လမ်းလျှောက် ထွက်ပေးပါ။ ဝေးကွာနေတဲ့ ချစ်သူတွေကတော့ ညအချိန်မှာ ဖုန်းပြောရင်း SMS ပို့ရင်း […]
Month: January 2021
ကိုယ်မှန်လို့ကတော့ ခေါင်းငုံ့မခံတတ်တဲ့ B သွေးပိုင်ရှင်တို့ရဲ့ အချစ်ရေး…
B သွေးလေးတွေဟာ လွတ်လပ်တယ်၊ ပေါ့ပါးတယ် နောက်ပြီး ချုပ်နှောင် ခံရတာကို မကြိုက်ဘူး၊ မဟုတ်မခံတတ်တဲ့ အကျင့်ရှိပါတယ်။ သွက်လက်ပြီး ပွင့်လင်းတဲ့ B သွေးလေးတွေဟာ အချစ်ရေးမှာ အနည်းငယ် ကံခေတတ်ကြပါသတဲ့။ B သွေးလေးတွေရဲ့ အချစ်ရေးကို ဖတ်ကြည့်လိုက်ပါဦးနော် ….။ (၁) အရမ်း ချစ်တတ်တယ်” မဟုတ်မခံတတ်တဲ့ B သွေးလေးတွေရဲ့ လူတွေမသိတဲ့ အချစ်ရေး B သွေးလေးတွေရဲ့ချစ်သူဖြစ်ခွင့် ရတဲ့သူတွေဟာ အရမ်းကို ကံကောင်းပါတယ်။ အကြောင်းကတော့ သူတို့လေးတွေဟာ အရမ်းချစ်တတ်တဲ့ သူတွေဖြစ်နေလို့ပါ။ ချစ်သူကို တခြားသူတွေ အားကျသွားလောက်တဲ့ အထိကို ချစ်နိုင်၊ ဂရုစိုက်နိုင်တဲ့ သူတွေပဲ ဖြစ်ပါတယ် …။ (၂) သဝန်အရမ်း တိုတယ်” B သွေးလေးတွေဟာ သဝန် အရမ်းတိုတတ် […]
သင့်ဆံကေသာကို အမြန်ဆုံး အရှည်မြန်စေမယ့် သဘာဝပေါင်းတင်နည်း….
မင်္ဂလာပါနော်။ မိန်းကလေးတို့ဘုန်း ဆံထုံးဆိုသလို ဆံကေသာရဲ့ အလှဟာ ကျွန်မတို့ မိန်းကလေးတွေ တန်ဖိုးထား မြတ်နိုးရတဲ့ အလှတရားတစ်ခုပဲ ဖြစ်ပါတယ် ။ နူးညံ့ချော့မွေ့ပြီး ပျော့ပျောင်းတဲ့ ဆံကေသာကို မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြတာ သဘာဝပါပဲ ။ သဘာဝ ပေါင်းတင် နည်းတွေ အများကြီးရှိတဲ့ အထဲ ကမှ ဒီတခါ မှာတော့ စာဖတ်သူတို့ရဲ့ ဆံကေသာ ကို အမြန်ဆုံး အရှည်မြန်စေ မယ့် နည်းလမ်းလေး ကို မျှဝေပေးသွားမှာပါနော် ။ ။ ” ပါဝင်ပစ္စည်း ” ဗီတာမင် E ၁ တောင့် ရှားစောင်းလက်ပပ် စားပွဲတင်ဇွန်း ၁ ဇွန်း သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ဗာဒံဆီ […]
“အိမ်သာသွားရင် ဖုန်းယူသွားတတ်တဲ့သူတွေ ဒါလေး ဖတ်ကြည့်ပါ”
အခုတစ်ခေါက် ပြောပြပေးသွားမယ့် အကြောင်းအရာကတော့ ဘာကြောင့် မိုဘိုင်းဖုန်းတွေကို အိမ်သာထဲ ယူမသွားသင့်တာလဲဆိုတာပဲဖြစ်ပါတယ်။ အခုလို မိုဘိုင်းဖုန်းတွေ ပေါပေါများများ ရှိလာခဲ့ချိန်မှာ လူတိုင်းလိုလိုက မိမိရဲ့ ဖုန်းတွေကို သန့်စင်ခန်းတွေထဲကို မိမိနှင့်တပါတည်း ယူသွားတတ်ကြပါတယ်။ တကယ်တော့ ဒီလို အိမ်သာထဲကို မိုဘိုင်းဖုန်းတွေ ယူသွားတာက အင်မတန်မှ မှားယွန်းလှတဲ့ အပြုအမူတစ်ခုဖြစ်ပြီး ကျန်းမာရေးအတွက်လည်း မဖြစ်သင့်တာတွေလည်း ဖြစ်လာတတ်ပါတယ်။ ဘာကြောင့် ဖုန်းတွေကို အိမ်သာထဲ ယူမသွားသင့်သလဲဆိုတော့ ဖုန်းတွေက ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာတတ်ခြင်း ဗိုင်းရပ်စ်ပိုးတွေက လူသားတွေအပေါ် ဘယ်လောက်အထိဆိုးကျိုးပေးနိုင်စွမ်းရှိပြီး ဘယ်လောက်အထိ ရိုက်ခတ်မှုပြင်းသလဲဆိုတာက ၂၀၂၀ ခုနှစ်မှာ အသိသာဆုံး မျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်။ ဒီလိုမျိုး အန္တရာယ်ရှိလှတဲ့ ဗိုင်းရပ်စ်ပိုးတွေကို သယ်ဆောင်လာတတ်တဲ့ အရာဝတ္ထုတွေထဲမှာ မိမိကိုင်ဆောင်ထားတဲ့ မိုဘိုင်းဖုန်းတွေလည်း ပါဝင်ပါတယ်။ စနစ်တကျပြုလုပ်ထားတဲ လေ့လာချက်တွေအရ မိုဘိုင်းဖုန်းတွေက […]
“မိန်းကလေးဘက်က စတင်တဲ့ Relationship တစ်ခုရဲ့ ကောင်းကျိုးများ…”
Relationship တစ်ခု စတင်ဖို့ဆိုတာ များသော အားဖြင့် ယောက်ျားလေးဖြစ်သူက စတင်ဖွင့်ပြောမှ ဇာတ်လမ်း တစ်ခု အစပြုတတ်ပါတယ် …။ ယောက်ျားလေး ဘက်က စတင်ဖွင့်ပြောမှ ချစ်သူဖြစ်နိုင်တယ် ဆိုတဲ့ အလေ့အထကြီးက ဘယ်က ဘယ်လို စတင်ခဲ့မှန်း မသိပေမယ့် ယောက်ျား မိန်းမ ရင်ဘောင်တန်းနေတဲ့ ဒီခေတ်ကြီးထဲမှာ မိန်းကလေးတစ်ယောက် အနေနဲ့လည်း ကိုယ်ကြိုက်တဲ့ ယောက်ျားလေး တစ်ယောက်ကို လွတ်လပ်စွာ ဖွင့်ပြောခွင့် ရှိပါတယ် …။(သူများရည်းစား စနိုက်တာက လွဲပြီးပေါ့နော်) မိန်းကလေး တစ်ယောက်က စတင်တဲ့ Relationship တွေဟာ ဘာကြောင့် ပိုမိုခိုင်မြဲသလဲ၊ ဘာကောင်းကျိုးတွေရှိလဲ ဆိုတာ Brightside သတင်းဌာနရဲ့ ဖော်ပြချက် တစ်ချို့ကို အခြေခံပြီး ရေးသား တင်ပြလိုက်ရပါတယ် …။ မိန်းကလေးဘက်က စတင်လိုက်တဲ့ […]
ပင်ကိုယ်အတိုင်း ချစ်ဖို့ကောင်းနေတတ်သူများရဲ့ လျှို့ဝှက်ချက်များ….
တစ်ချို့က အဲဒီလူက ခင်ဖို့ကောင်းတယ်၊ ချစ်ဖို့ကောင်းတယ်၊ ကြင်နာတတ်တယ် စသဖြင့် ပုဂ္ဂိုလ်ရေးအနေနဲ့ ဆုံးဖြတ်တတ်ကြပါတယ်။ တကယ့်တစ်ကယ် အဲဒီလို အပြောခံရတဲ့လူတွေကို ဆန်းစစ်ကြည့်တဲ့အခါမှာ အောက်ပါ တူညီတဲ့အချက်တွေကို သွားတွေ့ရပါတယ်။ ပရိသတ်ထဲမှာ ကိုယ့်ကိုယ်ကို ချစ်ဖို့ကောင်းတယ်လို့ ထင်တဲ့သူတွေ ဒီအချက်တွေနဲ့ တိုက်ဆိုင်ကြည့်ပါ … ဒါဆို ပြင်ပလူနေမှုဘဝမှာ ကိုယ်ဟာ တစ်ကယ်ချစ်ဖို့ကောင်းသူ ဟုတ်မဟုတ် သိနိုင်ပါလိမ့်မယ်။ (၁) ကောင်းစွာ နားထောင်တတ်သူ ချစ်ဖို့ကောင်းတဲ့သူတွေတော်တော်များများဟာ Good Listener တွေ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက် စကားပြောနေရင် သူတို့ဘာသာ သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုအရ စကားဖြတ်ပြောခြင်း၊ စိတ်မဝင်စားသယောင်ပြုခြင်း၊ ခနဲ့တဲ့သဘောနဲ့ နားထောင်ခြင်း၊ စကားကို အမူအယာနဲ့ တစ်နည်းနည်း နှောက်ယှက်ခြင်း မရှိပါဘူး။ (၂) ရှင်းလင်းစွာ ပြောတတ်သူ ကိုယ်ပြောစရာရှိတာကိုလည်း သွယ်ဝိုက်ခြင်း […]
သုံးရက်အတွင်း ခြေ၊လက်တွေ ဖြူဖွေးလာစေတဲ့ သဘာဝအိမ်တွင်းဆေး…
သုံးရက်အတွင်း ခြေလက်တွေ ဖြူဖွေးလာအောင် ဆေးနည်းသစ်တခု ပေးပါရစေ . . . သုံးရက်မဟုတ်ဘဲ တစ်ရက်နဲ့ကို သင့် အသားအရေ ထူးခြား သိသာလာပါလိမ့်မယ်နော် . . .။ အထူးသဖြင့် နေလောင်ထားတဲ့ ခြေ၊လက် အသားအရေအတွက် ဒီနည်းက အသုံး ဝင်လွန်းပါတယ်။ ပျက်ဆီးနေတဲ့ အသားအရေ ပြန်လည် ဖြူဖွေးချင်တယ် ဆိုရင် အဆင့်(၂)ဆင့် ပြုလုပ်ဖို့ လိုအပ်ပါတယ် . . .။ ပထမအဆင့်က ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ scrub လို့ ခေါ်ပါတယ်။ ဒုတိယအဆင့်က ခြေလက်တွေ ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့ အဆင့် ဖြစ်ပါတယ် . . .။ ဒီအဆင့်နှစ်ဆင့်ကို တချိန်တည်း ဆကိတိုက်ပြုလုပ်ဖို့ လိုပါတယ်။ […]
ရွေးချယ်လိုက်တဲ့ ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲရဲ့အချစ်ရေး
သင်တို့ရဲ့ပျော်ရွင်စရာကောင်းတဲ့ အချစ်ရေး ကို ရုပ်ပုံ တွေကဆင့်ပြောပြတာဟာ နည်းနည်းတော့ ထူးဆန်းသလို ဖြစ်နိုင်ပါတယ်။ အဆိုပါ ရုပ်ပုံ တွေဟာ လူမှု စိတ်ပညာရှင် တွေရဲ့ ခန့်မှန်းချက်ဖြစ် တာကြောင့် သင်တို့စုံတွဲ နဲ့ ဆင်တူတဲ့ ရုပ်ပုံ ကိုလက်နဲ့ထိပြီး သင်တို့ရဲ့အချစ်ရေး အခြေအနေကို ဖတ်ရှုနိုင်ပါတယ်။ ( 1 )့ စုံတွဲ အမျိုးသမီး လေးဟာ သူမရဲ့ချစ်သူ အတွက် ဂုဏ်ယူနေပြီးတော့ အဲဒီ့အကြောင်းကို တစ်ကမ္ဘာလုံးသိအောင် ပြောပြချင်နေ ပါတယ်။ သူမ ကအရမ်းကို လွတ်လပ် ပျော်ရွင်နေပြီးတော့ ပတ်ဝန်းကျင် ကဘယ်လိုပဲထင်ထင် သူမကဂရုစိုက်မှာ မဟုတ်ပါဘူး။ သူမရွေးချယ်ထားတဲ့ ချစ်သူ က သူမအတွက်အကောင်းဆုံးလို့ ထင်နေပြီးတော့ သင်တို့ရဲ့ဆက်ဆံရေး က နှစ်ယောက်စလုံး အရမ်းကို ပွင့်လင်း […]
ရည်မှန်းချက်အတွက် ခဏတာဝေးနေရတဲ့ စုံတွဲတွေ အချစ်ပိုတိုးလာစေဖို့ ဒါတွေလုပ်ကြည့်ပါ…
Long Distance Relationship ဆိုတာကြီးကို ဘယ်ချစ်သူစုံတွဲမှ ကြုံတွေ့ချင်းကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ယောက်ဘဝ ရည်မှန်းချက်အတွက် ခဏတာ ဝေးနေရတဲ့ ချစ်သူတွေ တစ်ယောက်နဲ့တစ်ယောက် အချစ်ပိုတိုးလာချင်ရင် ဒီနည်းလမ်းကောင်းလေးတွေကို လုပ်ဆောင်ကြည့်ပါ။ Video Call ပြောဖို့ အချိန်ဇယားဆွဲပါ LDRS တွေအတွက် video call က လိုကို လိုအပ်ပါတယ်။ စာရိုက်တာနဲ့ ဖုန်းနဲ့စကားပြောတာတို့နဲ့ပဲ ဆိုရင်တော့ သင်တို့ရဲ့ relationship ကြီးက ခိုင်မြဲမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် မျက်နှာချင်းဆိုင် စကားပြောလို့ရမယ့် video call နဲ့ စကားပြောကြပါ။ အချိန်နဲ့တော့ ဇယားဆွဲထားပါ။ မဟုတ်ရင် အကျင့်ဖြစ်သွားရင် နှစ်ယောက်စလုံး ခံစားရသွားမယ်။ ရင်ခုန်စရာကောင်းတဲ့ အရာလေးတွေ လုပ်ပေးပါ တစ်ယောက်နဲ့တစ်ယောက် ဝေးနေရတာနဲ့ပဲ ရင်ခုန်စရာကောင်းအောင် လုပ်ပေးလို့ […]
ကွဲနေတဲ့အသည်းကို အကောင်းအတိုင်းဖြစ်အောင် ပြန်ဆက်ပေးနိုင်မယ့် နည်းလမ်း (၆) မျိုး…
ပျက်စီးသွားတဲ့ အရာတွေကို အကောင်းအတိုင်းဖြစ်အောင် ပြန်လုပ်ယူလို့ရတဲ့အခါရှိသလို မရတဲ့အခါတွေလည်း ရှိတတ်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးပျက်စီးသွားရင်တော့ အကောင်းအတိုင်း ပြန်ဖြစ်ဖို့ဆိုတာ သိပ်တော့မဖြစ်နိုင်ပေမယ့် ခံစားရတဲ့ဝေဒနာတွေကို သက်သာသွားအောင်တော့ ကိုယ်တိုင် ကြိုးစားလုပ်ယူနိုင်ပါတယ်နော်။ သိပ္ပံပညာက ကွဲနေတဲ့အသည်းကို ပြန်မဆက်ပေးနိုင်ဘူးဆိုရင်လည်း ကိုယ့်အားကိုယ်ကိုးပြီး ပြန်ဆက်ကြည့်လိုက်ပါ။ အသည်းကွဲပြီး မထနိုင်၊မထူနိုင် ဖြစ်နေသူတွေအတွက် ဒီမှာ ကွဲနေတဲ့အသည်းကို အကောင်းအတိုင်းဖြစ်အောင် ပြန်ဆက်နည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ် …။ (၁) သင့်ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ… စိတ်နဲ့ ကိုယ်ခန္ဓာဆိုတာ ဆက်သွယ်နေတာပါ။ အသည်းကွဲနေတဲ့အခါ စိတ်ထောင်းလို့ ကိုယ်ကြေ ဖြစ်နေမယ်ဆိုတာသိပါတယ်။ ဒါပေမယ့် စိတ်ထောင်းတိုင်း ကိုယ်မကြေအောင် ခန္ဓာကိုယ်အားရှိအောင်ကြိုးစားရမှာပါ။ အသည်းကွဲလို့ မစားနိုင်မအိပ်နိုင်ဖြစ်နေတဲ့သူတွေကို တစ်ခုပဲမေးချင်ပါတယ်။ ကိုယ့်ကိုယ်ကို မချစ်ဘူးလား လို့။ ချစ်တယ်ဆိုရင် များများစား များများအိပ်ပါ။ ခန္ဓာကိုယ်က အားအပြည့်ရှိနေရင် ခံစားချက်က […]









